တိုက်ရိုက် မြန်မာTV လိုင်းများ ကြည့်ရန်(နှိပ်ပါ)
ဗုဒ္ဓ လက်ဆောင်မွန်များ
စာအုပ် လက်ဆောင်များ
----------------------
အခြားလင့် များသို့
English pages
ဘာသာရေး စာမျက်နှာများ
တရားတော်များ နာယူရန်
မြန်မာနက် စာမျက်နှာများ
မြန်မာတို့ ဘလော့ဂ်များ
ရွှေတိဂုံစေတီတော်
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
မြန်မာ-၀ီကီပိဒိယ
ထက်/ဗ-ကျောင်းသားသမဂ္ဂ
ဗိုလ်ချုပ် အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် နက်ဝပ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(မြန်မာ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(Eng)
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
မောက္ခ ပညာရေး-စာမျက်နှာ
ရွှေဟင်္သာ သတင်းဌာန
ရွှေ ဒေါင်းတောင်
oppositeyes
သူရိယ
ဘ၀ ခြေရာ
ငုရင်ပြင်
burmavjmedia
ဧရာဝတီ
ရိုးမ ၃
ယနေ့မြန်မာ
မဉ္စိမ
နေရဉ္စရာ
နိုင်ငံတကာမြန်မာ့သတင်း
ကွယ်ကလူ
သျှမ်းသံတော်ဆင့်
ကိုးဒီသွေး
D မိုးသား
လွတ်လပ်သောသတင်းအဖွဲ့ 
သံလွင်အိပ်မက်
မိုးမခ
ဒေါင်းမာန်ဟုန်
မြန်မာ ပြည်သား
နေ့ သစ်
နှစ်ဆန်းတစ်
ရဲရင့်ငယ်( ကနေဒါ)
TACDB(မြန်မာ)လှုပ်ရှားမှု
ကောင်းကင် (နိုင်ငံပြု)
ကချင် သတင်းဌာနှ
ကောင်းဝါသတင်း
ကန္တာရ၀တီတိုင်း(မ်)
ဓည၀တီ သတင်းဌာန
ကရင်သတင်းစဉ်
ကမ္ဘာသစ်(US News)
Fight For Freedom Burma
ဆွီဒင်မြန်မာဗုဒ္ဒအသင်း
ဆန်နီနေမင်း
စေတနာ နာရေးကူညီမှုအသင်း
မှော်မြို့ တော်
အနန္တမေတ္တာ
လမ်းသစ်
မိသားစု အနုပညာအိမ်
မြန်မာသတင်း ချယ်နယ်
myanmardailynews
မျက်ရှု သုတရသမဂ္ဖဇင်း
IT နည်းပညာ
-အခြေခံ website ရေးနည်း
-အိုင်တီ မောင်မောင်
-ကိုတေရဲ့ စာမျက်နှာ
-သိန်းစိုးဝင်း နည်းပညာ
-ကွန်ပျူတာ အတွက်
-ကိုထွေး (နည်းပညာ)
-ပိတ်နေတဲ့ Websites တွေ
-နည်းပညာ (ကိုချင်းလေး)
-စိုင်းလေး(နည်းပညာ)
-နည်းပညာ ထားဝယ်မြေ
-၀င်းကို (နည်းပညာ)
-ကွန်ပြူတာကမ္ဘာ(နည်းပညာ)
-IP-address (ဖမ်းနည်း)
ပြည်တွင်း စာမျက်နှာများ
myanmar-celebrity
Myanmar CNN
Myanmarexpress
မြန်မာ သံတော်ဆင့်
မြစ်မခ
သစ်ထူးလွင်
မြ၀တီ
ရိုးရာလေး
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း
မြန်မာ့ အင်တာနက် စာမျက်နှာ
First-11 ဂျာနယ်
ဝန်ကြီးဌာန-၀က်ဆိုက်များ
မြန်မာ့အလင်း-သတင်းစာ
မြန်မာသမ္မတရုံး စာမျက်နှာ
မန္တလေးဂေဇက်
မြန်မာပို့ စ် သတင်းဂျာနယ်
FreedomNewsGroup
ပြည်သူ့ ဂုဏ်ရည်
ဦးထွန်းလွင်(မိုးလေ၀သ)
ရတနာပုံ
people ဂျာနယ်
7day ဂျာနယ်
အင်တာနက် ဂျာနယ်
မြန်မာတိုင်း(မြန်မာ)
မြန်မာတိုင်း(အင်္ဂလိပ်)
ချင်းတွင်း ဂျာနယ်
ပေဖူးလွှာ
သံလွင် အိပ်မက်
Planet
တူဒေး အဖွဲ့ 
ဈေးကွက် ဂျာနယ်
The Voice Weekly
ဝီးကလီး အလဲဗင်းဂျာနယ်
shwehub
ရန်ကုန်တိုင်းမ်
တူဒေး-အဖွဲ့ 
ရွှေအမြူတေ မဂ္ဂဇင်း
 လျှပ်တပြက် ဂျာနယ်
 သရဖူ
စွယ်စုံ ဂျာနယ်
ခေတ်လူငယ်
အီကိုဗီးရှင်းဂျာနယ်   
လက်တွေ့သင် အင်္ဂလိပ် စကား
အင်္ဂလိပ်စကားပြော ကျင့်လိုလျှင်
myanmar-network
TheBestEnglish4you
E.SL အခမဲ့ အင်္ဂလိပ်စာ သင်ကြားရေး
အခြေခံ Eng သင်ကြားချင်လျှင်
အိပ်မက်ဧည့်ခန်း
ဖတ်ချင်ဖွယ် စာအုပ်စင်ကဏ္ဍ
အခမဲ့ မြန်မာစာအုပ်များ
အခမဲ့ မြန်မာစာအုပ်စင်
မြန်မာစာအုပ်စင်ဖေ.စ်ဘုတ်
myanmarwebsitelist
ကျန်းမာစေရာ သုတအဖြာဖြာ
မြန်မာ့ ဆေးမြီးတို
မွန်သက်ပန်- ဆေး(၁)
ဘားမိကလပ်စစ် ကျန်းမာရေးသုတ
ချက်နည်းပြူတ်နည်း
ဝတ်ရည်- Food House
ဘားမိကလပ်စစ် ချက်ပြုတ်နည်း
ပြည်တွင်း အရောင်းအ၀ယ်
ရောင်း/၀ယ်နှင့် အထွေထွေ
မြန်မာပြည်တွင်း လက်ရှိ ကားဈေးနှုန်း
ဝယ်-ရောင်းနဲ့ အလုပ်ရဖို့ ကြော်ငြာ
အိမ်ခြံမြေ ရောင်း/ငှား
အိမ်ခြံမြေ ငွေဈေးနှုန်း
အလုပ်လိုချင် ဒီကိုလာပါ
အခမဲ့ ကြော်ငြာ ကဏ္ဍ
မြန်မာ အွန်လိုင်းဈေးဆိုင်
အကောင်းဆုံးမြန်မာဈေးဆိုင်
ဈေးသည်ကြီး အွန်လိုင်းစတိုး
(ရန်ကုန်)အမေရိကန် စတိုး
ထိုင်း ၀န်ကြီးဌာနများ(နှိပ်ပါ)
အားကစားစာမျက်နှာ များ
မြန်မာနှင့်ကမ္ဘာ့ဘောလုံး
dailysport-journal မြန်မာ
မြန်မာဂိုး-စာမျက်နှာ
အား/ကာ ၀န်ကြီးဌာန (မြန်မာ)
အား/ကာ ၀န်ကြီးဌာန (Eng)
elevenmyanmar ဂျာနယ်
ကန်ပြီးဘောလုံးပွဲများ ကြည့်ရန်
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်(၁)
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်(၂)
Sport livetv ကြည့်ရန် အတွက်
ဘောလုံးပွဲလောင်းကြေးပေါက်ဈေး
FIFA ကမ္ဘာ့ဘောလုံး စာမျက်နှာ
Live-Scorce
yahoo Football sports
BBC-Sport
foxsports သွင်း၈ိုးကြည့်ရန်
ဥရောပ အားကစားပွဲများ
မန် ယူ အသင်း
လီပါပူးအသင်း
ချယ်စီး အသင်း
အာစင်နယ် အသင်း

အမှတ်တရ ကဏ္ဍ

 - ကလျာနဲ့ သေနာ (၁၁)
- ဖိုးသောကြာ --၈ -၄ -၂၀၁၃

မြန်မာ့ နိုင်ငံရေး လောကတွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသါားပြီ ဆိုသော်လည်း သူ၏ အရှိန်အ၀ါ သြဇာများသည် လွှမ်းမိုးနေကြောင်း ပြည်သူများက လက်ခံ ယုံကြည်နေကြသလို လက်တွေ့ တွင်လည်း မြေးတော် ဖိုးလပြည့် က လက်သံပြောင်စွာ အမှုထမ်းများကို အနိုင်ကျင့်ဆဲဖြစ်ကြောင်း မြင်တွေ့ နေရသည်

ဦးသန်းရွှေ အကြောင်းသမိုင်းမှန်ကို ပြည်တွင်းတွင် အထောက်အထားဖြင့် သမိုင်းစာအုပ် မရေးရဲကြသော်လည်း ပြည်ပတွင် စာအုပ်ထုတ် ကြောင်းသိရသည် ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

စစ်ခေါင်းဆောင် သန်းရွှေ၏အတ္ထုပတ္တိစာအုပ် အိန္ဒိယနိုင်ငံတွင်ထုတ်ဝေ

“Than Shwe- Unmasking Burma’s Tyrant (မြန်မာစစ်အာဏာရှင် သန်းရွှေ အကြောင်း)” အမည်ရှိ အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏အတ္ထုပတ္တိစာအုပ် ကို နိုဝင်ဘာ ၁၆ ရက်နေ့က အိန္ဒိယနိုင်ငံတွင်ထုတ်ဝေခဲ့သည်။

အင်္ဂါနေ့က အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ ဘင်နီဒစ်ရောဂျာစ်ကထုတ်ဝေခဲ့သည်။ စာရေးသူသည် အင်္ဂလန်နိုင်ငံ ကွန်ဆာဗေးတစ်ပါတီ လူ့အခွင့်အရေးကော်မရှင်၏ ဒု-ဥက္ကဋ္ဌနှင့် စီအက်စ်ဒဗလျူ ကမ္ဘာ့ခရစ်ယာန်ဝံဿနု၏ အရှေ့အာရှရေးရာအသင်း ခေါင်းဆောင်လည်း ဖြစ်သည်။

“သူ (သန်းရွှေ) ဒီစာအုပ်ကို ကြိုက်မယ်လို့ ကျွန်တော်မထင်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ မကောင်းတဲ့ အကြောင်းအရာ အများအပြားပါနေလို့ပါ” ဆိုပြီး စာရေးသူက ပြောသည်။

အာဏာရှင်သန်းရွှေကြောင့် မြန်မာပြည်သူများ ဒုက္ခပေါင်းစုံခံစားနေရသည့် အကြောင်းကို နိုင်ငံတကာမှ ပိုသိမြင်လာစေရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ရေးရခြင်းဖြစ်ကြောင်း- “မြန်မာပြည်ကို ကူညီမှုပေးချင်ရင် စစ်အာဏာရှင်သန်းရွှေအကြောင်း သိဖို့လိုတယ်” ဟု စာရေးသူ ရော်ဂျာစ် က ပြောသည်။

မြန်မာ့အရေး ၁၀ နှစ်ကျော်လေ့လာခဲ့သူ စာရေးသူ ရော်ဂျာစ်က သန်းရွှေနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အဓိက အရင်းအမြစ် ၃ ခုမှ စုစည်းရယူခြင်းဖြစ်သည်။


ပထမ သတင်းအရင်းအမြစ်သည် သန်းရွှေနှင့် ပုဂ္ဂိုလ်ရေးအရခင်မင်ရင်းနှီးခဲ့သူများနှင့် ဗိုလ်ချုပ်မှူးကြီးနှင့် စစ်သင်တန်းအတူတက်ရောက်ခဲ့သည့် တပ်ထွက်များထံမှဖြစ်သည်။

ဒုတိယ သတင်းအရင်းအမြစ်သည် နိုင်ငံတကာသံတမန်များမှဖြစ်ပြီး ၎င်းတို့ထဲတွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (၂၀၀၀-၂၀၀၈) ရာဇာလီအစ်မေးလ်နှင့် သန်းရွှေနှင့်တွေ့ဆုံခဲ့ဖူးသည့် နိုင်ငံတကာ သံတမန်များ ပါဝင်သည်။

တတိယ သတင်းအရင်းအမြစ်မှာ အာဏာရှင်သန်းရွှေ၏ ရက်စက်စွာအုပ်ချုပ်မှုအောက်၌ အသက်ရှင်နေထိုင်ရသော ပြည်သူများထံမှဖြစ်သည်။

မူရင်း-- http://kachinnews.com/burmese/news/307---.html


ထိုသူရေးသားသည့် စာအုပ်တွင် အောက်တွင်ဖော်ပြမည့် အချက်များ ပါ -မပါမူ မသိရသေးချေ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

လူမျိုးရေးအဓိကရုဏ်း ဖန်တီးခဲ့သူများ


၁။ ဦးစော…
အင်္ဂလိပ်ခေတ်မှာ ကိုလိုနီအုပ်ချုပ်ရေး အကြပ်ရိုက်လို့ ပထမဆုံး မွတ်စလင်မ်-ဗမာ အဓိကရုဏ်း ဖန်တီးသူ

၂။ ဦးနေ၀င်း..
ဆိုရှယ်လစ် အာဏာရှင်တစ်ပါတီခေတ်မှာ မြန်မာပြည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်လို့ အုပ်ချုပ်ရေး အကြပ်မရိုက်ရအောင် လူထုအာရုံပြောင်းဖို့ လူနည်းစု ဘာသာခြားနဲ့ လူများစု ဗုဒ္ဓဘာသာများကြား သွေးခွဲအုပ်ချုပ်ရင်း ဘာသာရေးအဓိကရုဏ်းများ ဖန်တီးခဲ့သူ

၃။ ဦးသန်းရွှေ
စစ်အာဏာရှင် န၀တ၊ နအဖခေတ်မှာ ဘာသာခြားများအပေါ် ခွဲခြားဖိနှိပ်အုပ်ချုပ်ရင်း အစိုးရအဖွဲ့များအတွင်းပါ ဘာသာခြား မပါဝင်နိုင်အောင် ဖိနှိပ်ရင်း ဘာသာရေး အဓိကရုဏ်းများ အကြိမ်ကြိမ် ဖန်တီးခဲ့သူ၊

မူရင်း-- http://drkokogyi.wordpress.com/2012/04/24/%E1%80%9C%E1%80%B0%E1%80%99%E1%80%BA%E1%80%B3%E1%80%AD%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%9B%E1%80%AF%E1%80%8F%E1%80%B9%E1%80%B8-%E1%80%96%E1%80%94%E1%80%B9/
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

၁။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ၀ယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။ ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ်ပြည်ကအိမ်ကို ၀ယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစု စိန်များဝယ်ယူ စုဆောင်း

ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမိသားစုသည် တန်ဖိုးကြီးစိန် ဝယ်ယူ စုဆောင်းမှု အများဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၆ နှစ်တာ အတွင်း ဝယ်ယူသော စိန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ သန်း ၂၀၀ ထက် မနည်းကြောင်း ရန်ကုန်မြို့ရှိ စိန်ကုန်သည်ကြီး တဦး က ခန့်မှန်း ပြောဆိုသည်။

ာဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏သမီး မင်္ဂလာအခမ်းအနားမှတ်တမ်းဗီဒီယိုအခွေသည်ပြင်ပသို့ပျံ့နှံ့ထွက်ပေါ်လာရာကြည့်ရှုရ သူများက“ စိန်စီသောည”ဟုအမည်ပေးခေါ်ဝေါ် ခဲ့ကြသည်။

- “စိန် တန်ဖိုး ဒေါ်လာ သန်း၂၀၀ ဆိုတာက ၂၀၀၄ ခုနှစ်လောက်ကနေ ၂၀၁၀ အထိ ၀ယ်ခဲ့တဲ့ ပမာဏကိုပဲ ခန့်မှန်းတာပါ။ ၂၀၀၄ မတိုင်ခင်တုန်းက အခြေအနေကိုတော့ မသိဘူး”ဟု ယင်းကုန် သည်က ရှင်းပြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် “စိန်”ကို အလွန် နှစ်ခြိုက်သူများ ဖြစ်ကြပြီး စိန် လက်ဝတ် ရတနာများကို ဦးစားပေး ၀ယ်ကြကြောင်း၊ တလုံးလျှင် ဒေါ်လာ ၅ သိန်း ခန့်(ကျပ် သိန်း ၅၀၀၀ ခန့်) တန် စိန်များဖြင့် စီခြယ်ထားသော လည်ဆွဲ ဘယက် တခုကို မကြာသေးမီက ၀ယ်ယူခဲ့ကြောင်း၊ စိန် လက်ဝတ်ရတနာ အပြင် အရည်အသွေးကောင်း စိန် များကိုလည်း တလုံးချင်း ၀ယ်ယူစုဆောင်းလေ့ ရှိကြောင်း ရန်ကုန်မြို့ စိန်ကုန်သည် အသိုင်းအ၀န်း က ပြောဆိုကြသည်။

“ဗိုလ်ချုပ် မိသားစုတွေထဲမှာ စိန် အများဆုံး ၀ယ်တာက ဗိုလ်ချုပ်မှူးကြီး မိသားစုပဲ။ နှစ်လ၊ သုံးလခြား စိန် ၀ယ်တယ်။ စိန် ၀ယ် ယူတဲ့ နေရာမှာ ၀ယ်မယ့် တန်ဖိုးကို ကြိုတင် အကြောင်းကြားပြီး ပစ္စည်း ရှာခိုင်းတယ်”ဟု အထက်ပါ ရန်ကုန် စိန်ကုန်သည် က ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုသည် စိန် ၀ယ်ယူရာတွင် ဗေဒင် ယတြာများ ဆောင်ရွက်ပြီး နေ့ကောင်းရက်မြတ် ရွေးကာ ၀ယ်ယူကြောင်း သိရှိရသည်။ “စိန် တန်ဖိုး ဘယ်လောက်ဝယ်မယ်၊ ဒါ တည်မြဲနိုင်သလား၊ ၀ယ်သင့်သလား၊ ၀ယ်သင့်ရင်လည်း ဘယ်လိုအချိန်၊ ဘယ်လို နက္ခတ် မျိုး ပေါ်တဲ့အချိန်မှာ ၀ယ်သင့်သလဲ ဆိုတာမျိုးပေါ့။ အခါတော်ပေးတွေကို မေးတယ်။ နောက်ပြီး အိမ်တိုင်ရာရောက် စိန် လာပေးမယ့် စိန် ကုန်သည်ကို လည်း အ၀တ်အစား ဘယ်လိုမျိုး ၀တ်လာရမယ်ဆိုတာ ညွှန်ကြားလေ့ရှိတယ်”ဟု စိန် ကုန် သည်ကြီး တဦးကလည်း ပြောပြသည်။


စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇ သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု အတွက် နာမည်ခံ စီးပွားရှာ ပေးနေရပြီး အဆိုပါ စီးပွားရေးလုပ်ငန်းမှနေ၍ ဗိုလ်ချုပ်မှူးကြီး မိသားစု အတွက် လစဉ် အမေရိကန် ဒေါ်လာ သန်းချီ၍ ပုံမှန် ၀င်ငွေရရှိနေကြောင်း၊ ပြည်သူပိုင် ရေနံနှင့် သဘ၀ဓာတ်ငွေ့ ရောင်းချခြင်းမှ ရရှိသော ၀င်ငွေများကိုလည်း ဗိုလ်ချုပ်မှူးကြီး သန်း ရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ နှစ်ဦးကသာ အဓိက စီမံခန့်ခွဲ ကိုင်တွယ်ကြကြောင်း နေပြည်တော် စစ်ဘက် အသိုင်း အ၀န်း၌ ပြောဆိုနေကြသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစုအပြင် ၎င်း၏ ကိုယ်ရေးအရာရှိများ ဖြစ်ကြသည့် ဗိုလ်ချုပ် နေ၀င်း နှင့် ဗိုလ်မှူးချုပ် စိုးရှိန် တို့မှာ လည်း အများဆုံး စိန် ၀ယ်စုသူများ ဖြစ်သည်ဟု စိန်ကုန်သည် အသိုင်းအ၀န်းမှ သိရှိရသည်။

http://luthuorthan.blogspot.no/2012/03/blog-post_1369.html
၇-၃-၂၀၁၂
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

တနင်္သာရီတိုင်းရှိ ရာဘာစိုက်ခင်း ဧက ၁၀၀၀ ကျော် အပါအ၀င် ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သားသမီးများအား ၎င်းတို့၏ အမည်ပေါက်ဖြင့် နအဖ စစ်အစိုးရဟောင်းက အပြီးအပြတ် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

မတ်လ ၂၇ ရက်၊ တပ်မတော်နေ့ ညစာစားပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အစိုးရထိန်းချုပ်သော ပြည်တွင်းမီဒီယာများတွင် နောက်ဆုံးမြင်တွေ့ရသည် (ဓာတ်ပုံ - AP) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမည်ဖြင့် လွှဲပြောင်းပေးခဲ့သည့် ရာဘာစိုက်ခင်း ဧက ၁၀၀၀ ကျော်မှာ အရှေ့တောင်တိုင်းနှင့် ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်ပိုင်ဖြစ်ပြီး ကချင်ပြည်နယ်ရှိ ကျောက်စိမ်းနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကို ဗိုလ်ချုပ်မှူးကြီး၏ သမီးများ အမည်ပေါက်ဖြင့် သတ္တုတွင်း ၀န်ကြီးဌာနက သမ္မတ ဦးသိန်းစိန် အစိုးရသစ် တာဝန်မယူမီ အပြီးလွှဲပေးခဲ့ရကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက ပြောသည်။

- ထို့အပြင် ရန်ကုန်၊ နေပြည်တော်နှင့် မေမြို့ရှိ အိမ်ခြံမြေများနှင့် ယခင် နအဖ အစိုးရဟောင်းလက်ထက်က ပေးအပ်ထားသည့် ကားအစီး ၃၀ ကျော်ကိုလည်း သားသမီးနှင့် မြေးများ၏ အမည်ဖြင့် လွှဲပြောင်းပေးပြီး နိုင်ငံတော်သို့ အခွန်ငွေ တပြားတချပ်မျှ ပေးဆောင်ခဲ့ခြင်း မရှိကြောင်းလည်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင် ကိုယ်တိုင်ပင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ ရန်ကင်းမြို့နယ်အတွင်းရှိ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန၊ အဏုမြူ စွမ်းအင်ဦးစီးဌာန၊ အမှတ် (၂) စက်မှုဝန်ကြီးဌာန၊ အခွန်လွတ်ဈေး စသည့် နေရာများကို ရယူထားကြောင်း သိရှိရသည်။

ထို့အပြင် ၀န်ကြီးဌာန အဆောက်အဦးများနှင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဟု အကြောင်းပြချက်ဖြင့် ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများရှိ အချက်အခြာကျသည့် နေရာများကိုလည်း စစ်ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သူများဖြစ်သည့် အေးရှားဝေါလ်၊ မက်စ် မြန်မာ၊ ထူး၊ IGE စသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို လွှဲပြောင်းဝယ်ယူစေကြောင်းလည်း သိရသည်။


၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်၍ နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့ပြီး အမည်နာမ အမျိုးမျိုးဖြင့် နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ခဲ့သည့် စစ်အစိုးရအဖွဲ့ကို မတ်လ ၃၀ ရက်နေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ဖြင့် ဖျက်သိမ်းခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ် ရာထူးကိုပါ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို လွှဲအပ်လိုက်သည်။ ထိုသို့ နအဖ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး နိုင်ငံတော် အကြီးအကဲရာထူးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကိုပါ လွှဲအပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး အနေဖြင့် အစိုးရသစ် လက်ထက်တွင် မည်သည့် အခန်းကဏ္ဍမှ ပါဝင်မည်ကိုမူ အသေအချာ မသိရသေးပေ။

http://aungminkhoung.blogspot.no/2013/02/blog-post_10.html#.UWFDMzecEmM

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစုသည် အမေရိကန် ဒေါ်လာ သန်း နှစ်ထောင် (နှစ် ဘီလျှံ) ခန့် ချမ်းသာသည်ဟု ယူဆရသည်ဟု မြန်မာနိုင်ငံတွင်းရှိ နိုင်ငံခြား သံတမန် များကယခုနှစ် အစောပိုင်း ကတည်းက သုံးသပ် ထားကြကြောင်း ဥရောပ သံ အမှုထမ်း တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံ ပေးစာတွင် ဖော်ပြထားသည်။

၂၀၁၀ ခုနှစ် အစောပိုင်းက ရန်ကုန်မြို့ရှိ ဂျာမဏီသံရုံး ဧည့်ခံပွဲ တစ်ခုတွင် အနောက်တိုင်း သံတမန် နှင့် အရှေ့ တိုင်း သံတမန်တို့ ဆုံမိချိန်တွင် မြန်မာ စစ်အာဏာရှင်၏ ချမ်းသာမှု အစုစုတို့ကို ခန့်မှန်း တွက်ချက် ကြခြင်း ဖြစ်သည်။

- မြန်မာ နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှု အရှိဆုံး ဖြစ်သည့် +++++ နိုင်ငံ သံအမတ် ကြီးက မြန်မာ စစ်ခေါင်းဆောင် ၏ မိသားစု သည် ဒေါ်လာသန်း ၂၀၀၀ ထက်မနည်း ချမ်းသာမည်ဟု ခန့်မှန်း တွက်ချက် ပြထားပြီး ၂၀၀၄ ခုနှစ် ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့်အား ရာထူးမှ မဖယ်ရှားစဉ်က ဒေါ်လာသန်း ၄၀၀ လောက်သာ ချမ်းသာမည်ဟု ခန့်မှန်းထားပြီး ထို့နောက်တွင် ၀န်ကြီးချုပ်ဟောင်း နှင့် စစ်ထောက်လှမ်းရေး တို့၏ ပိုင်ဆိုင်မှုနှင့် စီးပွားရေးများကို ရရှိခဲ့ပြီး လွန်စွာချမ်းသာ ခဲ့သည်ဟု ဆွေးနွေးထားကြသည်။

မြန်မာ စစ်ခေါင်းဆောင် ၏ ၀င်ငွေသည် တစ်နှစ်လျှင် သန်း ၃၀၀ ခန့်ဝင်ငွေရှိ နေပြီး စင်္ကာပူ နိုင်ငံ ၊ တရုတ်နိုင်ငံ ၊ မလေးရှားနိုင်ငံ ၊တောင်ကိုရီးယား နိုင်ငံ ၊ ဗီယက်နမ် နိုင်ငံ၊ ရုရှား ၊ ယူကရိန်း ၊ ဘီလာရပ်(စ) နှင့် အာရပ်နိုင်ငံ အချို့တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ မိသားစုဝင်များ၏ ရင်းနှီးမြုပ်နှံမှုများ ရှိနေပြီး ယူကရိန်း နိုင်ငံတွင် ဗိုလ်ချုပ်မှုးကြီး၏ လက်နက် ၀ယ်ယူရေး ကိုယ်စားလှယ်ရုံး နှင့် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ရှိ စူပါမားကတ် အချို့တွင်လည်း ရင်းနှီးမြုပ်နှံမှုများ ပြုထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်း၌ ကျောက်မျက် ရတနာ ပြပွဲများကိုလည်း ပြုလုပ်သလို ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစုမှ နိုင်ငံခြား ကျောက်မျက် ရတနာ ကိုယ်စားလှယ်များကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး လက်သိပ်ထိုး ရောင်းချမှုများလည်း ရှိသည်ဟု ++++++ သံအမတ်ကြီးက ထိုဆွေးနွေးပွဲတွင် ထည့် သွင်း ပြောကြားသွားသည်။

အနှစ် နှစ်ဆယ် နီးပါးကြာ တိုင်းပြည်၏ သံယံဇာတ ကို လက်ဝါးကြီး အုပ်ထားသည့် မြန်မာ စစ်ခေါင်းဆောင်၏ ချမ်းသာမှုသည် မည်၍ မည်မျှ ရှိမည်ကို မည်သူမျှ အတိအကျ မသိနိုင်သော်လည်း ၎င်း ၏ သမီးဖြစ်သူ မသန္တာရွှေ မင်္ဂလာဆောင်မှာ တံစိုးလက်ဆောင် သဘောသဖွယ် ပဏ္ဍာ ဆက်ရသည် လက်ဖွဲ့မှ ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့သည် ။


မြန်မာ စစ်ခေါင်းဆောင်မှာ စင်္ကာပူနှင့် တရုတ်နိုင်ငံ များတွင် တိုက်တာ အိမ်ခြံမြေများ ၀ယ်ထားပြီး တရုတ်ပြည် ရှန်ဟိုင်း မြို့ နှင့် ယူနန် ပြည်နယ်၊ ရှန်ဆန်း ပြည်နယ် တို့တွင် အမေရိကန် ဒေါ်လာ ခြောက် သန်း ထက်မနည်း တန်းဖိုးကြီး အိမ်ရာများကို ၀ယ်ယူထားပြီး ဖြစ်သည်။စစ်ခေါင်းဆောင်၏ အရှေ့  ဥရောပမှ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်း ၀ယ်ယူသည့် ကုမ္ပဏီ တစ်ခုသည် ၎င်း၏ သမက် ဦးတေဇ၏ Pavo Trading လက်အောက်တွင် ရှိသည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် တိုင်းပြည်၏ သံယံဇာတ များနှင့် ဆန် အစရှိသည့် သွင်းကုန် ထုတ်ကုန်များမှ ၀င်ငွေရရှိသလို နှစ်စဉ် တိုင်းမှုးများ ၊၀န်ကြီးများ ၊ မြို့တော်ဝန်များ နှင့် နိုင်ငံတွင်းရှိ ထိပ်တန်း စီးပွားရေး လုပ်ငန်း ရှင် များမှလည်း လာဘ်သပ်ပက္ကရရှိသည်။

မူရင်း--http://www.pnsjapan.org/2011/01/blog-post.html

- အထက်ပါ ဖြစ်ရပ်များသည် အကြောင်းအရာ အချို့သာဖြစ်ပါသည်။ ဆက်လက် ဖော်ပြပါဥိးမည်

ဖိုးသောကြာ -ထောင်ထွက် နိုင်ငံရေးဒုက္ခသည်
----------------------------------------------------------

စာကြွင်း------
စာရေး ဆရာ၊ သတင်းစာဆရာကြီး ဦးဝင်းတင် စကားနဲ့ ဤဆောင်းပါးကို "ကလျာနဲ့ -သေနာ" ဟု သုံးလိုက်ပါသည် ။



"ကလျာနဲ့ -သေနာ" ဆိုတဲ့ စကားလုံး အဓိပ္ပါယ် ကို ဦးဝင်းတင် ရှင်းပြတာက "ကျွန်တော် အင်းစိန်ထောင်မှာ အကျဉ်းကျနေစဉ် အင်္ဂလိပ် စာစောင် တစ်ခု ဖတ်ရတယ်။
The lady and The General ဆိုတဲ့ အမည်နဲ့ ပါ။

အဲဒီအထဲမှာဒေါ်အောင်ဆန်းစုကြည်နဲ့  တချိန်က ၀န်ကြီးချုပ်လည်းဖြစ်၊ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှုးချုပ်လည်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန် တို့ အကြောင်း ရေးသား ထားတာဖြစ်တယ်။
ဖတ်ပြီးတော့ ဘာသာ ပြန်ကြည့်တယ်။ ခေါင်းစဉ်ကို လူတိုင်း နားလည်အောင် ကြိုးစားတော့ ဒေါ်အောင် ဆန်းစုကြည်က လူတိုင်းချစ်တဲ့ အမျိုးသမီးဆိုတော့ The lady ကို (ကလျာ) လို့ အမည်ပေးလိုက်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွန့် ကတော့ စစ်တပ်ဘက်က စစ်သေနာ ပတိချုပ်လို့ ပြောရင် ရတာမို့ စစ်သေနာ ပတိချုပ်ရဲ့ အတိုကောက် The General ကို (သေနာ) လို့ အမည်ပေးလိုက်တယ်။
အဲသလို အမည်ပေးတာ လူတိုင်းလည်း နားလည်ပြ၊ီး လူတိုင်းလည်း လက်ခံမှာပါ။
ဒီတော့ မြန်မာ့ နိုင်ငံရေး ဖြစ်စဉ်ဟာ "ကလျာနဲ့ -သေနာ" တို့ နိုင်ငံရေး လုပ်ဆောင်နေမှုလို့ ပြောချင်ပါတယ် " အာအက်ဖ်အေမှာ ၆။၁၂။၂၀၁၂ နေ့ ကထုတ်လွှင့်သွားခဲ့ပါတယ်။

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net