​ရန်​ကုန်​မြို့​ရဲ့ ​မြို့​နယ်​အ​မည်​တွေ ​ဘယ်​လို​ဖြစ်​လာ​သ​လဲ

တင်​နိုင်​တိုး(21 February 16)




----------------------------------------- --------------------------

​ဟိုး​တုန်း​က​တော့ ​ရန်​ကုန်​ဟာ ​ရွှေ​တိ​ဂုံ​ဘု​ရား​ကို ​ဗ​ဟို​ပြု​ထား​တဲ့ ​ငါး​ဖမ်း​ရွာ​လေး​တစ်​ရွာ​သာ ​ဖြစ်​ပါ​တယ်။
​အေ​ဒီ ၆ ​ရာ​စု​က ​စ​လို့ ​မွန်​လူ​မျိုး​များ​က ​ဒ​ဂုံ ​အ​ဖြစ်​ပြောင်း​လဲ ​တည်​ထောင်​ခဲ့​ကြ​ပါ​တယ်။
​ဒ​ဂုံ ​ဆို​သည်​မှာ ​ဒ​ဂုင်​လွုင် ​ဟူ​သော ​ရွှေ​တိ​ဂုံ​စေ​တီ​တော်​ကြီး​၏ ​ဘွဲ့​အ​မည်​မှ ​ဆင်း​သက်​လာ​ခဲ့​ကြောင်း ​သိ​ရ​ပါ​တယ်။ ​မွန်​ဝေါ​ဟာ​ရ ​အ​ရ ​ကုန်း​မြင့်​ပေါ်​က ​စေ​တီ ​လို့ ​အ​ဓိ​ပၸါယ်​ရ​ပါ​တယ်။

၁၇၅၅ ​ခု​နှစ်​မှာ ​အ​လောင်း​ဘု​ရား​ဟာ ​ဒ​ဂုံ​ကို ​မောင်​နိုင်​ပြီး ​ရန်​ကုန် ​ဟူ​၍ ​စ​တင်​ပြောင်း​လဲ​ခဲ့​ပါ​တယ်။
​အဲ​ဒီ​နောက် ​ကုန်း​ဘောင်​ခေတ် ၊ ​ကို​လို​နီ​ခေတ်​များ​ကို ​ကျော်​ဖြတ်​ခဲ့​ပြီး ​ယ​နေ့​အ​ချိန်​မှာ​တော့ ​ရန်​ကုန်​ဟာ ​မြန်​မာ​နိုင်​ငံ​ရဲ့ ​ အ​စည်​ကား​ဆုံး ​နဲ့ ​အ​ဓိ​က​အ​ကျ​ဆုံး ​မြို့​အ​ဖြစ်​ရပ်​တည်​နေ​ပါ​တယ်။

​ရန်​ကုန်​မြို့​ဟာ ​က​မာ​ရွတ်၊ ​တာ​မွေ ၊ ​စမ်း​ချောင်း ​စ​တဲ့ ​မြို့​နယ်​ခွဲ​ပေါင်း​များ​စွာ​နဲ့ ​ဖွဲ့​စည်း​ထား​တဲ့​မြို့​တစ်​မြို့​ဖြစ်​ပါ​တယ်။
​ထို​မြို့​တွေ​ရဲ့​အ​မည် ​ဟာ ​ဘယ်​က​နေ ​ဖြစ်​ပေါ်​လာ​ပါ​သ​လဲ။ ​
အ​များ​စု​က​တော့ ​မွန်​နာ​မည် ​အ​ခေါ်​အ​ဝေါ်​က​နေ ​ဆင်း​သက် ​လာ​ခဲ့​ပါ​တယ်။ ​မ​သိ​သေး​သူ​များ ​သိ​စေ​ဖို့ ​ဗ​ဟု​သု​တ​အ​ဖြစ် AyeSay ​က ​နေ ​တင်​ဆက်​လိုက်​ပါ​တယ်။

​က​မာ​ရွတ် –
++++++++++++++
​မွန်​ဘာ​သာ ​အ​မည် ​က​မာ​ရွတ်​မှာ ‘​က​မာ’​ဆို​တာ ​ရေ​ကန် ၊ ‘​ရွတ်’ ​ဆို​တာ ​ရ​တာ ​ဖြစ်​ပါ​တယ်။
​ရ​တ​နာ​ကန် ​ဆို​တဲ့ ​အ​ဓိ​ပၸါယ်​ပေါ့။ ​အင်း​လျား​ကန်​ကို ​ရှေး​တုန်း​က ​ခေါ်​တဲ့​နာ​မည်​ပေါ့။

​ကျောက်​တံ​တား –
++++++++++++++
​ – ​ကုန်း​ဘောင်​ခေတ်​ဦး​တုန်း​က ​ဆူး​လေ​တစ်​ဝိုက်​ဟာ ​ရေ​ပတ်​လည်​ဝိုင်း​နေ​တဲ့ ​နေ​ရာ​ပါ။
​အဲ​ဒီ​အ​နီး​အ​နား​မှာ ​ဘု​ရား​ဘက်​ကို ​ကူး​သွား​နိုင်​တဲ့ ​ကျောက်​တံ​တား​ကြီး ​တစ်​ခု ​ရှိ​ခဲ့​ဖူး​ရာ​က​နေ ​ဒီ​နာ​မည် ​ဖြစ်​လာ​ပါ​သ​တဲ့။

​​ကြည့်​မြင်​တိုင်–
++++++++++++++
– ​မွန်​ဘာ​သာ​အ​မည် ​က​မန်ဋ်ုင်​က ​ဆင်း​သက်​လာ​တာ​ပါ။
​မြို့​ရိုး​ရှိ​တဲ့ ​မြို့​လို့ ​အ​ဓိ​ပၸါယ်​ရ​ပါ​တယ်။






----------------------------------------- --------------------------

​ကံ​ဘဲ့ –
++++++++++++++
​– ​မွန်​ဘာ​သာ​အ​မည် ​ခ​ပင်း(​ခ​ပေင်) ​ကို ​မြန်​မာ​ဘာ​သာ​နဲ့ ​ခေါ်​ရာ ​က​နေ ​ကန်​ဘဲ့ ​ဆို​ပြီး​ဖြစ်​လာ​တာ​ပါ။
​အ​ဓိ​ပၸါယ်​က ​က​သစ်​ပင် ​ဖြစ်​ပါ​တယ်။
(​ပုံ​ပြင်​တွေ​ထဲ​မှာ​တော့ ​မွန်​လူ​စွမ်း​ကောင်း ​မောင်​ကံ ​ကန်​ကို​ခုန်​ရာ​မှာ ​ကန်​န​ဖူး​ပဲ့​သွား​ရာ​က​နေ ​ကံ​ပဲ့(​ကံ​ဘဲ့) ​လို့​ဆို​ပါ​တယ် )

​ကု​က္ကိုင်း –
++++++++++++++
​– ​မွန်​ဘာ​သာ “​ကော့​ကောင်း” ​က ​ဆင်း​သက်​လာ​တာ ​ဖြစ်​ပါ ​တယ်။
​ကော့​ဆို​တာ ​ကုန်း၊ ​ကောင်း​ဆို​တာ​က ​မ​ရွေး​ပင်​ကို​ခေါ်​တာ​မို့ ​အ​စ​က​တော့ ​မ​ရွေး​ပင်​ကုန်း​လို့ ​ခေါ်​တဲ့​နေ​ရာ​ပါ။

စမ်း​ချောင်း –
++++++++++++++
​– ​စ​တင်​တည်​ထောင်​စ​အ​ချိန်​မှာ ​တောင်​ကုန်း​ဖြစ်​ခဲ့​ပြီး ​အဲ​ဒီ​တောင်​ကုန်း​တွေ​ကြား​မှာ ​စမ်း​ချောင်း​က​လေး​တစ်​ခု ​စီး​ဆင်း​နေ ​ပါ​သ​တဲ့။ ​
အဲ​ဒီ​စမ်း​ချောင်း​ကို ​အ​စွဲ​ပြု​ပြီး ​ခေါ်​ခဲ့​ခြင်း ​ဖြစ်​ပါ​တယ်။

​​ဆင်​မ​လိုက်–
++++++++++++++
– ​ရှေး​အ​ခါ​က ​နွံ​ထူ​တဲ့​အ​ရပ်​ဖြစ်​တာ​ကြောင့် ​ဆင်​တွေ​ဟာ ​အဲ​ဒီ​နေ​ရာ​ရောက်​ရင် ​ဆက်​မ​သွား ၊ ​ဆက်​မ​လိုက် ​တော့​ပဲ ​ရပ်​တန့် ​သွား​တတ်​ရာ​က​နေ ​ဆင်​မ​လိုက် ​ဆို​ပြီး ​ဖြစ်​လာ​ပါ​သ​တဲ့။

​​တာ​မွေ –
++++++++++++++
– ​မွန်​အ​မည် ​တာ​မွေ ​က​နေ ​တိုက်​ရိုက်​ဆင်း​သက်​လာ​ပါ​တယ်။ ​
ထန်း​ပင်​တစ်​ပင် ​ဆို​တဲ့​အ​ဓိ​ပၸါယ်​ဖြစ်​ပါ​တယ်။

​​ပု​ဇွန်​တောင် –
++++++++++++++
– ​မွန်​ဘာ​သာ “​ပု​ဇွန်​ဒေ” ​က​လာ​တာ​ပါ။ ​
တောင်​ကုန်း​ငါး​ခု ​လို့ ​အ​ဓိ​ပၸါယ်​ရ​ပါ​တယ်။
​အဲ​ဒီ​ကုန်း​တွေ​က ​မ​လွှ​ကုန်း ၊ ​မ​အူ​ကုန်း ၊ ​သစ်​ဆိမ့်​ကုန်း ၊ ​ချစ်​တီး​ကုန်း ​နဲ့ ​ပု​ရွက်​ဆိတ်​ကုန်း ​တို့​ဖြစ်​ပါ​တယ်။

ဗ​ဟန်း –
++++++++++++++
​– ​ဗ​ဟန်း​ဆို​တာ​က​လည်း ​မွန်​ဘာ​သာ​က​နေ ​ဆင်း​သက်​လာ​ပြီး ​အ​ဝါ​ရောင်​ရှိ​တဲ့​မြေ​လို့ ​အ​ဓိ​ပၸါယ်​ရ​ပါ​တယ်။
​ရှေး​အ​ခါ​က ​ကန့်​ထွက်​တဲ့ ​အ​ရပ်​ဒေ​သ ​ဖြစ်​ခဲ့​ဟန် ​တူ​ပါ​တယ်။

​​ဘောက်​ထော် –
++++++++++++++
– ​မွန်​ဘာ​သာ ​ပေါက်​ထော​က​နေ​လာ​ပြီး ​ရွှေ​ဟင်္သာ​လို့ ​အ​ဓိ​ပၸါယ်​ရ​ပါ​တယ်။

​မင်္ဂ​လာ​ဒုံ–
++++++++++++++
​ – ​မွန်​အ​မည် “​ဍုံ​ဒ​ရိုင်​မ​ငေ” ​က​နေ ​ဆင်း​သက်​လာ​ပါ​တယ်။
​အ​ဓိ​ပၸါယ်​က ​မင်္ဂ​လာ​သ​မင်​မြို့ ​ဖြစ်​ပါ​တယ်။
​အဲ​ဒီ​က​နေ ​မြန်​မာ​ဘာ​သာ ​တိုက်​ရိုက်​ယူ ​သုံး​ရာ​က​နေ ​မင်္ဂ​လာ​ဒုံ​မြို့ ​ဆို​ပြီး ​ဖြစ်​လာ​ပါ​တယ်။





----------------------------------------- --------------------------

​မြေ​နီ​ကုန်း–
++++++++++++++
​ – ၁၈၄၁​ခု​နှစ် ​သာ​ယာ​ဝ​တီ​မင်း​လက်​ထက် ​အ​ခု​မြို့​မ​ကျောင်း​နား ​က ​ကွင်း​ပြင်​မှာ ​အောင်​မြေ​ရန်​နှင် ​နန်း​မြို့​တည်​ဆောက်​စဉ် ​မြို့​တော်​တံ​ခါး ​တွေ​ထဲ​မှာ ​မြေ​နီ​ကုန်း​တံ​ခါး ​ဆို​တာ​ပါ​ပါ​တယ်။
​အဲ​ဒီ​တံ​ခါး​က​နေ ​ထွက် ​လိုက်​ရင် ​အ​နီ​ရောင်​တောင်​ကုန်း ​ငယ်​က​လေး​ကို ​တွေ့​ရှိ​နိုင်​လို့​ပဲ ​ဖြစ်​ပါ​တယ်။

​​လ​သာ –
++++++++++++++
– ​ရန်​ကုန်​ကို ​အင်္ဂ​လိပ်​တွေ​သိမ်း​ပြီး ​မြို့​ကွက်​ရိုက်​ရာ​မှာ ​လမ်း​နာ ​မည်​ကို ​သူ​တို့​အ​ရာ​ရှိ​တွေ​ရဲ့​အ​မည်​တွေ​ပေး​ခဲ့​ပါ​တယ်။
​အင်္ဂ​လိပ်-​မြန်​မာ ​ဒု​တိ​ယ​စစ်​ပွဲ​မှာ​ပါ​ဝင်​ခဲ့​တဲ့ ​ကတ်​ပ​တိန်​လ​တ္တာ(Capt.Lattar) ​ကို ​ဂုဏ်​ပြု ​တဲ့​အ​နေ​နဲ့​ပေး​ခဲ့​တာ​ ဖြစ်​ပါ​တယ်။
​လ​တ္တာ​လမ်း​ကို ​မြန်​မာ​လို​ခေါ်​ခဲ့​ကြ​ရာ​မှာ ​လ​သာ​လမ်း ​ဆို​ပြီး​ဖြစ်​လာ​ပါ​တယ်။
​အဲ​ဒီ​နား​တ​ဝိုက်​ကိ​လည်း ​လ​သာ​ရပ် ​ဆို​ပြီး​ခေါ်​ခဲ့​ကြ​ပါ​တယ်။

​​လမ်း​မ​တော် –
++++++++++++++
– ​သာ​ယာ​ဝ​တီ​မင်း ​ရန်​ကုန်​မြို့​ကို​ကြွ​လာ​စဉ်​တုန်း​က ​သင်္ဘော​ဆိပ်​က​နေ ​အောင်​မြေ​ရန်​နှင်​နန်း​မြို့​ကို ​ သွား​တဲ့​လမ်း​ဖြစ်​ပါ​တယ်။ ​
ဘု​ရင်​သွား​တဲ့​လမ်း​မ ​ဖြစ်​တာ​ကြောင့်’ ​တော်’​တပ်​ခေါ်​ရာ​နေ ​လမ်း​မ​တော် ​ဆို​ပြီး​ဖြစ်​လာ​ပါ​တယ်။

​​အင်း​စိန် – ​
++++++++++++++
မွန်​ဘာ​သာ ​အန်း​စိန်(​အင်​စိင်)​က​နေ ​ဆင်း​သက်​လာ​ပြီး ​ဆင်​တွေ​ရေ​က​စား​ရာ​အ​ရပ် ​လို့ ​အ​ဓိ​ပၸါယ်​ရ​ပါ​တယ်။

​ကဲ ​မိတ်​ဆွေ​တို့ ​သိ​ထား​တဲ့​မြို့​အ​မည် ​အ​ကြောင်း​လေး​တွေ​ကို ​ကွန်​မန့်​မှာ​ရေး​သွား​နိုင်​ပါ​တယ်။

Ref:
​ရာ​ဇ​ဝင်​ထဲ​က ​အ​ငြင်း​ပွား​စ​ရာ​များ – ​တင်​နိုင်​တိုး

​မြန်​မာ့​စွယ်​စုံ​ကျမ်း
Credit - Ayesay







-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org