၂၀၁၆ ခုနှစ်မှာ ဥရောပတိုက်ကြီး ကွယ်ပျောက်သွားလိမ့်မည်ဟုနိမိတ်ဖတ်

ထွဋ်ဝင်းထွဋ်(15 December 15)




-------------------------------------------------------------------------

“၂၀၁၆ ခုနှစ်မှာ ဥရောပတိုက်ကြီး ကွယ်ပျောက်သွားလိမ့်မည်ဟု ဘူဂေးရီးယားအကြားအမြင်ဆရာမ မစ္စက်ဗန်ဂါ နိမိတ်ဖတ်ခဲ့”

ဘူးဂေးရီးယားနိုင်ငံမှ အကြားအမြင်ရသော အမျိုးသမီးကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ မကွယ်လွန်မီ ကတည်းကပင် အစ္စလာမ္မစ် စစ်သွေကြွများ ခေါင်းထောင်လာပြီး ၂၀၁၆ ခုနှစ်တွင် “မွတ်စလင်စစ်ပွဲကြီး” ဖြစ်ပွားလာလိမ့်မည်ဖြစ်ကြောင်း နိမိတ်ဖတ်ခဲ့သည်ဟု ဆိုသည်။

မစ္စက်ဘာဘာဗန်ဂါသည် အသက်(၈၅)နှစ်အရွယ် ၁၉၉၆ ခုနှစ်က ကွယ်လွန်ခဲ့သူဖြစ်သည်။

သူမ၏ နိမိတ်ဖတ်ဟောချက်များမှာ ၈၅ ရာခိုင်နှုန်းအထိ မှန်ကန်မှုရှိသောကြောင့် ‘Nostradamus of the Balkans’ ဟု လူသိများခဲ့သူဖြစ်သည်။

မစ္စက်ဗန်ဂါသည် မျက်မမြင် ပင်စင်စားတစ်ဦးဖြစ်ပြီး ယခင်ကတည်းကပင် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ၂၀ဝ၄ ခုနှစ် Boxing Day ဆူနာမီဖြစ်ပေါ်မှုများကို နိမိတ်ဖတ်ခဲ့ပြီး ၂၀၁၆ ခုနှစ် တွင် ဥရောပကို မွတ်စလင်များ ကျူးကျော်ဝင်ရောက်လိမ့်မည်ဟု ဟောခဲ့သည်။ မစ္စက်ဗန်ဂါ၏ ဘဝသက်တမ်းတွင် ရာနှင့်ချီသော ကြိုတင်နိမိတ်ဖတ်မှုများ ပြုလုပ်ခဲ့သည်။
၎င်းတို့အနက် ကြီးမားသော မွတ်စလင်စစ်ပွဲကြီးတစ်ရပ်သည် ၂၀၁၀ ပြည်နှစ်တွင် အာရပ်နွေဦးအုံကြွမှုနှင့် စတင်မည်ဖြစ်ကြောင်း ဟောကြားချက်လည်း ပါဝင်ခဲ့သည်။

ယင်းစစ်ပွဲကြီးသည် ဆီးရီးယားနိုင်ငံတွင်ဖြစ်ပွားပြီး ၂၀၄၃ ခုနှစ်တွင် အဆုံးသတ်ကာ ရောမမြို့သည် မွတ်စလင်ဘာသာရေးအကြီးအကဲ၏ ဗဟိုချက်မနေရာဖြစ်လာမည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့သည်။

ဗန်ဂါ၏အလိုအရ ဥရောပတိုက်သည် လာမည့်နှစ်ကုန်တွင် တည်ရှိတော့မည်မဟုတ်ဘဲ ပြောင်သလင်းခါကာ သက်ရှိသတ္တဝါပင် ရှိနိုင်တော့မည်မဟုတ်ဟု ဆိုသည်။

သူမ၏နိမိတ်ကြောင့် ကွန်စပိုင်ရာစီသီအိုရီသမားများက ဥရောပနှင့်နီးကပ်သော လစ်ဗျားတွင် အိုင်အက်စ် စစ်သွေးကြွများခေါင်းထောင်လာမှုကို ထောက်ပြခဲ့ကြသည်။

၂၀ဝ၄ ခုနှစ် Boxing Day ဆူနာမီဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ မစ္စက်ဗန်ဂါသည် သူမ၏ အကြားအမြင် အာရုံထဲတွင် ကြီးမားလှသော လှိုင်းကြီးသည် ပင်လယ်ကမ်းခြေပေါ်တက်လာပြီး လူများ မြို့များကို လွှမ်းမိုးကာ အားလုံးပျောက်ကွယ်သွားလိမ့်မည်ဟု မြင်ခဲ့ကြောင်း မစ္စက်ဗန်ဂါ၏ တပည့်များက ပြောပြသည်။

၁၉၈၉ ခုနှစ်တွင် မစ္စက်ဗန်ဂါက ၉/၁၁ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နိမိတ်ဖတ်ခဲ့ရာ အမေရိကန်ညီအစ်ကို တော်များသည် သံမဏိငှက်ကြီးနှစ်ကောင်၏ တိုက်ခိုက်မှုကို ခံရမည်ဟု နိမိတ်ဖတ်ခဲ့သည်။

ထို့အတူ မစ္စက်ဗန်ဂါသည် ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်၍ ဝင်ရိုးစွန်းရေခဲတောင်များပျော်ကျကာ ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာနိုင်ကြောင်း လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကတည်းက ကြိုတင်မြင်ခဲ့ သည်ဟု ဆိုသည်။





-------------------------------------------------------------------------

မစ္စက်ဗန်ဂါကို တစ်ချိန်က အော်တိုမန်အင်ပါရာဖြစ်ခဲ့ဖူးသော တောင်တန်းဒေသတစ်ခုရှိ Strumica ကျေးရွာ တွင် မွေးဖွားခဲ့သည်။

သူမသည် သဲမုန်တိုင်းတစ်ခု တိုက်ခတ်မှုဒဏ်ကြောင့် မျက်စိနှစ်ဖက်စလုံး ကွယ်ခဲ့ရ သည်။

နောက်ပိုင်းတွင် မစ္စက်ဗန်ဂါသည် သူမ၏ စိတ်အာရုံထဲတွင် အဖြစ်အပျက်များကို အကြားအမြင်ရ လာခဲ့ပြီး အနာဂတ်ကို ကြိုတင်နိမိတ်ဖတ်လာနိုင်မှုကြောင့် သူမကို ယုံကြည်ကိုးကွယ်သူ များလာခဲ့သည်။

နာမည်ကြီးလာသော ဘူဂေးရီးယားအကြားအမြင်ဆရာမကြီး ဗန်ဂါ၏သတင်းကြောင့် နောက်ပိုင်းတွင် ကမ္ဘာတလွှားမှ ချမ်းသာကြွယ်ဝသူများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ၊ သြဇာရှိနိုင်ငံရေးသမားများနှင့် အချို့သော နိုင်ငံအကြီးအကဲများပင် မစ္စက်ဗန်ဂါအပေါ် သက်ဝင်ယုံကြည်မှုရှိလာပြီး အကြံဉာဏ်များရယူခဲ့ကြကြောင်း ဆိုသည်။ မစ္စက်ဗန်ဂါသည် မကွယ်လွန်မီ နောက်လာမည့်ရာစုနှစ်အတွက် ကြိုတင်နိမိတ်ဖတ်ခဲ့ရာတွင် ၄၄ ဆက်မြောက် အမေရိကန်သမ္မတသည် အာဖရိကန် အမေရိကန်လူမျိုး (ယခု ဘားရက်အိုဘာမား)ဖြစ် လိမ့်မည်ဟု ပြောခဲ့ဖူးသည်။

ထို့အပြင် ၂၁၃၀ ပြည့်နှစ်တွင် လူသားများ ရေအောက်၌ နေထိုင်နိုင်ရန် ကမ္ဘာဂြိုဟ်သားများက ကူညီပေးလိမ့်မည်။ ၃၀ဝ၅ ခုနှစ်တွင် အင်္ဂါဂြိုဟ်၌ စစ်ပွဲဖြစ်ပွားလိမ့်မည်။

၃၇၉၇ ခုနှစ်တွင် ကမ္ဘာကြီးတစ်ခုလုံး ပျောက်ကွယ်သွားပြီး ယင်းအချိန်တွင် လူသားများသည် ကြယ်တာရာ ကမ္ဘာများသို့ သွားလာနိုင်စွမ်းရှိလာမည်ဖြစ်ကြောင်း နိမိတ်ဖတ်ခဲ့သည်။ ထွဋ်ဝင်းထွဋ်





-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org