ယာမခေါ်Amphetamines အကြောင်း

Dr‬. တင့်ဆွေ(7 November 15)




-----------------------------------------------------------------------

ယနေ့ခေတ်လူငယ်တော်တော်များများသုံးစွဲနေတဲ့ယာမခေါ်Amphetamines အကြောင်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°

"စိတ်ကြွဆေး" ဆိုတာတွေဟာ CNS ဗဟိုအာရုံကြောစနစ်အပေါ် သက်ရောက်စေတဲ့ အမျိုးမျိုးသောဆေးတွေ ဖြစ်တယ်။ "ယာမ" လို့လူသိများတဲ့ Amphetamines (မင်မ်ဖက်တမင်း) ကို စဖေါ်စပ်ခဲ့တာက ၁၈၈၇ ကတည်းကဖြစ်တယ်။ လူကနေ အလိုလို ထုတ်ပေးနေတဲ့ Adrenaline နဲ့ Noradrenaline တွေနဲ့တူတယ်။ (ရှော့ခ်) ရတာ၊ ပန်းနာထတာတွေအတွက် အလွန်အသုံးဝင်တဲ့ အသက်ကယ်ဆေးတွေ ဖြစ်တယ်။ ရင်ကျပ်လို့ပေးတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှာ ထည့်ထားတတ်တယ်။

Euphoric effects ပီတိစိတ်တွေသာ ထင်မြင်နေစေတဲ့ အစွမ်းကြောင့် ပေါ်ပြူလာဖြစ်လာတယ်။ ဆေးသုံးထားသူဟာ စိတ်တက်ကြွနေမယ်၊ တခုခုကို အာရုံစိုက်နေပြီး၊ သူများတွေကို ဂရုမထားတော့ဘူး။ မအိပ်ဘဲ အကြာကြီး နေနိုင်တယ်။ မမောလွယ်ဘူး၊ အားကစားလုပ်ရင် ပိုလုပ်နိုင်တယ်။ ခံနိုင်ရည်ပိုတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်များစေမယ် ဆိုတဲ့ အစွမ်းတွေ ရစေတယ်။

Methamphetamine (မက်သဖန်တမင်း)၊ Ephedrine (အဖက်ဒရင်း) Cathinone (က်သီနုန်း)၊ MDMA (Ecstasy) (အက်ကတက်စီ) DOM (STP) ဆိုပြီး ဆင်တူတွေ ရှိတယ်။ သူများဆီမှာ Uppers, Bennies, Beans, Speed, and Crank ဆိုတဲ့ အရပ်သုံးနာမည်တွေ ရှိတယ်။ Pills ဆေးလုံး၊ Powder ဆေးမှုံ့ Crystals ဆေးခဲဆိုပြီး အမျိုးမျိုးလာတယ်။ သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး နဲ့ ဆေးလိပ်သောက်နည်းတွေနဲ့ သုံးကြတယ်။ တခါသုံးရင် ၄-၆-၁၂-၂၄ နာရီခံတယ်။

ရေရှည်မှာ ဘာတွေဆက်ဖြစ်လာသလဲ။ အရင်ခံစားတာမျိုး ရချင်ရင် ဆေးအဆ ပိုလိုချင်လာမယ်။ နှလုံးအပေါ် ဒဏ်များလာမယ်။ သွေးဖိအားတက်မယ်၊ ဒါ့ကြောင့် Heart disease, Heart attack, Stroke နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေ ပိုပြီး ရလမ်းများစေတယ်။

ဆေးစွဲတယ်ဆိုတာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းစွဲတာဆိုပြီး ရှိတယ်။ ဒီဆေးက ၂ မျိုးလုံးဖြစ်စေနိုင်တယ်။ Addiction ဆေးစွဲနေသူဆိုရင် Psychotic episodes စိတ်ပိုင်းပြောင်းလဲမှုတွေ ဖြစ်နိုင်တယ်။ Overdose ဆေးများသွားရင် နှလုံးခုန် မြန်မယ်။ ဂနာမငြိမ် ဖြစ်မယ်၊ တုံတုံရီရီဖြစ်မယ်။ သူများကို မယုံတာများမယ်၊ ကြောက်တာ၊ ကျိုးကြောင်း မဆီလျှော်တာ၊ စိတ်ရှုတ်ထွေးတာ၊ တလွဲထင်မြင်တာ၊ တက်တာတွေလဲ ဖြစ်နိုင်သေးတယ်။

- Amphetamines နဲ့ Cocaine or Ecstasy ရောတာ အန္တရာယ်များတယ်။ သတ္တိတွေက တူတယ်။
- Amphetamines နဲ့ (MAOIs) စိတ်မကျဆေးတွေရောရင် ဆေးစွမ်းက ၆ ဆ တက်စေမယ်။
- Amphetamines ဆေးသုံးစွဲထားသူကို နောက်ထပ် ၁-၂ ရက်အထိ စစ်ရင်သိတယ်။

ချက်ချင်းဖြစ်တဲ့ ဆေးအဆိပ် လက္ခဏာတွေကတော့ Psychosis စိတ်မူမမှန်တာ၊ Hallucination သူများမမြင်တာတွေ မြင်နေ၊ သူများမထိတွေ့တာကို ထိတွေ့နေတယ်လို့ထင်တာ၊ Anxiety စိုးရိမ်စိတ်များတာတွေ ဖြစ်မယ်။ ဆေးကြောင့် Hyperthermia အပူချိန်လွန်ကဲတာ၊ Heart arrhythmia နှလုံးခုန်မမှန်တာ နဲ့ Stroke (စထုပ်ခ်) တွေကနေ သေဆုံးနိုင်တယ်။

မူးယစ်ဆေးတွေထဲက Methamphetamine (မက်သဖန်တမင်း) ရဲ့ထူးခြားချက်က Neurotoxic အာရုံကြောကို ထိခိုက်စေတယ်။ MDMA ကတော့ ဦးနှောက်ထဲမှာ Glutathione နဲ့ Vitamin E တွေကိုနည်းစေတယ်။ ရေရှည်သုံးရင် Dependence ဆေးစွဲတယ်။ DOM ကတော့ ဆေးမစွဲစေဘူး။ Amphetamine (အင်မ်ဖတမင်း) ဆေးစွဲသူကိုကုရတာက Cocaine (ကိုကိန်း) ဆေးစွဲတဲ့သူတွေကို ကုရသလို အတူဘဲ။ ဆေးစွဲနေသူတွေဟာ စိတ်ဓါတ်ကျမယ်၊ ပျင်းခြောက်နေမယ်၊ ဆေးကြောင့် ကောင်းတယ်လို့ ခံစားခဲ့ဘူးတာတွေကို တသတသ ဖြစ်နေမယ်။

နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လည်ပင်းကြီး-ဟော်မုန်းများရောဂါ၊ မျက်စိ-ရေတိမ်ရောဂါ ရှိနေသူတွေ သုံးရင် သူများထက် ဆိုးတယ်။ Asocarboxazid, Tranylcypromine, Phenelzine ဆေးသောက်နေသူတွေနဲ့ အရက်သမားတွေက လုံးဝမသုံးသင့်ကြဘူး။

ဒုတိယ-ကမ္ဘာစစ်တုံးက ဂျာမန် တင့်ကားမောင်း စစ်သားတွေကို မအိပ်ချင်အောင် ပေးတယ်။ စိတ်ဓါတ် ကျနေသူတွေကိုလဲ ပေးတယ်။ ၁၉၉ဝ ကျော်မှာ လူငယ်တွေအကြား MDMA (Ecstasy) ခေတ်စားလာတယ်။ Amphetamine ကို Narcolepsy ရောဂါ နဲ့ ADHD ရောဂါတွေမှာ ကုသဆေးအဖြစ် သုံးတယ်။ Energy drinks အားဆေးလို သောက်ကြတဲ့ ဖျော်ရည်တွေထဲမှာ Amphetamines အနည်းနဲ့အများ ပါနေတယ်။

Amphetamines ဟာ "တရားမဝင်ဆေး" ဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၇ UNODC ရဲ့ ခန့်မှန်းချက်အရ လူပေါင်း ၁၅-၅ဝ သန်း ဆေးသုံးနေကြတယ်။

‪#‎Dr‬. တင့်ဆွေ





-----------------------------------------------------------------------



-----------------------------------------------------------------------



-----------------------------------------------------------------------

-----------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org




+++++++