လူသိနည်းသော သိသင့်တာလေးများ

Thant Zin Oo(28 July 15)


ဒါလေးတွေကတော့ အင်တာနက်ပေါ်ကနေ ဖတ်မိတာလေးတွေပါ။
ဘယ်သူ စုဆောင်း ထားတာလဲဆိုတာ သေချာတော့ မသိပါဘူး...။
အားလုံး သိစေဖို့ ပြန်ရှယ်လိုက်ပါတယ်။

မိ်တ်ဆွေလည်း ဖတ်ကြည့်လို့ကောင်းရင် ပြန်ရှယ်ဖို့ မမေ့ပါနဲ့။

၁)
++++++
သင့်ရဲ့ ဖိနပ်တွေဟာ လူတွေက သင့်ကို မသိလိုက် မသိဘာသာ သတိပြုမိစေမယ့် ပထမဆုံးအရာတွေဖြစ်ပါတယ်...
ဒါကြောင့် သင့်တင့်ကောင်းမွန်တဲ့ ဖိနပ်ကို ဝတ်ဆင်ဖို့ လိုပါတယ်...။

၂)
++++++
အကယ်လို့ သင်က တနေ့ကို ၁၁ နာရီထက် ပိုထိုင်နေရမယ်ဆိုရင် နောက် ၃ နှစ်အတွင်း အသက်သေဆုံးဖို့ ၅၀% ရှိပါတယ်....။

၃)
++++++
ဒီကမ္ဘာပေါ်မှာ သင်နဲ့ ရုပ်ချင်းတူတဲ့သူ အနည်းဆုံး ၆ ယောက်လောက်ရှိနေပါတယ်။ သင့်ဘဝ တလျှောက်လုံးမှာ သူတို့ထဲက တယောက်နဲ့ ဆုံစည်းဖို့ ၉% အခွင့်အရေး ရှိပါတယ်။



-----------------------------------------------------------------------

၄)
++++++
ခေါင်းအုံးမပါဘဲ အိပ်တာဟာ နောက်ကျောနာကျင်မှုဝေဒနာကို သက်သာစေပြီး သင့် ကျောရိုးကိုလည်း ပိုပြီး သန်မာစေပါတယ်။

၅)
++++++
လူ့ဦးနှောက်က သတိမပြုဘဲ မနေနိုင်တဲ့အရာသုံးမျိုးရှိတယ်... အဲ့ဒါတွေကတော့ အစား အစာ... ဆွဲဆောင်မှုရှိတဲ့သူတွေနဲ့ ဘေးအန္တရာယ်တို့ပဲဖြစ်တယ်...။

၆)
++++++
ညာသန်တွေဟာ အစားအစာကို ညာဘက်မှာ ဝါးတာများတယ်....။

၇)
++++++
လက်ဘက်ခြောက်ကို အိတ်နဲ့ထည့်ပြီး အနံ့ဆိုးတဲ့နေရာတွေမှာ ထားရင် အဲ့ဒီအနံ့ ဆိုးတွေကို လက်ဘက်ခြောက်က စုပ်ယူသွားလိမ့်မယ်...။

၈)
++++++
အိုင်းစတိုင်းရဲ့ အဆိုအရ ပျားရည်ထုတ်ယူနိုင်တဲ့ ပျားမျိုးတွေ ဒီကမ္ဘာမြေပြင်ပေါ်က ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေလည်း ၄ နှစ်အတွင်း သေဆုံးသွားကြ လိမ့်မယ်။

၉)
++++++
ပန်းသီးမျိုးကွဲပေါင်း အများအပြားရှိတယ်...
တနေ့ကိုတမျိုး စားမယ်ဆိုရင် အမျိုးအစား အားလုံးကုန်ဖို့ အနှစ် ၂၀ ကျော်ကြာလိမ့်မယ်။

၁၀)
++++++
အစာမစားဘဲနေမယ်ဆိုရင် ရက်သတ္တပတ်နဲ့ချီပြီး သင်အသက်ရှင်နေနိုင်မယ်။
မအိပ်ဘဲနေမယ်ဆိုရင်တော့ ၁၁ ရက်ပဲ သင်အသက်ရှင်နေနိုင်မယ်...။

၁၁)
++++++
အားပါးတရ ရယ်တဲ့သူတွေဟာ သိပ်မရယ်တဲ့သူတွေထက် ကျန်းမာရေးပိုကောင်းတယ်...။





-----------------------------------------------------------------------

၁၂)
++++++
ပျင်းရိခြင်းနဲ့ လှုပ်ရှားတက်ကြွမှု မရှိခြင်းကြောင့် သေဆုံးရသူတွေဟာ ဆေးလိပ် သောက်လို့ သေဆုံးရသူ အရေအတွက်လောက်ရှိတယ်...။

၁၃)
++++++
လူသားရဲ့ဦးနှောက်ရဲ့ သိုမှီးနိုင်မှုပမာဏဟာ Wikipedia ထဲမှာပါတဲ့ အချက်အလက်ရဲ့ ၅ ဆရှိတယ်...

၁၄)
++++++
ကျွန်တော်တို့ ဦးနှောက်က အသုံးပြုတဲ့ စွမ်းအင်ဟာ ၁၀ ဝပ် မီးသီးက သုံးတဲ့ စွမ်းအင်နဲ့တူတယ်....

၁၅)
++++++
ကျွန်တော်တို့ ခန္ဓာကိုယ်က ထုတ်ပေးနိုင်တဲ့ အပူဟာ မိနစ် ၃၀ အတွင်း ၁ လီတာခွဲ ရှိတဲ့ ရေကို ဆူနိုင်တဲ့အထိ ရှိတယ်...

၁၆)
++++++
သားဥဟာ လူသားရဲ့ အကြီးဆုံးဆဲလ်ဖြစ်ပြီး သုတ်ကောင်ဟာ အသေးဆုံးဆဲလ်ဖြစ်တယ်...။

၁၇)
++++++
အစာချေရည်ဟာ သင်တုံးဓားသွားကို အရည်ပျော်စေနိုင်လောက်အောင်ပြင်းတယ်။

၁၈)
++++++
ပြုံးပါ... အပြုံးဟာ အထိရောက်ဆုံး စိတ်ကျရောဂါ ကာကွယ်ဆေးဖြစ်တယ်...

Credit >>> http://thutakabar.blogspot.com/search/label/သုတ



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org