သ​မ္မ​တ​အ​သစ် ​ဦး​ထင်​ကျော်​ထံ ​သ​မ္မ​တ​ဦး​သိန်း​စိန် ​သ​ဝဏ်​လွှာ​ပို့

Myo ko ko(15 March 16)




------------------------------------------------------------------------------------------------

​နိုင်​ငံ​တော်​သ​မ္မ​တ​အ​ဖြစ် ​ရွေး​ချယ်​တင်​မြှောက်​ခံ​ရ​တဲ့ ​ဦး​ထင်​ကျော်​ထံ​ပေး​ပို့​တဲ့ ​သ​မ္မ​တ​ဦး​သိန်း​စိန်​ရဲ့ ​ သ​ဝဏ်​လွှာ​ကို ​တွေ့​ရ​စဉ်။
Photo: Myanmar President Office


​နိုင်​ငံ​တော်​သ​မ္မ​တ​အ​ဖြစ် ​ရွေး​ချယ်​တင်​မြှောက်​ခံ​ရ​တဲ့ ​ဦး​ထင်​ကျော်​ထံ​ကို ​လက်​ရှိ ​နိုင်​ငံ​တော်​သ​မ္မ​တ ​ဦး​သိန်း​စိန်​က ​ဂုဏ်​ယူ​ဝမ်း​မြောက်​ကြောင်း ​သ​ဝဏ်​လွှာ ​ပေး​ပို့​လိုက်​ပါ​တယ်။

​သ​ဝဏ်​လွှာ​မှာ ​နိုင်​ငံ​တော်​အ​စိုး​ရ​တာ​ဝန်​တွေ ​လွှဲ​ပြောင်း​ပေး​ဖို့​အ​တွက် ​စီ​စဉ်​ထား​ရှိ​ပြီး​ဖြစ်​တယ်​လို့ ​ ပါ​ရှိ​ပါ​တယ်။
​အ​လား​တူ ၈၈ ​မျိုး​ဆက် ​ငြိမ်း​ချမ်း​ရေး ​နဲ့ ​ပွင့်​လင်း​လူ့​အ​ဖဲွ့​အ​စည်း​က ​ကို​မင်း​ကို​နိုင်​က​ လည်း ​ဦး​ထင်​ကျော် ​သ​မ္မ​တ ​အ​ဖြစ် ​တင်​မြှောက်​ခံ​ရ​တဲ့​အ​တွက် ​ဂုဏ်​ယူ​ဝမ်း​မြောက်​ကြောင်း ​ ပေး​ပို့​ပါ​တယ်။

​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ ​အင်​အား​စု​ပါ​တီ​က ​နှစ်​ပေါင်း ၅၀ ​ကျော်​အ​တွင်း ​ပြည်​သူ့​ကိုယ်​စား​ပြု ​အ​ရပ်​သား​ သ​မ္မ​တ ​သစ် ​ပေါ်​ထွန်း​လာ​တဲ့​အ​တွက် ​ဂုဏ်​ယူ​ကြောင်း ​ကြေ​ညာ​ချက်​ထုတ်​ပြန်​ပါ​တယ်။

​ဂျ​ပန်​ဝန်​ကြီး​ချုပ် ​မ​စ္စ​တာ ​ရှင်​ဇို​အာ​ဘေး​က ​နှစ်​နိုင်​ငံ​ဆက်​ဆံ​ရေး ​ပို​မို​တိုး​မြှင့်​နိုင်​ဖို့​အ​တွက် ​နီး​ကပ်​စွာ ​ပူး​ပေါင်း ​လုပ်​ဆောင်​သွား​မှာ​ဖြစ်​ကြောင်း ​ဦး​ထင်​ကျော်​ထံ ​သ​ဝဏ်​လွှာ​ပေး​ပို့​လိုက်​တယ်​လို့ ​မြန်​မာ​နိုင်​ငံ ​ ရန်​ကုန်​မြို့​ရှိ ​ဂျ​ပန်​သံ​ရုံး​က ​သ​တင်း​ထုတ်​ပြန်​ပါ​တယ်။

​ဩ​စ​တြေး​လျ​ဝန်​ကြီး​ချုပ် Malcolm Turnbull ​က ​ဦး​ထင်​ကျော် ​နိုင်​ငံ​တော်​သ​မ္မ​တ​အ​ဖြစ် ​ရွေး​ချယ်​ခံ​ရ​တဲ့​အ​တွက် ​ဂုဏ်​ယူ​ကြောင်း၊ ​တ​ချိန်​တည်း​မှာ​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ဦး​ဆောင်​မှု​ဟာ ​မြန်​မာ့​နိုင်​ငံ​ရေး​အ​တွက် ​အ​ရေး​ကြီး​တဲ့​အ​ခန်း​က​ဏ္ဍ​က ​ရှိ​မယ်​ဆို​တာ ​ယုံ​ကြည်​ကြောင်း ​သ​ဝဏ်​လွှာ​မှာ ​ပါ​ရှိ​ပါ​တယ်။

​ဒါ့​အ​ပြင် ၂၀၁၁ ​ခု​နှစ်​က​စ​ပြီး ​နိုင်​ငံ​တော်​သ​မ္မ​တ ​ဦး​သိန်း​စိန်​ရဲ့ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​နဲ့ ​ဦး​ဆောင်​မှု​အ​ခန်း​ က​ဏ္ဍ​ကို ​လည်း ​အ​သိ​အ​မှတ်​ပြု​ကြောင်း​နဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖဲွ့​ချုပ် ​အ​စိုး​ရ​ထံ ​တာ​ဝန်​လဲွှ​ပြောင်း​ ပေး​ဖို့ ​ဆောင်​ရွက်​ခဲ့ ​တာ​တွေ​ကို​လည်း ​ဂုဏ်​ယူ​မိ​ကြောင်း ​ဩ​စ​တြေး​လျ​အ​စိုး​ရ​က ​ပြော​ကြား​လိုက်​ ပါ​တယ်။

RFA Burmese
http://www.rfa.org/burmese

++++++++++++++++++++++++++++++++++++++++++++++



------------------------------------------------------------------------------------------------

​နိုုင်​ငံ​တော်​သ​မ္မ​တ​သစ် ​ဦး​ထင်​ကျော်​၏ ​ကိုယ်​ရေး​အ​တ္ထု​ပၸ​တ္တိ
++++++++++++++++++++++++++

​နိုုင်​ငံ​တော်​သ​မ္မ​တ​သစ် ​ဦး​ထင်​ကျော်​၏ ​ကိုယ်​ရေး​အ​တ္ထု​ပၸ​တ္တိ ​အ​မှန်​ကို ​ပြည်​သူ​များ​သိ​စေ​ရန် ​ဖော်​ပြ​ပေး​လိုက်​ပါ​သည်။

- ​ကွမ်း​ခြံ​ကုန်း​မြို ့​သား ​အ​မျိုး​သား​ဂ​န္ထ​ဝင်​စာ​ရေး​ဆ​ရာ​ကြီး ​မင်း​သု​ဝဏ်
( ၁၉၉၀ ​ရွေး​ကောက်​ပွဲ​တွင် NLD ​ရွေး​ကောက်​ခံ​ကိုယ်​စား​လှယ်၊ ​က​မာ​ရွတ်​မြို ့​နယ်) ​နှင့် ​ဒေါ်​ကြည်​ကြည်​တို့​၏ ​ဒု​တိ​ယ​မြောက် ​သား​ဖြစ်​သည်။

- ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ခေါင်း​ဆောင်​တစ်​ဦး​ဖြစ်​သူ ​ဦး​လွင်​၏ ​သ​မက်​ဖြစ်​သည်။

- “​ဒ​လ​ဘန်း”​အ​မည်​ဖြင့် ​သူ​၏​ဖ​ခင် ​စာ​ရေး​ဆ​ရာ​မင်း​သု​ဝဏ်​အ​ကြောင်း ​ရေး​သည့် “ ​အ​ဘ​ဘ၀ ​အ​ဘ​အ​ကြောင်း ​တ​စေ့​တ​စောင်း” ​စာ​အုပ်​မှာ ​ဦး​ထင်​ကျော်​၏ ​ထင်​ရှား​သည့်​လက်​ရာ​ဖြစ်​သည်။

- ၁၉၄၆ ​ခု​နှစ်၊ ​ဇူ​လိုင်​လ ၂၀ ​ရက်​နေ့​တွင် ​မွေး​ဖွား​ခဲ့​သည်။

- ၁၉၆၂ ​အ​ထ​က(၁) ​ဒ​ဂုံ (​မက်​သ​ဒစ်​ကျောင်း) ​မှ ​အ​ခြေ​ခံ​ပ​ညာ ​အ​ထက်​တန်း​အောင်​မြင်၊

- ၁၉၆၂-၆၃ ​ရန်​ကုန်​တ​က္က​သိုလ် ​မှ ​ဥ​ပ​စာ​ဝိ​ဇ္ဇာ (​က) ​အောင်​မြင်၊

- ၁၉၆၃-၆၈ ​ရန်​ကုန်​စီး​ပွား​ရေး​တ​က္က​သိုလ်​မှ ​စာ​ရင်း​အင်း​ပ​ညာ ​မ​ဟာ​ဘွဲ ့ M.Econ (Statistics) Part- 2 ​တက်​ရောက်​နေ​စဉ် ​တ​က္က​သိုလ်​နည်း​ပြ​အ​ဖြစ် ​အ​လုပ်​ဝင်​လိုက်​သည်။

- ၁၉၇၀ Universities’ Computer Centre ​သို့ Programmer/ Analyst ​ရာ​ထူး​ဖြင့် ​ပြောင်း​ရွှေ ့ ​တာ​ဝန်​ထမ်း​ဆောင်၊

- ၁၉၇၁-၇၂ Institute of Computer Science,University of London ​၌ ​ပ​ညာ​သင်​ယူ၊

- ၁၉၇၃ ​ဒေါ်​စု​စု​လွင် (​ဥ​က္က​ဋ္ဌ - ​နိုင်​ငံ​တ​ကာ​ဆက်​ဆံ​ရေး​ကော်​မ​တီ ၊ ​သုံး​ခွ​မြို ့​နယ် ​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ်၊ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်) ​နှင့် ​လက်​ထပ်​ခဲ့​သည်။

- ၁၉၇၄ Asia Electronics Union, Tokyo ​တွင် ​ကွန်​ပျူ​တာ​ပ​ညာ​လေ့​လာ​ဆည်း​ပူး၊

- ၁၉၇၄-၇၅ M.Sc Computer Science (RASU)

- ၁၉၇၅-၁၉၈၀ ​ဌာ​န​ခွဲ​မှူး၊​အ​ကြီး​စား​စက်​မှု​လုပ်​ငန်း​ကော်​ပို​ရေး​ရှင်း၊ ​အ​မှတ်(၂) ​စက်​မှု​ဝန်​ကြီး​ဌာ​န၊

- ၁၉၈၀-၁၉၉၂ ​ဒု​တိ​ယ​ညွှန်​ကြား​ရေး​မှူး၊ ​နိုင်​ငံ​ခြား​စီး​ပွား​ဆက်​သွယ်​ရေး​ဦး​စီး​ဌာ​န(FERD) ၊ ​စီ​မံ​ကိန်း​နှင့်​ဘ​ဏ္ဍာ​ရေး​ဝန်​ကြီး​ဌာ​န၊

- ၁၉၈၇ Arthur D.Little, School of Management, Cambridge,Massachusetts ​တွင် ​ပ​ညာ​သင်​ယူ၊

- ၁၉၉၂ ​ဒု​တိ​ယ​ညွှန်​ကြား​ရေး​မှူး​ရာ​ထူး​မှ ​မိ​မိ​ဆ​န္ဒ​အ​လျောက် ​နုတ်​ထွက်၊

- ၂၀၁၂ -​ယ​နေ့​ထိ ​ဒေါ်​ခင်​ကြည်​ဖောင်​ဒေး​ရှင်း​တွင် Executive Committee Member (​အ​လုပ်​အ​မှု​ဆောင်​အ​ဖွဲ့​ဝင်) ​အ​ဖြစ် ​တာ​ဝန်​ယူ​ဆောင်​ရွက်​လျက်​ရှိ၊



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org