ဗိုလ်​ချုပ်​မှုး​ကြီး​သို့

Zarni Tike(24 February 16)


ဗိုလ်​ချုပ်​မှုး​ကြီး​သို့ ...

​ဒီ​မို​က​ရေ​စီ​အ​ရေး​အ​တွက် ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင်​တွေ​အ​နေ​နဲ့ ​လက်​နက်​စွန့်​ပြီး ​တ​ရား​ဥ​ပ​ဒေ​နဲ့ ​အ​ညီ ​တောင်း​ဆို​ကြ​ဖို့​ပြော​တဲ့ ​ဗိုလ်​ချုပ်​မှုး​ကြီး​ရဲ့ ​စေ​တ​နာ​စ​ကား​အ​တွက် ​ကျေ​နပ်​ပီ​တိ ​ဖြစ်​မိ​ပါ​တယ်။
​ဒါ​ပေ​မဲ့ ​လက်​ရိှ​အ​နေ​အ​ထား​ထက် ​အ​ဆင့်​တွေ ​ကျော်​နေ​သ​လို ​ဖြစ်​နေ​လို့ ​ပြန်​လည်​မေး​ခွန်း​ထုတ်​စ​ရာ ​မေး​ခွန်း​တွ ေ ​ရိှ​လာ​ပါ​တယ်။ ​
ကာ​ချုပ်​အ​နေ​နဲ့ ​ဒီ​မေး​ခွန်း​တွေ​ကို ​လွယ်​လွယ်​ကူ​ကူ​ပဲ ​ဖြေ​နိုင်​လိမ့်​မယ်​လို့ ​လည်း ​မျှော်​လင့်​ပါ​တယ်။






--------------------------------------------------------------------


၁။ ​တပ်​မ​တော်​ဟာ ​ပြည်​သူ​လူ​ထု​က ​ရွေး​ကောက်​တင်​မြှောက်​တဲ့ ​လွှတ်​တော်​ရဲ့ ​ဆုံး​ဖြတ်​ချက်​ကို ​အ​လုံး​စုံ ​လိုက်​နာ​ပါ​ပြီ​ လား။

၂။ ​ပြည်​သူ​လူ​ထု​က ​ရွေး​ချယ်​လိုက်​တဲ့ ​နိုင်​ငံ​တော် ​သ​မ္မ​တ ​ဖြစ်​သူ​က ​ကာ​ချုပ်​ရာ​ထူး​ကို ​ခန့်​အပ်​ပိုင်​ခွင့် ​ရိှ​ပါ​ပြီ​လား။
​ဖြုတ်​ချ​ပိုင်​ခွင့် ​ရိှ​ပါ​ပြီ​လား။

၃။ ​တပ်​မ​တော်​ကို ​တိုင်း​ရင်း​သား​တွေ ​အ​ပြည့်​အ​ဝ ​စိတ်​ချ​ယုံ​ကြည်​နိုင်​ဖို့ ​အ​တွက် ...
(​က) ​က​ချင်​ဆ​ရာ​မ​လေး ၂ ​ယောက်​အ​မှု ​ဖြေ​ရှင်း​ပေး​ပြီး​သွား​ပါ​ပြီ​လား။
(​ခ) ​တပ်​မ​တော်​ရဲ့ ​မ​တ​ရာ ​ဖမ်း​ဆီး​သတ်​ဖြတ်​ခံ​လိုက်​ရ​တဲ့ ​ကို​ပါ​ကြီး ​အ​တွက် ​တ​ရား​ခံ​တွေ​ကို ​အ​ရေး​ယူ ​အ​ပြစ်​ပေး​ပြီး​သွား​ပါ​ပြီ​လား ...

၄။ ​တိုင်း​ရင်း​သား​တွေ​ရဲ့ ​မိ​ရိုး​ဖ​လာ ​ဘိုး​ဘွား​ပိုင် ​မြေ​နေ​ရာ​တွေ​ကို ​လျော်​ကြေး​မ​ပေး​ပဲ ​တပ်​မ​တော်​က ​သိမ်း​ယူ​နေ​တာ​တွေ ​ရပ်​တန့်​သွား​ပြီ​လား။ ​သိမ်း​ဆည်း​ထား​တဲ့ ​လယ်၊ ​မြေ​တွေ​အ​တွက် ​အ​သိမ်း​ဆည်း​ခံ​ရ​တဲ့ ​ပြည်​သူ​တွေ ​ကျေ​နပ်​အောင် ​ပြန်​ဆောင်​ရွက်​ပေး​ပြီး​သွား​ပါ​ပြီ​လား။

၅။ ​အ​ရပ်​သား​တွေ​အ​ပေါ်​မှာ ​ပြစ်​မှု​ကျူး​လွန်​တဲ့ ​တပ်​မ​တော်​သား​တွေ​ကို ​တ​ရား​ရုံး​က ​ဖမ်း​ဝ​ရမ်း​ထုတ်​ပြီး ​လွတ်​လပ်​စွာ ​တ​ရား​စီ​ရင်​ခွင့်​ရ​ပါ​ပြီ​လား။

၆။ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ထဲ​က ​ပုဒ်​မ​တွေ​ကို ​ကာ​ချုပ်​ရဲ့ ​သ​ဘော​ဆ​န္ဒ​မ​ပါ​ပဲ ​ပြည်​သူ​တွေ​ရွေး​ချယ်​တဲ့ ​ကိုယ်​စား​လှယ်​တွေ ​သ​ဘော​ဆ​န္ဒ​နဲ့ ​ပြင်​ဆင်​ဖြည့်​စွက်​ခွင့် ​ရ​ပါ​ပြီ​လား ....

၇။ ​နိုင်​ငံ​တော် ​ဘ​ဏ္ဏာ​ငွေ​တွေ​နဲ့ ​ရင်း​နှီး​မ​တည်​ထား​တဲ့ ​တပ်​မ​တော်​ရဲ့ ​စီး​ပွား​ရေး​လုပ်​ငန်း​တွေ​ကို ​ပြည်​သူ​လူ​ထု​ထံ​ကို ​ ပြန်​လည်​လွှဲ​ပြောင်း ​ပေး​ပြီး​သွား​ပါ​ပြီ​လား ....


​ဒီ​မေး​ခွန်း​တွေ ​ဖြေ​နိုင်​တဲ့​တစ်​နေ့ ​တိုင်း​ရင်း​သား​တွေ ​ယုံ​ယုံ​ကြည်​ကြည် ​လက်​နက်​စွန့်​ကြ​မှာ​ဖြစ်​ပါ​တယ်။

​ယုံ​ကြည်​မှု ​တည်​ဆောက်​ဖို့​အ​တွက် ​မိ​မိ​ဘက်​က​လည်း ​အ​လျော့​ပေး​သင့်​တာ ​ပေး။
​စွန့်​လွှတ်​သင့်​တာ ​စွန့်​လွှတ်​ရ​ပါ​မယ်။
​အ​ထက်​ဆီး​က​နေ ​ကို​ဖြစ်​ချင်​တာ​ပဲ ​တောင်း​ဆို​နေ​သ​ရွေ့​တော့ ​ကာ​ချုပ်​ရဲ့ ​အိမ်​မက်​တွေ ​အ​ကောင်​အ​ထည်​ပေါ်​လာ​မှာ ​ မ​ဟုတ်​သေး​ပါ​ကြောင်း ​သ​တိ​ပေး ​တင်​ပြ​လိုက်​ပါ​တယ် ​ကာ​ချုပ်​ခင်​ဗျား။ ။



Zarni Tike





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org