နိုင်ငံစွမ်းဆောင်ရည်ဆု

Moe Heine(14 February 16)






--------------------------------------------------------------------


နိုင်ငံစွမ်းဆောင်ရည်ဆု
----------------------

ကလေးတွေကို စာသင်ဖို့
မိုးထဲရေထဲထွက်လာတဲ့
ဆရာမလေးကပြုံးတယ်။

အနာမကြပ်သေးတဲ့ မီးလောင်ဒဏ်ရာနဲ့
အပူမီးတွေကြား ရဲရင့်ရတဲ့
မီးသတ်သမားလေးက ပြုံးတယ်။

ကျိုင်းထောက်တစ်ခုကိုင်စွဲ
ဝမ်းရေးအတွက်စာအုပ်တွေလိုက်ရောင်းနေတဲ့
တိုက်ပွဲတွေကြားရဲရင့်ခဲ့သူ
စစ်သားကြီးက ပြုံးတယ်။

ဝေးခေါင်လှပါတယ်ဆိုတဲ့ အရပ်ကိုသွား
သားကွဲကွဲ မယားကွဲကွဲ နဲ့ ဆေးကုပေးနေတဲ့
ဆရာဝန်လေးကပြုံးတယ်။

နိုင်ငံစွမ်းဆောင်ရည်ဆုအတွက်
ဂုဏ်ယူပါတယ်တဲ့။

နိုင်ငံရပ်ခြားက
မြန်မာ့ ကျွန်းသစ်တို့က ပြုံးတယ်။

တိုင်းတပါးရောက်
ကြေးနီနဲ့ ကျောက်စိမ်းတို့က ပြုံးတယ်။






--------------------------------------------------------------------


မြေပြန့်ဖြစ်သွားတဲ့ တောင်တွေနဲ့
အသက်ငင်နေတဲ့ ဧရာဝတီကပြုံးတယ်။

တစ်ဦးတည်းပိုင်ဖြစ်သွားတဲ့
စိုက်ပျိုးခွင့်မရှိတော့တဲ့ လယ်ယာမြေတွေက ပြုံးတယ်။

နိုင်ငံစွမ်းဆောင်ရည်ဆုအတွက်
ဂုဏ်ယူပါတယ်တဲ့။

ကျောင်းနဲ့ဝေးကွာခဲ့တာကြာပြီဖြစ်တဲ့
ပန်းရောင်းနေတဲ့ ကလေးလေးက ပြုံးတယ်။

မိဘမဲ့ဖြစ်သွားခဲ့တဲ့
စစ်ဘေးသင့် ကလေးလေးက ပြုံးတယ်။

အိမ်ကိုဘူတိုဇာနဲ့ ထိုးဖျက်ခံလိုက်ရလို့
မိုးကာတဲလေးထဲမှာ စာကျက်နေတဲ့
ကလေးလေးက ပြုံးတယ်။

ကိုယ်နာမည်ကိုတောင် မရေးတတ်တဲ့
ပိုင်ဆိုင်မှုဆိုလို့ခွက်တစ်လုံးလဲရှိတဲ့
တောင်းစားနေတဲ့ကလေးလေးက ပြုံးတယ်။

နိုင်ငံစွမ်းဆောင်ရည်ဆုအတွက်
ဂုဏ်ယူပါတယ်တဲ့။

Moe Heine
>>>>>






--------------------------------------------------------------------


Mg Ogga ဆုတံဆိပ် ပုံကြည့်ပြီး ဆုတံဆိပ်က ဘာလို့ ဘောလုံး မ, နေတဲ့ပုံ ဖြစ်ရတာလဲ တွေးမိပြီး ကျနော်လည်း ပြုံးပါတယ်။ >>>>>
Myo Win Khaing‎

သမတ ကြီးက ဒီတစ်ခါတော့ တော်တော်အတွေးအခေါ်ကောင်းခဲ့သားပဲ!!!

ဆု ရုပ်ထု ရဲ့ လူတွေကိုလိမ်ထား
လူလိမ်တွေက ဘော(အလုံး)ကိုဝိုင်းမ
"လူလိမ်ဘောမဆု"

ဆု ရ တဲ့ သူ တွေတော့ ......
>>>>>






--------------------------------------------------------------------


ဘိုးတော်အာပလူး

Ko Ko Lat ပြောမှ သေချာကြည့်မိတယ်။

ဆုရုပ်တု Design ဆွဲတဲ့Designer တော်တယ်ဗျာ။
ရုပ်တုပုံက ဘာကို မ နေကြတာလဲ။

E-66 ကိုကြောက်တော့ သိပ်မပြောရဲဘူး။

ခင်ဗျားတို့ဘာသာ တွေးကြည့်ကြ
tongue-humørikon
(ငရဲသား)

++++++++++

Yea Chan

ဟီးဟိ့! ဘယ်ကောင်ကြပ်ပြီး ဒီအရုပ်လုပ်ခိုင်းလိုက်တာလဲ။

မိမိကိုယ်မိမိဝန်ခံသလိုဖြစ်သွားတယ် "ပေါင်းလိမ် ဘောမ" ဆု။

အမြဲတမ်းဦးနှောက်မရှိလာသည့်လူကြီးတွေ နောက်ဆုံးပိတ်လေးတောင် ခံလိုက်ရပြန်ပြီ။





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org