စံဇာဏီဘိုရဲ့ ၂၀၁၆ ခန့်မှန်းမှု

မသိင်္ဂီထိုက် (1 January 16)


မြန်မာနိုင်ငံ အတွက် ၂၀၁၆ ခုနှစ်ဟာ ကောင်းခြင်း အဖြာဖြာ ဖြစ်ထွန်းစေ မယ့် နှစ်သစ် ဖြစ်ပါတယ်လို့ နက္ခတ်ဗေဒင် ပညာရှင် စံဇာဏီဘိုက ကြိုတင် ဟောကိန်း ထုတ်ပါတယ်။ မြန်မာပြည်သူ ပြည်သားတွေ အတွက် အကျိုးပြုမယ့် အစိုးရသစ် တရပ်ကို ငြိမ်ငြိမ်းချမ်းချမ်း ဖွဲ့စည်းနိုင်မှာ ဖြစ်ပြီး လူမှုရေး စီးပွားရေးရာ တိုးတက်ဖြစ်ထွန်းမှုတွေ ဆောင်ကျဉ်းမယ့် နှစ်တနှစ် ဖြစ်ပါတယ်လို့ နက္ခတ်ဗေဒင် ပညာရှင် စံဇာဏီဘိုက ကြိုတင် ဟောကိန်းထုတ်သလို သတိထားရမှာတွေကတော့ရာသီဥတု ဘေးဒဏ်၊ ရောဂါဘယဘေးနဲ့ တရားဥပဒေ စိုးမိုးရေး အပိုင်းမှာ လာဘ်ပေးလာဘ်ယူမှုတွေ များပြားလာနိုင်တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၆ ခုနှစ် အတွက် မြန်မာနိုင်ငံအတွက် နှစ်ကြို ဟောကိန်းကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

၂၀၁၆ ခုနှစ်ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် ကောင်းသော အနာဂတ်နဲ့ တိုးတက်မှု အဖြားဖြား လွှမ်းမိုးနေတဲ့ နှစ်တခု ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့ဟာ သောကြာနေ့နဲ့ စတယ်။ သောကြာနေ့ ဆိုတာက ဗီးနပ်စ် သောကြာ နတ်ဒေဝီကို ကိုယ်စားပြုတယ်။ ၂၀၁၆ ကလည်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အမျိုးသမီး သို့မဟုတ် မိန်းမသားတို့ရဲ့ သို့မဟုတ် မိခင်တို့ရဲ့ သဘာဝ လွှမ်းမိုးတဲ့ အစိုးရကနေ အုပ်ချုပ်မယ့် အနာဂတ်နှစ် ဖြစ်တယ်။

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ အသီးသီးမှာ ရှိတဲ့ နိုင်ငံတွေမှာ အမျိုးသမီးထုရဲ့ အင်အားတွေ စွမ်းအားတွေဟာ လာမယ့် ၂၀၁၆ ခုနှစ်မှာ စွမ်းပကား ကြီးမားသလို မိခင်စိတ်ဓာတ်နဲ့ ဆောင်ရွက်တဲ့ သူတွေရဲ့ အနာဂတ်ရဲ့ ဦးဆောင်နိုင်မှုဟာ အားလုံးသော သူတွေ အတွက် ကောင်းသော အကျိုးကျေးဇူးတွေ ရရှိမယ့် နှစ်တခု ဖြစ်ပါတယ်။

၂၀၁၆ ကို ဂဏန်း တလုံးတည်း ဖြစ်သွားရင် နံပတ်၉ ဂဏန်း ရတယ်။ နံပတ် ၉ ဟာ ၈ဏန်းတို့ရဲ့ အဆင့်မြင့်ဆုံး နံပတ် တခု ဖြစ်ပြီးတော့ အောင်မြင်မှုတွေရဲ့ အမြင့်မားဆုံး အကြောင်းအရာ တခုရဲ့ အဆုံး နောက်တခုရဲ့ အစကို စတင်ဖို့ အတွက် ခြေလှမ်းပြင်တဲ့ နံပတ် ဖြစ်တဲ့ အတွက် အပြောင်းအလဲတခုနဲ့ အသစ် တခုကို စတင်နိုင်တယ်။ အဟောင်းတို့ရဲ့ အဆုံးကို ဒီတနှစ်တာ အတွင်း အဆုံးသတ်ပြီးတော့ လာမယ့် အနာဂတ်ရဲ့ ကောင်းခြင်း အဖြာဖြာကို စတင် သယ်ဆောင်သွားမယ့် ဖြစ်ရပ်တွေ ဖြစ်ပေါ်မယ့် မြန်မာနိုင်ငံရဲ့ အနာဂတ်က ရှေ့မှာ တည်ရှိနေပါတယ်။

လုပ်ငန်းရေးရာ၊ စီးပွားရေးရာ လူသားတိုင်းမှာ မည်မျှ အခက်အခဲ ရှိပါစေ အားလုံးမှာ အဖြေရှာနိုင်တဲ့ အနေအထားနဲ့ ကောင်းသော အနာဂတ်ကို ဖန်တီးနိုင်မယ့် ကံကြမ္မာတွေ နိုင်ငံသား အသီးသီးမှာ ကိုယ်စီ ကိုယ်ငှ ပိုင်ဆိုင်ကြပါ လိမ့်မယ်။ ကောင်းသော အထောက်အကူတွေကိုလည်း ရရှိပါလိမ့်မယ်။ မင်းအစိုးရနဲ့ ပြည်သူကြား ဖြစ်ပေါ်မယ့် ပဋိပက္ခတွေ ငြိမ်းသွားမယ်။






--------------------------------------------------------------------




လောကသား အသီးသီးမှာ စီးပွားရေး လောကမှာ ပုံမှန်ထက်ပို မြင့်မားလာတဲ့ စီးပွားရေး အနေအထားရှိမယ်။ ကုန်ဈေးနှုန်း အနေအထားကတော့ ပုံမှန် တက်တဲ့ အနေအထား ရှိလင့်ကစား ကြီးမားသော ကုန်ဈေးနှုန်း ပဋိပက္ခ မရှိပါဘူး။

ဒါပေမယ့် ဒီတနှစ်တာ ကာလ အတွင်းမှာ ဧပြီလ ၂၀ နဲ့ မေ ၂၀ ကြား ၂၀၁၆ ၊ ၂၀၁၆ စက်တင်ဘာ ၂၀ နဲ့ အောက်တိုဘာ ၂၀ကြား မှာတော့ သဘာဝ အန္တရာယ် လေးတွေကိုတော့ အနည်းငယ် သတိရှိရမှာ ဖြစ်ပါတယ်။ နံပတ် ၉ လွှမ်းမိုးတဲ့ အချိန်မှာ မီးဘေး ဥပါဒ် အန္တရာယ်ကို တချက်၊ ငလျင်ဘေး ဥပါဒ် အန္တရာယ်ကို တချက်၊ အပူလှိုင်း လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာမယ့် သဘာဝ ဘေးဥပါဒ် အန္တရာယ်ကို တချက် သတိထားရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး အနေအထားမှာတော့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၁ နဲ့ ဖေဖော်ဝါရီလ ၁၉ ကြားမှာ တကြိမ်၊ မတ် ၂၁ နဲ့ ဧပြီ ၂၀ ကြားမှာ တကြိမ် ထူးခြားတဲ့ အပြောင်းအလဲနဲ့ ကောင်းသော အနေအထားတွေ ဖြစ်ပြီး ညင်သာစွာ လွှဲပြောင်းမှုနဲ့ အစိုးရတိုင်းမှာ အမျိုးသမီးထုရဲ့ အာဏာလွှမ်းမိုးမယ် ဆိုတော့ ဒေါ်အောင်ဆနး်စုကြည် ရဲ့ အနေအထားက မြင့်မားတဲ့ အနေအထားဘက် ကို ရောက်သလို NLD ရဲ့ လွှမ်းမိုးမှုရဲ့ အနေအထားကလည်း ကောင်းသော ပြည်သူ လူထု အပေါ်မှာ အကျိုးပြုနိုင်တဲ့ အစိုးရ တရပ်ကို ဖွဲ့စည်းနိုင်ပါလိမ့်မယ်။ အခြားသော အတွေ့အကြုံ ရှိသူတွေလည်း အစိုးရ အဖွဲ့အစည်းထဲ ပါဝင်ပြီးတော့ အထောက်အကူ ပြုမယ့် နှစ် တခု ဖြစ်မယ့် မေတ္တာနှစ် ဖြစ်ပါတယ်။ တယောက်သောသူ တက်ရောက်မယ့် အပေါ်မှာ နောက်တယောက်က ကပျက်ယပျက် လုပ်မယ် ဆိုတဲ့ အနေအထား ကိုတော့ မတွေ့ပါဘူး။

ဒီနှစ် ဒီကာလတွေ အတွင်းမှာတော့ ပညာရေးရာ အပိုင်းအခြားတွေမှာ နိုင်ငံတကာ အဆင့်ကို လွှမ်းမိုးမယ့် အနေအထားကို မရောက်လင့် ကစား နိုင်ငံတကာရဲ့ အထောက်အကူတွေကို ရယူနိုင်ပြီးတော့ အစကနေပြီးတော့ လမ်းကြောင်းတွေ ဖော်ပြီးတော့ လမ်းကြောင်းမှန်တွေပေါ် တစ တစ ရောက်လာပါလိမ့်မယ်။

ကျန်းမာရေး အနေအထားမှာတော့ အားလုံးရဲ့ ကျန်းမာရေးမှာ အနည်းငယ် သတိထားရမယ်။ ခါတိုင်းထက် ပိုပြီး ရောဂါ ဝေဒနာလေးတွေ ဖြစ်ပေါ်မှုလေးတွေ ရှိမယ်။ အထူးသဖြင့် ၂၀၁၆ ဇန်နဝါရီ၊ မတ်၊ မေ၊ ဇွန်၊ အောက်တိုဘာတွေ မှာ ရောဂါ ဝေဒနာလေးတွေ Outbreakလို ပြန့်ပွားမှု ရောဂါ ပိုးလေးတွေ ဖြန့်ကျက် မှုလေးတွေ ကမ္ဘာ နဲ့ အနှံ့ ဖြစ်ပေါ်မှုဟာ ကမ္ဘာသား အဆင့် တဆင့် ကနေ မြန်မာနိုင်ငံ ကို ကူးတာလေးတွေ ဖြစ်တတ်တယ်။ ဒါပေမယ့်လည်း ကြီးမားတဲ့ အညံ့အဆိုးကြီးတော့ ကြောက်စရာ မရှိပါ။

စစ်ရေး အနေအထား ပဋိပက္ခ ငြိမ်းချမ်းမှုဘက်ကို လှည့်မယ်။ ငြိမ်းချမ်းမှု အပြည့်တော့ မရပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ စစ်မီး ကတော့ ခါတိုင်းနှစ်ထက် ပိုပြီးတော့ လျော့ကျသွားပါမယ်။ ငြိမ်းချမ်းမှု အတွက် ဆောင်ရွက်မှု အတိုင်းအတာမှာ ၄၀ ရာခိုင်နှုန်း ကနေ ၆၀ ရာခိုင်နှုန်း အထိ ကောင်းသော အနေအထားဘက် ကို ရောက်မယ်။ အပြည့်အဝ ရခြင်းတော့ မရှိနိုင်သေးပါ။

အနာဂတ်ရဲ့ အနေအထားမှာ တိုင်းရေး ပြည်ရေး အနေအထားမှာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာတော့ ခါတိုင်းထက် ပိုပြီးတော့ အဆင်ပြေလာမယ်။ ဒါပေမယ့် လာဘ်စားခြင်း ကိစ္စ တွေကတော့ ပပျောက်ခြင်း မရှိဘူး။ ငြိမ်သက်ခြင်းလည်း မရှိဘူး။ ပိုပြီး တိုးပွားလာစရာ အကြောင်း ရှိတာကိုတော့ သတိထားရမယ့် နှစ်တခု ဖြစ်ပါတယ်။

တနှစ်တာ အတွင်း ကံကောင်းခြင်းများ ရစေဖို့ အတွက် တဦးနဲ့ တဦး မေတ္တာထားပြီး အားလုံး ညီညွတ်စွာ နေကြဖို့ပါပဲ။ ကျေးဇူးတင်ပါတယ်။

နက္ခတ်ဗေဒင် ပညာရှင် စံဇာနည်ဘိုရဲ့ ၂၀၁၆ နှစ်ကြို မြန်မာနိုင်ငံနဲ့ နိုင်ငံသား အတွက် ကြိုတင် ဟောကိန်း ဖြစ်ပါတယ်။

မသိင်္ဂီထိုက် /





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org