ထိုင်းက မီးကျိုးမောင်းပျက် မကိ်ုင်ဘူး ဆရာ

မောင်ကြီးငြိမ်းချမ်း(26 December 15)




--------------------------------------------------------------------


- ထိုင်းကို မနက်ဖန်ဘဲ ဝင်သိမ်း မလိုလို ပြောနေတော့ ပြုံးမိတယ်။ -

RTA ( The Royal Thai Army) က ပြောင်းဝကျယ်လို့ မီးကျိုးမောင်းပျက် သံရည်ကျိုစက်ထဲ ထည့်တော့မဲ့၊ မသုံးတော့တဲ့ M16 လို ဖားပစ်သေနတ်ကလေးတွေ နားလည်မှု့နဲ့ ပြန်ဝယ်ပြီး ဗမာစစ်တပ်ကို တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကလေးတွေကိုတောင် နိုင်အောင် မတိုက်နိုင်တဲ့ ဗမာစစ်တပ်က ထိုင်းကို သွားတိုက်မယ်ဆိုပြီး မျိုးချစ်စိတ်တွေ တက်ကြွပြနေတော့ မြန်မာတွေက ပါးစပ်နဲ့ပဲ ဘန်ကောက်သိမ်းနေတာ၊ ထိုင်းလေယာဉ်ပျံတင် စစ်သင်္ဘောက မနက်ဖန်ဆို ရန်ကုန်ဆိပ်ကမ်းတောင်ရောက်ပြီး ပန်ဆိုးတန်း ဂုံးကျော်တံတားအောက်မှာ ဈေးပေါတယ်ပြောပြီး ချပြီးနေလောက်ပြီ။ -

စော်ကားတာ မဟုတ်ဘူး၊ အမျိုးမချစ်တာ မဟုတ်ဘူး၊ တိုင်းပြည်နဲ့ လူထုကို ချစ်လိုက်တာမှ ခင်ဗျားတို့ထက်တောင် ပိုလွန်းလို့ လက်နက်ကိုင် တော်လှန်ရေးပါ လုပ်ခဲ့တာ။ အခြေအနေမှန်ကို တွေးကြည့်အုံး၊ထိုင်းမှာ လုပ်ကိုင်စားနေကြတဲ့ မြန်မာပြည်သူ ဆင်းရဲသားအများစုက ထိ်ုင်းသူဌေးတိ်ုင်းလိုလို တရားဝင်လိုင်စင်နဲ့ ကိုင်ထားတဲ့ ပစ်မလွှဲ ကိုးလုံးကျည်သေနတ်တွေအောက်မှာ အလုပ်လုပ်နေကြရတာ။ -

အိမ်နီးချင်းနိုင်ငံတွေဆိုတာ တသက်လုံး ကင်းလို့ရတာ မဟုတ်ဘူး။
ထိ်ုင်းနိုင်ငံမှာလည်း အာဏာရှင်၊ မြန်မာပြည်မှာလည်း အာဏာရှင်။
တူတဲ့ တချက်က စစ်ဗိုလ်တွေက ပြည်သူ့မျက်နှာ ကြည့်တာ မဟုတ်ဘူး၊ နိုင်ငံ့အကျိုး ကြည့်တာ မဟုတ်ဘူး။
သူတို့ ချမ်းသာဖို့နဲ့ အာဏာကိုပဲ ကြည့်ကြတာ။ -

သိန်းစိန်အစိုးရကသာ မြန်မာပြည်သူတွေဘက်က ရပ်ရင်၊ ထိုင်းကို ရောင်းနေတဲ့ ဂက်စ်ပိုက်လိုင်းတွေ ပိတ်လို့ရတယ်၊
ဘုရားသုံးဆူဘက်က ရေထဲ မြှပ်သွားတဲ့ ဘုရားကို သက်သေပြပြီး ဗမာပိုင်နယ်မြေဆိုပြီး ရေကာတာကြီးကို ဗုံးခွဲလိုက်ရင် ၂ နာရီအတွင်း ဘန်ကောက်ရေမြှပ်သွားအောင် လုပ်လို့ရတယ်။ -






--------------------------------------------------------------------


ဒါပေမဲ့ သေသေချာချာ စဉ်းစား သိန်းစိန်အစိုးရဖက်မှာ သူခိုးလက်ခံ တရုတ်ကတောင် ရပ်တည်မလားလို့၊ တိုင်းရင်းသားလက်နက်ကိုင်တွေကို သွားပြီး အားမကိုးနဲ့ အောင်မင်းစကားသုံးပြီး ပြောရရင် ထိုင်းနိုင်ငံက ကျေးဇူးရှိတယ်ပဲ။ အခုအချိန်ထိ ထိုင်းနိုင်ငံမှာ ဗမာဒုက္ခသည်စခန်းတွေ ရှိတုန်း၊ နှစ်ပေါင်း ၅၀ လောက်ရှိနေပြီ။ -

မတရားမှု့ ဖြစ်ရင် ဘာကြောင့် ဖြစ်ရလဲ ဆိုတဲ့ အခြေခံအချက်ကိုပဲ အဖြေရှာဖို့ လိုတယ်။ ဦးနုရဲ့ ပြည်ချစ်တပ်မတော်သား တော်တော်များများက ထိုင်းမတွေနဲ့ ညားကုန်တာ မြန်မာပြည် စီးပွားရေးကောင်းလို့၊ မြန်မာပြည် ပညာရေးကောင်းလို့။ -

ဦးနေဝင်းလက်ထက်ကစပြီး သိန်းစိန်အစိုးရလက်ထက်အထိ တိ်ုင်းရင်းသူတွေ ထိုင်းမယားငယ်ဖြစ်နေတာ မြန်မာပြည် အစိုးရမကောင်းလို့၊ မြန်မာပြည်စီးပွားရေးမကောင်းလို့ ဆိုတဲ့ အချက်ကို သေသေချာချာ ပြောဖို့လိုတယ်။ သေသေချာချာ သိဖို့လိုတယ်။ -

အခုဖြစ်နေတာ ကိုယ်က ဘယ်လောက်ပဲ မှန်မှန်၊ ကိုယ်က ဘယ်လောက်ပဲ အကျင့်စာရိတ္တကောင်းကောင်း သူများနိုင်ငံမှာ ဖြစ်နေတာ၊ ဘန်ကောက်သံရုံးကို ဆန္ဒပြတာက ထိုင်းပြည်သူတွေကို၊ ထိုင်းနိုင်ငံကို ဆန္ဒပြတာနဲ့ အတူတူပဲဆိုတဲ့ နိုင်ငံတကာ ဥပဒေတွေကို သိဖို့လိုတယ်။ ထိုင်းပြည်သူတွေကို မစော်ကားမိဖို့ လိုတယ်၊ ထိုင်းပြည်သူတွေ ချစ်တဲ့ ထိုင်းဘုရင်ကြီးကို ငါနဲ့ မဆဲမိဖို့လိ်ုတယ်။ ထိုင်းတွေက ဗမာစကားမတတ်ဘူးထင်ပြီး ပြောချင်တာတွေ မပြောနဲ့အုံး၊ ကျနော်တို့ကို ထိုင်းထောက်လှမ်းရေးက ဖမ်းတော့ ငါနဲ့ ကိုင်တုပ်လိုက်တာ သူက လကေ်၇းတိုနဲ့ ရေးမှတ်ထားပြီး ကျနော်တို့အဖွဲ့ကို မင်းတို့အလှည့်ပြီးရင် ငါလည်း မင်းတို့ ဆဲတဲ့အတိုင်း ပြန်ဆဲမယ်ဆိုပြီး ၃ နာရီလောက် ကိုယ်ဆဲတဲ့အတိုင်း အသံနေအသံထားပါ ပြန်ဆဲသွားတာကို ကောင်းကောင်းခံဖူးတယ်။ -






--------------------------------------------------------------------


တရားဥပဒေအတိုင်း တရားမျှတမှု့ကို လိုချင်ရင် သိန်းစိန်အစိုးရကို မြန်မာနိုင်ငံမှာ ရှိတဲ့ ထိုင်းသံအမတ်ကို ခေါ်ပြီးဆူ၊ ဒါမှ မဟုတ်လည်း ထိုင်း သံရုံးကို ပိတ်ခိုင်းလိုက်ရုံပဲရှိတယ်။
သိန်းစိန်အစိုးရ လုပ်ရမဲ့ကိစ္စပဲ၊ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိ်ုယ်စွမ်းပြရမဲ့ ကိစ္စပဲ။
လူထုရဲ့ အခန်းကဏ္ဍက ဆန္ဒပြလို့ပဲ ရတယ်၊ တရားဝင် ပြောနိုင်တဲ့ အနေအထားမရှိဘူး။ -

မြန်မာလူငယ်တွေအတွက် တရားမျှတမှု့ကို တကယ်လိုချင်ရင်၊ သိန်းစိန်အစိုးရကိုပဲ ဖိအားပေးကြပါ၊
နောက်တက်လာမဲ့ အစိုးရကိုပဲ တောင်းဆိုကြပါ။

- သတိတရား၊ ပညာ နဲ့ အခြေအနေကိုတွက်ချက်ပြီး တရားမျှတမှု့ကို ဖေါ်ထုတ်နိုင်ကြပါစေ။

- မောင်ကြီးငြိမ်းချမ်း





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org