​ရှက်​စိတ်​တို့ ​န​ဝေင်​ချိန်​ရောက်​ပြီ​လား

​သန်း​နိုင်​ဦး(29 March 16)


​မြန်​မာ​တွေ​ရဲ့ ​လူ​မှု​ရေး​အ​ဝန်း​အ​ဝိုင်း​က ​အ​ရှက်၊ ​အ​ကြောက်​တ​ရား​ကို ​ကိုယ်​ကျင့်​သိ​က္ခာ​သ​ဖွယ် ​တန်​ဖိုး​ထား​လေး​ စား​ကြ​တယ်။
​ရပ်​ထဲ ​ရွာ​ထဲ​မှာ ​အ​သက်​နဲ့ ​လူ​လုပ်​တာ​မ​ဟုတ်​ဘူး၊ ​အ​ရှက်​နဲ့ ​လူ​လုပ်​တာ​ဆို​ပြီး ​အ​ရှက်၊ ​အ​ကြောက်​တ​ရား​ကို​ရှေ့​တ န်း​တင်​သူ​တွေ ​ရှိ​တယ်။
​ကျွန်​တော်​တို့​လူ့​အ​ဖဲွ့​စည်း​က ​မ​ဟုတ်​မ​မှန်​တာ ​ကြံ​စည်​ပြော​ဆို ​လုပ်​ကိုင်​ရ​မှာ ​ရှက်​ကြောက်​တဲ့ ​သူ​တွေ​အ​ဖြစ် ​ကာ​လ​ ရှည်​ကြာ​ရပ် ​တည်​ခဲ့​ကြ​သူ​တွေ ​ဖြစ်​တယ်။
​ဒါ ​ပေ​မဲ့ ​ဒီ​နေ့​ခေတ်​လို ​ကာ​မ​ဂုဏ်​အာ ​ရုံ​ခံ​စား​စ​ရာ​တွေ ​များ​လွန်း​နေ​ချိန် ​မှာ ​ရှက်​စိတ်​တွေ ​နင်း​ခြေ​ခံ​လိုက် ​ရ​ပြီ​လား၊ ​ သ​တင်း​ခေတ်​ရဲ့ ​နည်း ​ပ​ညာ​လှိုင်း​လုံး​တွေ ​တ​ဝုန်း​ဝုန်း ​ရိုက်​ခတ်​မှု​အောက်​မှာ ​အ​ရင်​က ​တန်​ဖိုး​ထား​ခဲ့​ကြ​တဲ့ ​ အ​ရှက်၊ ​အ ​ကြောက်​တ​ရား​တွေ ​ဆက်​ရှိ​နေ​ဦး ​မှာ​လား​ဆို​တာ ​သံ​သ​ယ​ဖြစ်​စ​ရာ ​ပါ​ပဲ။

​နိုင်​ငံ​ပိုင် ​အ​ဆောက်​အ​အုံ၊ ​စက်​ရုံ၊ ​အ​လုပ်​ရုံ​နဲ့ ​အ​ရောင်း​ဆိုင် ​တွေ ​ထု​ခဲွ​ရောင်း​ချ​ရာ​မှာ ​ကာ​လ ​ပေါက်​ဈေး​ထက် ​ လျော့​နည်း​တဲ့ ​ငွေ​ကြေး​နဲ့ ​လက်​သင့်​ရာ ​စား​တော်​ခေါ် ​ပြီး ​ရောင်း​ချ​တဲ့​ဖြစ်​စဉ်​တွေ ​ရှိ​ခဲ့ ​တယ်။
​အ​ခု​ကျင်း​ပ​နေ​တဲ့ ​ဒု​တိ​ယ ​အ​ကြိမ် ​လွှတ်​တော်​မှာ​မေး​တဲ့​မေး ​ခွန်း​တွေ​နဲ့​ပတ်​သက်​ပြီး ​လက်​ရှိ ​တာ​ဝန်​ယူ​ထား​ကြ​တဲ့ ​ ဝန်​ကြီး​တွေ ​က ​တာ​ဝန်​ခံ​ပြီး​လာ​မ​ဖြေ​ကြ​ဘူး။ ​
သူ​တို့​က ​အ​ရင်(​ပ​ထ​မ​အ​ကြိမ်) ​လွှတ်​တော်​ကို​သာ ​တာ​ဝန်​ခံ​သ​တဲ့။
​တိုင်း​ရဲ​တပ်​ဖဲွ့​မှူး ​တာ​ဝန်​ယူ​ထား ​သူ​ကို ​လက်​အောက်​ဝန်​ထမ်း​ရဲ ​အ​ရာ​ရှိ​ငယ်​တ​ချို့​က ​နေ​ရာ​ကောင်း​ရ​ဖို့​အ​တွက် ​ ကျပ်​သိန်း​ဆယ်​ချီ ​လာဘ်​လာ​ဘ​ပေး​ခဲ့​ရ​ကြောင်း ​ကိုယ်​တိုင်​ပေး​ခဲ့​ကြ​တဲ့ ​အ​ရာ​ရှိ​ငယ်​ရဲ့ ​ဇ​နီး​တွေ​က ​သ​တင်း​ရှင်း​လင်း ​ပဲွ​တွေ ​လုပ်​လာ​ကြ​တယ်။

​ပ​ထ​မ ​အ​ကြိမ် ​အ​မျိုး​သား​လွှတ်​တော် ​ဥ​က္က​ဋ္ဌ ​ဦး​ခင်​အောင်​မြင့်​က ​နိုင်​ငံ ​ပိုင် ​စီ​မံ​ကိန်း​ကြီး​တွေ​မှာ ​ဆီး​သီး ​ ဗန်း​မှောက်​တဲ့​ဖြစ်​စဉ်​တွေ ​ရှိ​ခဲ့ ​တယ်​လို့ ​လူ​သိ​ရှင်​ကြား​ထုတ်​ဖော် ​ပြော​ဆို​ခဲ့​ဖူး​တယ်။
ဒါ​တွေ​က ​ရှက် ​တတ်​ရင်​တော့ ​ရှက်​စ​ရာ​ပါ​ပဲ။ ​အ​ခု​နောက်​ဆုံး ​မ​န္တ​လေး​မြို့​ကျုံး ​နံ​ဘေး ​အ​ကွက်​အ​ကွင်း​ကောင်း ​ တဲ့ ​စိ​တ္တ​ရ​မ​ဟီ​တိုက်​ခန်း​တွေ ​ဝယ် ​ယူ​ခွင့် ​လျှောက်​ထား​မှု​မှာ ​တာ​ဝန် ​ထမ်း​ဆောင်​ဆဲ ​ဝန်​ကြီး​တ​ချို့​ရဲ့ ​ လျှောက်​လွှာ​တွေ​ကို ​လူ​မှု​ကွန်​ရက်​မှာ ​တွေ့​နေ​ရ​တယ်။
​ဒီ​ဖြစ်​စဉ်​တွေ ​က ​ကျွန်​တော်​တို့​လူ့​အ​ဖဲွ့​အ​စည်း ​ရဲ့​ရှက်​စိတ်​န​ဝေင်​ချိန်​ရောက်​နေ ​ပြီ​ဆို​တာ ​မီး​မောင်း​ထိုး​ပြ​နေ​တာ ​ပါ။

​အိ​နိ္ဒ​ယ​သ​မ္မ​တ​ကြီး ​မ​စ္စ​တာ ​က​လမ် ​သ​မ္မ​တ​ရာ​ထူး​က ​အ​နား ​ယူ​လို့ ​အိမ်​တော်​က ​ထွက်​လာ​ချိန် ​မှာ ​စာ​အုပ်​ သေ​တ္တာ​လေး ​ပွေ့​ပိုက် ​ပြီး ​ရယ်​ကာ ​မော​ကာ​ဆင်း​လာ​ခဲ့ ​တယ်။
​ရိုး​သား​လွန်း​တဲ့ ​သ​မ္မ​တ​ကြီး​အ​ဖြစ် ​က​မ္ဘာ့​အ​လယ်​မှာ ​မျက်​နှာ ​ပွင့်​ခဲ့​တယ်။
​အဲ​ဒီ​လို ​နိုင်​ငံ့​အ​ကြီး ​အ​ကဲ​မျိုး ​ကျွန်​တော်​တို့​ဆီ​မှာ ​လည်း ​တစ်​ခေတ်​တစ်​ခါ​က ​ပေါ် ​ပေါက်​ခဲ့​ဖူး​တယ်။
​ပြည်​သူ့​ဆ​န္ဒ​မဲ ​နဲ့ ​တက်​လာ​တဲ့ ​ဖ​ဆ​ပ​လ​ဝန်​ကြီး ​ချုပ် ​ဦး​နု​က ‘‘​ကျုပ်​ဝန်​ကြီး​ချုပ်​ဘ၀ ​နဲ့ ​တိုင်း​ပြည်​အုပ်​ချုပ်​လို့ ​ မူ​လ​ပိုင် ​ဆိုင်​မှု​ထက် ​တစ်​ကျပ်​ပို​နေ​ရင် ​သူ ​ခိုး​လို့​စွပ်​စဲွ​ပါ’’​ဟု​ဆို​ပြီး ​ရဲ​ရဲ​ကြီး ​တာ​ဝန်​ခံ​ပြော​ခဲ့​တယ်။

​အဲ​ဒီ​လို ​တာ​ဝန်​ခံ​ပြီး ​ရဲ​ရဲ​တောက်​က​တိ ​စ​ကား​ပြော​တဲ့ ​နိုင်​ငံ့​အ​ကြီး​အ​ကဲ ​ဒီ​နေ့​ခေတ်​မှာ ​ရှိ​နိုင်​ပါ့​မ​လား။ ​
နိုင်​ငံ​တော် ​သ​မ္မ​တ​ကြီး​ကိုယ်​တိုင် ​သန့်​ရှင်း​သော ​အ​စိုး​ရ၊ ​ကောင်း​မွန် ​သော ​အုပ်​ချုပ်​မှု​လို့ ​တွင်​တွင်​ပြော ​ နေ​ပေ​မယ့် ​ဌာ​န​ဆိုင်​ရာ​ဝန်​ထမ်း ​အ​ချို့​က ​ရေ​မ​လောင်း​ရင် ​ဘယ် ​ကိ​စ္စ​ကို​မှ ​ရှော​ရှော​ရှူ​ရှူ ​ လုပ်​မ​ပေး​ချင်​ကြ​ဘူး။





----------------------------------------------------------------------

တ​ကယ်​တော့ ​ကိုယ့်​ရ​ပိုင် ​ခွင့်​ထက်​ပို​ပြီး ​လို​ချင်​တာ​က ​အ ​ချောင်​သ​မား​စိတ်​ဓာတ်​ပါ။
​ကိုယ့် ​မှာ ​ထိုက်​သင့်​တဲ့​ပိုင်​ဆိုင်​မှု​ထက် ​ပို​လျှံ​နေ​သည့်​တိုင် ​ရ​နိုင်​သ​လောက်​သဲ့​ယူ​မယ်​ဆို​တဲ့ ​စိတ်​ထား​က ​လည်း ​ခပ်​ညံ့​ညံ့​စိတ်​ထား​သာ ​ဖြစ် ​တယ်။
​ရ​ပိုင်​ခွင့်​ရှိ​သည့်​တိုင် ​မ​လို ​အပ်​ရင် ​မ​ယူ​ဘူး​ဆို​တဲ့ ​လူ​ကြီး​လူ ​ကောင်း​စိတ်​ဓာတ်​ရှိ​သူ​တွေ ​များ ​လာ​ဖို့​လို​ပါ​တယ်။
​မ​ကြာ​မီ​ရက် ​ပိုင်း​အ​တွင်း ​တက်​လာ​မယ့် ​အ​စိုး​ရ ​သစ်​အ​နေ​နဲ့​လည်း ​တိုင်း​ပြည်​ဆီ ​က ​ရ​ဖို့​လည်း ​ပြည်​သူ ​ပြည်​သား ​ တွေ​အ​ပေါ် ​ဘယ်​လို​အ​လုပ်​အ​ကျွေး​ပြု​မ​လဲ​သာ ​စဉ်း​စား​ကြ​စေ​လို​ပါ​တယ်။
​ပြည်​သူ​ကို ​ဝန်​ဆောင်​မှု ​ကောင်း​ကောင်း​မ​ပေး​ရင် ​ပြည်​သူ ​ရဲ့ ​ဒဏ်​ခတ်​ခြင်း​ကို ​ခံ​ကြ​ရ​မှာ​ပါ ​ပဲ။

​တိုင်း​ပြည်​ပြန်​လည်​ထူ​ထောင် ​ရေး​အ​တွက် ​အား​လုံး​အား​ခဲ​ပြီး ​ကုန်း​ရုန်း​လုပ်​ကြ​ရ​တော့​မယ့် ​အ ​ချိန်​မှာ ​ရှက်​ရ​မယ့်​ ကိ​စ္စ​တွေ​က ​ထပ်​ကာ​ထပ်​ကာ ​ပေါ်​နေ​တယ်။
​နယ်​ပယ်​အ​သီး​သီး​မှာ ​အ​နစ်​နာ​ခံ​တယ်​ဆို​တဲ့ ​ဝေါ​ဟာ​ရ​မ​ကြား​ရ​တာ ​ကြာ​ပြီ။
​ရ​မယ်​ဆို​ရင် ​ဘ​န​ဖူး​သိုက်​တူး​ဖို့ ​ဝန်​မ​လေး​သူ​တွေ ​နေ​ထိုင်​တဲ့ ​လူ့​အ​ဖဲွ့​အ​စည်း​ဘယ်​တော့​မှ ​ဂုဏ်​သိ​က္ခာ​ရှိ​ရှိ ​ ရပ်​တည်​နိုင်​မှာ ​မ​ဟုတ်​ဘူး။

​စီ​မံ​ပိုင်​ခွင့်​ရှိ​သူ ​တ​ချို့​က ​လော​ဘ​ဇော​တိုက်​ပြီး ​အ​ရှက်၊ ​အ ​ကြောက်​မ​ရှိ ​ရ​သ​လောက်​သဲ့​ယူ ​နေ​တာ​တွေ ​ရှက်​စ​ရာ ​သိပ်​ကောင်း ​တယ်။
​သ​တင်း​စာ​ဆ​ရာ​ကြီး ​လူ ​ထု​စိန်​ဝင်း​က ၁၉၉၇ ​မတ်​လ​ထုတ် ​သင့်​ဘ၀ ​မ​ဂ္ဂ​ဇင်း​မှာ ​ရှက်​ စိတ်​ဆို ​ပြီး ​မျက်​နှာ​ဖုံး​ဆောင်း​ပါး​တစ်​ပုဒ် ​အ​ခု​လို​ရေး​ပြီး ​သ​တိ​ပေး​ခဲ့​တယ်။

‘‘​ဟီ​ရိ​ဩ​တ္တ​ပၸ​ဆို​တဲ့ ​ရှက်​ခြင်း ​တ​ရား​ကြောင့် ​လူ​တွေ​ဟာ ​ယဉ်​ကျေး​တဲ့ ​သ​တ္တ​ဝါ​လို့ ​အ​ခေါ်​ခံ​လာ​ရ​တာ​ပါ။
​တိ​ရ​စ္ဆာန်​တွေ​မှာ​တော့ ​ဟီ ​ရိ​ဩ​တ္တ​ပၸ​ဆို​တာ ​နား​မ​လည်​ပါ ​ဘူး။ ​
ကိုယ်​ဆာ​လောင်​တဲ့​အ​ခါ၊ ​စား​ချင်​စိတ်​ပေါ်​လာ​တဲ့​အ​ခါ ​ကိုယ့် ​ရှေ့​မှာ​ပေါ်​လာ​တဲ့၊ ​ကိုုယ့်​ထက် ​အား​နည်း​တဲ့ ​ သ​တ္တ​ဝါ​လေး​တွေ ​ဖမ်း​ယူ​စား​သောက်​ပစ်​တာ​ပါ​ပဲ။
​အား​နည်း​သူ​ကို ​အ​နိုင်​ကျင့်​တာ ​ဟာ ​ရှက်​စ​ရာ​ပါ​လား​လို့ ​တိ​ရ​စ္ဆာန် ​တွေ​က ​စဉ်း​စား​ရ​ကောင်း​မှန်း ​မ​သိ​ဘူး။
​အဲ​ဒီ​လို​ပဲ။ ​သူ့​ထက်​အား ​ကြီး​တဲ့ ​တိ​ရ​စ္ဆာန်​တွေ့​ရင် ​အ​မြီး​ကို ​တန်း​ပြီး​ထွက်​ပြေး​တာ​ပါ​ပဲ။
​ရန် ​သူ​ကို ​ကျော​ပေး​ပြီး ​ပြေး​တာ​ဟာ ​ရှက်​စ​ရာ​ပါ​လား​လို့ ​တိ​ရ​စ္ဆာန်​တွေ ​က​မ​စဉ်း​စား​ပါ​ဘူး။ ​
သူ့​အ​တွက် ​အ​ရေး​ကြီး​ဆုံး​က ​သူ့​အ​သက် ​ရှင်​ရေး​သာ ​ဖြစ်​ပါ​တယ်။

​အဲ​ဒါ ​ကြောင့် ​အ​ရှက်​ဆို​တဲ့ ​အ​ရာ​လေး ​တစ်​ခု​က ​လူ​နဲ့​တိ​ရ​စ္ဆာန်​တွေ​ကို ​စည်း​ခြား​ပေး​တဲ့​အ​ရာ​တွေ​ထဲ​က ​အ​ရေး​ကြီး​တဲ့ ​အ​ရာ​တစ်​ခု​လို့ ​ဆို ​ချင်​ပါ​တယ်။
​နိုင်​ရာ​စား​ဆို​တာ ​တော​တွင်း​ဥ​ပ​ဒေ​သ​တစ်​ခု​သာ ​ဖြစ်​တယ်၊ ​တိ​ရ​စ္ဆာန်​တို့​ရဲ့ ​စ​ရိုက် ​ဖြစ်​တယ်​လို့ ​သိ​လာ​ကြ​ပြီး ​ရှောင် ​ကြဉ်​လာ​ကြ​တာ​နဲ့​အ​မျှ ​လူ​သား ​ဟာ ​ပို​ပို​ပြီး ​ယဉ်​ကျေး​လာ​တာ​ပါ’’





----------------------------------------------------------------------

​ ​ရှက်​စ​ရာ​ကောင်း​တဲ့ ​ကိ​စ္စ​ရပ်​လုပ်​နေ​သည့်​တိုင် ​ရှက်​ရ​ကောင်း ​မှန်း​မ​သိ​လောက်​အောင် ​အ​မိုက် ​မှောင်​ဖုံး​လွှမ်း​န ေ​ရင် ​အဲ​ဒီ​လူ့​အ ​အ​ဖဲွ့​အ​စည်း​က ​စိုး​ရိမ်​ရေ​မှတ် ​ရောက်​နေ​ပါ​ပြီ။
​လူ​မှု​ရေး​သိ​ပၸံ ​ဆ​ရာ​အီ​ရစ်​ဖ​ရွမ်း​က ​သိမ်​ငယ်​စိတ်​ရှိ​သူ​ဟာ ​အ​ပြင်​ပုံ​သ​ဏ္ဌာန်​အား ​ဖြင့် ​အ​ရှက်​ကြီး​သ​ယောင်​ထင်​ရ ​ပေ​မယ့် ​တ​ကယ်​တမ်း ​အ​ရှက်​မဲ့ ​အ ​ပြု​အ​မူ​တွေ ​ပြု​လုပ်​တတ် ​ပါ​တယ်။​
လူ​မျိုး​တစ်​မျိုး​ဟာ ​ကိုယ့်​ဘာ​သာ ​ကိုယ်​သိမ်​ငယ် ​စိတ်​ဝင်​လာ​ရင် ​ရှေ့​အ​နာ​ဂတ်​ဟာ ​သိပ်​စိုး​ရိမ် ​ဖို့ ​ကောင်း​ပါ​သ​တဲ့။
​လူ့​အ​ဖဲွ့​အ​စည်း​တ​ချို့ ​ကျ​ဆုံး​အား​နည်း​ကွယ် ​ပျောက်​သွား​ရ​တာ​ဟာ ​ကိုယ့်​ကိုယ်​ကိုယ် ​မ​ယုံ​မ​ကြည်​ဖြစ် ​လာ​တာ ​ကြောင့်​ပါ။
​ငါ​တို့​ဟာ ​ညံ့​တယ်၊ ​ဖျင်း​တယ်၊ ​ပျင်း​တယ်၊ ​ယုတ်​ညံ့​တယ်၊ ​အောက်​တန်း​ကျ ​တယ်​စ​သ​ဖြင့် ​ထင်​မြင်​လာ​တယ်။ ​
အဲ​ဒီ​လို​ထင် ​မြင်​လာ​တဲ့​အ​ခါ ​ကိုယ့်​ကိုယ်​ကိုယ် ​တန်​ဖိုး​မ​ထား​တော့​ဘဲ ​အောက်​တန်း​ကျ​တဲ့ ​လုပ်​ရပ်​မျိုး​တွေ​လည်း ​ မ​ရှက်​မ​ကြောက် ​လုပ်​လာ​တာ​တွေ​အ​ထိ ​ရှိ​လာ​တတ်​တယ်​လို့ ​လူ​မှု ​ရေး​သိ​ပၸံ ​ဆ​ရာ​အီ​ရစ်​ဖ​ရွမ်း​က​ထောက်​ပြ​ပါ​ တယ်။ ။



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org