​ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ ​နေ​ရာ ​ပုဒ်​မ ၂၁၇

Arkar Sai(13 March 16)


​နောက်​ဆုံး​မိ​နစ်​အ​ထိ ​အ​ဖြေ​မ​ညှိ​နိုင်​ခဲ့​သော ​သ​မ္မ​တ​လောင်း​ရှာ​ပုံ​တော်​က ​မတ်​လ ၁၀ ​ရက်​နေ့​တွင် ​အ​ဆုံး​သတ်​ခဲ့​ သည့်​တိုင် ​မြန်​မာ့​အ​နာ​ဂတ် ​အ​တွက် ​ပ​ဟေ​ဠိ​တို့​က ​မ​ပြီး​သေး​ပါ။
​ခန့်​မှန်း​မှု​မျိုး​စုံ​နှင့် ​သ​မ္မ​တ​လောင်း ​ရှာ​ပုံ​တော်​အ​ပြီး ​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ​မှာ ​အ​ဖြေ​ခက်​ပု​စ္ဆာ​အ​ဖြစ် ​ရှိ​နေ​ ဆဲ​ပင်​ဖြစ်​သည်။

​အ​နိုင်​ရ​ပါ​တီ​၏ ​လက်​ရှိ​ဥ​က္က​ဋ္ဌ​တစ်​ဦး၊ ​လွှတ်​တော်​ကိုယ်​စား​လှယ် ​တစ်​ဦး ​တာ​ဝန်​တို့​မှ ​အ​ပ ​အ​ခြား​ရာ​ထူး ​တာ​ဝန်​မ​ယူ​ထား​သော ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​တွက် ​တိုင်း​ပြည်​ကို ​ထိန်း​ကျောင်း​မောင်း​နှင်​မည့် ​နေ​ရာ​တစ်​ခု ​မ​ကြာ​မီ ​ပေါ်​ထွက်​လာ​မည်​ဖြစ်​ကြောင်း ​လွှတ်​တော်​ကိုယ်​စား​လှယ်​အ​ချို့​က ​သုံး​သပ်​ထား​သည်။ ​
ဒေါ်​အောင်​ဆန်း​စု​ကြည်​က​မူ ​သ​မ္မ​တ ​မ​ဖြစ်​လျှင် ​သ​မ္မ​တ​အ​ထက်​က ​နေ​မည်​ဟု ​ရှေး​မ​ဆွ​က​ပင် ​ထုတ်​ပြော​ထား​ပြီး ​ ယင်း​အ​တွက်​လည်း ​အ​စီ​အ​စဉ်​များ ​ရှိ​ထား​ကြောင်း ​နို​ဝင်​ဘာ​လ​ဆန်း​က​တည်း​က ​ပြော​ဆို​ထား​ခြင်း ​ဖြစ်​သည်။

“​သ​မ္မ​တ​အ​ထက်​မှာ ​နေ​ဖို့​အ​တွက် ​အ​စီ​အ​စဉ်​တွေ ​လုပ်​ထား​ပြီး​ပါ​ပြီ” ​ဟု ​ကိုယ်​တိုင် ​ထုတ်​ပြော​ထား​သော်​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ ​ထို​နေ​ရာ​ကို ​ပြည်​သူ​တို့ ​ရှာ​မ​တွေ့​သေး။

​ပြည်​သူ​အ​များ​စု​၏ ​ရင်​ထဲ​က ​သ​မ္မ​တ​အ​တွက် ​ပြင်​ပ​နေ​ရာ​မှာ ​ဘယ်​ဝယ်​ဘယ်​ဆီ ​ရှိ​နေ​သ​နည်း။






--------------------------------------------------------------------


ခဲ​သော်​လည်း ​လွဲ​ခဲ့​သည့်​နေ​ရာ
-----------------------------------------

​မတ်​လ ၁၀ ​ရက်​နေ့ ​ဒု​တိ​ယ​သ​မ္မ​တ​လောင်း ​နှစ်​ဦး ​အ​မည်​စာ​ရင်း ​မ​ထွက်​မီ​အ​ထိ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​သာ ​သ​မ္မ​တ​ဟု ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​နာ​ယ​က ​သူ​ရ​ဦး​တင်​ဦး​နှင့် ​ဗ​ဟို​အ​လုပ်​အ​မှု​ဆောင် ​ဦး​ဝင်း​ထိန်​တို့​က ​အ​ကြိမ်​ကြိမ် ​ပြော​ဆို​ထား​သည်။

“​ဒေါ်​အောင်​ဆန်း​စု​ကြည် ​သ​မ္မ​တ ​ဖြစ်​ဖို့​က ​အ​နှေး​နဲ့​အ​မြန်​ပဲ ​ကွာ​မယ်။ ​ဖြစ်​ကို​ဖြစ်​မှာ” ​ဟု ​ဦး​ဝင်း​ထိန်​က ​ဆို​သည်။

​နို​ဝင်​ဘာ ၈ ​ရက်​နေ့ ​ရွေး​ကောက်​ပွဲ​အ​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နှင့် ​ဗိုလ်​ချုပ်​မှူး​ကြီး ​မင်း​အောင်​လှိုင်​တို့ ​သုံး​ကြိမ်​တိုင် ​တွေ့​ဆုံ​ဆွေး​နွေး ​ခဲ့​သော်​လည်း ​ပြည်​သူ​တို့ ​အား​ခဲ​ထား​သည့် ​ပုဒ်​မ ၅၉(​စ) ​ပြင်​ဆင်​ရေး​နှင့် ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​သ​မ္မ​တ​ဖြစ်​ရေး​က ​လက်​တွေ့​မ​ဖြစ်​ခဲ့။ ​သို့​သော် ​သ​မ္မ​တ​လောင်း ​အ​ဆို​ပြု​မည့် ​မတ်​လ ၁၀ ​ရက်​နေ့ ​နံ​နက် ၁၀ ​နာ​ရီ ​မ​တိုင်​မီ​အ​ထိ ​ပြည်​သူ​အ​ချို့​က ​အိပ်​မက်​ကို ​လက်​မ​လျှော့။ ​သ​မ္မ​တ​လောင်း​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​သာ​ဟု ​မျှော်​လင့်​ထား​ခဲ့​သည်။ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ကိုယ်​တိုင်​လည်း ​ယင်း​အ​ချက်​ကို ​ရိပ်​စား​မိ​ဟန်​တူ​ပြီး ​သူ​၏​ပါ​တီ​က ​အ​ဆို​ပြု​မည့် ​သ​မ္မ​တ​လောင်း​မှာ​သူ ​မ​ဟုတ်​သည့်​တိုင် ​ဝန်း​ရံ​ထောက်​ခံ​ပေး​ရန် ​မေ​တ္တာ​ရပ်​ခံ​သည့် ​ပန်​ကြား​စာ​ကို ​မတ်​လ ၁၀ ​ရက်​နေ့ ​နံ​နက်​ပိုင်း​တွင် ​ထုတ်​ပြန်​ခဲ့​သေး​သည်။

​အ​မှန်​တ​ကယ် ​သ​မ္မ​တ​လောင်း ​အ​ဆို​ပြု​ချိန် ​တွင်​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ ​အ​မည်​နာ​မ ​မ​ပါ​ခဲ့။ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပုဒ်​မ ၅၉ (​စ) ​ကို ​ဆိုင်း​ငံ့​၍​တစ်​ဖုံ၊ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ ​သား​နှစ်​ဦး​ကို ​မြန်​မာ​နိုင်​ငံ​သား ​ခံ​ယူ​သည့် ​နည်း​ဖြင့်​တစ်​သွယ် ​သ​မ္မ​တ​ဖြစ်​ရေး ​စိတ်​ကူး ​ပုံ​ဖော်​ခဲ့​ကြ​သော်​လည်း ​အိမ်​တော်​သို့ ​ချီ​ရာ​လမ်း​က ​ခဲ​လေ​သ​မျှ ​လွဲ​ခဲ့​ရ​သည်။

​လွှတ်​တော်​တွင်း​က ​နေ​ရာ
-----------------------------------------

​သ​မ္မ​တ​အိမ်​တော်​သို့ ​အ​ချိန်​မီ ​မ​ရောက်​နိုင်​ခဲ့​သော ​အ​နိုင်​ရ​ပါ​တီ ​ခေါင်း​ဆောင်​အ​တွက် ​လွှတ်​တော်​တွင်း ​အ​နာ​ဂတ်​က ​မည်​သို့ ​ရှိ​နေ​သ​နည်း။

​ကြား​ဖြတ်​ရွေး​ကောက်​ပွဲ​ကာ​လ ၂၀၁၂ ​ခု​နှစ် ​နောက်​ပိုင်း​က​တည်း​က ​လွှတ်​တော်​တွင်း ​ရှေ့​ဆုံး​တန်း​တစ်​နေ​ရာ​၌ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​အ​မြဲ​လို​လို ​မြင်​တွေ့​ခဲ့​သည်။ ​ယင်း​နေ​ရာ​မှာ ​လွှတ်​တော်​ဥ​က္က​ဋ္ဌ​များ၊ ​ကော်​မ​တီ ​ဥ​က္က​ဋ္ဌ​များ​အ​တွက် ​နေ​ရာ​လည်း​ဖြစ်​သည်။

​သို့​သော် ​ပင်​နီ​လွှတ်​တော်​ကြီး ​စ​တင် ​အ​သက်​ဝင်​ပြီး​နောက် ​ဖေ​ဖော်​ဝါ​ရီ​လ ​လ​လယ်​ခန့်​က​စ​၍ ​မြန်​မာ​ဖက်​ရှင် ​အ​မိုက်​စား​ဖြင့် ​စ​တိုင်​ကျ​လှ​သော ​ပါ​တီ​ဥ​က္က​ဋ္ဌ​ကို ​လွှတ်​တော်​တွင်း​၌ ​ရှာ​မ​တွေ့​တော့။ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​လွှတ်​တော် ​အ​စည်း​အ​ဝေး​များ​သို့ ​မ​တက်​ရောက်​သည်​မှာ ​ရက်​မှ​လ​သို့​ပင် ​ကူး​ပြောင်း​ခဲ့​ပြီ ​ဖြစ်​သည်။

“​လွှတ်​တော်​ကို ​ခွင့်​တိုင်​ပြီး ​ပျက်​ကွက်​တာ​တော့ ​မ​ဟုတ်​ဘူး။ ​ကိုယ်​စား​လှယ်​ကတ် ​ထိုး​တယ်။ ​ပြီး​ရင် ​ကော်​မ​တီ ​အ​စည်း​အ​ဝေး​ခန်း​မှာ​ပဲ ​သွား​နေ​တယ်” ​ဟု ​အ​မည်​မ​ဖော် ​လို​သူ ​လွှတ်​တော်​ကိုယ်​စား​လှယ်​တစ်​ဦး​က ​ဖောက်​သည်​ချ​သည်။

​ဒေါ်​အောင်​ဆန်း​စု​ကြည် ​မ​တက်​ရောက်​သည့် ​လွှတ်​တော်​အ​စည်း​အ​ဝေး ​အ​များ​စု ​မှာ​လည်း ​အ​ချိန်​မိ​နစ်​ပိုင်း​သာ ​ကြာ​မြင့်​လေ့​ရှိ​ပြီး ​ပင်​နီ​လွှတ်​တော်​ကြီး​က ​အ​သက်​မ​ဝင် ​ခြောက်​ကပ်​ကပ် ​နိုင်​လှ​ကြောင်း ​လေ့​လာ​သူ​တို့​က ​မှတ်​ချက်​ပြု​သည်။

“​အစ်​မ ​လွှတ်​တော်​အ​စည်း​အ​ဝေး ​မ​လာ​ပါ​နဲ့။ ​အစ်​မ​ရှိ​ရင် ​ကျွန်​တော်​အ​လုပ်​လုပ်​လို့ ​မ​ရ​ဘူး​ဆို​ပြီး ​ဦး​ဝင်း​မြင့်​က ​ပြော​ထား​တယ်” ​ဟု ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ပါ​တီ​ဝင် ​ပြည်​သူ့​လွှတ်​တော် ​ကိုယ်​စား​လှယ် ​တစ်​ဦး​က ​ဆို​သည်။ ​ယင်း​စ​ကား​ကို ​သီး​ခြား​အ​တည်​ပြု​နိုင်​ခြင်း ​မ​ရှိ​သော်​လည်း ​ပြည်​သူ့​လွှတ်​တော် ​ဥ​က္က​ဋ္ဌ​ဦး​ဝင်း​မြင့်​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​လွန်​စွာ ​ချစ်​ကြောက်​ရို​သေ​ရ​သူ ​တစ်​ဦး ​ဖြစ်​သည့်​အ​တွက် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မတ်​တပ်​ရပ်​၍ ​အ​လေး​အ​မြတ်​ပြု​ရ​သည့် ​ပုံ​စံ​ကို ​ဦး​ဝင်း​မြင့်​က ​ခံ​နိုင်​စွမ်း​မ​ရှိ​ကြောင်း ​ယင်း​ပါ​တီ ​အ​သိုင်း​အ​ဝိုင်း​ထံ​မှ ​စုံ​စမ်း ​သိ​ရှိ​ရ​သည်။

​ယင်း​စ​ကား​အ​တိုင်း​သာ ​ဆို​ပါ​လျှင် ​လာ​မည့် ​ငါး​နှစ်​တာ​ကာ​လ​အ​တွက် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​လွှတ်​တော် ​အ​စည်း​အ​ဝေး​များ​၌ ​ဆက်​လက်​မြင်​တွေ့​ရ​ဖွယ် ​မ​ရှိ။ ​အ​ခြား​နေ​ရာ​တစ်​ခု​ကို ​ရှာ​ကြည့် ​ရ​ပေ​ဦး​မည်။

​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ
-----------------------------------------

​သ​မ္မ​တ​နေ​ရာ​နှင့် ​လွဲ​ခဲ့​ချိန် ​လွှတ်​တော် ​အ​စည်း​အ​ဝေး​ခန်း​မ​၏ ​ခပ်​ဝေး​ဝေး​၌​သာ ​အ​လုပ်​များ​နေ​သော ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​တွက် ​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ​မှာ ​လ​ပိုင်း​အ​တွင်း ​ပေါ်​ထွက်​လာ​ရန် ​ရှိ​သည်။

​သ​မ္မ​တ​ဦး​သိန်း​စိန် ​အ​စိုး​ရ၊ ​ယင်း ​အ​စိုး​ရ​က ​ခန့်​ထား​သည့် ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ဆိုင်​ရာ ​ခုံ​ရုံး​စ​သည့် ​အ​စိုး​ရ​ယ​န္တ​ရား​တို့ ​မ​ပျက်​ပြယ်​သေး​ချိန် ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​တွက် ​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ​ကို ​ဖန်​တီး​ရန် ​ခက်​သော်​လည်း ​ဧ​ပြီ​လ ၁ ​ရက်​နေ့​တွင် ​စ​မည့် ​အ​စိုး​ရ​သစ်​လက်​ထက်​၌ ​သ​မ္မ​တ ​အ​ထက်​က ​နေ​ရာ​ပေါ်​လာ​ဖွယ် ​ရှိ​သည်။

“​အဲ​ဒီ​နေ​ရာ ​လုပ်​ရင်​လည်း ​အ​စိုး​ရ​သစ် ​လက်​ထက်​မှ ​လုပ်​မှာ​ပေါ့။ ​လက်​ရှိ ​အ​စိုး​ရ ​လက်​ထက်​မှာ​လုပ်​ရင် ​အ​ခြေ​ခံ​ဥ​ပ​ဒေ​နဲ့ ​မ​ညီ​ဘူး​တို့၊ ​ဘာ​တို့ ​အ​ငြင်း​ပွား​စ​ရာ​တွေ ​ဖြစ်​လာ​နိုင်​တယ်​လေ” ​ဟု ​ပြည်​သူ့​လွှတ်​တော် ​ကိုယ်​စား​လှယ်​ဟောင်း ​ဦး​ရဲ​ထွန်း​က ​ရှင်း​ပြ​သည်။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​တွက် ​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ​ဆို​သည်​မှာ ​အ​သစ်​အ​ဆန်း ​တစ်​ခု​တော့ ​မ​ဟုတ်​နိုင်။ ​ယ​ခင် ​တပ်​မ​တော်​အ​စိုး​ရ​ကို ​နှစ်​ပေါင်း ၂၀ ​ကျော် ​ကြာ ​ဦး​ဆောင်​ခဲ့​သူ ​အ​ငြိမ်း​စား​ဗိုလ်​ချုပ်​မှူး​ကြီး ​ဦး​သန်း​ရွှေ​၏ ​အိပ်​မက်​ဟောင်း​ဖြစ်​သည့် ​နိုင်​ငံ့​ဥ​သျှောင်​နေ​ရာ ​ဖြစ်​သည်။ ​နိုင်​ငံ့​ဥ​သျှောင် ​နေ​ရာ​အ​တွက် ​သီး​ခြား ​ရုံး​ခန်း​တစ်​ခု​ပင် ​ဆောက်​လုပ်​ခဲ့​သော်​လည်း ​ဗိုလ်​ချုပ်​မှူး​ကြီး​သန်း​ရွှေ ​အ​ကောင်​ထည် ​မ​ဖော်​နိုင်​ခဲ့​သည့် ​အ​ဆို​ပါ​နေ​ရာ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​၏ ​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ ​ဖြစ်​လာ​ဖွယ်​ရှိ​ကြောင်း ​ဗိုလ်​ချုပ်​မှူး​ကြီး ​မင်း​အောင်​လှိုင်​နှင့် ​နီး​စပ်​သူ​တစ်​ဦး​က The Voice ​သို့ ​ပြော​ဆို​ထား​သည်။

​သ​မ္မ​တ​အ​ဖြစ် ​ဦး​ထင်​ကျော်​ကို ​တာ​ဝန်​ပေး​ကာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​မှာ ​နိုင်​ငံ့ ​ဥ​သျှောင်​ပုံ​စံ​ဖြင့် ​အ​စိုး​ရ၊ ​လွှတ်​တော်​နှင့် ​ပါ​တီ​ကို ​ထိန်း​ကျောင်း​မည်​ဖြစ်​ကြောင်း ​အ​ထက်​ပါ​ပု​ဂ္ဂိုလ်​က ​လွန်​ခဲ့​သည့် ​တစ်​လ​ခန့် ​က​တည်း​က ​ကြို​တင်​ပြော​ဆို​ခဲ့​ခြင်း ​ဖြစ်​သည်။

​ယ​ခု ​ဦး​ထင်​ကျော်​လည်း ​သ​မ္မ​တ​ဖြစ်​တော့​မည်။
​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​တွက် ​နိုင်​ငံ့​ဥ​သျှောင်​နေ​ရာ​ကို ​အ​ဖြေ​ရှာ​ရန်​သာ ​ရှိ​တော့​သည်။






--------------------------------------------------------------------


သော့​ချက် ၂၁၇
-----------------------------------------

​သ​မ္မ​တ​အ​ထက်​က ​နေ​ရာ​မှာ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​နှင့် ​ညီ​ပါ​သ​လား​ဟု ​သံ​သ​ယ ​ပွား​သူ​တို့​အ​တွက် ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ ​ပုဒ်​မ ၂၁၇ ​က ​အ​ဖြေ​ဖြစ်​လာ​ဖွယ် ​ရှိ​သည်။
၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​အ​ခန်း (၅) ​အုပ်​ချုပ်​ရေး ​ခေါင်း​စဉ်​အောက်​ရှိ ​ပုဒ်​မ ၂၁၇ ​ကို ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ပါ​တီ​ဝင် ​ပြည်​သူ့​လွှတ်​တော်​ကိုယ်​စား​လှယ် ​ တစ်​ဦး​က ​အ​ရောင်​ခြယ်​ပြ​သည်။

“​ဒါ​ပဲ။ ​ဒီ​ပုဒ်​မ​ပဲ” ​ဟု ​ပါ​ရ​ဂူ​ဘွဲ့​ရ​လည်း ​ဖြစ်၊ ​လွှတ်​တော်​တွင်း ​ကော်​မ​တီ​တစ်​ခု​၏ ​ခေါင်း​ဆောင်​လည်း​ဖြစ်​သူ ​အ​ထက်​ပါ​ ပု​ဂ္ဂိုလ်​က ​ခပ်​တို​တို​ဆို​သည်။

ပုဒ်​မ ၂၁၇ ​က ​မည်​သည့်​အ​ရာ​များ​ကို ​ပြော​ထား​ပါ​သ​နည်း။
-----------------------------------------

“​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ပါ ​ပြ​ဋ္ဌာန်း​ချက်​များ​နှင့် ​မ​ဆန့်​ကျင်​စေ​ဘဲ ​ပြည်​ထောင်​စု​၏ ​အုပ်​ချုပ်​မှု​အာ​ဏာ​သည် ​နိုင်​ငံ​တော်​သ​မ္မ​တ​၌ ​တည်​ရှိ​သည်။ ​ဤ​စ​ကား​ရပ်​ကြောင့် ​ပြည်​ထောင်​စု​လွှတ်​တော်​သည် ​အာ​ဏာ​ပိုင် ​အ​ဖွဲ့​အ​စည်း ​တစ်​ရပ်​ရပ်​အား​လည်း​ကောင်း၊ ​အာ​ဏာ​ပိုင် ​ပု​ဂ္ဂိုလ် ​တစ်​ဦး​ဦး​အား​လည်း​ကောင်း ​တာ​ဝန်​နှင့် ​လုပ်​ပိုင်​ခွင့်​များ ​ပေး​အပ်​ခြင်း ​မ​ပြု​နိုင်​ဟု ​မ​မှတ်​ယူ​ရ။ ​ထို့​ပြင် ​ယင်း​စ​ကား​ရပ်​ကြောင့် ​တည်​ဆဲ​ဥ​ပ​ဒေ​များ​အ​ရ ​သက်​ဆိုင်​ရာ ​အာ​ဏာ​ပိုင်​အ​ဖွဲ့​အ​စည်း ​တစ်​ရပ်​ရပ်​အား ​ဖြစ်​စေ ​သက်​ဆိုင်​ရာ ​အာ​ဏာ​ပိုင်​ပု​ဂ္ဂိုလ် ​တစ်​ဦး​ဦး​အား​ဖြစ်​စေ ​အပ်​နှင်း​ထား​သည့် ​တာ​ဝန်​နှင့် ​လုပ်​ပိုင်​ခွင့်​များ​ကို ​နိုင်​ငံ​တော်​သ​မ္မ​တ​အား ​လွှဲ​ပြောင်း​ပေး​အပ်​သည် ​ဟု​လည်း ​မ​မှတ်​ယူ​ရ။”

​အ​ထက်​ပါ ​စာ​ပိုဒ်​နှစ်​ခု​က ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​ပုဒ်​မ ၂၁၇ ​ပင် ​ဖြစ်​သည်။
“​တာ​ဝန်​နှင့် ​လုပ်​ပိုင်​ခွင့်​ကို ​ပေး​အပ်​ခြင်း ​မ​ပြု​နိုင်​ဟု ​မ​မှတ်​ယူ​ရ​ဆို​တော့ ​ပေး​အပ်​လို့ ​ရ​တယ်​ဆို​တဲ့ ​အ​ဓိ​ပၸါယ်​ပဲ” ​ဟု ​ဦး​ရဲ​ထွန်း​က ​သုံး​သပ်​သည်။

​ပါ​ရ​ဂူ​ဘွဲ့​ရ ​လွှတ်​တော်​ကိုယ်​စား​လှယ်​၏ ​အ​ဆို​အ​ရ​မူ ​ယင်း​ပုဒ်​မ​မှာ ​ဗိုလ်​ချုပ်​မှူး​ကြီး ​သန်း​ရွှေ​၏ ​နိုင်​ငံ့​ဥ​သျှောင်​အ​ဖွဲ့​ကို ​လွှတ်​တော်​က ​အာ​ဏာ​ပေး​အပ်​ပိုင်​ခွင့် ​အ​တွက် ​ရည်​ရွယ် ​ရေး​ဆွဲ​ခဲ့​ခြင်း​သာ ​ဖြစ်​နိုင်​ပြီး ​ယ​ခု ​ယင်း​ပုဒ်​မ​ကို ​အ​သုံး​ပြု​၍ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​တွက် ​သ​မ္မ​တ​အ​ထက်​က​နေ​ရာ​ကို ​ဖန်​တီး​နိုင်​ကြောင်း ​ရှင်း​ပြ​သည်။ “​သူ့​ဖို့ ​လုပ်​ခဲ့​တာ​က ​အ​ခု​တော့ ​ကိုယ့်​ဖို့ ​ဖြစ်​လာ​တယ်” ​ဟု ​၎င်း​က ​ရေ​ရွတ်​လိုက်​သေး​သည်။

​ပုဒ်​မ ၂၁၇ ​တွင် ​သက်​ဆိုင်​ရာ ​အာ​ဏာ​ပိုင် ​အ​ဖွဲ့​အ​စည်း ​တစ်​ရပ်​ရပ်​အား​ဖြစ်​စေ၊ ​သက်​ဆိုင်​ရာ ​အာ​ဏာ​ပိုင် ​ပု​ဂ္ဂိုလ်​တစ်​ဦး​ဦး​အား ​ဖြစ်​စေ​ဟု ​အာ​ဏာ​ပိုင်​ဟူ​သော ​စ​ကား​ရပ်​ကို ​ထည့်​သွင်း ​သုံး​နှုန်း​ထား​ရာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​မှာ ​ဥ​ပ​ဒေ​ပြု​အာ​ဏာ​ပိုင် ​ပု​ဂ္ဂိုလ်​တစ်​ဦး ​ဖြစ်​သည်။ ​နိုင်​ငံ့​ဥ​သျှောင်​အ​ဖြစ် ​တစ်​ဦး​တည်း ​ခံ​ယူ​မည်​ဆို​ပါ​က ​ယင်း​ပုဒ်​မ ၂၁၇ ​နှင့်​အ​ညီ ​လွှတ်​တော်​က ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​တာ​ဝန်​နှင့် ​လုပ်​ပိုင်​ခွင့်​များ ​ပေး​အပ်​နိုင်​ပြီး ​ဥ​သျှောင်​အ​ဖွဲ့​ဟု ​ဖွဲ့​စည်း​မည် ​ဆို​ပါ​လျှင် ​လွှတ်​တော်​ကိုယ်​စား​လှယ်​များ​ထဲ​မှ​ပင် ​ရွေး​ချယ်​ဖွယ် ​ရှိ​သည်။ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​အ​ရ ​လွှတ်​တော်​ကိုယ်​စား​လှယ် ​မ​ဟုတ်​သူ​များ​ကို ​လွှတ်​တော်​ကော်​မ​ရှင် ​တစ်​ရပ်​ရပ်​တွင် ​တာ​ဝန်​ပေး​နိုင်​သော်​လည်း ​ဥ​ပ​ဒေ​ပြု​ပိုင်​ခွင့် ​အာ​ဏာ​မှာ​မူ ​လွှတ်​တော် ​ကိုယ်​စား​လှယ်​များ​၌​သာ ​ရှိ​ထား​သည်။

​ပုဒ်​မ ၂၁၇ ​ကို ​အ​ကောင်​အ​ထည် ​ဖော်​ရန်​အ​တွက် ​နောက်​ထပ်​ပုဒ်​မ​တစ်​ခု​ဖြစ်​သော ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပုဒ်​မ ၂၁၈ (​ခ) ​ကို ​အ​သုံး​ပြု​နိုင်​ကြောင်း ​အ​ထက်​ပါ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ပါ​တီ​ဝင် ​ပြည်​သူ့​လွှတ်​တော် ​ကိုယ်​စား​လှယ်​က ​ရှင်း​ပြ​သည်။ ​ပုဒ်​မ ၂၁၈ (​ခ) ​တွင် “​နိုင်​ငံ​တော် ​သ​မ္မ​တ​သည် ​မိ​မိ​၏ ​သ​ဘော​အ​တိုင်း ​ဆောင်​ရွက်​ရန် ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​က ​ပြ​ဋ္ဌာန်း​ထား​သည့် ​ကိ​စ္စ​ရပ်​များ​မှ​အ​ပ ​ပြည်​ထောင်​စု ​အ​စိုး​ရ​က ​ဆောင်​ရွက်​ခွင့်​ရှိ​သော ​ကိ​စ္စ​ရပ်​များ ​အ​တွက် ​လည်း​ကောင်း၊ ​အ​ဆို​ပါ ​ကိ​စ္စ​ရပ်​များ​ကို ​ပြည်​ထောင်​စု​အ​စိုး​ရ ​ဝန်​ကြီး​များ​အား ​ခွဲ​ဝေ​အပ်​နှင်း​ရန် ​လည်း​ကောင်း၊ ​ဥ​ပ​ဒေ​တစ်​ရပ်​ရပ် ​အ​ရ ​ဆောင်​ရွက်​ရန် ​တာ​ဝန်​ရှိ​သော ​ပု​ဂ္ဂိုလ်​အား ​ခွဲ​ဝေ​အပ်​နှင်း​ရန် ​လည်း​ကောင်း ​လို​အပ်​သည့် ​နည်း​ဥ​ပ​ဒေ​များ ​ပြ​ဋ္ဌာန်း​ခွင့်​ရှိ​သည်” ​ဟု ​ဖော်​ပြ​ထား​သည်။

​ယင်း​အ​တိုင်း ​ဆို​ပါ​လျှင် ​နိုင်​ငံ့​ဥ​သျှောင် ​အ​ဖွဲ့ ​သို့​မ​ဟုတ် ​ယင်း​နှင့် ​အ​လား​သ​ဏ္ဍာန် ​တူ​ပြီး ​နိုင်​ငံ​ကို​ထိန်း​ကျောင်း ​မောင်း​နှင်​နိုင်​မည့် ​လူ​ပု​ဂ္ဂိုလ်​အ​ဖွဲ့​အ​စည်း ​တစ်​ရပ်​ရပ် ​အ​တွက် ​ပြည်​ထောင်​စု​လွှတ်​တော်​က ​ဥ​ပ​ဒေ ​နည်း​ဥ​ပ​ဒေ​များ ​ပြ​ဋ္ဌာန်း​ရ​မည် ​ဖြစ်​သည်။ ​ယင်း​သို့ ​ပြ​ဋ္ဌာန်း​ရန်​အ​တွက် ​ပင်​နီ​လွှတ်​တော်​က ​အ​ဆင်​သင့် ​ရှိ​မည်​သာ ​ဖြစ်​သည်။






--------------------------------------------------------------------


​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​တွက် ​နေ​ရာ
-----------------------------------------

​ဥ​ပ​ဒေ​ပြု​ရေး​အာ​ဏာ၊ ​အုပ်​ချုပ်​ရေး ​အာ​ဏာ​နှင့် ​တ​ရား​စီ​ရင်​ရေး ​အာ​ဏာ​တို့​ကို ​တတ်​နိုင်​သ​မျှ ​ပိုင်း​ခြား​ကျင့်​သုံး​မည်​ဟု ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​တွင် ​ဖော်​ပြ​ထား​ပြီး ​လွှတ်​တော်၊ ​အ​စိုး​ရ​နှင့် ​ပါ​တီ​တို့​ကို​လည်း ​ပိုင်း​ခြား ​ကန့်​သတ်​ချက်​များ ​ထည့်​သွင်း​ထား​သည်။

​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဖြစ်​လျှင် ​သ​မ္မ​တ၊ ​ဒု​တိ​ယ​သ​မ္မ​တ ​တစ်​ပြိုင်​တည်း​ဖြစ်​ခွင့် ​မ​ရှိ​သ​လို ​အ​စိုး​ရ​အ​ဖွဲ့​ဝင်​လည်း ​ဖြစ်​ခွင့်​မ​ရှိ။ ​သ​မ္မ​တ ​ဒု​တိ​ယ​သ​မ္မ​တ ​သို့​မ​ဟုတ် ​အ​စိုး​ရ ​အ​ဖွဲ့​ဝင်​အ​ဖြစ် ​တာ​ဝန်​ထမ်း​ဆောင်​မည် ​ဆို​လျှင်​လည်း ​ကိုယ်​စား​လှယ်​ဖြစ်​လျှင် ​ကိုယ်​စား​လှယ်​တာ​ဝန်​မှ ​နှုတ်​ထွက်​ရန်​လို​ပြီး ​မိ​ခင်​ပါ​တီ​၏ ​လုပ်​ငန်း​များ​တွင်​လည်း ​ပါ​ဝင်​ခွင့် ​မ​ရှိ။ ​ယင်း​မှာ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ ​အ​ခြေ​ခံ ​ဥ​ပ​ဒေ​က ​ကန့်​သတ်​ထား​ချက်​များ ​ဖြစ်​သည်။

​အ​ကယ်​၍ ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ပါ ​သတ်​မှတ် ​ပြ​ဋ္ဌာန်း​ချက်​တစ်​ခု​ခု​ကို ​ကျော်​လွန်​မိ​လျှင် ​စည်း​ကမ်း​ဥ​ပ​ဒေ ​လိုက်​နာ​ရေး ​အ​ရေး​ကြီး​ကြောင်း ​တ​ဖွ​ဖွ​ပြော​လာ​သည့် ​ဗိုလ်​ချုပ်​မှူး​ကြီး ​မင်း​အောင်​လှိုင် ​ဦး​ဆောင်​သော ​တပ်​မ​တော်​နှင့် ​ထိပ်​တိုက်​တွေ့​လာ​စ​ရာ ​ရှိ​သည်။

​ပုဒ်​မ ၂၁၇၊ ၂၁၈ ​တို့​အ​ရ ​ဖန်​တီး​မည့် ​နိုင်​ငံ့​ဥ​သျှောင် ​သို့​မ​ဟုတ် ​အ​လား​တူ ​ပု​ဂ္ဂိုလ် ​အ​ဖွဲ့​အ​စည်း​မှာ ​တိုင်း​ပြည်​ကို ​ထိန်း​ကျောင်း​မောင်း​နှင်​ခွင့်​နှင့် ​တ​ပြိုင်​နက်​တည်း ​လွှတ်​တော်​နှင့် ​ပါ​တီ​ကို​လည်း ​ထိန်း​ကျောင်း​ခွင့် ​ရှိ​လာ​ဖွယ် ​ရှိ​သည်။

“​အ​စိုး​ရ​အ​ဖွဲ့​ဝင် ​မ​ဟုတ်​ဘူး​ဆို​ရင်​တော့ ​ပါ​တီ​ကို​လည်း ​စွန့်​ခွာ​စ​ရာ ​မ​လို​တော့​ဘူး” ​ဟု ​ဦး​ရဲ​ထွန်း​က ​ဆို​သည်။

​ပြည်​တွင်း​ပြည်​ပ ​ထိပ်​သီး​အ​စည်း​အ​ဝေး ​များ​တွင် ​သ​မ္မ​တ​နှင့် ​အ​တူ​ထိုင်​မည်​ဟု ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ဆို​ထား​ရာ ​ပွဲ​လယ်​တင့်​မည့် ​ရာ​ထူး​တာ​ဝန်​က ​နိုင်​ငံ့​ဥ​သျှောင် ​ကဲ့​သို့​သော ​နေ​ရာ​မှ​တစ်​ပါး ​အ​ခြား​မ​ရှိ​သေး။

​ပြည်​သူ​အ​များ​စု​၏ ​ရင်​ထဲ​က ​သ​မ္မ​တ​အ​တွက် ​နေ​ရာ​တစ်​ခု ​ရှိ​နေ​ပါ​သည်။
​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ် ​ပါ​တီ​ဝင် ​အ​မျိုး​သား​လွှတ်​တော် ​ကိုယ်​စား​လှယ် ​ဦး​သိန်း​ဆွေ​က ​ယင်း​နေ​ရာ​ကို ​ အောက်​ပါ​အ​တိုင်း ​ပုံ​ဖော်​ပြ​သည်။
“​အန်​တီ​က ​အ​ထက်​နဲ့​လည်း​မ​လွတ်၊ ​အောက်​ခြေ​နဲ့​လည်း ​အ​ဆက်​မ​ပြတ်​တဲ့ ​နေ​ရာ​မှာ ​နေ​မယ်”

Arkar Sai





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org