မြန်​မာ​ပြည်​ဒီ​မို​က​ရေ​စီ ​ရ​ပြီ​လား

ဦး​ရာ​ဝိ​က(29 February 16)




--------------------------------------------------------------------


​ ​ဒီ​နေ့​နိုင်​ငံ​ရေး​သုံး​သပ်​ချက်​ကို
(၁) ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြည်​နယ်​နဲ့​တိုင်း (၁၂)​ခု​က ​သူ့​လွှတ်​တော်​ခေါင်း​ဆောင်​တွေ​က NLD ​အ​စိုး​ရ​မ​ဖွဲ့​နိုင်​ ခင် ​အ​နေ​အ​ထိုင်​အ​ပြော​အ​ဆို​အ​လုပ်​အ​ကိုင် ​သ​တိ​ထား​ကြ​ဖို့ ​သ​တိ​ပေး​တဲ့​အ​ချက်၊
(၂) ​တိုင်း​ရင်း​သား​ပါ​တီ(၄)​ခု​ကို ​တ​ရုတ်​က ​ဖိတ်​တဲ့​အ​ချက်၊
(၃) ​ဦး​အောင်​မင်း​ရဲ့ UPWC ​က UNFC ​နဲ့ RCSS ​တို့​ကို ​တွေ့​တဲ့​အ​ချက်​နဲ့
(၄) ​ကာ​ချုပ်​မ​အ​လ​က ​ဖွဲ့​စည်း​ပုံ​ကို ​သင့်​တော်​တဲ့​အ​ချိန်​ကျ​မှ ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​မယ်၊ ​ပြင်​တဲ့​အ​ခါ​မှာ​လည်း​ပဲ ​ အ​ခန်း (၁၂)​ပါ​အ​တိုင်း ​ဖြစ်​ရ​မယ်​လို့ ​က​လော​တပ်​နယ်​မှာ ​ပြော​သွား​တဲ့​အ​ချက်​ပေါ်​မှာ ​အ​ခြေ​ခံ​ပြီး ​ဆွေး​နွေး​မှာ​ပါ။
​ဒါ​တွေ​ဟာ ​အင်​မ​တန်​မှ ​ထူး​ခြား​တဲ့​အ​ချက်​တွေ ​ဖြစ်​သ​လို ​မြန်​မာ​ပြည်​ရဲ့ ​အ​နာ​ဂတ်​နဲ့​လည်း ​ပတ်​သက်​နေ​ပါ​တယ်။

​ဒီ​အ​ချက်​တွေ​ကို ​အ​ပြန်​အ​လှန်​သုံး​သပ်​ရင်
--(၁) ​ဒေါ်​စု​သ​မ္မ​တ​ဖြစ်​ဖို့ ​အ​ဆင်​မ​ပြေ​သေး​ဘူး၊ ​အ​စိုး​ရ​ဖွဲ့​ဖို့​တောင် ​ကျေ​ကျေ​လည်​လည် ​ညှိ​နေ​ရ​တုန်း​ပဲ​ဆို​တာ ​ တွေ့​ရ​တယ်။
--(၂) ​တ​ရုတ်​တွေ ​တွေ့​တဲ့ ​တိုင်း​ရင်း​သား​ပါ​တီ​တွေ​ဟာ ​က​ရင်၊ ​ချင်း၊ ​ရ​ခိုင်​နဲ့ ​ရှမ်း​တို့ ​ဖြစ်​တယ်။
​ဒါ ​တ​ရုတ်​စီ​မံ​ကိန်း​နဲ့ ​စီး​ပွား​ရေး​ကိ​စ္စ ​ဖြစ်​ပါ​လိမ့်​မယ်။
-- (၃) UPWC ​နဲ့ ​ဦး​အောင်​မင်း​ကို ​ဆက်​ထား​ဖို့ ​မ​အ​လ​က ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​တောင်း​ဆို​ထား​တယ်။
​တိုင်း​ရင်း​သား​တွေ​အ​နေ​နဲ့ ​နောက်​အ​စိုး​ရ​တက်​လာ​ခဲ့​ပေ​မဲ့​လည်း ​ငြိမ်း​ချမ်း​ရေး​ကိ​စ္စ​နဲ့ ​ပတ်​သက်​ရင် ​လက်​ရှိ​ လူ​တွေ​နဲ့​ပဲ ​နှစ်​ပါး​သွား​ရ​မဲ့​အ​ခြေ​အ​နေ​ပါ။
-- (၄) ​နာ​ဂစ်​ဖွဲ့​စည်း​ပုံ​မှာ ​အား​နည်း​ချက်​တွေ​အ​များ​ကြီး ​ရှိ​တယ်၊ ​စစ်​တပ်​သ​ဘော​မ​တူ​ဘဲ​နဲ့​လည်း ​ဖွဲ့​စည်း​ပုံ​အ​ချို့​ကို ​ လက်​တ​လုံး​ခြား​လှည့်​လိုက်​လို့ ​ရ​တဲ့​အ​ခြေ​အ​နေ ​ရှိ​တယ်။
​ဒါ​ကို ​စစ်​တပ်​က ​ဘယ်​နည်း​နဲ့​မ​ဆို ​တား​မယ်​ဆို​တဲ့ ​ သ​ဘော​ပါ။ ​ဗိုလ်​စိန်​မှန်​ကွင်း​မှာ ​လုပ်​မဲ့ ​ပုဒ်​မ ၅၉ (​စ)​ထောက်​ခံ​ပွဲ​ဟာ ​မ​အ​လ​တို့​ပွဲ ​ဖြစ်​ဖို့​များ​ပါ​တယ်။

​မိ​မိ​တိ့ု​လေ့​လာ​အ​ကဲ​ခတ်​မိ​သ​လောက် (၁) NLD ​ဟာ ​အ​တိုင်း​အ​တာ​ထက် ​ကျော်​လွန်​ပြီး ​စစ်​တပ်​ကို ​အ​လို​လိုက်​အ​ကြိုက်​ဆောင်​နေ​တယ်၊ (၂) ​တိုင်း​ရင်း​သား​တွေ​ဟာ ​မိ​မိ​တို့​ဆိုင်​ရာ​ပါ​တီ​ကို ​မဲ​မ​ပေး​ခဲ့​ကြ​လို့ ​အ​ထိ​နာ​စ​ပြု​နေ​ပါ​ပြီ၊ (၃) ​အ​ဖွဲ့(၃)​ဖွဲ့​ကို NCA ​မှာ ​လက်​မ​ခံ​သေး​ဘူး၊ ​ဒီ​မို​က​ရေ​စီ​နဲ့ ​လက်​နက်​လဲ​လှယ်​ဖို့ ​ပြော​နေ​တုန််း​ပဲ၊ (၄) ​ဖွဲ့​စည်း​ပုံ​ကို ​စစ်​တပ်​က ​မ​ပြင်​ချင်​သေး​ဘူး။ ​ဒါ​တွေ​ပဲ။ ​မိ​မိ​သုံး​သပ်​ချက် ​မ​မှန်​ဘူး​ဆို​ခဲ့​ရင် ​ထောက်​ပြ​နိုင်​ပါ​တယ်။ ​ပျော်​တော်​ဆက်​အ​ရေး​အ​သား​နဲ့​တော့ ​လက်​မ​ခံ​ဘူး။ ​အ​ခြေ​အ​နေ​ကောင်း​နေ​ပါ​တယ်​လိ့ု ​လျှောက်​ဖြီး​နေ​ရုံ​နဲ့ ​ဘာ​တစ်​ခု​မှ ​ကောင်း​လာ​တာ​ကို ​မ​မြင်​မိ​လို့​ပါ​ပဲ။ ​ဘာ​ဖြစ်​လဲ​ဆို​ရင် ​ဒီ​အ​တိုင်း ​နေ​သွား​ခဲ့​ရင် ​မြန်​မာ​ပြည်​ဒီ​မို​က​ရေ​စီ ​ရ​နေ​ပြီ​လို့ ​ထင်​ကုန်​မှာ​စိုး​လို့​ပါ​ပဲ။




--------------------------------------------------------------------


​ည​က ​လေ​ယဉ်​ပေါ်​မှာ ​ဗိုက်​ကြီး​သည်​တစ်​ယောက်​နဲ့ ​အ​တူ​ထိုင်​ရ​တယ်။
​သူ​က ​သူ့​ကိုယ်​ဝန်​ကို ​ကြွား​ရာ​က​နေ ​မိ​မိ​ကို "​ဘယ်​နိုင်​ငံ​က ​လာ​ပါ​သ​လဲ"​လို့ ​မေး​တယ်။
Burma ​ကို ​ပြော​တော့ ​မ​သိ​ဘူး။ ​တ​ရုတ်​နဲ့​အိ​န္ဒိ​ယ​ကြား ​ဟိ​မ​ဝ​န္တာ​တောင်​ခြေ​မှာ ​ရှိ​နေ​တဲ့ ​နိုင်​ငံ​လို့ ​ပြော​တော့ ​အဲ​ဒါ Myanmar ​ပါ​တဲ့။ ​ဟုတ်​တယ် ​မြန်​မာ​ပါ​ပဲ​လို့ ​ပြော​မှ ​သူ​ရှင်း​သွား​တယ်။ Burma ​က ​အ​ရင်​က ​အ​မည်​ပါ၊ ​အ​ခု Myanmar ​က ​စစ်​တပ်​က ​ရုံး​တွေ​မှာ ​အ​စား​ထိုး​လိုက်​တဲ့​နာ​မည်​ပါ​လို့ ​ပြော​ပြ​ရ​တယ်။ ​နောက်-​သူ​က ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ရွေး​ကောက်​ပွဲ ​နိုင်​ခဲ့​ပြီ​ပဲ၊ ​မြန်​မာ​ပြည်​မှာ ​ဒီ​မို​က​ရေ​စီ ​ရ​နေ​ပြီ​မ​ဟုတ်​လား​တဲ့။ ​ပြ​ဿ​နာ​က ​ဒီ​မှာ​ပဲ။ ​နိုင်​ငံ​တ​ကာ​က ​လူ​တွေ​က ​မြန်​မာ​ပြည်​မှာ ​အ​ခြေ​အ​နေ​ကောင်း​သွား​ပြီ​လို့ ​ယူ​ဆ​ကုန်​ကြ​တယ်။ ​ဒီ​အ​ချက်​ဟာ ​စစ်​တပ်​အ​တွက် ​အင်​မ​တန်​မှ ​အ​မြတ်​ထွက်​စေ​ပါ​တယ်။ ​တ​ကယ်​မ​ကောင်း​ဘဲ ​ကောင်း​တယ်​လို့ ​ထင်​နေ​ခြင်း​မှာ ​မိ​စ္ဆာ​ဒိ​ဋ္ဌ​ကို ​သ​မ္မာ​ဒိ​ဋ္ဌိ​နဲ့ ​ရော​နေ​လို့​ပါ​ပဲ။ ​စစ်​ကျွန်​ဆို​တဲ့ ​မိ​စ္ဆာ​တ​ရား​ကို ​ဒီ​မို​က​ရေ​စီ​ဆို​တဲ့ ​သ​မ္မာ​တ​ရား​နဲ့ ​အ​မှတ်​မှား​သွား​လို့​ပါ​ပဲ။ ​ဒါ​က ​အ​စ​ပဲ ​ရှိ​ပါ​သေး​တယ်။

​ကော်​လို​ရာ​ဒို​ပြည်​နယ်၊ ​မြို့​လေး​တစ်​မြို့​မှာ ​ကြီး​ပြင်း​ခဲ့​ပြီး ​လော​လော​ဆယ် ​တ​က္က​ဆက်​ပြည်​နယ်၊ ​မ​က္က​စီ​ကို​နယ်​စပ်​မှာ ​အိမ်​ထောင်​ကျ​နေ​တဲ့ ​ဒီ​မိန်း​က​လေး​ငယ်​တစ်​ယောက်​က ​မြန်​မာ​ပြည်​မှာ ​ဒီ​မို​က​ရေ​စီ ​ရ​နေ​ပြီ၊ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ရွေး​ကောက်​ပွဲ​ကို ​အ​နိုင်​ရ​နေ​ပြီ​ပဲ​လို့ ​ပြော​တာ​ဟာ ​ကိ​စ္စ ​မ​ရှိ​သေး​ဘူး။ ​မြန်​မာ​နိုင်​ငံ​သား​တွေ​က​ရော ​ဒီ​လို​ထင်​နေ​ကြ​တဲ့​လူ​တွေ ​ဘယ်​လောက်​များ​နေ​ပြီ​လဲ။ ​မြန်​မာ​ပြည်​ကို ​ပူ​ပူ​နွေး​နွေး ​အ​လည်​ပြန်​ခဲ့​တဲ့ ​ဒ​ကာ​တစ်​ယောက်​က​လည်း ​ဟို​မှာ ​သိ​ကြ​တာ ​မ​ဟုတ်​ဘူး။ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​နိုင်​ပြီ ​ဒီ​လောက်​ပဲ ​သိ​ကြ​တယ်​တဲ့။ ​ဒါ ​ပေါ့​သေး​သေး ​သ​ဘော​ထား​လို့ ​မ​ရ​ဘူး။ ​ဒီ​မို​က​ရေ​စီ​လမ်း်​ကြောင်း​ကို ​အ​လွဲ​ကြီး ​လွဲ​စေ​နိုင်​တဲ့​ကိ​စ္စ​ပါ။ ​ဒီ​စ​ကား​ကို ​ပြော​လို့ ​ဘယ်​အ​ဖွဲ့​အ​စည်း​ကို​မှ ​ပုတ်​ခတ်​လို​စိတ် ​ရှိ​တာ ​မ​ဟုတ်​ဘူး။

​ဒါ​ပေ​မဲ့ ​စစ်​တပ်​ဘက်​ကို ​ပြန်​စိ​စစ်​ကြည့်​ပါ။ ​အ​ပေါ်​ယံ​ကြည့်​ရင် ​သူ​တို့​ဟာ ​ဖွဲ့​စည်း​ပုံ​အ​ရ ​အာ​ဏာ​အ​ရှိ​ဆုံး ​ဖြစ်​ပါ​တယ်။
​သ​မ္မ​တစ်​နေ​ရာ၊ ​ဝန်​ကြီး(၃)​နေ​ရာ၊ ​လွှတ်​တော်​မှာ (၂၅)​ရာ​ခိုင်​နှုန်း​နဲ့ ​ကာ​လုံ​မှာ (၆)​နေ​ရာ​ရ​ထား​တော့ ​ကျောက်​တုံး​ကျောက်​စိုင်​ပ​မာ ​ရပ်​တည်​လျက် ​ရှိ​ပါ​တယ်။ ​သူ​တို့​က ​ဒီ​က​နေ ​ခြေ​ကုပ်​ယူ​ပြီး ​အ​ခြား​အ​ရေး​ကိ​စ္စ​တွေ​မှာ ​ဝင်​စွက်​ဖက်​နိုင်​ဖို့ ​ကြိုး​စား​နေ​တာ​ကို​လည်း ​တွေ့​ရ​မှာ​ပါ။ ​နောက်​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပွင့်​ပွင့်​လင်း​လင်း​နဲ့ ​စစ်​တပ်​ကို ​ဆက်​ဆံ​နေ​တဲ့​အ​ချိန်​မှာ ​စစ်​တပ်​က ​လို​အပ်​သ​လောက် ​ဟက်​ဟက်​ပက်​ပက် ​မ​ရှိ​သေး​ဘူး​ဆို​တာ ​လူ​တိုင်း​အ​မြင်​ပါ​ပဲ။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​နေ​နဲ့ ​သိန်း​စိန်​အ​စိုး​ရ​ကို ​နိုင်​ငံ​တ​ကာ​စင်​မြင့်​ပေါ် ​တင်​ပေး​ခဲ့​တယ်၊ ​မြန်​မာ​နိုင်​ငံ​မှာ ​အာ​ဆီ​ယံ​ထိပ်​သီ​အ​စည်း​အ​ဝေး ​ဖြစ်​လာ​အောင်​လည်း ​သွယ်​ဝိုက်​ပြီး​တော့ ​ကူ​ညီ​ပေး​ခဲ့​တယ်၊ ​စီး​ပွား​ရေး​ပိတ်​ဆို့​မှု​ကို​လည်း ​ယာ​ယီ​ပြန်​ပွင့်​သွား​အောင် ​ဆောင်​ရွက်​နိုင်​ခဲ့​ပါ​တယ်။ ​အ​ရှေ့​တောင်​အာ​ရှ​အား​က​စား​ပွဲ​တော်​ဟာ​လည်း​ပဲ ​အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​ရဲ့ ​အ​သီး​အ​ပွင့်​တွေ​ပါ။
​နောက်​ပြီး ​နာ​ဂစ်​ဖွဲ့​စည်း​ပုံ​နဲ့ ​လွှတ်​တော်​လုပ်​ငန်း​စဉ်​တွေ​ဟာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​အောက်​ဇီ​ဂျင်​ဗူး​နဲ့ ​အ​သက်​ရှု​နေ​ခဲ့​တာ​ပါ။ ​ဦး​အောင်​သောင်း​ကို ​အ​မေ​ရိ​ကန်​တွေ​က ​အ​ရေး​ယူ​တော့ ​အ​မေ​ရိ​ကန်​ဘက်​က ​မ​ရပ်​တည်​ဘဲ ​ဦး​အောင်​သောင်း​ကို ​အ​ကာ​အ​ကွယ်​ပေး​ခဲ့​ပါ​တယ်။ NLD ​ဟာ ​အ​တိတ်​မှာ ​မ​နေ​ဘဲ ​အ​နာ​ဂတ်​အ​တွက် ​ပ​စ္စု​ပၸန်​တည့်​တည့်​မှာ ​နေ​မှာ​ဖြစ်​ကြောင်း ​အ​ခါ​ခါ ​က​တိ​ပြု​ခဲ့​ပြ​သား​ပါ။ ​တပ်​ချုပ်​ဟောင်း​နဲ့ ​တွေ့​ချိန်၊ ​တပ်​ချုပ်​သစ်​နဲ့ ​တွေ့​ချိန်​မှာ ​ဒီ​ကိ​စ္စ​ကို ​အ​သိ​ပေး​ပြီ​ဖြစ်​ပါ​လိမ့်​မယ်။ ​ဒါ​တွေ​ဟာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ဘာ​မှ ​ပြန်​ပေး​စ​ရာ​မ​လို​ဘဲ ​စစ်​တပ်​က ​ခံ​စား​ခဲ့​ရ​တဲ့ ​အ​ကျိုး​စီး​ပွား​တွေ​ပါ​ပဲ။




--------------------------------------------------------------------


​ဒါ​ပေ​မဲ့ ​စစ်​တပ်​က ​ဒေါ်​အောင်​ဆန််း​စု​ကြည်​ကို ​လုပ်​ခိုင်း​စ​ရာ ​နောက်​တစ်​ချက် ​ရှိ​ပါ​သေး​တယ်။ ​အဲ​ဒါ​က​တော့ ​အ​ခြား​မ​ဟုတ်​ဘူး။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​စ​ကား​နဲ့ ​မင်း​အောင်​လှိုင်​စ​ကား​ကို ​ချိန်​ထိုး​ကြည့်​ရင် ​သိ​ရ​ပါ​လိမ့်​မယ်။ ​တိုင်း​ရင်း​သား​တွေ​နဲ့ ​သ​ဘော​တူ​ညီ​နိုင်​တဲ့​အ​ထိ ​လက်​ရှိ​ဖွဲ့​စည်း​ပုံ​ကို ​စစ်​တပ်​က ​မ​ပြင်​ချင်​သေး​ဘူး​ဆို​တဲ့ ​အ​ချက်​ပဲ။ ​စစ်​တပ်​က ​တစ်​ခု​ပြီး​တစ်​ခု ​ဈေး​တည်​ပါ​တယ်။ ​ဒီ​တစ်​ချက်​ကို ​ရ​ဖို့ ​သူ​တို့​က ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​အ​သုံး​ချ​ဖို့ ​လို​ပါ​သေး​တယ်။ ​မ​အ​လ ​ပြော​တဲ့​စ​ကား​ကို ​ကြည့်​ပါ။ "​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​သင့်​တဲ့ ​အ​ချိန်​ကျ​မှ ​ပြင်​မယ်၊ ​ပြင်​ရင်​လည်း ​အ​ခန်း (၁၂)​အ​ရ ​ပြင်​ရ​မယ်၊ ​လက်​နက်​ကိုင်​လမ်း​စဉ်​ဟာ ​ဒီ​မို​က​ရေ​စီ​မ​ကျ​ဘူး၊ ​ဒီ​မို​က​ရေ​စီ​နည်း​ကျ​ကျ ​တောင်း​ဆို​ဖို့ ​လက်​နက်​ချ​ရ​မယ်"​တဲ့။ ​အ​ဓိ​ပၸါယ်​က​တော့ ​အင်​အား​စု​အား​လုံး​က ​နာ​ဂစ်​ဖွဲ့​စည်း​ပုံ​အောက်​ကို ​မ​ရောက်​မ​ချင်း ​လက်​ရှိ​ဖွဲ့​စည်း​ပုံ​ကို ​ပြင်​ပေး​မှာ​မ​ဟုတ်​ဘူး​ဆို​တဲ့ ​အ​မြင်​ပါ။ ​ဒါ​ပေ​မဲ့ UNFC ​က ​လက်​နက်​ချ​လိုက်​ခဲ့​ရင်​ကော ​ပြင်​ပေး​မ​လား​ဆို​တာ​ပဲ။ ​ဒါ​တောင် ​မြန်​မာ​စစ်​တပ်​က ​ဘာ​အာ​မ​ခံ​ချက်​မှ ​မ​ပေး​ပါ။ SSPP/SSA ​က​တော့ ​ရည်​မှန်း​ချက်​ပန်း​တိုင်​မ​ရောက်​မ​ချင်း ​လက်​နက်​ချ​မှာ​မ​ဟုတ်​ဘူး​လို့ ​ပူ​ပူ​နွေး​နွေး​ပြော​သွား​ပါ​တယ်။ ​လို​ချင်​တာ ​ရ​ခဲ့​ရင်​ကော ​လက်​နက်​ချ​မှာ​လား​လို့ ​ထောက်​စ​ရာ ​ရှိ​ပါ​တယ်။ ​လက်​နက်​ချ​စ​ကား​ကို ​ပြော​မဲ့​အ​စား ​အ​ဆ​မ​တန်​အင်​အား​ကြီး​မား​တဲ့ ​မြန်​မာ့​တပ်​မ​တော်​အ​နေ​အ​ထား​က​ကော ​ဖွဲ့ည်း​ပုံ​နဲ့​အ​ညီ ​ဘယ်​လောက်​အ​ပြု​အ​ပြင်​ခံ​နိုင်​မ​လဲ ​ပြန်​မေး​ရ​မယ်။

​မိ​မိ​တို့​သိ​ရှိ​ရ​သ​လောက် ​မြန်​မာ့​တပ်​မ​တော်​ဟာ
--(၁) ​မိ​မိ​တို့​ရေး​ဆွဲ​ထား​တဲ့​ဖွဲ့​စည်း​ပုံ​အောက်​မှာ ​မ​နေ​ဘူး၊
--(၂) ​က​တိ​ကို ​အ​ခါ​ခါ ​ချိုး​ဖောက်​တယ်၊
--(၃) ​ပြည်​သူ​များ​နဲ့ ​တိုင်း​ရင်း​သား​များ​ကို ​ရန်​သူ​လို့ ​မြင်​တယ်၊
--(၄) ​သွေး​ခွဲ​အုပ်​ချုပ်​ရေး​ကို ​အ​သုံး​ချ​တုန်း ​ဖြစ်​တ​ယ။ ​

ဒါ​ကြောင့်
--(၁) ​ဖွဲ့​စည််း​ပုံ​ကို ​လက်​နက်​လို ​အ​သုံး​ချ​ပြီး ​ပြိုင်​ဘက်​ကို ​တိုက်​တယ်၊
--(၂) ​ကျောင်း​သား​နဲ့ ​တိုင်း​ရင်း​သား​တွေ​ကို ​ပေး​ဖူး​တဲ့​က​တိ​ကို ​အ​ခါ​ခါ ​ချိုး​ဖောက်​တယ်၊
--(၃) NCA ​နဲ့ ​မြေ​ယာ​ကိ​စ္စ​ကို ​လက်​နက်​သ​ဖွယ်​သုံး​တယ်၊
-- (၄) ​လူ​မျိုး၊ ​ဘာ​သာ​စ​ကား၊ ​သာ​သ​နာ​တူ​နေ​ခဲ့​ရင်​တောင် ​နိုင်​ငံ​ရေး​ခံ​ယူ​ချက်​အ​ရ ​ကွဲ​ပြား​နေ​ခဲ့​ရင် ​သွေး​ခွဲ​ပြီး ​ အုပ်​ချုပ်​တယ်။
​စစ်​တပ်​နဲ့ ​ဆက်​ဆံ​သူ​တိုင်း ​အ​ထက်​ဖော်​ပြ​ပါ​အ​ချက်​များ​ကို ​လက်​ခံ​ကြ​မှာ​ပါ။
​ဒီ​အ​ဖြစ်​ကို ​သုံ့​သပ်​ရ​ရင် ​စစ်​တပ်​ဟာ ​အ​ခွင့်​ထူး​တွေ ​ဒီ​လောက် ​ရ​ရှိ​နေ​တာ​တောင် ​အ​နေ​ကျဉ်း​ကြပ်​နေ​တဲ့​ပုံ​ပါ​ပဲ။
​သူ​တို့​က ​ထောင့်​တစ်​ခု​မှာ ​စု​ပြုံ​ပြီး ​သွား​ကပ်​နေ​ကြ​တယ်။
​ဒါ​ဟာ ​သ​တ္တိ​ရှိ​လို့ ​မာန်​ဖီ​နေ​တာ ​မ​ဟုတ်​ဘဲ ​သူ​တို့​စိတ်​ကြိုက်​ရေး​ဆွဲ​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ​အ​ရ ​သူ​တို့​ဟာ​ သူ​တို့ ​လှုပ်​ရှား​ရ​ခက်​နေ​ကြ​တာ​ပါ။
ဖွဲ့​စည်း​ပုံ​အ​ရ ​သူ​တို့​က ​မ​တ​ရား​ဘဲ ​ရ​ယူ​ထား​တာ ​များ​နေ​တယ်၊ ​အ​မျိုး​သား​ပြန်​လည်​သင့်​မြတ်​ရေး​ခေါင်း​စဉ်​ အောက်​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​ပေါ် ​သူ​တို့​အ​မြတ်​ထုတ်​ခဲ့​တာ၊ ​အ​သုံး​ချ​ခဲ့​တာ ​များ​နေ​တယ်။
​ရ​ယူ​တာ ​များ​လေ ​သူ​တို့​အ​တွက် ​စိတ်​ဖိ​စီး​မှု​များ​လေ​ပါ​ပဲ။

​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​မ​အ​လ​နဲ့ ​နောက်​ဆုံး ​တွေ့​တဲ့​နောက်​မှာ ​မ​အ​လ​ဘက်​က ​လေ​သံ​နည်း​နည်း​ပြန်​မာ​ လာ​တာ​ကို ​တွေ့​ရ​တယ်။ ​
ဒါ​ပေ​မဲ့ ​ဦး​အောင်​မင်း​တို့​ရဲ့ UPWC ​က ​အ​သက်​ပြန်​ဝင်​လာ​တာ​ကို ​တွေ့​ရ​တယ်။ ​
ဇင်း​မယ်​ကို ​သွား​တယ်။ UNFC ​နဲ့ ​တွေ့​တယ်။ RCSS ​နဲ့ ​တွေ့​ပြီး RCSS ​တပ်​တွေ ​ပြန်​ဆုတ်​ပေး​ဖို့ ​တောင်း​ဆို​တယ်။ ​
ဒါ​ဟာ ​ကောင်း​မွန်​တဲ့ ​အ​ချက်​တွေ​ပဲ ​ဖြစ်​တယ်။
​ဒီ​ကိ​စ္စ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​အ​ကြံ​ပြု​ချက် ​ပါ​ကောင်း​ပါ​ နိုင်​ပါ​တယ်။ ​တ​ကယ်​လို့ ​ပါ​ခဲ့​ရင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့ ​မ​အ​လ​တို့​ကြား​မှာ ​လေး​စား​မှု​အ​ချို့၊ ​ယုံ​ကြည်​မှု​အ​ချို့ ​တည်​ ဆောက်​နိုင်​ခဲ့​ပြီ​လို့ ​ဆို​ရ​မှာ ​ဖြစ်​တယ်။




--------------------------------------------------------------------


​ဒေါ်​အောင်​ဆန်း​စု​ကြည်​အ​နေ​နဲ့ ​စစ်​တပ်​က ​သ​ဘော​မ​တူ​မ​ချင်း ​ဇွတ်​လုပ်​မှာ ​မ​ဟုတ်​သ​လို ​ဖွဲ့​စည်း​ပုံ​ပြင်​ရေး​လမ်း​ ကြောင်း​က​နေ​လည်း ​သွေ​ဖည်​သွား​မှာ​မ​ဟုတ်​ကြောင်း ​အ​တိ​အ​လင်း ​ထုတ်​ဖော်​ပြော​ကြား​ခဲ့​ပြီ​ဖြစ်​တယ်။
​ဒီ​တော့ ​မြန်​မာ​နိုင်​ငံ​မှာ ​ဒီ​မို​က​ရေ​စီ ​ရ​နေ​ပြီ​လား​လို့ ​မေး​ရင် ​မ​ရ​သေး​ဘူး​လို့ ​ဖြေ​ရ​မှာ​ပါ။
​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ဖွဲ့​စည်း​ပုံ​ကို ​မ​ပြင်​မ​ချင်း ​ဒီ​မို​က​ရေစ်​ဖက်​ဒ​ရယ်​နိုင်​ငံ ​ဖြစ်​မှာ​မ​ဟုတ်​ဘူး​လို့ ​ပြော​ခဲ့​ပြီ​ဖြစ်​ပါ​ တယ်။
​အ​မှန်​မှာ ​သန်း​ရွှေ​ကြီး​နဲ့ ​သိန်း​စိန်​ကြီး​တို့ ​ရေး​ဆွဲ​ခဲ့​တဲ့ ​ဖွဲ့​စည်း​ပုံ​ဟာ NLD, ​တိုင်း​ရင်း​သား​တွေ​ကို​ပဲ ​ထိန်း​ချုပ်​ထား​တာ ​မ​ဟုတ်​ဘဲ ​စစ်​တပ်​ကို​လည်း ​အ​ကျဉ်း​အ​ကြပ်​ထဲ ​ဆွဲ​သွင်း​ထား​ကြောင်း ​သိ​ရှိ​နား​လည်​ထား​ကြ​ဖို့ ​လို​ပါ​လိမ့်​မယ်။

​ရေး​သား​သည့်​ဆ​ရာ​တော် = ​ဦး​ရာ​ဝိ​က






-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org