၅၉(စ)ဆိုင်းငံ့ရေး အလုပ်မဖြစ်နိုင်ပါ

ဒေါက်တာရန်မျိုးသိမ်း(4 February 16)




--------------------------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်လာမည်ဆိုပါက၊ တိုင်းပြည်နှင့်ပြည်သူ လူထုအတွက်သာမက၊ တပ်မတော်အတွက်လည်း အကျိုးများမည်မှာ ဧကန်မုချဖြစ် သည်။
သို့သော် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်အ ရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ် ရွေးကောက်ခံပိုင်ခွင့်မရှိသည့်အနေ အထားတွင် ရှိနေသည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် မြန်မာ့ဒီမိုကရေစီအပြောင်းအလဲတွင် အကျပ်အတည်းကြီးပင်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကို မဖြေရှင်းနိုင်သရွေ့၊ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသည် သောင်မတင်ရေ မကျဖြစ်နေဦးမည်သာဖြစ်သည်။
ထို့ကြောင့် ရေရှည်တွင် ဖွဲ့စည်းပုံအကျပ်အတည်း ကို ချဉ်းကပ်အဖြေရှာနိုင်မည့်နည်းလမ်းများကို ဆန်းစစ်ဖွေရှာရမည်သာဖြစ်သည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အကြား သဘောတူညီချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကို ဖြေ ရှငး်ရာတွင် သော့ချက်ကျမည်ဖြစ်သည်။ နှစ်ဖက်အကြား နိုင်ငံရေးသဘောတူညီ ချက်တစ်ရပ် ပီပီပြင်ပြင်ရရှိအောင် ဦးစွာအားထုတ်ရဦးမည်ဖြစ်သည်။
ယနေ့အထိ မြေပြင်အခြေအနေ၊ သိမြင်ကြားရသလောက် နှစ်ဖက်အကြား ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျပ်အတည်းကို ပူးပေါင်းအဖြေရှာနိုင်မည့်၊ အထူးသဖြင့် ပုဒ်မ ၅၉(စ) ကို ပူးပေါင်းအဖြေရှာနိုင်မည့် သဘောတူညီချက်မရရှိသေးဟု သုံးသပ်နိုင်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်၊ ပုဒ်မ ၅၉(စ)အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရေးလမ်းကြောင်းကို သာ ကိုင်စွဲထားနိုင်ဖွယ်ရှိပြီး၊ ပြည်ထောင်စုလွှတ်တော်တွင် အဆင့်ဆင့်ဆောင် ရွက်ရေးလမ်းကြောင်းကိုသာ ထပ်မံအဆိုပြုဖွယ်ရှိနေသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက မထောက်ခံလျှင် မည်သည့်ပုဒ်မကိုမှ မပြင်ဆင်နိုင်သည့်အခင်းအကျင်းတွင် ဒေါ်အောင်ဆန်းစု ကြည်အနေဖြင့် တပ်မတော်က ထောက်ခံမည့်ပြင်ဆင်ချက်မျိုးဖြစ်ရေးကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အသေးစိတ်ဆွေးနွေးရဦးမည်ဖြစ်သည်။
တပ် မတော်က သဘောတူပြီးနောက်၊ ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုဆုံး ဖြတ်ပြီးပါက၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် ခရီးဆက်ရဦးမည်ဖြစ်သည်။ ထို့ ကြောင့် ခရီးက ရှည်ဦးမည်သာဖြစ်သည်။






--------------------------------------------------------------------


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူ းကြီးမင်းအောင်လှိုင်အကြား ပုဒ်မ ၅၉(စ)အကျပ်အတည်းဖြေရှင်း နိုင်ရေးနှင့်ပတ်သက်၍ ဆုပ်ဆုပ်ကိုင်ကိုင် သဘောတူညီမှုမရရှိသေးမီ၊ ပုဒ်မ ၅၉ (စ)ကို ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတစ်ရပ်တင်သွင်းပြီး၊ ဆိုင်းငံ့လာနိုင်ဖွယ်ရှိသည်ဟူသော သတင်းဖော်ပြချက်များသည် အခြေအမြစ် ကင်းမဲ့လွန်းနိုင်သည်ကို သတိကြီးကြီးထားရန် လိုအပ်လျက်ရှိသည်။

လတ်တလောသတင်းမီဒီယာများတွင် ဖော်ပြသကဲ့သို့၊ ပုဒ်မ ၅၉(စ)ကို ပြည် ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းပြီး၊ ဆိုင်းငံ့နိုင်မည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၃၆ အပါအဝင် မည်သည့်ပုဒ်မကိုမဆို ဆိုင်း ငံ့နိုင်မည့်သဘော၊ ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို ဆိုင်းငံ့နိုင်မည့်သဘော သက်ရောက်သွားနိုင်သည်ကိုလည်းကောင်း၊
အဆိုပါအရေးကြီးအဆိုကိုအ ကြောင်းပြုလျက်၊ ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များနှင့်တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များအကြား တင်းမာမှုများရှိလာနိုင်သည်ကိုလည်းကောင်း အမြော်အမြင်ရှိရှိ စဉ်းစားချင့်ချိန်နိုင်ရန် သော့ချက်ကျမည်ဖြစ်သည်။
ထို့ကြောင့် ပုဒ်မ ၅၉(စ) ဆိုင်းငံ့မည့်အရေးကြီးအဆိုတင်သွင်းမည့်အစီအစဉ်သည် လက် တွေ့အားဖြင့် အလုပ်မဖြစ်နိုင်သည့်အပြင်၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် သဘောတူလက်ခံနိုင်မည့်နိုင်ငံရေးခြေလှမ်းဖြစ်လာနိုင်ဖွယ် မရှိပေ။

ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်များကို မည်သို့မည်ပုံကျော်လွှားလျက်၊ လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်လာရေး ပုံဖော်ပေးနိုင်မည်အား ဗျူဟာမြောက်လေးလေးနက်နက်စဉ်းစားချင့်ချိန်ရမည်ဖြစ်သည်။
လူထုခေါင်း ဆောင်နှင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အကြား သဘောတူညီချက်အပေါ် အခြေပြုသည့် ပြင်ဆင်ချက်မျိုးကို အဆိုပြုနိုင်ရန် အရေးကြီးမည်ဖြစ်သည်။
ဒေါ် အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှဉ့်လည်းလျှောက်သာပျားလည်းစွဲသာထုံး ကိုနှလုံးမူလျက်၊ တပ်မတော်အကြီးအကဲများနှင့် အသေးစိတ်ဆွေးနွေးပြီး၊ သူ လည်းနိုင်၊ ကိုယ်လည်းနိုင်သည့်အခင်းအကျင်းကို စနစ်တကျတည်ဆောက်နိုင် ရေး ဦးစားပေးဆောင်ရွက်လိမ့်မည်ဟု ထင်မြင်သုံးသပ်မိသည်။

ပုဒ်မ ၅၉(စ)ပါပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်းထက်၊ ပုဒ်မ ၅၉(စ)တွင် ခြွင်းချက် ထည့်သွင်းနိုင်ရေး ဆွေးနွေးအဖြေရှာနိုင်မည်ဆိုလျှင် ပိုမိုအလုပ်ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မည်ဟု ယူဆမိသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များသည် တပ်မတော်ဝတ်စုံများဝတ်ကာ၊ တပ်မတော်အရာရှိများအဖြစ်၊ အငြိမ်း စားယူရန်မလို၊ လွှတ်တော်အစည်းအဝေးများ တက်ရောက်နိုင်ခြင်းမှာ ခြွင်းချက် ကြောင့်ပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ (ည)ပါ နိုင်ငံဝန်ထမ်း နေရာတွင် ခြွင်းချက်ထည့်သွင်းထားသည်ကို အထင်အရှားမြင်တွေ့နိုင်မည် ဖြစ်သည်။

သို့ဖြစ်၍ ပုဒ်မ ၅၉(စ)တွင် ခြွင်းချက်ဖြည့်စွက်သည့်နည်းလမ်းကို လည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။
အဆိုပါခြွင်းချက် သည် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းအတွက်ရည်ညွှန်းသော၊ ဒေါ် အောင်ဆန်းစုကြည်တစ်ဦးတည်းသာရရှိခံစားနိုင်သော ခြွင်းချက်ဖြစ်မည်ဆို လျှင် အဆိုပါခြွင်းချက်ကိုနင်းလျက်၊ အခြားသူတစ်ဦး သမ္မတဖြစ်လာမည်ကို စိုးရိမ်ဖွယ်ရာမရှိသည့်အပြင်၊ ပုဒ်မ ၅၉(စ)ကိုလည်း နဂိုရှိရင်းစွဲအတိုင်း မတို့ မထိထားနိုင်မည်ဖြစ်သည်။






--------------------------------------------------------------------


ဥပမာအားဖြင့် အဆိုပါခြွင်းချက်တွင် အမျိုးသား ခေါင်းဆောင်ကြီး၏သားသမီးလည်းဖြစ်ပြီး၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသူဖြစ် မည်ဆိုပါက ပုဒ်မ ၅၉(စ)ကို ကင်းလွတ်ခွင့်ရှိစေရမည် ဆိုသည့်ဖော်ပြချက် မျိုးဖြစ်သည်။ ပုဒ်မ ၅၉(စ)ကို ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းဆိုင်းငံ့သည့်နည်းလမ်း၊ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်သည့်နည်းလမ်း တို့ထက် ပုဒ်မ ၅၉(စ)တွင် ဖော်ပြပါခြွင်းချက်ဖြည့်စွက်သည့်နည်းလမ်းကို ဦးစားပေး၊ စဉ်းစားသင့်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်ဆွေးနွေးသောအခါ ခြွင်းချက်ဖြည့်စွက်အဖြေရှာ မည့်နည်းလမ်းကို ဆွေးနွေးသင့်ကြောင်း တိုက်တွန်းအကြံပြုလိုပါသည်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်၊ ပြည်ထောင်စုလွှတ် တော်တွင် အရေးကြီးအဆိုတင်သွင်းလျက်၊ ပုဒ်မ ၅၉(စ)ကို ဆိုင်းငံ့သည့် နည်းလမ်းအား ဖော်ဆောင်လာနိုင်ခြေနည်းပါးသည်ဟု သုံးသပ်မိပါသည်။
အဆိုပါနည်းလမ်းကို တပ်မတော်အနေဖြင့် သဘောတူထောက်ခံနိုင်ခြေ နည်းပါးသည့်အလျောက်၊ လူထုခေါင်းဆောင်အနေဖြင့် သတိကြီးကြီးထား ချဉ်းကပ်စဉ်းစားလိမ့်မည်ဟု ယုံကြည်မိသည်။
တပ်မတော်အနေဖြင့် ထောက် ခံမည်ဆိုပါကလည်း၊ လွှတ်တော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မ တစ်ခုခုကို ကိုယ်စားလှယ်အများစု၏ထောက်ခံချက်ကိုကိုင်စွဲလျက်၊ ဆိုင်းငံ့ နိုင်လာမည်ဆိုလျှင် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏အထက်သို့ ရောက်ရှိသွားမည့်ကိန်းဆိုက်သွားနိုင်ခြေရှိသည်ကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါသည်။

အချုပ်အားဖြင့်ဆွေးနွေးရလျှင်၊ လတ်တလောဖွဲ့စည်းပုံအခြေခံဥပဒေအကျပ် အတည်းကို ဖြေရှင်းနိုင်မည့် အကောင်းဆုံးနည်းလမ်းတစ်ခုမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ခေါ်ယူကျင်းပခြင်းပင်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှု နှင့်လုံးဝမဆက်စပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြစ်သည်။
၂၀ဝ၈ခုနှစ်ပြည် လုံးကျွတ်ဆန္ဒခံယူပွဲတွင် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုထောက်ခံခဲ့ သည်ဟုဆိုသည့် ၉၂.၄၈ ရာခိုင်နှုန်းသည် မှန်၊ မမှန်ပြန်ဆန်းစစ်မည့် ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကို ခေါ်ယူကျင်းပခြင်းပင်ဖြစ်သည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြန်လည်ကျင်းပရေးအဆိုကို ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထောင် စုလွှတ်တော်တွင် အဆိုတင်သွင်းရမည်ဖြစ်သည်။ အဆိုပါလမ်းကြောင်းကို တပ် မတော်အနေဖြင့် မကန့်ကွက်ရန် ကြိုတင်သဘောတူညီမှုရယူထားရန်လည်း လိုအပ်မည်ဖြစ်သည်။

လေးစားလျက်-
ဒေါက်တာရန်မျိုးသိမ်း





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org