ကောလာဟလသတင်းများနဲ့ နိုင်ငံရေးချိန်ခွင်လျှာ

U Ravika(24 January 16)




--------------------------------------------------------------------


ကောလာဟလသတင်းအရ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တ ော်ဥက္ကဋ္ဌ ဖြစ်လာမယ်လို့ ဆိုပါတယ်။
ဦးဝင်းမြင့်ရဲ့ ဒုဥက္ကဋ္ဌအတွက် USDP က ကချင်တစ်ယောက်နဲ့ မန်းဝင်းခိုင်သန်းရဲ့ ဒုဥက္ကဋ္ဌအဖြစ် ရခိုင်တစ်ယ ောက်ကို ခန့်အပ်မယ်လို့ ခပ်ကြီးကြီးသတင်းဌာနတစ်ခုကို NLD စီအီးစီဦးညာဏ်ဝင်း ပြောပြခဲ့တယ်။
ဒါကို ဦးဝင်းထိန်က ငြင်းပါတယ်။ အတည်မပြုဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ တပ်မတော်ဘက်က တစ်မတ်သားကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ခဲ့ပါပြီ။
ပညာတတ်တပ်မတော်သားတွေ အများအပြား ပါလာတယ်။ ထူးခြားတာကတော့ တပ်ချုပ်ကြီးဟောင်းရဲ့ သမက် ဗိုလ်မှူးချုပ်သိန်းနိုင်လည်း ပါလာခဲ့ပါတာပါပဲ။
ဒါဟာ ဒေါ်စုနဲ့ တပ်ချုပ်ကြီးဟောင်းတို့ကြားက သဘောတူညီချက်နဲ့များ သက်ဆိုင်နေမလားလို့ အချို့က ခန့်မှန်းပြောဆို နေကြပါတယ်။

အခြားကောလာဟလသတင်းများကတော့ ပထမမှာ ဘဘဦးတင်ဦးက သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစားထိုးသွားမယ်လို့ ဆိုပါတယ်။
ပညာရေးဝန်ကြီးအဖြစ် ဒေါက်တာအောင်သူ၊ သာသနာရေးဝန်ကြီးအဖြစ် သူရအောင်ကို၊ ပြန်ကြားရေးဝန်ကြီးအဖြစ် ဦးဝင်းထိန်၊ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဦးညာဏ်ဝင်း....စသည် စသည် ခန့်မှန်းကြပါတယ်။
ဒါကိုလည်း NLD က ငြင်းမှာ အသေအချာပါပဲ။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုပြီး အစိုးရအဖွဲ့ကို အလွှာပေါင်းစုံက လူတွေ ပါဝင်နိုင်အောင် ဂရုတစိုက် ရွေးချယ်နေတယ်လို့ ဆိုပါတယ်။
ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့သာ ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ဦးဝင်းထိန်က ပြောပါတယ်။






--------------------------------------------------------------------


ရွေးကောက်ပွဲမတိုင်မီက NLD အနေနဲ့ တိုင်းရင်းသားအရေးကို ဦးစားပေးမယ်လို့ ပြောခဲ့ပေမဲ့ အခုအချိန်အထိ တိုင်းရင်းသားပါတီများနဲ့ တွေ့ဆုံညှိနှိုင်းမှုများ မလုပ်ရသေးဘူးလို့ ဆိုပါတယ်။
ရွေးကောက်ပွဲမှာ NLD ကို ရှုံးနိမ့်ခဲ့တဲ့ တိုင်းရင်းသားပါတီများဆီက အသံတိတ်ဆိတ်လျက်ရှိနေပြီး NLD နဲ့ နင်လား ငါလား ယှဉ်ပြိုင်နိုခဲ့တဲ့ ANP နဲ့ SNLD ပါတီတို့ဆီက အသံဗလံအချို့ ထွက်ပေါ်လျက်ရှိပါတယ်။

ANP ကတော့ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးလည်းဖြစ်၊ ANP လည်းဖြစ်တဲ့ ဝန်ကြီးချုပ်ကို ခန့်အပ်ဖို့ တောင်းဆိုထားပြီး လက်မခံပါက အတိုက်အခံပါတီအနေနဲ့ ရပ်တည်သွားမယ်လို့ ကျေညာချက်ထုတ်ပြန်ထားတယ်။
SNLD ကတော့ NLD အစိုးရသစ်မှာ ဂုဏ်ပြုခံရာထူးလောက်ပဲ တောင်းခံနေခဲ့ရင် တိုင်းပြည်အတွက် နှောင့်နှေးစေမယ်လို့ ဆိုပါတယ်။ စိုင်းညွန့်လွင်ရဲ့ သဘောထားမှာ NLD ကို ဘာဖိအားမှ မပေးဘဲ NLD အစိုးရကို ထောက်ခံအားပေးကြဖို့ ဖြစ်တယ်။

NLD အစိုးရကို အနှောင့်အယှက်ပေးရင် ဟိုလူဟောင်းတွေ တကျော့ပြန်လာမှဖြင့် တိုင်းရင်းသားတွေကလည်း ရှင်သန်ဖို့ မလွယ်ဘူးဆိုတဲ့ သဘောပါ။
ဒီနေရာမှာ NLD ထောက်ခံသူအချို့က ရခိုင်တွေကို ရှမ်းချီးကျွေးချင်တယ်လို့ ရေးကြပါတယ်။
ဒါ အင်မတန်မှ မှားပါတယ်။ ရှမ်းမှာလည်း ရှမ်းအကျိုးစီးပွားနဲ့ပါ၊ ရခိုင်မှာလည်း ရခိုင်အကျိုးစီးပွားနဲ့ပါ။
အဆိုပါပြည်နယ်နှစ်ခုရဲ့ ပထဝီနိုင်ငံရေးကလည်း မတူကြပါ။
မိမိအမြင်အရ NLD ပါတီအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်တပ်ကိုတောင် စည်းရုံးနေခဲ့သေးတာပဲ။
ANP ကို ဘာကြောင့် မစည်းရုံးနိုင်ရမှာလဲ၊ စည်းရုံးဖို့ လိုအပ်ပါတယ်။
NLD ရဲ့ ဆောင်ရွက်မှုကို NLD ကို မဲပေးခဲ့ကြတဲ့ အခြားပြည်နယ်များလည်း အကဲခတ်နေကြမှာမို့ပါ။






--------------------------------------------------------------------


-မိမိအနေနဲ့ ဒီလိုမြင်ပါတယ်။ NLD အစိုးရအဖွဲ့မှာ ဘယ်သူက ဘာတာဝန်ကို ရယူမယ်ဆိုတဲ့ကိစ္စကို စိတ်မဝင်စားပါ။
ပြည်နယ်တွေမှာ ဘယ်သူက ဝန်ကြီးချုပ်တက်လုပ်မလဲဆိုတဲ့အချက်ကိုလည်း စိတ်မဝင်စားပါ။
ဘာကြောင့်လဲဆိုခဲ့ရင်-
(၁) NLD အစိုးရ အလုပ်လုပ်ရတာ လွယ်ကူအောင်လို့၊
(၂) သမ္မတနဲ့ ဝန်ကြီးချုပ်တက်ဖြစ်ရင်လည်း ဘာအခွင့်အာဏာမှ ရှိလှတာ မဟုတ်လို့ပါ။
မိမိ စိတ်ဝင်စားတာက ဖွဲ့စည်းပုံအရ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်တစ်ခုကို ရအောင် ရေးဆွဲကြဖို့ ဖြစ်တယ်။
အခု လွှတ်တော်ထဲ ပညာတတ်ဗိုလ်ချုပ်တွေ ရောက်လာတယ်။ နောက်ပြီး သန်းရွှေရဲ့ သမက်ပါ ပါလာတယ်။
NLD အစိုးရကို စိန်ခေါ်နေတဲ့ ကလောင်ရှင်အချို့ကလည်း
"NLD အစိုးရက ဒေါ်စုကို သိပ်အားကိုးလွန်းနေတယ်၊ ဒေါ်စုက စကားတစ်ခွန်းဟလိုက်တာနဲ့ တိုင်းရင်းသားတွေက လက်နက်ချမယ်လို့ ထင်နေကြပုံပဲ၊ တိုင်းရင်းသားတွေနဲ့ ဆက်ဆံရတာ မလွယ်ဘူးဆိုတာ မကြာခင် သိရပါလိမ့်မယ်"လို့ ရေးကြပါတယ်။

ဒီလိုပြောခြင်းမှာ အကြောင်းရှိပါတယ်။
NLD ဟာ ၁၉၈၉ ခုနှစ်က တစ်ခါ၊ ၁၉၉၆ ခုနှစ်က တစ်ခါ၊
၂၀ဝ၄ ခုနှစ်က တစ်ခါ၊
၂၀ဝ၉ ခုနှစ်က တစ်ခါ၊
အခုနောက်ဆုံး ၂၀၁၅ ခုနှစ်မှာ တစ်ခါ
တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးခဲ့ပါတယ်။

ရွေးကောက်ပွဲအောင်နိုင်ပြီးတဲ့နောက်ပိုင်းမှာလည်း အရင်လိုပဲ ၂၁-ရာစုနဲ့အညီ ပင်လုံညီလာခံတစ်ခုကို ကျင်းပမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မြွက်ကြားခဲ့တယ်လို့ ဆိုပါတယ်။
UNFC အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကလည်း NLD အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သံသယမရှိကြောင်း မှတ်ချက်ပေးခဲ့ကြပြီဖြစ်တယ်။
ဒီတော့ NLD အစိုးရအနေနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခုကို ထူထောင်ဖို့ အာသီသရှိကြောင်း သိနိုင်ပါတယ်။
ဒါပေမဲ့ အခု လွှတ်တော်ရောက်လာမဲ့ ပညာတတ်တပ်ကိုယ်စားလှယ်တွေက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကိစ္စကို ရှေ့တန်းတင်ပြီး တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို အဟန့်အတားလုပ်ပြီး ဆွေးနွေးကြပါလိမ့်မယ်။
တိုင်းရင်းသား များအနေနဲ့ ဒါကို မြင်တတ်ဖို့ လိုပါ့မယ်။






--------------------------------------------------------------------


- စစ်အုပ်စုကလောင်ရှင်အချို့ ပြောသလို NLD အစိုးရအတွက် စိန်ခေါ်မှုတွေ မနည်းလှပါ။ တိုင်းရင်းသားအရေးလည်း ပါသလို မြစ်ဆုံစီမံကိန်း၊ ဘင်္ဂလီပြဿနာ၊ ခရိုနီပြဿနာ၊ ဦးပိုင်ပြဿနာ ၊ ပညာရေးသပိတ်ပြဿနာ စသည် စသည် အများကြီးပါပဲ။ ဖွတ်အစိုးရက ဘာတစ်ခုမှ ဖြေရှင်းမသွားတဲ့ ပြဿနာတွေပါ။ အချိန်ဆွဲဆွဲပြီး ချန်ထားခဲ့တဲ့ ပြဿနာတွေပါပဲ။ ဒီပြဿနာတွေဟာ NLD အစိုးရအတွက် အားလုံးက အချိန်ကိုက်ဗုံးတွေလိုပါပဲ။ နောက်ပြီး စီးပွားရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာလည်း ခရိုနီနဲ့ဦးပိုင်တွေ ပိုင်တဲ့ ကျောက်မျက်တွင်း၊ သစ်ထုတ်လုပ်ရေးကနေ ဒေါ်လာဘီလီပေါင်းများစွာ စာရင်းမပေါက်ခဲ့ပါ။ အခွန်လည်း မဆောင်ခဲ့ပါ။ အခု ရခိုင်ဓာတ်ငွေ့အပါအဝင် ဓာတ်ငွေ့ကနေ ရရှိတဲ့ ဝင်ငွေဒေါ်လာဘီလီယံပေါင်းများစွာထဲက (၅၁)ရာခိုင်နှုန်းဟာ ဘဏ္ဍာရေးဝန်ကြီးဌာနကို စာရင်းမပေါက်ဘဲ ကြွက်တွင်းထဲ ရောက်ကုန်ကြပါတယ်။ ဒါကို ဘယ်သကောင့်သား ရဲမိုးရောင်းရင်းတွေကမှ မရေးကြပါ။ ဘယ်ဘစိုးကမှ မစိစစ်ကြပါ။ မဆလ၊ နဝတ၊ နအဖ၊ ဖွတ်အစိုးရကို ဖာထေးတဲ့ ဆောင်းပါးတွေကိုပဲ တင်နေကြပါတယ်။ အမှန်မှာ တိုင်းပြည်ကို ဒီလောက် ဖျက်ဆီးခဲ့ကြတယ်၊ တိုင်းပြည်ကို ဒီလောက်ဖောက်ထွင်းခိုးယူခဲ့ကြတယ်၊ တိုင်းပြည်ကို ပြုပြင်ဖို့ အားထုတ်နေသူများကိုလည်း ပါးပါးလေး လှီးနေကြသေးတယ်ဆိုတော့ ဒီလူတွေမှာ လူ့စိတ်ဆိုတာ မရှိ၊ ဘီလူးစိတ်သာ ရှိပါတယ်။ အခုလည်း ဖက်ဒရယ်စနစ်ကို ပါးပါးလေး လှီးနေကြပါပြီ။ ဒါကြောင့် တိုင်းရင်းသားတွေဟာ မိမိတို့ရဲ့ ရန်သူအစစ်အမှန်ကို သိထားရမယ်။ တိုင်းပြည်ရဲ့ ရန်သူအစစ်အမှန်ကို သိထားရမယ်။ NLD အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်ရမှာပါ။ ဒါပေမဲ့ မိမိတို့အနေနဲ့ အဆိုပါစစ်အုပ်စုကို ချိန်ခွင်လျှာညှိဖို့ အမြဲတမ်း ကြိုးစားနေရမှာ ဖြစ်တယ်။ မျက်ခြည်မပြတ်ကြဖို့ လိုပါ့မယ်။





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org