အပြောင်းအလဲနှင့် သဘောထားကြီးခြင်း

ညီစစ်ငြိမ်း(20 December 15)




--------------------------------------------------------------------


အခုတစ်လော ပုဂ္ဂလိကသတင်းစာတွေမှာ ကျွန်တော်တို့ပြည်သူတွေအတွက် မင်္ဂလာရှိတဲ့ သတင်းတွေကို ဆက်တိုက်ဖတ်နေရ ပါတယ်။ နိုင်ငံထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံမှုတွေ၊ အပြန်အလှန်ဆွေးနွေးထုတ်ပြန်မှုတွေကို လပိုင်း၊ ရက်ပိုင်းအတွင်းမှာ မြင်တွေ့နေရတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်အလင်းရောင်တောက်ပလာတော့မယ့်နိမိတ်လို့ မြင်မိပါတယ်။

အပြုသဘောဆောင်ခဲ့တဲ့ တွေ့ဆုံမှုတွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေ လို့ ပြည်သူတစ်ယောက်အနေနဲ့ ဆုတောင်းမိပါတယ်။ ကျွန်တော် တို့နိုင်ငံမှာ ပြေပြေလည်လည်နဲ့ အပြုသဘောဆောင်မှုတွေကို မ တွေ့မြင်ခဲ့ရတာဟာ တော်တော် ကြာခဲ့ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ ပြည် သူတွေရင်ထဲမှာ ဘာများဖြစ်ကြ ဦးမလဲ မသိဘူးဆိုတဲ့ အပူလုံးကြီး ဟာ အနည်းနဲ့အများရှိခဲ့ကြပါ တယ်။ ရွေးကောက်ပွဲပြီးလို့ နောက်နေ့တွေမှာလည်း အပူလုံးတွေက လုံးလုံးလျားလျားမကျခဲ့သေးပါ ဘူး။ အတိတ်က အရိပ်ဆိုးတွေ ထပ်ကျလာဦးမလားဆိုတဲ့ အ တွေးတွေက အနည်းနဲ့အများဝင် နေခဲ့ကြပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲကြီး က တည်တည်ငြိမ်ငြိမ်နဲ့ ပြီးစီးခဲ့ သလို အပြောင်းအလဲကို လိုချင် နေတဲ့ ပြည်သူလူထုရဲ့ မဲရလဒ်ကို လည်း အေးဆေးတည်ငြိမ်စွာနဲ့ ထုတ်ပြန်နိုင်ခဲ့တာကို တွေ့ခဲ့ရပါ တယ်။ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်းရက်တွေမှာ နိုင်ငံ့ထိပ်ပိုင်း ခေါင်းဆောင်တချို့ရဲ့ အတိုက်အ ခံပါတီအပေါ် ချီးကျူးဂုဏ်ပြုမှု တွေကို သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်တွေ့ခဲ့ရသလို အောင်ပွဲရပါတီအနေနဲ့ ပါတီဝင် တွေနဲ့ ပြည်သူတွေအပေါ် အလွန် အကျူးအောင်ပွဲမခံဖို့၊ ရှုံးတဲ့သူကို လေးစားတတ်ဖို့စတဲ့ ထုတ်ပြန် ချက်တွေနဲ့အတူ စည်းစနစ်ရှိရှိ နေပြသွားတဲ့ ပြည်သူတွေရဲ့ နေထိုင် မှုပုံစံဟာလည်း တကယ့်ကို ချီးကျူးစရာပါ။






--------------------------------------------------------------------


ဆက်တိုက်ဆိုသလို အနာ ဂတ်နိုင်ငံရေးအတွက် နိုင်ငံတော် ကို လက်ရှိဦးဆောင်နေတဲ့ လူကြီး များနဲ့ တွေ့ဆုံခွင့်တောင်းပြီး သတ်မှတ်ကာလထက် ဆောလျင်စွာနိုင်ငံ့ဦးဆောင်သူတွေရဲ့ တွေ့ဆုံဆွေးနွေးရေးတွေဟာ လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်လာခဲ့သလို ကောင်းမွန်တဲ့ ရလဒ်တွေထွက်ပေါ်လာလိမ့်မယ်ဆိုတာကိုလည်း ပြည်သူအများစုက ယုံကြည်လျက်ရှိနေပါတယ်။ မထင်မှတ်ထားတဲ့ သူတွေနဲ့ ထင်မထားတဲ့ အခြေအနေတွေကြားမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် တွေ့ဆုံမှုတွေဟာ ပြည်သူလူထုကို များစွာအံ့သြစေခဲ့ပါတယ်။

အနိုင်ရပါတီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့ အောင်ပွဲရ ကိုယ်စားလှယ်တွေအပေါ် ထုတ် ပြန်လိုက်တဲ့ စည်းကမ်းချက်တွေ နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အပြောင်းအလဲ ညင်သာရေးနဲ့ ချောမွေ့ရေးအတွက် ဝန်ထမ်းများနဲ့ အစိုးရအဖွဲ့ဝင်များကို မှာကြား ညွှန်ကြားထားတယ်ဆိုတာတွေ ကိုလည်း ပြည်သူတွေအနေနဲ့ ပီတိဖြစ်ရပါတယ်။

ဒီအတောအတွင်းမှာ တိုင်းပြည်ရဲ့ ခေါင်းဆောင်တွေ သဘောထားကြီးကြီးနဲ့ နိုင်ငံ့အနာဂတ်ကို ဖော်ဆောင်တဲ့ နေ့ရက်တွေလို့ပဲ ပြောရတော့မှာပါ။ ဒီလိုနေ့ရက်တွေနဲ့ အလှမ်းကွာခဲ့တဲ့ နှစ်တွေဆိုတာ မနည်းတော့ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကိစ္စတွေကို နိုင်ငံတွင်းက နိုင်ငံသားခေါင်းဆောင်တွေနဲ့ နိုင်ငံသူ နိုင်ငံသားတွေကသာ အဓိကပုံဖော်လို့ရနိုင်မှာပါ။ နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ မျက်နှာနဲ့ တိုင်းပြည်တိုးတက်ကြီးပွားရေးကို အားစိုက်လာပြီလို့ပဲ ပြောရတော့မှာပါ။ ဒါပေမဲ့ ရှေ့ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

‘‘တည်ငြိမ်အောင် ထိန်းထား တဲ့ ကမ္ဘာကြီးပြောင်းလဲသွားတယ် ဆိုရင် မငိုကြွေးပါနဲ့။ ပြောင်းလဲမှု ကင်းမဲ့နေတဲ့ အနေအထားတွေက သာ တကယ်ငိုရဖို့အကြောင်းပဲ’’ ဆိုတဲ့ ပြည်ပပညာရှင်တစ်ယောက် ရဲ့ အဆိုအမိန့်တစ်ခုကို သတိရမိ ပါတယ်။ လက်ရှိကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အရင်ကလို ပြောင်းလဲမှုဆိတ်သုဉ်း ခဲ့တဲ့ အခြေအနေတွေမဟုတ် တော့ပါဘူး။ တစ်စတစ်စနဲ့ ပြောင်းလဲလာနေတဲ့ အနေအထားလို့ မြင် မိပါတယ်။ အစဉ်တစိုက် မှန်မှန် ကန်ကန်နဲ့ အပြောင်းအလဲကို ဆက်လက် အကောင်ထည်ဖော်ဖို့ပဲ လိုအပ်တော့တာပါ။

အပြောင်းအလဲလို့ဆိုလိုက် တာနဲ့ သဘောထားကြီးမှုဆိုတာ ကပ်ပါလာတော့တာပါပဲ။ သ ဘောထားသေးရင်၊ အမြင်ကျဉ်း နေကြရင် တစ်ယောက်အပေါ်တစ် ယောက် အပြစ်ဖို့နေကြရင် အ ပြောင်းအလဲဆိုတာ ဝေးတတ်တဲ့ သဘာဝရှိပြီးသားပါ။ တခြား အရေးကိစ္စတွေထက် နိုင်ငံတစ်ခု ရဲ့ အပြောင်းအလဲကပိုပြီး သိမ် မွေ့ပါတယ်။ အပြောင်းအလဲအ တွက် ရန်ဖြစ်နေခဲ့ကြရင်၊ အ ပြောင်းအလဲကို လုယူနေခဲ့ကြရင် အပြောင်းအလဲ အစစ်အမှန်ကို ရ နိုင်မှာမဟုတ်ပါဘူး။ ပြည်သူတွေ နဲ့ တိုင်းပြည်ရဲ့ အကျိုးစီးပွားကို အရှည်ကြည့်ပြီး သဘောထားကြီး ကြီးနဲ့ ပူးပေါင်းဖော်ဆောင်ကြ မယ်ဆိုရင် စစ်မှန်တဲ့ အပြောင်းအ လဲကို မြင်တွေ့နိုင်မယ်လို့ ယုံကြည်မိပါတယ်။






--------------------------------------------------------------------


ဒီနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိတ်ကိုသင်ပုန်းချေပြီး အာဃာတအငြိုး အတေးကင်းစွာနဲ့ ရန်သူလို့ သ ဘောမထားဘဲ တိုင်းပြည်ကောင်း စားရေးအတွက်ပဲ ကြည့်မယ်၊ ဆောင်ရွက်မယ်ဆိုတာ သူ့ရဲ့ သဘောထားကြီးမှုကို ပြသလိုက် တာပါပဲ။ လူတိုင်းမှာ ပုဂ္ဂလိက အ ငြိုးအတေး၊ ပုဂ္ဂလိကခံစားချက် တွေကတော့ရှိတတ်ကြတာပါပဲ။ တိုင်းပြည်အရေးကိစ္စဆိုတာ သာမန်ပုဂ္ဂလိကဘဝတွေကို ရှေ့တန်းတင်နေလို့မရနိုင်ပါဘူး။ သဘောထားကြီးမှု၊ အနစ်နာခံမှုတွေပါမှကို ဖြစ်တော့မှာပါ။ ကျွန်တော်တို့နိုင်ငံက လူကြီးခေါင်းဆောင် တွေ သဘောထားကြီးလာပြီလို့ဆိုရမလို ရှေ့လျှောက် နိုင်ငံကောင်းစားရေးအတွက် သဘောထားကြီးကြီးနဲ့ ဆောင်ရွက်ကြရဦးမှာပါ။

သဘောထားကြီးမှုနဲ့ပတ် သက်လို့ အိမ်ကအဘိုးပြောပြတဲ့ ဖြစ်ရပ်လေးကို သတိရမိပါတယ်။ တစ်ခါက ပြင်သစ်နဲ့ အင်္ဂလိပ်တွေ စပိန်မှာ တိုက်ပွဲဖြစ်ကြတယ်တဲ့။ တိုက်ပွဲအတွင်းမှာ ပြင်သစ်မြင်းစီး စစ်သားတစ်ယောက်က အင်္ဂလိပ် စစ်ဗိုလ်တစ်ယောက်ကို ဓားနဲ့ခုတ် ဖို့ ပြေးထွက်သွားတော့ ရန်သူဖြစ် တဲ့ အင်္ဂလိပ်စစ်ဗိုလ်မှာ လက်တစ် ဖက်ပြတ်ပြီး ဒဏ်ရာအကြီးအ ကျယ်ရနေတာကို တွေ့လိုက်ရ တယ်တဲ့။ မြင်လိုက်ရတဲ့ မြင်ကွင်း ကြောင့် ပြင်သစ်မြင်းစီးစစ်သား ဟာ ဒဏ်ရာရထားတဲ့ အင်္ဂလိပ်စစ် ဗိုလ်ကို ဓားနဲ့မခုတ်တော့ဘဲ အ လေးပြုသွားတယ်ဆိုတဲ့ အကြောင်းကို အဘိုးက ပြောပြခဲ့တယ်။

စစ်မြေပြင်မှာတောင် သ ဘောထားကြီးခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ကြသေးတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာတော့ သဘောထားကြီးမှု တွေဟာ အစပြုလာခဲ့ပါပြီ။ အ တိတ်ဆိုတာ မေ့လို့မရတဲ့အရာ၊ မေ့ထားလို့လည်း ဖြစ်လို့မရတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့ လက်ရှိ အခြေအနေတစ်ခုကို အတိတ်က အရာတွေနဲ့ ငြင်းခုံနေကြရင် အ ပြောင်းအလဲက နှေးသွားနိုင်ပါ တယ်။ သဘောထားကြီးကြီးနဲ့ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး ပူး ပေါင်းဆောင်ရွက်ကြရင် အ ပြောင်းအလဲဆိုတာ ချောချောမွေ့မွေ့နဲ့ ရောက်လာနိုင်ပါတယ်။ နိုင်ငံနဲ့ ပြည်သူပြည်သားတွေအ တွက် သဘောထားကြီးပေးကြပါ လို့ ဦးဆောင်သူများကို တောင်း ဆိုချင်သလို မေတ္တာဖြင့် အပြန်အ လှန်ကြည့်ရှုနိုင်ပါစေလို့ ဆန္ဒပြုမိ ပါတယ်။ ။

ညီစစ်ငြိမ်း




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org