မြန်မာနိုင်ငံကနေ တရုတ်ကိုဖယ်ရှားနေတဲ့ အမေရိကန်

ထားထားမြင့်(8 December 15)




------------------------------------------------------- --------------

မြန်မာနိုင်ငံကနေ တရုတ်ကိုဖယ်ရှားနေတဲ့ အမေရိကန် ထားထားမြင့် ရခိုင်ပြည်နယ် မဒေးကျွန်းရှိ တရုတ်ရေနံပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းမှ ဂိုဒေါင်များ(ဓာတ်ပုံ−စိုးဇေယျာထွန်း/ရိုက်တာ)

တရုတ်နိုင်ငံက စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံတကာတွင်လူရာဝင့်ဆံ့လာလေ တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးက ပိုပြီးတင်းမာလာလေဖြစ် ပါသည်။ တရုတ်ခေါင်းဆောင် ပိုင်းအများစုက နိုင်ငံတကာတွင်သူတို့၏စစ်မှန်သော သြဇာလွှမ်းမိုးမှုကို ပြန်လည်ရယူရန်ဆုံးဖြတ် လိုက်သည့်အချိန်တွင် အမေရိကန် အစိုးရခေါင်းဆောင် အများစုက လည်း သူတို့၏လွှမ်းမိုးထားသည့်အနေအထားကို မပေးလိုသည့် သဘောရှိသည်။

သူတို့နှစ်နိုင်ငံကြား တင်းမာခါးသီးမှုတွေက ဆက်တိုက်ဖြစ်ပွား နေသည်။ သို့သော် မြန်မာနိုင်ငံတွင် သူတို့နှစ်ဦးက ယခုအချိန်အထိအကြမ်းပတမ်းမပါ အေးအေး ဆေးဆေး ရင်ဆိုင်ယှဉ်ပြိုင်နေကြ ၏။ ယခုအချိန်တွင်မူ အမေရိကန်နိုင်ငံဘက်က အနိုင်ရတော့မည့်ပုံရှိပါသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာစစ်တပ်က တိုင်း ပြည်ကို ရက်ရက်စက်စက်ဖိနှိပ် အုပ်ချုပ်ခဲ့ပါသည်။ အနောက် နိုင်ငံများက မြန်မာနိုင်ငံကို ဖယ်ကြဉ်ထားခြင်း၊ စစ်ဗိုလ်ချုပ်များကို ပိတ်ဆို့အရေးယူခြင်းများနှင့် တုံ့ပြန်ခဲ့၏။

ထိုအခါ စစ်တပ်ပူးပေါင်း ဆောင်ရွက်မှုနှင့် စီးပွားရေးကူညီ မှုရရန် မြန်မာစစ်အစိုးရက တရုတ်နိုင်ငံဘက်သို့ ခြေဦးလှည့်ခဲ့သည်။ သတ္တု၊ သစ်၊ ရေအရင်းအမြစ် စသော မြန်မာ၏သဘာဝသယံဇာတများကို လိုချင်နေသော တရုတ်နိုင်ငံကလည်း စစ်အစိုးရသဘော အတိုင်း ပျော်ပျော်ကြီးလုပ်ဆောင် ပေးခဲ့သည်။ မြန်မာလူမျိုးများ၏ အမြင်မှာပင်၊ မြောက်ဘက်က အိမ်နီးနားချင်းတရုတ်နှင့် အစိုးရ၏နီးစပ်ပတ်သက်မှုသည် အလွန်အကျွံတွေဖြစ်လာကြသည်။





------------------------------------------------------- --------------

ယခုနှစ်နိုဝင်ဘာတွင်ကျင်းပ ခဲ့သည့် တရားဝင်ရွေးကောက်ပွဲ ဖြစ်လာခဲ့သည်အထိ ၂၀ဝ၈ ၌ မြန်မာစစ်အစိုးရက နိုင်ငံရေး ပြု ပြင်ပြောင်းလဲမှုများကို တဖြည်း ဖြည်းစလုပ်ခဲ့သည်။ စစ်အစိုးရ အဖွဲ့ဝင်များက လွတ်လပ်သည့် ဒီမိုကရေစီစနစ်ဆီသို့ မျက်လှည့် ပြသလိုချက်ချင်းလိုလားပြောင်း လဲသွားသည်တော့မဟုတ်ပေ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မြန်မာက အလွန်အမင်း အားကိုး မှီခိုနေရမှုကို သူတို့ကလျှော့ချချင် ကြတာဖြစ်ပါသည်။

မြောက်ကိုရီးယားနိုင်ငံလိုပင် မြန်မာသည် နှစ်ပေါင်းများစွာ အများက ပထုတ်ခြင်း ခံထားရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့သည်။ မြန်မာသည် လူသားချင်း စာနာမှု အကူအညီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများစွာ ရရှိနိုင်သည့် နိုင်ငံများ ဖြစ်သော အမေရိကန်၊ ဥရောပနိုင်ငံများနှင့် အကန့်အသတ် ဆက်ဆံရေးသာရှိခဲ့ ၏။ထို့ကြောင့် အိမ်နီးနားချင်းနိုင်ငံများ ဖြစ်သည့် အာရှကျားများ အားကောင်း လာစဉ်မှာ မြန်မာက မလှုပ်မယှက် နောက်မှာအိပ်ပျော် ကျန်နေခဲ့၏။ တရုတ်နိုင်ငံနှင့် ပူးပေါင်းမှုကြောင့် စီးပွားရေး အခွင့်အလမ်းများ ရှိသော်လည်း ပေးဆပ်ရသည့် အရင်းအနှီးက ကြီးလွန်းလှ၏။ တစ်ဖက်သတ် မတရားမှုတွေကို ခံစားရ၏။ မြန်မာနိုင်ငံ တစ်ခုတည်းသာ သည်လို ခံစားရတာမဟုတ်။ နေရာတကာ အသာစီး ယူတတ်သည့် တရုတ်နိုင်ငံကြောင့် အာဖရိကမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာ ပြီး နိုင်ငံရေးပြဿနာ တစ်ခုလို ဖြစ်ခဲ့သည်။

မြောက်ကိုရီးယားကလည်း တရုတ်နှင့်ဆက်ဆံနေဆဲ ဖြစ်သော်လည်း သူတို့ လတ်တလော အများဆုံး ဆက်ဆံနေသည့် ရုရှားနိုင်ငံကဲ့သို့ မိတ်ဆွေနိုင်ငံသစ်များကို ဆက်လက် ရှာဖွေလာသည်။ မြန်မာအတွက်မူ အနောက် နိုင်ငံများဆီသို့ လမ်းဖွင့်ပေးလိုက်ခြင်းက သည်ပြဿနာ၏ အဖြေပဲ ဖြစ်သည်။ အရေးယူပိတ်ဆို့မှုတွေ ဖြေလျှော့ပေးခြင်း ခံရသည်။ မြန် မာကို လာရောက်လည်ပတ်ရန် နှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအတွက် အနောက်နိုင်ငံခေါင်းဆောင်များက အလျင်စလို ရောက်လာကြကုန်၏။

ကံမကောင်းအကြောင်း မလှစွာ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်များက နှေးကွေး နေပါသည်။ မည်သို့ပင်ဖြစ်စေ မြန်မာပြည်က ယခင်ခေတ်စနစ်ဆိုးထဲကနေ တဖြည်းဖြည်းရှေ့တိုး ပြောင်းလဲလာပါသည်။ စစ်တပ်အနေဖြင့် လိုလားတာတောင် ဒီမိုကရေစီဖြစ်စဉ်ကို နောက်ကြောင်းပြန်လှည့်ဖို့ အတော်ခက် ခဲပါလိမ့်မည်။ ဒီမိုကရေစီစနစ်တွင်မူ တရုတ်နိုင်ငံသည် မြန်မာ၏မရှိမဖြစ် ရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်ရှိနေမည် မဟုတ်တော့ပေ။

တရုတ်ကလည်း သည် အချက်ကိုသတိပြုမိခဲ့သည်။ နိုင်ငံရေးသုံးသပ်သူများနှင့် တက္က သိုလ်ကျောင်းသားများ သုတေသီ များ တစ်သဘောတည်းပြောကြား သည့်အချက်မှာ အမေရိကန် သည်မြန်မာနှင့်တရုတ်ဆက်ဆံ ရေးကို ကျဆင်းလာအောင်လုပ် နေသည်ဟုဆိုသည်။ မြန်မာနှင့် စေ့စပ်ညှိနှိုင်းလိုမှုတစ်ခုတည်းက ပင် အနောက်နိုင်ငံများကို ပထဝီ ချိန်ခွင်လျှာအနေအထားဦးတည် ရာပြောင်းလာအောင် ပြုလုပ်ပေး ခဲ့သည်။





------------------------------------------------------- --------------



တစ်ချိန်တည်းမှာပင် မြန်မာ -တရုတ်အပြန်အလှန်ဆက်ဆံ ရေးကလည်း အမျိုးမျိုးဖြစ်လာ နေသည်။ လွန်ခဲ့သောလေးနှစ်က မြန်မာသည် တရုတ်တို့က ငွေ ကြေးပံ့ပိုးထားသော ဧရာဝတီမြစ် ဆုံဆည်စီမံကိန်းကို ပယ်ဖျက်ခဲ့သည်။ ယခုနှစ်အစောပိုင်းကလည်းတရုတ်သစ်သမား ၁၅၅ ဦးကို ဖမ်းဆီးခဲ့၏။ သူတို့တွေကို ပြည်နှင်ဒဏ်မပေးမီမှာ တရားမဝင်သစ်ခုတ်မှုနှင့် မြန်မာအစိုးရက တရားစွဲအရေးယူခဲ့သည်။

မြန်မာနိုင်ငံကိုးကန့်ဒေသ တွင် သူပုန်ထကြွသူများက တရုတ် တိုင်းရင်းသားလူမျိုးနွယ်ဝင်များ ဖြစ်ကြပြီး စစ်ပြေးဒုက္ခသည် ၃၀,ဝ၀ဝ တရုတ်နိုင်ငံထဲသို့ နယ်စပ်ကျော်ကာပြေးကြ၏။ မတ်လတွင် ကိုးကန့်လက်နက်ကိုင်များ ကို ရည်ရွယ်တိုက်ခိုက်သော မြန်မာစစ်တပ်၏လေကြောင်း တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံ သားငါးဦးသေဆုံးပြီး ရှစ်ဦးဒဏ် ရာရခဲ့သည်။ မေလတွင် အမြောက်များဖြင့် တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားအချို့ထိခိုက်ဒဏ်ရာရခဲ့ကြသည်။ တရုတ်က နယ်စပ်တစ် လျှောက် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပြီး တုံ့ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ကျောက်စိမ်း၊ သစ်ကုန်ကူးခြင်းများ ကြာရှည်စွာလုပ် ဆောင်နေသော ကချင်နှင့် ‘ဝ’ သူပုန်အဖွဲ့များကို တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးအောင် တရုတ်က လုပ်ဆောင်နေသည်ဟု မြန်မာကစွပ်စွဲခဲ့၏။

နှစ်နိုင်ငံအကြား ဆက်ဆံ ရေးကိုစိုးရိမ်ပူပန်ပြီး တရုတ်အစိုး ရက ဇွန်လတွင် ဒေါ်အောင်ဆန်း စုကြည်ကို အလည်ဖိတ်ခေါ်ကြို ဆိုဧည့်ခံခဲ့သည်။ သည်အချက် သည် မြန်မာရွေးကောက်ပွဲအပေါ်နှင့် အတိုက်အခံတို့က နိုင်ငံရေးမှာ ပါဝင်ကိုင်တွယ်လာမှာကို စိုးရိမ် သည့် တရုတ်နိုင်ငံ၏ ပုံမှန်မဟုတ် သည့် ခြေလှမ်းတစ်ခုဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က တရုတ်နှင့်ဆက်ဆံရေးကောင်း မွန်တိုးတက်ချင်သည်ဟု သူ၏ ဆန္ဒကိုပြောကြားလင့်ကစား စစ် အစိုးရနှင့်နီးစပ်ခဲ့သလောက်သူတို့ အစိုးရက တရုတ်နှင့်နီးစပ်ရန် မဖြစ်နိုင်ပါ။

အိန္ဒိယနှင့်ဂျပန်နိုင်ငံတို့ကမူ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် များများစားစား တောင်းဆိုမှုများ မရှိပေ။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်သည် အင်အားကောင်း ခေတ်မီသည့် အနောက်နိုင်ငံစီးပွားရေးအသိုင်းအဝိုင်းနှင့် ဆက်ဆံ ရေးအားကောင်းရန် သိသိသာ သာအလေးထားသည်။ အကယ်၍ တရုတ်က မြန်မာနိုင်ငံတွင် ဆက်လက်ခြယ်လှယ်ကြီးစိုးနေပါက ၎င်းအနေဖြင့် နေအိမ်အကျယ်ချုပ်မှာသာ ဆက်နေရဖို့ရှိသည်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က သိထားသည်။

မြန်မာနိုင်ငံ၏ အပြောင်း အလဲသည် ယွမ် (သို့မဟုတ်) ဒေါ်လာစသောငွေကြေးလိုအပ် ချက်တစ်ခုတည်းကြောင့်မဟုတ်။ မည်သည့်နိုင်ငံကမှ အခြားအင် အားကြီးနိုင်ငံတစ်ခုကို နိုင်ငံရေး၊ ငွေကြေး၊ စစ်ရေးစစ်ရာမှာ လက် အောက်ခံနိုင်ငံအဖြစ် ဆက်ဆံခံ နေရတာကို မနှစ်သက်ပေ။မြန်မာ နိုင်ငံတွင် အမေရိကန်က စစ်အစိုး ရအား ကမ္ဘာ့စီးပွားရေးနှင့် ကူးလူး ဆက်ဆက်ဆံခွင့်ကိုသာ ပေးအပ်ခဲ့သည်။ စစ်သင်္ဘောတွေမစေ လွှတ်ဘဲ၊ ခြိမ်းခြောက်မှုတစ်ချက် မလုပ်ရဘဲနှင့် တရုတ်နိုင်ငံကို ထိရောက်စွာချိန်ခွင်လျှာညှိထား နိုင်မည့်နည်းကို အမေရိကန်က တွေ့ခဲ့လေပြီ။

ထားထားမြင့်
(Newsweek စာစောင်ပါ Cato Institute မှ အကြီးတန်းသုတေသီ Doug Bandow ၏ In Burma, America Is Easing Out the Chinese ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။)



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org