ကျောင်း​သား​တို့ ​နောက်​ကွယ်

Min Din(11 April 16)




--------------------------------------------------------------------


​ ​အ​လေး​အ​နက်​ပြော​ရ​ရင် ​မှန်း​ဆ​ချက်​တွေ ​ဖြစ်​လို့ ​လွဲ​နိုင်​တယ်​ဆို​တဲ့ ​ခံ​ယူ​ချက်​နဲ့ ​ဖတ်​ပေး​ပါ။
၁။ ​ကျောင်း​သား​တွေ (​ဗ​က​သ) ​ကြေ​ညာ​ချက်​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို (​လေး​စား​စွာ​မှတ်​တမ်း​တင်​အပ်​ပါ​သည်) ​ဆို​တာ​ပဲ ​ပါ​တယ်။ ​ကျေး​ဇူး​တင်​တယ် ​မ​ပါ​ဘူး။

​နောက် ​သူ​တို့ ​အ​ဖွဲ့​ဝင်​တွေ ​ခ​န​ခ​န ​ပြော​နေ​ကြ​တဲ့ ​ကျေး​ဇူး​တင်​မယ်​ဆို ​ပြည်​သူ​တင်၊ ​ဦး​သိန်း​စိန် ​တင် ​ဆို​တာ​တွေ​ကြည့်​မိ​ရင် ​သူ​တို့​ဟာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ကျေး​ဇူး​တင်​ရ​မှာ ​တော်​တော် ​ချိန်​ဆ​နေ​တဲ့​သ​ဘော​ရိှ​တယ်။
​ဟို​က​လည်း ​ကျေး​ဇူး​တင်​စ​ရာ ​လို​တယ်​မ​ပြော​ပါ​ဘူး။ ​ကိုယ်​တွေ​က​လည်း ​ကျေး​ဇူး​တင်​ပါ ​ဇွတ်​မ​တိုက်​တွန်း​ပါ​ဘူး။
​သို့​သော် ​ဘာ့​ကြောင့်​လဲ ​ဆို​တဲ့ ​သူ​တို့ ​စိတ်​အ​ခံ​ကို​တော့ ​မှန်း​ဆ​ကြည့်​ချင်​စိတ်​ပေါ်​လာ​တယ်

၂။ ​သူ​တို့​သည် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ကို ​ကျေး​ဇူး​ကြွေး ​အ​တင်​မ​ခံ​ချင်​တာ ​တစ်​ချက်​ပဲ ​ဖြစ်​နို်င်​တယ်။
​တ​ချိန်​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့ ​ထိပ်​တိုက်​တွေ့ ​စ​ရာ ​ရိှ​လာ​နိုင်​တဲ့ ​အ​တွက်​ကြောင့်​ပဲ။
​ပွင့်​ပွင့်​လင်း​လင်း​ပြော​ရ​ရင် ​သူ​တို့​ရဲ့ ​တောင်း​ဆို​ချက် ၁၁ ​ချက်​ကို​တောင်​မှ ​မျက်​နှာ​ဖုံး​အ​ဖြစ် ​မြင်​လာ​တယ်။

(​ပို့စ်​ထိပ်​ဆုံး​မှာ ​တင်​ထား​တဲ့ ​မှား​နိုင်​တယ် ​ဆို​တဲ့ ​စာ​ကို ​ပြန်​အ​မှတ်​ရ​ပါ) ၃။ ​သူ​တို့ ​တောင်း​ဆို​ချက်​ထဲ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့ ​ထိပ်​တိုက် ​ဖြစ်​လာ​စ​ရာ​သည် ​သ​မ​ဂ္ဂ ​ဖွဲ့​စည်း​ရေး​ပဲ ​ဖြစ်​လိမ့်​မယ်။
(​ညီ​လာ​ခံ ​ခေါ်​မယ် ​ဘာ​ညာ​သည်​လည်း ​သ​မ​ဂ္ဂ​ဖွဲ့​စည်း​ရေး​ပဲ ​ဖြစ်​လိမ့်​မယ်)
​ဘာ​ကြောင့် ​ထိပ်​တိုက် ​ဖြစ်​လာ​စ​ရာ​လဲ ​ဆို​ရင် ​သူ​တို့​သည် ​သ​မ​ဂ္ဂ​မှာ ​ကျောင်း​သား​တွေ ​မ​ဝင်​မ​နေ​ရ ​ဆို​တာ​မျိုး ​လုပ်​ချင်​မယ်။
​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​တ​ဦး​ချင်း​ရဲ့ ​ခံ​ယူ​ချက်​အ​ရ​ပဲ ​ဖြစ်​စေ​ချင်​လိမ့်​မယ်။
(​ဒီ​မို​က​ရေ​စီ ​စံ​နှုန်း​အ​ရ​ဆို​ရင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​မှန်​ပြီး ​သူ​တို့ ​မှား​တယ်။)

၄။ ​ဒါ့​အ​ပြင် ​သူ​တို့ ​တောင်း​ဆို​နေ​သော ​သ​မ​ဂ္ဂ​သည် ​ခေတ်​ဟောင်း ​ပုံ​စံ​ဖြစ်​နေ​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​လုပ်​ချင်​သော ​ပုံ​စံ​သည် ​နိုင်​ငံ​တ​ကာ ​စံ​နဲ့ ​ဖြစ်​ဖို့ ​များ​တယ်။
​ညီ​လာ​ခံ​ခေါ်​ပြီး​ရင် ​ဘာ​လုပ်​မ​လဲ ​တွေး​ကြည့်​တော့ ​သူ​တို့​သည် ​ဆ​ရာ​ကြီး​နေ​ရာ​က​နေ ​ဥ​က္က​ဌ၊ ​အ​တွင်း​ရေး​မှုး ​စ​သ​ဖြင့် ​ကျောင်း​သား​အ​ဖွဲ့​အ​စည်း​ကြီး​ရဲ့ ​ထိပ်​မှာ ​တက်​ထိုင်​ချင်​တာ​ပဲ​လို့ ​ယူ​ဆ​တယ်။
​ဒါ​ဆို​ရင် ​အင်​မ​တန်​ကြီး​မား​တဲ့ ​အင်​အား​ထု​ကြီး ​ထိပ်​မှာ​ရောက်​လို့ ​နိုင်​ငံ​ရေး​ပါ​ဝါ ​သိပ်​မြင့်​သွား​ပြီ။

၅။ ​ဒါ​ကြောင့်​ပဲ ​သူ​တို့ ​အ​ချိန် ​မ​စောင့်​ချင်​တာ ​ဖြစ်​လိမ့်​မယ်။ ​သ​မ​ဂ္ဂ ​စစ်​စစ်​တွေ ​ပေါ်​လာ​တဲ့​အ​ချိန်​ကျ​ရင် ​သူ​တို့ ​ကျောင်း​သား​မ​ဟုတ်​ရင် ​သူ​တို့​ဟာ ​ဘာ​ကောင်​မှ ​မ​ဟုတ်​တော့​ဘူး။
​ကို​အောင်​ဆန်း​တို့၊ ​ကို​နု​တို့​တောင် ​အ​ချိန်​တန်​ရင် ​ကျောင်း​သား ​သ​မ​ဂ္ဂ​ကို ​တွယ်​ကပ်​မ​ထား​ပဲ ​ဖယ်​ပေး​ခဲ့​တာ။
​သူ​တို့​က (​အ​ချို့​ပဲ ​ထား​ပါ​လေ) ​ကျောင်း​သား​ခေါင်း​ဆောင်​ဆို​ပြီး ​တွယ်​ကပ် ​ကျန်​နေ​ခဲ့​လိမ့်​မယ်။

၆။ ​ပြော​စ​ရာ ​တစ်​ခု​ပဲ ​ရိှ​ပါ​တော့​တယ်။
​နိုင်​ငံ​ရေး​မှာ ​ရိုး​သား​ပါ






--------------------------------------------------------------------



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org