​ကျွန်​တော်​တို့ ​ခွေး​ဖြစ်​ခဲ့​သ​လား

Tin Nyunt(24 February 16)




--------------------------------------------------------------------


​ဒီ​မ​နက်​လမ်း​လျှောက်​ရင်း ​ထူး​ထူး​ခြား​ခြား ​ဆ​ရာ​ကြီး ​ဒေါက်​တာ​သန်း​ထွန်း​ကို ​သ​တိ​ရ​မိ​တယ်။
​လမ်း​မှာ ​တွေ့​လိုက်​ရ​တဲ့ ​လမ်း​လျှောက်​နေ​တဲ့​လူ​တစ်​ယောက်​ဟာ ​ဆ​ရာ​ကြီး ​ပုံ​စံ​အ​တိုင်း​ပဲ။
​ဆ​ရာ​ကြီး​ကို ​မ​ကွယ်​လွန်​မီ​က ​တွေ့​ဖူး​တယ်။ ​ခိုး​ကြည့်​ရ​တာ။ ​စ​ကား​တောင်​သွား​မ​ပြော​ရဲ​ပါ​ဘူး။
​ဆ​ရာ​ကြီး​က ​ကျွန်​တော့် ​သင်​ဆ​ရာ​မ​ဟုတ် ​ပါ​ဘူး။ ​ဒါ​ပေ​မဲ့ ​မြင်​ဆ​ရာ၊ ​ကြား​ဆ​ရာ​ပါ။

​ဒီ​လို​ပြော​လို့ ​ဆ​ရာ​ကြီး​ကို ​ခု​တုံး​လုပ်​စ​ရာ ​ဘာ​မှ​အ​ကြောင်း​မ​ရှိ​ဘူး။ ​ပ​ညာ​ရှင်​ကို​လေး​စား​ပြီး ​တန်​ဖိုး​ထား​တာ​ပဲ​ရှိ​တယ်။
​ဆ​ရာ​ကြီး​က ​သူ့​ကို ​ပ​ညာ​ရှင်​လို့​ပြော​ရင် ​တစ်​နေ​ရာ​က​နေ ​ကျွန်​တော့်​ကို ​ဆဲ​များ​နေ​မ​လား​မ​သိ​ဘူး။
​ဘာ​ကြောင့်​လည်း​ဆို​တော့ ​ဆ​ရာ​ကြီး​က ​သူ့​ကိုယ်​သူ “​ပ​ညာ​သေ” ​လို့ ​အ​မြဲ ​ပြော​နေ​တတ်​တာ။

​ကျွန်​တော်​တို့ ​အ​လယ်​တန်း​ကျောင်း​သား၊ ​အ​ထက်​တန်း​ကျောင်း​သား​တွေ​ဘ​ဝ​က ​သ​မိုင်း​ကို ​ကျယ်​ကျယ်​ပြန့်​ပြန့် ​ သင်​ကြ​ရ​တယ်။
​က​မ္ဘာ့​သ​မိုင်း​တစ်​အုပ်၊ ​မြန်​မာ့​သ​မိုင်း​တစ်​အုပ်၊ ​က​မ္ဘာ့​သ​မိုင်း​သင်​တာ​က ​ဆ​ရာ​တစ်​ယောက်၊ ​မြန်​မာ့​သ​မိုင်း​ သင်​တာ​က ​ဆ​ရာ​တစ်​ယောက်​ခွဲ​ထား​တယ်။
​စာ​မေး​ပွဲ​ဖြေ​ရင်​လည်း ​က​မ္ဘာ​နဲ့​မြန်​မာ​ကို ​တစ်​ဝက်​စီ ​ဖြေ​ကြ​ရ​တယ်။






--------------------------------------------------------------------


​ကျွန်​တော်​က ​က​မ္ဘာ့​သ​မိုင်း​ကို ​ပို​ကြိုက်​တယ်။
​ဘာ​ကြောင့်​လည်း​ဆို​တော့ ​သင်​တဲ့​ဆ​ရာ​က ​က​မ္ဘာ့​သ​မိုင်း​ကို ​လက်​တန်း​ပြော​သင်​တာ​တွေ​က ​အံ့​ဩ​စ​ရာ​တွေ​ဖြစ်​နေ ​လို့​ပဲ။
​ပြင်​သစ်​တော်​လှန်​ရေး ​အဲ​ဒီ​အ​ချိန်​က​တည်း​က ​စိတ်​ဝင်​စား​တယ်။
“​ပေါင်​မုန့်​မ​ရှိ​ရင် ​ကိတ်​မုန့်​စား​ပါ​လား” ​လို့​ပြော​တဲ့ ​ဘု​ရင်​မ​အ​ကြောင်း​ကို ​ဆ​ရာ​က ​ပီ​ပြင်​အောင် ​သင်​နိုင်​တယ်။

​ပ​ဒေ​သ​ရာဇ်​စ​နစ်​မ​ကောင်း​ကြောင်း​တွေ ​ပြော​ပြ​နိုင်​တယ်။ ​ဒါ​ပေ​မဲ့ ​ဆို​ရှယ်​လစ်​ခေတ်​မှာ ​ဆို​ရှယ်​လစ်​စ​နစ်​ကောင်း​ ကြောင်း ​ဘယ်​တော့​မှ ​မ​ပြော​ဘူး။ ​အာ​ဏာ​ရှင်​တွေ​ဟာ ​ဘယ်​တော့​မှ ​လူ​တွေ​ဖြစ်​လာ​မှာ ​မ​ဟုတ်​ဘူး။ ​
ဘာ​ကြောင့် ​လည်း​ဆို​တော့ ​သေ​နတ်​ကိုင်​လိုက်​တာ​နဲ့ ​လူ​စိတ်​ပျောက်​သွား​တတ်​ကြ​လို့​ပဲ​ဆို​တာ ​အ​မြဲ ​ပြော​တယ်။

​ဗိုလ်​နေ​ဝင်း​အ​စိုး​ရ​တက်​လာ​တော့ “​စ​နစ်​သစ်​ပ​ညာ​ရေး” ​ဆို​တာ​တွေ ​လုပ်​လာ​သ​ဗျ။ ​ဘာ​ကြောင့်​လည်း ​ဆို​တော့ ​စ​နစ်​ဟောင်း​လို့ ​သူ​ထင်​တဲ့ ​ပ​ညာ​ရေး​မှာ​က ​တော်​လှန်​ရေး​တွေ ​ပါ​နေ​တာ​ကိုး။ ​သ​မိုင်း​တွေ​ကို​ဖျောက်​တယ်။

​က​မ္ဘာ့ ​သ​မိုင်း​တွေ​ကို ​ရော​တော​တော ​ယောင်​တောင်​တောင်​ဖြစ်​အောင် ​ပြ​ဋ္ဌာန်း​တယ်။
​ဆို​ရှယ်​လစ်​သ​မိုင်း​တွေ၊ ​ဆို​ရှယ်​လစ်​အ​တွေး​အ​ခေါ်​တွေ ​ရိုက်​သွင်း​နိုင်​အောင် ​ကြိုး​စား​တယ်။
​အဲ​ဒီ​အ​ချိန်​မှာ ​ဆ​ရာ​ကြီး ​ဒေါက်​တာ ​သန်း​ထွန်း​ပြော​သွား​ဖူး​တဲ့ ​စ​ကား​ကို ​ဒီ​မ​နက် ​သ​တိ​ရ​နေ​မိ​တယ်။






--------------------------------------------------------------------


“​စ​နစ်​သစ်​ပ​ညာ​ရေး ​စ​တော့​မယ်​ဆို​တော့ ​တို့​ကို ​ညှိ​နှိုင်း ​အ​စည်း​အ​ဝေး​ခေါ်​တယ်​ကွ။
​သူ​တို့​က ​သိ​ပၸံ ​ဘာ​သာ​ရပ်​ကို ​အား​ပေး​မယ်၊ ​သ​မိုင်း​ကို ​သင်​ဖို့ ​မ​လို​ဘူး​ဆို​တာ​တောင် ​ပြော​လာ​ကြ​တယ်။
​အ​စည်း​အ​ဝေး​မှာ ​ငါ​က​ပြော​တယ်။ ​သ​မိုင်း​ကို ​မ​သင်​ရင် ​မ​သင်​ကြ​နဲ့၊ ​သ​မိုင်း​ဆ​ရာ​တွေ​ကို ​အ​လုပ်​ဖြုတ်​ပစ်​လိုက်။
​လူ ၃၀၀ ​လောက် ​ထ​မင်း ​ငတ်​သွား​မယ်။
​ဒါ​ပေ​မဲ့ ​သ​မိုင်း​ကို ​မ​သင်​ဘူး​ရင် ​နောင် ​အ​နှစ် ၂၀ ​ကြာ​တဲ့​အ​ခါ ​နိုင်​ငံ​ဟာ ​ခွေး​ဖြစ်​သွား​မယ် ​လို့ ​ငါ​ပြော​လိုက်​တယ်” ​လို့ ​ဆ​ရာ​ကြီး​က ​ဆို​ခဲ့​ကြောင်း ​မှတ်​သား​ရ​ဖူး​ပါ​တယ်။

​ဗိုလ်​နေ​ဝင်း ​အ​စိုး​ရ​တက်​ခဲ့​တာ ၁၉၆၂ ​က​နေ ၁၉၈၈ ​ခု​နှစ်​အ​ထိ​ဆို​တော့ ၂၆ ​နှစ်​လောက်​ကြာ​သွား​တယ်။
​ဆ​ရာ​ကြီး ​ပြော​တဲ့​နှစ်​နဲ့ ​ကွက်​တိ​လောက်​ပဲ။ ​ခွေး​ဖြစ်​ကုန် ​တယ်။
​နောက်​ထပ် ​စစ်​အ​စိုး​ရ ​ထပ်​တက်​လာ​ပြန်​တယ်။
​သ​မိုင်း​ကို ​ကျ​ကျ​န​န ​သ​မိုင်း​မှန်​တွေ ​သင်​ရ​မ​လား​လို့ ​မျှော်​လင့်​တယ်။
​နောက်​ထပ် ​နှစ်​ပေါင်း ၂၀ ​ထပ်​ကျော် ​တယ်။ ​သ​မိုင်း​မှန်​တွေ ​အ​ဖျောက်​ခံ​ထား​ရ​တဲ့​အ​တိုင်း ​သင်​ကြ ​တယ်။
​နောက်​တစ်​ကြိမ် ​ခွေး​ထပ်​ဖြစ် ​တယ်။ ၂၀ ​နှစ်​ခါ​ကျော်​ပြီ။ ​နောက်​ထက် ၂၀ ​အ​တွင်း ​ဆ​ရာ​ကြီး​ဒေါက်​တာ​သန်း​ထွန်း​လို ​ သ​မိုင်း​ဆ​ရာ​စစ်​စစ်၊ ​ဒေါက်​တာ ​စစ်​ကြီး​တွေ​က ​မွေး​ထုတ်​လိုက်​တဲ့ ​တ​ပည့်​တွေ​က​နေ ​စစ်​ဗိုလ်​တွေ​ရဲ့ ​နိုင်​ငံ​ တော်​ပြု​ပြင်​တည်​ဆောက်​ရေး ​သ​မိုင်း ​တွေ​အ​စား ​မ​တ​ရား​တဲ့​အာ​ဏာ​ရှင်​မှန်​သ​မျှ ​ပြည်​သူ​တွေ ​ဘယ်​လို​တိုက်​ ထုတ်​ကြ​တယ်​ဆို​တဲ့ ​သ​မိုင်း​စစ် ​သ​မိုင်း​မှန် ​တွေ​ကို ​သင်​ကြ​ရ​တော့​မယ်​လို့ ​မျှော်​လင့်​နေ​မိ​တယ်။

Tin Nyunt






--------------------------------------------------------------------



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org