မောင်ပိုင်စီးတဲ့ဓလေ့ကိုနိဂုံးသပ်ပြီး သိက္ခာရှိတဲ့သမိုင်းကောင်းကို ထားရစ်ခဲ့ပါ

Min Kaung Chit(31 January 16)




--------------------------------------------------------------------


၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဗိုလ်ချူပ်ကြီးနေဝင်း တိုင်းပြည်အချူပ်အခြာအာဏာကို လက်နက်အားကိုးနဲ့ ဓါးမြတိုက်လုယူခဲ့ချိန်ကနေ၊ ပြည်သူလက်မခံတဲ့ တဖက်စောင်းနင်း ရွေးကောက်ပွဲ အတုအလိမ်ကြီးနဲ့ အာဏာသိမ်းပိုက်ထားတဲ့ ဦးသိန်းစိန်တို့ရဲ့ စစ်တပိုင်းအစိုးရထိတိုင် ရေတွက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အားကြီးသူလက်နက်ရှိသူက နိုင်ငံတော်အာဏာကို မောင်ပိုင်စီးတဲ့ဓလေ့ထွန်းကားခဲ့တာ နှစ်ပေါင်း (၅၀) ကျော်နေပြီ။

တကယ်တော့ မောင်ပိုင်စီးခြင်တဲ့စိတ်ဆိုတာ အသိဉာဏ်နည်းပါးမှု့၊ ကိုယ်ကျင့်သီလချို့ယွင်းမှု့တွေရဲ့ စေ့ဆော်တိုက်တွန်းလိုက်ရာက ထွက်ပေါ်လာတဲ့ အတ္တကိုဗဟိုပြုထားတဲ့ သိမ်ဖျင်းတဲ့အောက်တန်းစားစိတ် ပါဘဲ။

လူထုတပ်မတော်ကို လူတစုတပ်မတော်လုပ်ပြီး မောင်ပိုင်စီးခဲ့တယ်။ နိုင်ငံတော်ဆိုတာကို မောင်ပိုင်စီးတယ်။ စာဖတ်သူတွေမှတ်မိကြအုံးမှာပါ။ အာဏာရှင်ပိုးကူးစက်ခံရတဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို ့ရဲ့သဘောထားကို “ နိုင်ငံတော်ရဲ့စေတနာ ” ဆိုတဲ့စကားလုံးကို (၁၉၈၈) ခုနှစ် အာဏာသိမ်းစက ပြည်သူပိုင်သတင်းစာနဲ ့ရေဒီယို ရုပ်မြင်သံကြားကနေ ဆီသည်မလက်သုတ်ပုဝါလို ထပ်ခါတလဲလဲသုံးခဲ့တာပါ။

စစ်အာဏာရှင်ဘိုးအေကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်တုံးကထဲက ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးတပ်မတော်နဲ ့တတိုင်းတပြည်လုံးမှာရှိတဲ့ ပြည်သူပြည်သားအပေါင်းက မတ်လ (၂၇) ရက်နေ ့မှာ ဖက်ဆစ်ဂျပန်ကို မြန်မာနိုင်ငံကနေမောင်းထုတ်ဖို ့တော်လှန်ခဲ့တာကိုအကြောင်းပြုပြီး ဂုဏ်ပြုကျင်းပလေ့ရှိတဲ့ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ ့ကို တပ်မတော်နေ ့လို ့ ဘယ်သူ ့ထံမှ ခွင့်မတောင်းဘဲ မောင်ပိုင်စီးခဲ့တယ်။

အဲ့ဒီတုံးက ပြန်လည်ဖွံ ့ဖြိုးချမ်းသာလာတဲ့ စစ်ရှုံးဂျပန်နိုင်ငံဟာ သူတို ့ရဲ့ ဒုတိယကမ္ဘာစစ်တုံးက ကျဆင်းခဲ့တဲ့ပုံရိပ်ကို ပြန်လည်ဆယ်ယူဖို ့ကျိုးစားနေချိန်ဆိုတော့ အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းကို ချေးငွေအမြောက်အများပေး လာဘ်ထိုးပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးနေ ့ကို နံမည်ပြောင်းခိုင်းခဲ့တာကို လက်ခံပြီး ပြည်သူကိုမတိုင်ပင်ဘဲ တပ်မတော်နေ ့လို ့နံမည်သစ်ပေး မောင်ပိုင်စီးခဲ့တာဖြစ်တယ်။




--------------------------------------------------------------------


လက်ရှိသမ္မတဦးသိန်းစိန်တို ့စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို ့လက်ထက်မှာတော့ ပိုတောင်ဆိုးလာ သေးတယ်။ နိုင်ငံရဲ့ အင်္ဂလိပ်အမည်တောင် ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ တိုင်းရင်းသားမိဘပြည်သူတွေကို မတိုင်ပင်ဘဲ၊ သဘောတူညီချက်မယူဘဲ Burma ကနေ Myanmar လို ့ ပြောင်းခြင်သလိုပြောင်းပြီး အများပိုင်နံမည်ကို ကိုယ်ပိုင်လုပ် မောင်ပိုင်စီးခဲ့တာ။

ပြင်ဆင်ဖို ့ခက်ခဲအောင် တမင်ရေးထားတဲ့ (၂၀ဝ၈) ဖွဲ ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ ့အတူ တိုင်းပြည်ရဲ့ အမှတ်အသား နိုင်ငံအလံကိုလည်း မောင်ပိုင်စီး ပြောင်းလဲပစ်တာ လက်ရှိသမ္မတဦးသိန်းစိန်တို ့ စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို ့ပါဘဲ။

အဲ့ဒါတင်မကသေးပါဘူး ၊ နိုင်ငံရဲ့အချုပ်အခြာအာဏာသုံးရပ်ကိုမောင်ပိုင်စီးတယ်၊ လုပ်ပိုင်ခွင့်တွေ မောင်ပိုင်စီးတယ်၊ စစ်ဗိုလ်ချုပ်ကြီးတွေဦးစီးပိုင်ဆိုင်တဲ့ ဦးပိုင်ကုမ္ပဏီလီမီတက်ကိုတည်ထောင်ပြီး ပြည်သူပိုင်လုပ်ငန်း မြေနေရာအဆောင်အဦးတွေ ဓါးမြတိုက်သိမ်းပိုက် တိုင်းပြည်ရဲ့ အဓိကအကျဆုံး စီးပွားရေးလုပ်ကွက်တွေအားလုံးကို မောင်ပိုင်စီးခဲ့တာ လူတိုင်းသိပြီးသားပါ။

သူတို ့စနက်ကြောင့် ဆင်းရဲနွမ်းပါးခဲ့ရတဲ့ တောင်သူလယ်သမားတွေဆီက လယ်ယာမြေတွေကို မတရားသိမ်းပိုက် မောင်ပိုင်စီးတယ်၊ အားကိုးရာမဲ့ ဆင်းရဲသားမိဘပြည်သူတွေကို ကျူးကျော်သူလို ့အမည်တပ်လိုတပ် သူတို ့အိမ်ယာတွေ ဘူဒိုဇာနဲ ့ထိုး ထိုက်တန်တဲ့ တန်ရာတန်ကြေးမပေး၊ နေထိုင်လို ့မရနိုင်တဲ့ ဝေးလံခေါင်ဖျားဆီ မပြည့်မစုံနဲ့ပို ပြီး့ ပြည်သူတွေရဲ့အိမ်မြေယာတွေကို မောင်ပိုင်စီးခဲ့တယ်။

တက္ကသိုလ်တခုမှာ ရှိသင့်တဲ့အင်္ဂါရပ်တွေမပြည့်စုံဘဲ သင်ကြားမှု့အထောက်အကူပြုအဆောက်အအုံ၊ ပစ္စည်းတွေမရှိဘဲ နံမည်ခံတက္ကသိုလ်တွေရာချီအောင်ဖွင့်၊ ကျောင်းတွေပိတ်ခြင်သလိုပိတ်၊ ဖွင့်ခြင်သလိုဖွင့် နဲ ့တိုင်းပြည်ရဲ့ပညာရေးစနစ်ကို မောင်ပိုင်စီးပြီး နိုင်ငံရဲ့အနာဂါတ်ကို ဖျက်ဆီးခဲ့ကြတာ။

ပြည်သူတွေက ဘဝပေါင်းများစွာ၊ အသက်ပေါင်းများစွာ ပေးရင်းပြီးတောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီစနစ်ကိုလည်း အာဏာရှင်စစ်ဗိုလ်ချုပ်တွေဟာ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ လို ့နံမည်ပေးပြီး မောင်ပိုင်စီးခဲ့ပြန်တာဘဲ မဟုတ်လား။

ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ဖို ့ပြည်တွင်းပြည်ပကတွန်းအားပေးခံလာရတော့ ငြိမ်းချမ်းရေးအတွက် တပြည်လုံးအပစ်ရပ်ဆွေးနွေးပွဲ (NCA) ဆိုလည်း ပြည်သူ ့ဆန္ဒမဟုတ်တဲ့ တပ်မတော်မူ (၆) ချက်ကို အသေဆုပ်ပြီး မောင်ပိုင်စီးခဲ့တာပါဘဲ။






--------------------------------------------------------------------


ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြီးစီးသွားတဲ့ အာဏာရှင်စစ်ဗိုလ်ချုပ်တွေ မောင်ပိုင်စီးထားတဲ့ ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း ပြည်သူ့ကိုယ်စားပြုမှု အားနည်းနေတဲ့အပြင်၊ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မတက်ရောက်ခဲ့တာမို ့ပါဝင်သင့်ပါဝင်ထိုက်သူတွေ အားလုံးမပါဝင်ဘဲ ငြိမ်းချမ်းရေးဆိုတာ သူတို ့ကအုတ်မြစ်ချပေးခဲ့တာလို ့မှတ်တမ်းဝင်ကျေးဇူးအတင်ခံခြင်တော့ သူတို ့သက်တမ်း မကုန်ခင် လပိုင်းလေးအတွင်းမှာ ဖုတ်ပူမီးတိုက် အဆောတလျှင်လူမစုံမလင်နဲ ့တက်သုတ်ရိုက်ကျင်းပခဲ့တာ။

အဲ့ဒီပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ DDR, SSR (ခေါ်) စစ်လက်နက် ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းဖို့အရေးကို အချိန်ကာလ သတ်မှတ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့တာလည်းဖတ်လိုက်ရပါတယ်။

ငြိမ်းချမ်းရေးရဖို ့နိုင်ငံရေးစကားဝိုင်းတွေဆီတောင်မရောက်သေးဘူး၊ ဖက်ဒရယ်ပြည်ထောင်စုပုံစံကို ဘယ်လိုသွားမယ်၊ ဖွဲ ့စည်းပုံကိုဘယ်လိုပြင်မယ်၊ ဘယ်လိုနိုင်ငံရေးစနစ်နဲ ့သွားမယ်ဆိုတာတောင် ဘာမှမဆွေးနွေးရသေးဘူး လက်နက်ဖြုတ်ဖို ့တပ်ဖျက်ဖို ့တွင်တွင်ပြောနေတာဟာ ကြောင်းကျိုးမဆီလျှော်ဘူး။

တဆက်တည်းမှာပဲ နိုင်ငံအသီးသီးမှာ ကာကွယ်ရေးအတွက် တပ်မတော်တရပ်သာရှိကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း တာဝန်ထမ်းဆောင်နိုင်ဖို့ တပ်မတော်က ဖိတ်ခေါ်ကြောင်းလည်း ပြောဆိုခဲ့တဲ့သတင်းဖတ်လိုက်ရပါတယ်။

တကယ်တော့ တပ်မတော်ဟာ ပြည်သူ ့အစေခံ ဝန်ထမ်းအဖွဲ့အစည်းဘဲဖြစ်တာမို ့ပြည်သူကရွေးချယ် တင်မြှောက်လိုက်တဲ့ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ကဖွဲ ့စည်းတော့မဲ့ ပြည်သူ ့ကိုကိုယ်စားပြုတဲ့ အရပ်သားအစိုးရရဲ့ ညွှန်ကြားချက်ကို လိုက်နာလို ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးကို တန်းတူရည်တူသဘောထားဆက်ဆံမှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုရယူနိုင်မှာပါ။

အဲ့လိုမှမဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေဟာ အတွေးအခေါ်ဟောင်းတွေမပြင်ဘဲ တပ်မတော်ကို ကိုယ်ပိုင်ထင်မှတ်ပြီး မောင်ပိုင်စီးအုံးမယ်၊ သူများထက်တမူးပိုရှူအုံးမယ်၊ အခွင့်ထူးခံအုံးမယ်၊ ဥပဒေအထက်နေအုံးမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ ့အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အလှမ်းဝေးနေအုံးမှာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၁၅) နေ ့ကလည်း လွှတ်တော်အစည်းအဝေးမှာ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းရဲ့ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းတွေနဲ ့ စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် ပွင့်ဖြူမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအောင်မိုးညိုက တပ်မတော်အခန်းကဏ္ဍနဲ ့ပတ်သက်ပြီးဆွေးနွေးခဲ့ပါတယ်။ သူ ့ရဲ့ဆွေးနွေးချက်ဟာ တပ်မတော်နဲ ့ တပ်မတော်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်ရဲ့ သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး ဆွေးနွေးချက်တွေကို လွှတ်တော်က မှတ်တမ်းအဖြစ် သိမ်းမထားဖို့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကန့်ကွက်လွှာ ပေးပို့ကြောင်းသတင်းဖတ်လိုက်ရပြန်ပါတယ်။

ဒါဟာဘာကိုညွှန်ပြနေသလဲဆိုတော့ တပ်မတော်နဲ ့ပတ်သက်ရင်ဘာကိုမှ မဝေဖန်ဖို ့၊ တပ်မတော် မကောင်းတာလုပ်လည်း ပြည်သူတွေက ဘာမှပြောခွင့်၊ စွက်ဖက်ခွင့်မရှိဆိုတဲ့သဘောပါဘဲ။ ပြည်သူနဲ ့ တပ်မတော်ကိုဆက်စည်းခြားထားတာပါဘဲ။ တပ်မတော်အရာရှိတွေ၊ စစ်ဗိုလ်စစ်သားတွေ လူသတ်၊ မဒိမ်းမြေသိမ်းဓါးမြ စတဲ့ရာဇဝါတ်မှု့၊ နိုင်ငံတော်ဘဏ္ဍာခိုးယူမှု့တွေလုပ်လည်း ထိထိရောက်ရောက် အရေးယူခွင့်မရှိတဲ့သဘောနဲ ့အတူတူပါဘဲ။






--------------------------------------------------------------------


သစ်ကိုင်းတွေချိုင်တဲ့အခါ နတ်နေကိုင်းချန်ခုတ်ခိုင်းသလိုမျိုး၊ တတိုင်းတပြည်လုံးကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါ တပ်မတော်ကိုတော့ မထိရမတို ့ရ၊ ပြောင်းလဲစရာမလိုတဲ့သဘော၊ ဥပဒေအထက်မှာ တပ်မတော် ဆက်ရှိနေမဲ့သဘောလို ့ဆိုလိုက်တာပါဘဲ။

ပြောင်းလဲခြင်းတွေသာလျှင်မပြောင်းလဲဘဲရှိတဲ့ လောကကြီးမှာ တည်မြဲတဲ့အရာဆိုတာဘာမှမရှိပါဘူး။ အဟောင်းအဟောင်း တွေဟာ အသစ်အသစ်တွေရဲ့ အစားဝင်ဖယ်ရှားမှု့ကိုခံရမှာ လောကဓမ္မတာပါ။ လူများစုမနှစ်မြို့တဲ့ စစ်အာဏာရှင်စနစ်ဟာ မီးဇာကုန်ဆီခမ်းနေပါပြီ။

ဒါကြောင့် စစ်ဗိုလ်ချုပ်တွေအပါအဝင်၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံနိုင်ငံရေးအင်အားစုတွေ စီးပွားရေး၊ မီဒီယာစတဲ့ ရှိရှိသမျှကဏ္ဍတွေထဲက အာဏာရှင်သူငယ်နာမစင်သေးတဲ့ လူပုဂ္ဂိုလ်အားလုံးကို ပညာရှိသတိလက်လွတ် မဖြစ်ရလေအောင် အထူးသတိပေးလိုက်ခြင်ပါတယ်။

အခုချိန်ခါမှာ အာဏာရှင်စနစ်ဆိုးဒါဏ်ကို အနှစ်(၅၀)ကျော်ခံခဲ့ရလို ့လူစဉ်မမှီအောင် ဆင်းရဲနုံခြာပြီး အောက်တန်းနောက်တန်းကျခဲ့ရတဲ့ မိဘပြည်သူတွေဟာ စစ်ဗိုလ်ချုပ်တွေရဲ့ အရာရာကို မောင်ပိုင်စီးခြင်တဲ့ဓလေ့နဲ ့ ဗိုလ်ကျစီးပိုးတဲ့ အကျင့်စရိုက်တွေကို အလွန်ရွှံရှာစက်ဆုပ်နေပြီဆိုတာရယ်၊ နိုင်ငံသားအများစုရဲ့ အပြောင်းအလဲကိုလိုခြင်တဲ့ ပြင်းပျတဲ့ဆန္ဒကို လျှော့မတွက်မိစေဘို ့နဲ ့ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးတော့မဲ့ အချိန်ကစလို ့ရှေ့အနာဂါတ်ခရီးမှာ မောင်ပိုင်စီးတဲ့ဓလေ့ဆိုးကြီးကိုပါ နိဂုံးသပ်ခဲ့ပြီး၊ ကိုယ့်အတွက်၊ နှောင်းမျိုးဆက်တွေ ကောင်းကျိုးထွက်စေဖို ့အတွက် သိက္ခာရှိတဲ့သမိုင်းကောင်းကို ကမ္ဗည်းထွင်းရစ်ခဲ့ပါလို ့ ထပ်လောင်းတိုက်တွန်းလိုက်ရပါကြောင်း။

(မင်းကောင်းချစ်)





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org