တရုပ်နိုင်ငံ ခေါင်းဆောင်များအနေနဲ့ လက်ရှိ စစ်အစိုးရကို ဆက်လက်ဆက်ဆံ ပေါင်းသင်းချင်မည်ဟု ထင်ပါသလား

Aung Khin(16 June 15)




-------------------------------------------------------------------------


ပထမ
---------
အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံအနေနဲ့ မဟာမိတ်အဖြစ် ဆက်ဆံ တည်ရှိနေဖို့ ဆိုတာ ဘယ်အချက်အလက်တွေက အရေးကြီး သလဲ ဆိုတာသိဖို့ လိုအပ်တယ်။

. ဒုတိယ
+++++++
အဲဒီ အချက်အလက်တွေကို လိုက်နာကျင့်သုံး နေဖို့လိုအပ်တယ်။

. တိုင်းပြည်တစ်ခုဟာ ပြည်သူတွေကို တရားမျှတစွာ မအုပ်ချုပ်ရင် သူပုန်ဆိုတာ ရှိနေမှာပဲ။

. သူပုန်ဆိုတာ တိုင်းပြည်အစွန်အဖျားမှာ နေတာဖြစ်လေတော့ တရုပ်နယ်စပ်မှာ ဒီလိုတိုက်ပွဲတွေက ဖြစ်နေမှာပဲ။

. အဲဒီလိုအစိုးရနဲ့ အိမ်နီးချင်းဖြစ်နေရင် ဒီလိုတိုက်ပွဲတွေ ဖြစ်နေဦး မှာပဲ။ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဖြစ်မလာနိုင်ဘူး...

. စည်းကမ်းမရှိတဲ့ မတရားတဲ့ အစိုးရတစ်ရပ်နဲ့ စီးပွားရေးကိုလည်း တွဲဖက်လုပ်လို့ မအောင်မြင်နိုင်ဘူး။ ပြည်သူလူထုအပေါ် မတရား ခေါင်းပုံဖြတ် ဖိနှပ်ချုပ်ချယ် မြေတွေကိုမတရားသိမ်းပြီး အမြတ်အစွန်း နဲ့ အလုပ်အကိုင်ရရှိမှုတွေကို ပြည်သူတွေနဲ့ မျှမျှတတ ခွဲဝေမယူသမျှ ဆူပူမှုတွေက ရှိနေမှာပဲ...

. ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်ခြင်း ကူးစက်ရောဂါတွေ ကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိလို့ ကိုယ့် တိုင်းပြည်ထဲကို ကူးစက်ရောဂါတွေ ကူးစက်လာနိုင်တာတွေ ရှိနေ မှာပဲ။

. နောက်ပြီး မတရားတဲ့အစိုးရကို ကြိတ်မှိတ်ထောက်ခံပေးနေရလို့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာလည်းသိက္ခာကျရပါသေးတယ်။

. ငြိမ်းချမ်းရေး ကျန်းမာရေး စီးပွားရေး အားလုံးကိုအားလုံးကိုထိခိုက် တဲ့အပြင် သိက္ခလဲကျရတယ်....

. ယခုတစ်ဖန် မြန်မာပြည်နယ်စပ်အနီးက တရုပ်နယ်ထဲမှာ စစ်တပ် ကို အသင့်အနေအထားမှာ ပြင်ထားရတဲ့စရိတ်ဟာ နဲတဲ့ကုန်ကျငွေ မဟုတ်ဘူး။ စစ်အစိုးရဆီက ရတဲ့အမြတ်နဲ့ ပြန်ထည့်ရတဲ့ငွေကျေး ကိုတွက်ကြည့်ရင် လက်တွေ့မှာ အမြတ်ကျန်ရဲ့လား

Prodemo Aung Khin


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org