The Voice ရဲ့ လာရာနဲ့ လားရာ

ပွ ပွ ကြီး(23 April 15)




-------------------------------------------------------------------------


ညီစေနော်!
မရိုးသားတဲ့The Voice Weeklyဂျာနယ်
လုပ်ကြံတာကို
အပြုတ်နှံဖို့
တို.တွေအားလုံးသပိတ်မှောက်ကြစို့။

ဂျာနယ်အားလုံးဝ
ဝယ်ယူအားပေးခြင်းမပြုကြဘဲ
Boycottလုပ်ကြစို့!
Aung Kyaw Oo

-------



-------------------------------------------------------------------------


The Voice သတင်းတွေလည်း ဘာမှအားရစရာ ထူးခြားတာ ထိရောက်တာမရှိပါဘူး .. ခုဗျာပြောရရင်ဗျာမွတ်စလင်တွေက မိန်းမတစ်ယောက်ကို လက်အုပ်ချီလေ့မရှိပါဘူး သူတို့ဘာသာရေး ဓလေ့ထုံးစံအရပြောတာပါ ..

သူတို့လက်အုပ်မချီဘဲနဲ့ ဒေါ်စုလည်း လက်အုပ်ချီဖြစ်မှာမဟုတ်ပါဘူး .. ပြည်ပဘာသာ ရေးဘုန်းကြီးတွေ ခေါင်းဆောင်တွေ လာမှသာ အပြန်အလှန်လက်အုပ်ချီနှုတ်ဆတ် ကြတာပါ ..

အလွန်ဆုံးမွတ်စလင်တွေက လက်အုပ်ချီနှုတ်ဆတ်လို့ထားဦး နဖူးနဲ့လက်နဲ့ထိ ခေါင်းပါ ငုံပြီး လူပုဂ္ဂိုလ်တစ်ယောက်ကို ဒေါ်စု နှုတ်ဆတ်မှာမဟုတ်ပါဘူး .. ဟိုဖက်ကလည်း အဲလောက်ထိလက်အုပ်ချီ နှုတ်ဆတ်မှာမဟုတ်ပါဘူး ..

ဒေါ်စုအဲလိုနဖူးကိုလက်နဲ့ထိ လက်အုပ်ချီရင် သံဃာတော် မဟုတ်ရင် လူထု(သူ့ရှေ့မှာ ရှိတဲ့ ပြည်သူတွေအများကြီး)ကိုဘဲ လက်အုပ်ချီလေ့ရှိတာပါ ..

ရှေ့တည့်တည့်ကရိုက်ထားတဲ့ပုံဆို မွတ်စလင်တွေက တခြားဖက်တောင်လှည့်နေပါပြီ အဲဒီအချိန်မှာတောင် ဒေါ်စုလက်အုပ်ချီထားပါတယ် သံဃာတော်တွေဆီကို သံဃာတော် တွေကို ကန်တော့တာပါဗျာ ..

The Voice ကအဲဒါကို ဝန်မခံရဲဘဲ ဘာမဟုတ်တဲ့ လုပ်ငန်းအရှက်လေးတစ်ခုအတွက် -ျင်ပိတ်ငြင်းထားပါတယ် .. တောင်းပန်လိုက်ရင် ပိုသိက္ခာရှိသွားမယ့် ကိစ္စပါ အလိမ်ပေါ် ရင်ပိုတိုင်ပတ်မယ့်ကိန်း ..

အနော့်အထင်ပါ သုံးသပ်ချက်ပါ ကျနော်မှားချင်လည်းမှားပါလိမ့်မယ် .. မွတ်စလင်တွေနဲ့ အပြန်အလှန်လက်အုပ်ချီတာမှန်ရင် သူတို့ဆီအဲပုံရှိရင်တင်ပေါ့ဗျာ .. အဲ့တောင်းပန်ထား တဲ့ပို့စ်မှာတွဲတင်လိုက်ပေါ့ .. ခုတော့ The Voice လုပ်ပုံက တကယ်ကို ကို့ယို့ကားယား နိုင်ပါတယ် ..,.

စိုး ရ သူ‎Myanmar News
-------


.



-------------------------------------------------------------------------


The Voice ရဲ ့အစ
Living Colour က
Living Colour အစ
ထွန်းကြည်သမီးက

ပြီးတော့ ခင်ညွှန် ့သား
ရဲနိုင်ဝင်း
ရဲနိုင်ဝင်းထောင်ကျချိန်မှာ
နေဝင်းမောင်ဆီရောက်
ရုံးစိုက်တော့ တချိန်က
ကက(လှမ်း) က ဗိုလ်မှုးသန်းနိုင်
နာမည်ခံပြီးထုတ်ခဲ့တဲ့
Myanmar Times ရုံးခန်းဖွင့်ခဲ့တဲ့
သမတ ဟိုတယ်မှာ
Myanmar Egress ကိုလည်း
လှမောင်ရွှေ နဲ ့နေဝင်းမောင်
ပေါင်းပြီး အဲ့ဒီနေရာမှာဘဲ
ထူထောင်ခဲ့တယ်
၂၀၁၀ ရွေးကောက်ပွဲမှာ
ကြက်ဖွတ်နဲ ့ခမောက်သူခိုးNDF
ကို Free ကြော်ငြာပေးခဲ့တဲ့
ဂျာနယ်
စကတည်းက
သမိုင်းကြောင်းမှမကောင်းတာကွာ

ပွ ပွ ကြီး
https://www.facebook.com/tinkyaw.khine/posts/458707574297625
-----



-------------------------------------------------------------------------


လုပ်ကြံတိုက်ခိုက်မှုများအတွင်း
ချပြသွားသော အမေ့စိတ်ဓာတ်
---------------------------

The Voice ရဲ့လုပ်ကြံမှုကို internet
လိုင်းပေါ်တက်တက်ချင်းတွေ့လိုက်
ရပါတယ်....
ဒါဟာလုပ်ကြံမှုဆိုတာကို
အထောက်အထားများစွာနဲ့ချပြနိင်ခဲ့
လို့ နောက်ဆုံး The Voice ကတောင်း
ပန်ခဲ့ပါတယ်....

ကျနော်မှတ်မိခဲ့သမျှအမေစုကို
အနိင်ယူဖို့ ဘာသာရေးအသုံးချနေတာ
တော်တော်များနေပြီဆိုတာပါပဲ....

တကယ်တမ်းဖွတ်တွေဟာ....
မှန်မှန်ကန်ကန်ယှဉ်ပြိုင်လို့မရဘူးဆို
တာ လူသိသူသိဝန်ခံလိုက်သလိုပါပဲ

နိင်ငံရေးမှာ ဘာသာရေးကိုခုတုံးလုပ်
ပြီး တိုက်ခိုက်တာဟာ အင်မတန်အောက်တန်းကျလှပါတယ်.

ကျနော်မှတ်မိသမျှ....

အမျိုး ဘာသာ သာသနာ ကိုခုတုံး
လုပ်ပြီး ဒေါ်စုကို ခပ်ပါးပါးလေးပုတ်
ခဲ့တဲ့ ဦးဝီရသူ အခု လူထုကြည်ညိုလေး
စားမှု ဘယ်လောက်လျော့ကျသွား
တယ်ဆိုတာ မန္တလေးတရားပွဲတွေကို
လာကြည့်ရင်သိနိင်ပါတယ်....

သံဃာအချင်းချင်း ဦးဝီရသူကိုဝေဖန်
လာကြတာတွေတွေ့ရပါတယ်...

နောက် ကမ္ဘာကျော်လူလိမ်ကြီး
ရဲထွဋ်ရဲ့ ဇနီး အောက်တန်းကျကျ
အမေစုကို photo shop သုံးပြီးတိုက်
ခိုက်ခဲ့တဲ့နေရာမှာလဲ
သောက်ရှက်လုံးလုံးကွဲခဲ့ရပြန်ပါတယ်

အမျိုးသားရေး အော်နေတဲ့
နေမျိုးဝေ ဝေဖန်ခဲ့တာလဲ
ဘာမှမတုန့်ပြန်ခဲ့ပါဘူး

ကျောင်းသားတွေအရေးမှာ
အမေစုကိုလှမ်းပုတ်ခတ်ခဲ့သူတွေကို
ဘာမှခွန်းတုန့်ပြန်ခြင်းမရှိခဲ့ပါဘူး

အခု
The Voice ရေ....
စောင့်ကြည့်လိုက်ပါ....

ခပ်ပါးပါးလေးပုတ်တဲ့
ဦးဝီရသူကို ဝဇီကံအားဖြင့်
တုန့်ပြန်ခြင်းမရှိခဲ့သလို...
အောက်တန်းကျတဲ့..
ဦးရဲထွဋ်မိန်းမလုပ်ရပ်ကိုလဲ
စိတ်ထဲတောင်မထားခဲ့ပါဘူး

အခု...
The Voice လုပ်ရပ်ကိုလဲ
အမေစု အနေနဲ့မှုစရာအကြောင်းမရှိ
ပါဘူး.....

ဘယ်လိုလုပ်ကြံလုပ်ကြံ...
ကိုယ့်လမ်းကိုယ်လျောက်
ကိုယ်လုပ်စရာရှိတဲ့အလုပ်ကိုသာ
လုပ်နေတဲ့ အမေစုဟာ
ယုတ်မာလေ ထင်ပေါ်လေ ဖြစ်နေဦးမှာ
တော့ စောင့်ကြည့်ကြပေါ့

အမေစု ကိုချစ်ကြသူများ




-------------------------------------------------------------------------


The Voice ရဲ့ လာရာနဲ့ လားရာ
=====================
ဗိုလ်ခင်ညွန့်တစ်ယောက် ဘုန်းမီးနေလတောက်ပနေချိန်၊
စစ်ထောက်လှမ်းရေးတွေက အတိုက်အခံနိုင်ငံရေးသမားတွေကို အပြင်းထန်ဆုံးဖိနှိပ်နေတဲ့ကာလမှာ ဒေါက်တာနေဝင်းမောင်ရယ်၊ ဗိုလ်ခင်ညွန့်ရဲ့သားဖြစ်တဲ့ ဒေါက်တာရဲနိုင်ဝင်းရယ်၊ ရုပ်ရှင်မင်းသား ကျော်သူတို့ ( ၃ ) ယောက်ပေါင်းပြီး Livingcolour Group ဆိုပြီး တည်ထောင်ကြပါတယ်။

ပထမဆုံး ဗိုလ်ချုပ်ဈေးထဲမှာ Livingcolour အရောင်းခန်းမကြီးဖွင့်တယ်။
ဈေးကြီးတဲ့ အမေရိကန်လုပ် အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို အဓိကထားပြီး ရောင်းပါတယ်။

နောက်ထပ် ဒေါက်တာနေဝင်းမောင်ဦးစီးပြီး
Livingcolour မဂ္ဂဇင်းဆိုပြီး ထုတ်တယ်။
ထုတ်ဝေသူကတော့ ဒေါက်တာရဲနိုင်ဝင်းပါ။

ပုဂ္ဂလိက သတင်းဂျာနယ်တွေက မရနိုင်တဲ့
ဌာနဆိုင်ရာသတင်းအချက်အလက်တွေကို
ဗိုလ်ခင်ညွန့်အရှိန်အဝါနဲ့ ရရှိပြီး အဓိကဖော်ပြနိုင်ခဲ့တဲ့အတွက်
livingcolour ဟာ အချိန်တိုတိုအတွင်းမှာပဲ ဓန၊ မြန်မာ့ဓနမဂ္ဂဇင်းတွေကို
ကျော်တက်ပြီး ဈေးကွက်ထဲမှာ ထိပ်ဆုံးက ရပ်တည်သွားနိုင်ခဲ့တယ်။

နောက်တော့ ဗိုလ်ခင်ညွန့်ရော သူ့သား ရဲနိုင်ဝင်းပါ
ထောင်ကျသွားတော့ Livingcolour Group တစ်ခန်းရပ်သွားပါတယ်။

ထောက်လှမ်းရေးအုပ်စုတွေ ဇာတ်သိမ်းသွားတော့
ခရိုနီတွေ တစ်စခန်းထလာပါတယ်။

ခရိုနီခေတ်မှာ ဒေါက်တာနေဝင်းမောင်ဟာ
ဦးလှမောင်ရွှေတို့လို ခရိုနီကြီးတွေနဲ့ပေါင်းပြီး
Myanmar Egress ဆိုပြီး လုပ်ကြပြန်တယ်။

Myanmar Egress ရဲ့ အာဘော်တွေကို
ထင်ဟပ်နိုင်ဖို့အတွက် The Voice ဂျာနယ်ကို
စပြီးထုတ်ဝေပါတယ်။

Egress ရဲ့ ပထမဆုံးခြေလှမ်းကတော့
၂၀ဝ၈ နာဂစ်အခြေခံဥပဒေ အသက်ဝင်ဖို့
NDF တို့လို့ အတိုက်အခံနိုင်ငံရေးာတီတွေကို
၂၀၁၀ ရွေးကောက်ပွဲထဲ မောင်းသွင်းတဲ့ အလုပ်ပါ။

ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် ပါတီတစ်ခုကို
ကျပ်သိန်း ( ၅၀ဝ ) စီကို Egress က ထောက်ပံ့ပေးပြီး
The Voice ဂျာနယ်ကနေ ပါတီတွေရဲ့ မူဝါဒ။

သဘောထားရပ်တည်ချက်တွေကို
အခမဲ့ကြော်ငြာပေးပါတယ်။

၂၀၁၂ ကြားဖြတ်ကို NLD ဝင်ပြိုင်ပြီးနောက်ပိုင်းမှာတော့
Egress ရဲ့လှုပ်ရှားမှုတွေဟာ ပိုပြီးတော့
အကွက်စိပ်လာပါတယ်။

Egress အဖွဲဝင်အချို့က MPC ထဲ ဝင်ရောက်သွားသလို
အချို့က သမ္မတအကြံပေးအဖွဲ့ထဲ ဝင်ရောက်ကပါတယ်။

Myanmar Egress အဖွဲ့ရဲ့ လှုပ်ရှားမှုမှန်သမျှဟာ
စစ်အာဏာရှင်စနစ်ကို တရားဝင်အဖြစ်
ဆက်လက်အသက်သွင်းပေးခြင်းသာဖြစ်ပြီး
The Voice ဟာလည်း စစ်အစိုးရရဲ့
လျှို့ဝှက်ဒေါက်တိုင်တစ်ခုအဖြစ်နဲ့
ဆက်လက်ရပ်တည်ခဲ့တယ်။

ဒေါက်တာနေဝင်းမောင်ရှိစဉ်က The Voice ကို
လိမ်မာပါးနပ်စွာကိုင်တွယ်နိုင်ခဲ့တဲ့အတွက်
သာမန်နိုင်ငံရေးလေ့လာသူတွေ၊
အဆင့်နိမ့်နိုင်ငံရေးသမားတွေကို
နည်းမျိုးစုံသုံးပြီး လှည့်စားနိုင်ခဲ့ပေမယ့်
The Voice ရဲ့ရုပ်လုံးဟာ တစ်စတစ်စနဲ့
ပေါ်ထွက်လာပါတယ်။

အထူးသဖြင့် လက်ပံတန်းအကြမ်းဖက်ပွဲကြီး
အပြီးမှာတော့ မျက်နှာဖုံးလုံးလုံး ကွာကျသွားပါတော့တယ်။

လာခြင်းမကောင်းတဲ့ The Voice ဟာ
ရှေ့လျှောက် လားရာလည်းမကောင်းဘူးဆိုတာကို
ဆရာဦးဝင်းတင် တစ်နှစ်ပြည့်အခမ်းအနား
အမှတ်တရဓာတ်ပုံတွေကို ဖော်ပြရင်းနဲ့
ထပ်မံပြီးတော့ သက်သေပြသလိုက်ခြင်းပါပဲ။

Phone Swe
-----------



-------------------------------------------------------------------------




-------------------------------------------------------------------------


ဒေါ်အောင်ဆန်းစုကြည်၏ လက်အုပ်ချီဓာတ်ပုံ ဖော်ပြမှု The Voice တောင်းပန်
---------------------------------------
ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် ဧပြီလ ၂၁ ရက်နေ့က ကျင်းပသည့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း တနှစ်ပြည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အစ္စလမ်နှင့် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များကို လက်အုပ်ချီ ရှိခိုး နေ သည့် အသွင်သဏ္ဍာန်ရှိသော ဓာတ်ပုံကို လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြခဲ့သည့်အတွက် The Voice Weekly က ပြန်လည် တောင်းပန် လိုက်ကြောင်း သတင်းရရှိသည်။

The Voice Weekly ဂျာနယ်၏ Facebook စာမျက်နှာတွင် ခရစ်ယန်နှင့် မူဆလင် ဘာသာရေးခေါင်းဆောင်များကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်အုပ်ချီ ဂါရဝပြုနေသည့် ပုံစံ ဓာတ်ပုံတပုံကို ဧပြီ လ ၂၁ ရက်နေ့က တင်ခဲ့ပြီးနောက် စာဖတ်သူများကြားတွင် မည်သူ့ကို လက်အုပ်ချီသနည်းဟု မေးခွန်းထုတ်မှုများနှင့် အငြင်းပွား ဖွယ်ရာများ ဖြစ်ပေါ်စေခဲ့သည်။

Facebook အသုံးပြုသူတဦးက “အန်တီစုက ဂါရဝပြုနေတာ မွတ်စလင်တယောက် ကိုလား။ ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်ရတယ် သူငယ်ချင်းတို့” ဟု မှတ်ချက်ရေးသားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အစ္စလမ်နှင့် ခရစ်ယာန် ဘာသာရေးခေါင်းဆောင်များ နှင့် ပေအနည်းငယ် အကွာတွင် တတန်း တည်း ထိုင်နေသော ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို လက်အုပ်ချီရှိခိုးနေခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာပြီး နောက် Facebook အသုံးပြုသူ မြောက်မြားစွာ၏ မည်သို့ ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သနည်းဆိုသော မေးခွန်းထုတ်မှု များ ပေါ်ထွက်လာခဲ့သည်။



-------------------------------------------------------------------------




-------------------------------------------------------------------------


“The Voice က ဒီလိုလုပ်ရတဲ့ နောက်ကွယ်က အကြောင်းရင်း က ဘာလဲ။ ဒီလို ပြဿနာတွေဖြစ်စေခဲ့တဲ့ အတွက် ခင်ဗျား တို့ကို လေးစားပါတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အစ္စလမ်ဘာသာရေးခေါင်းဆောင်တယောက်ကို ဂါရဝပြု နေတဲ့ ပုံမျိုး ဖြစ်အောင် ဘာကြောင့် ရိုက်ခဲ့တယ်ဆိုတာကို မစဉ်း စားဘဲ မနေနိုင်ပါဘူး။ တကယ်တော့ သူက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တွေကို ဂါရဝပြုနေတာပါ။ ပုံတွေကို ကြည့်လိုက်ပါ” ဟု Facebook သုံးစွဲသူတဦးက လူမှုကွန်ရက်တွင် မှတ်ချက်ပြု မေးခွန်းထုတ်ထားသည်။

ဝေဖန်မှုများ ပျံ့နှံ့သွားခဲ့ပြီး များမကြာမီတွင် The Voice Weekly ၏ Facebook စာမျက်နှာတွင် “အွန်လိုင်း အယ်ဒီတာ အဖွဲ့၏ ပေါ့ဆမှု ကြောင့် အများအထင်အမြင် လွဲမှားစေနိုင်သည့် အငြင်း ပွားဖွယ်ရာ ဓာတ်ပုံ တပုံ ပါဝင်သွားခဲ့ခြင်း အတွက် သက်ဆိုင် သူများကို အနူးအညွတ် လေးလေးစားစား တောင်းပန်အပ် ပါသည်” ဟု တောင်းပန် ဖော်ပြခဲ့ သည့် အပြင် “သစ္စာတိုင် တောင်းပန် ဖြေရှင်းခြင်း” ဆိုသော တောင်းပန်စာကိုလည်း ထပ်မံ ထုတ်ပြန်ခဲ့သည်။ ဓာတ်ပုံ ကိုလည်း Faceook စာမျက်နှာမှ ဖယ်ရှားခဲ့သည်။

ယခုကဲ့သို့ ဖြစ်ခြင်းသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို အငြင်းပွားဖွယ်ရာ ဘာသာရေး ကိစ္စများနှင့် ရောထွေးစေ ပတ်သက်စေသည့် ပထမဆုံး အဖြစ်အပျက်မဟုတ်ပေ။

၂၀၁၄ ခုနှစ် ဇွန်လကလည်း ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်၏ ဇနီးက ဒေါ်အောင်ဆန်းစုကြည်ကို မွတ်စလင်အမျိုးသမီးပုံစံ ဝတ်စားဆင်ယင်ပေးထားသည့် ပြုပြင်ဖန်တီးထားသော ဓာတ်ပုံတပုံကို “Woman of the Week” ဟု အမည်တပ်၍ လူမှုကွန်ရက် Facebook စာမျက်နှာပေးတွင် ဖြန့်ဝေခဲ့သည့်အတွက် ဝန်ကြီးဦးရဲထွဋ်က ဇနီးသည်ကိုယ်စား ပြန်လည် တောင်း ပန်ခဲ့ရသည်။

ထိုကဲ့သို့ အဖြစ်အပျက်များသည် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများနှင့် အတူ အစ္စလမ်ဆန့်ကျင်ရေး သဘောထားများ မြင့်တက် လာမှုနှင့် လူမှုမီဒီယာကွန်ရက်များတွင် အမုန်းစကားများ ရေးသားခြင်းသည် ဘာသာရေး ပဋိပက္ခများ ဖြစ်နေ ရသည့် မြန်မာနိုင်ငံအတွက် အလွန် အကဲ ဆတ်ပြီး သိမ်မွေ့သောကိစ္စများအဖြစ် မီးမောင်းထိုးပြလျက်ရှိသည်။




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org