ဖမ်းမိ တရုတ်ကြေးစား စစ်သားများကို သေဒဏ်ပေးရဲသလား?

ဂိုလ်ရှယ်လေး(27 February 15)




-------------------------------------------------------------------------


ပွဲကြီးပွဲကောင်းပဲဗျို့… ကျနော် ဒီဆောင်းပါး တင်ပြဖို့ စောင့်ဆိုင်းခဲ့ရကျိ ုး နပ်သွားလေပြီ ...
ငြိမ်းချမ်းရေး စင်တာမှ ယမကာ အောင်မင်း (ဝန်ကြီး)သည် (၁၉ )ရက်နေ့တွင် နေပြည်တော်ဝယ် ကျင်းပသော ပြည်ထောင်စုလွှတ်တော်အတွင်း လောက်ကိုင်စစ်ပွဲအကြောင်း တင်ပြ၏။ “တရုတ်တွေ တစ်ယောက်မှကို မပါဘူး တရုတ်ပြည်ကို ကျနော် အတည်ပြုဖို့ မေးပြီးပြီ…..
အဟန် အဟန်း ..ကျနော်ပြောချင်တာက တရုတ်တွေ လောက်ကိုင်စစ်ပွဲမှာ လုံးဝကိုမပါတာ ၁၀ဝ% ကြိမ်း သေတဲ့အရာပါ’….ဟု အာမဘန္တေခံ၍ အောင်မင်း အကြိမ်ကြိမ်ပြောခဲ့၏။

အမှန်တော့ ဦးအောင်မင်းအဖို့ ပြည်ထောင်စုလွှတ်တော်ထိကို တက်ပြောရတဲ့ အကြာင်းရင်းကဒီလိုပါ… ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့မှာ သမ္မတရုံးက ပြောခွင့်ရှိသူ မူးဇော် (ခ) ဦးဇော်ဌေးက သူ့ရဲ ဖေ့စ်ဘွတ်မှာ လက်ရှိ လောက်ကိုင်စစ်ပွဲတွင် တရုတ်ပြည်မှ တရုတ်နိုင်ငံသားမှတ်ပုံတင် ကိုင်ဆောင်သူများ အသေလောင်းကဘယ်နှစ်လောင်း ဒဏ်ရာဖြင့် လက်နက်အပါဝင် အရှင် ဖမ်းမိထားသူ ဘယ်နှစ်ယောက် စသဖြင့် ရေးတင်ဖေါ်ပြလာပါတယ်။

ဒါကို ငြိမ်းချမ်းရေး စင်တာရဲ့ ယမကာ ဦးအောင်မင်းကဆွေ့ဆွေု့ခုန်ဖြစ်ခဲ့ပါတယ်…အမှန်တော့ ဦးအောင်မင်းရဲ့ အဖိုုး ဖြစ်သူ (ကျောက်ဝှေ့ယန်း) က ယူနန်ပြည်နယ်သားကြီးစစ်စစ်ဖြစ်နေတာရယ်၊ ပြီးတော့ ဦးအောင်မင်းမှာ တရုတ်စကားကျွမ်းကျင်စွာ ပြောတတ်ပြီး တရုတ်မြန်မာ ဆက်ဆံရေး တည်ဆောက်ခဲ့သော ကာလတလျောက် မြန်မာ့ စစ်ထောက်လှမ်းရေး အရာရှိကြီးတဦးအဖြစ် တရုတ်တို့ အလိုကျ အံ့ဝင်ဂွင်တည့်အောင် လုပ်ပေးခဲ့လို့ ထောက်လှမ်ရေးတွေ ဖမ်းဆီးခံရပြီး ဘဝ ပျက်နေချိန်မှာတောင် တရုတ်ပြည်အစိုးရရဲ့ မျက်သာပေး ထောင်ခံ၍ပြောဆိုထောက်ပံ့မှုကြောင့် ယနေ့ ဝန်ကြီးတောင်ဖြစ်လာခဲ့ရတာပါ။ (နောင်တွင် အသေးစိတ်ရှင်းပြမည်) ဦးအောင်မင်း သမ္မတရုးံအဖွဲ့ဝင်များကို အတော်ပင် အချဉ်ပေါက်နေတာကြာလေပြီ ဖြစ်၏ ။…

အကြောင်းမှာ..ကျောင်းသားများနှင့် ရန်ကုန် စိန်ရတု ခန်းမ ဆွေးနွေးပွဲ မအောင်မြင်ခဲ့မှုနှင့် နေပြည်တော်တွင် ပျက်ပြယ်ခဲ့ရသော ကျောင်းသားများနဲ့ တွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်မင်း …အတော်ပင် အထိနာခဲ့ရပါတယ်။

သမ္မတရုံးမှ သမ္မတအဆင့်မဟုတ် ဝန်ထမ်းမျှလောက်သာ ရှိသော ရာထူးရှိသူများက ဦးအောင်မင်းကို အရက်ဖြတ်ဖို့ …ဝန်ကြီး အရက်ဂျိ ုး တက်နေလို့ အခုလို ကမောက်ကမ ဖြစ်ပြီး ပြသနာ ပိုကြီးထွားလာရတယ်လို့ ပြောကြလို့ ဦးအောင်မင်း ဒေါသူပုန်ထနေခဲ့တာပါ…အခု ဦးအောင်မင်းက လောက်ကိုင်စစ်ပွဲမှာ တရုတ်တွေ တစ်ယောက်မှ မပါခဲ့ပါဘူးလို့ ပြည်ထောင်စု လွှတ်တော်ထိတက်ပြောတာဟာ သေချာ ခိုင်မာတဲ့ သတင်းအချက် လက်နဲ့ ပြောခြင်းမျိုးမဟုတ်ပဲ သမ္မတရုံးမှ ဖေ့စ်ဘွတ် ကဝေများကို (၁၂) ကြိုးနဲ့ပြန်ရစ်ခွေချင်လို့ လွှတ်တော်ထိကို တက်ပြီး အရွဲ့တိုက်ခဲ့တာပါ။



-------------------------------------------------------------------------


ဖေဖေါ်ဝါရီလ (၁၂) ရက် ၂၀၁၅ ခုနှစ်မှာတော့ နေပြည်တော် တပ်မတော်နှင့် ဆိုင်တဲ့ ခန်းမကြီးမှာ မြန်မာ စစ်ဘက်မှ ဗိုလ်ချုပ် မြထွန်းဦးက ဦးဆောင်ပြီး လောက်ကိုင် စစ်ပွဲ အခြေနေမှန်များကို ပြည်တွင်းပြည်ပအချို့ သတင်းစာ ဆရာ သတင်းထောက်များကို ခေါ်ယူပြီး သက်သေ သက်ကာယ အချက်လက်များနှင့် တင်ပြပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲက ယခင် လုပ်ခဲ့ဘူးတဲ့ သတင်းစာ ရှင်းလင်းပွဲ ပုံစံမျိ ုး မဟုတ်ပဲ အသံခတ်မာမာနှင့် စတင် ရှင်းလင်းပြောပြနေခဲ့ပါတယ်။ ဗိုလ်ချုပ် မြထွန်းဦး ပြောပြခဲ့သမျှ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စစ်ဘက်က စစ်ရေးသတင်းနဲ့ ပတ်သက်လို့ ယခု အစိုးရတက်လာပြီးမှ လုပ်ခဲ့တဲ့ ပထဆုံး သတင်းစာရှင်းလင်းပွဲ ဖြစ်နေတာမို့ အားလုံးက စိတ်ဝင်စားခဲ့ကြပါတယ်။

နောက်ဆုံးတော့ ဗိုလ်ချုပ်မြထွန်းဦး ပြောရင်းဆိုရင်းထဲကနေပဲ လောက်ကိုင်စစ်ပွဲမှာ ရန်သူ့အလောင်းက ဘယ်နှစ်လောင်း ဒဏ်ရာဖြင့်က ဘယ်နှစ်ယောက် ပြောခဲ့ပြီး တဖက်နိုင်ငံသားများ ဖြစ်နေတာကိုလည်း မိမိတို့ စိစစ် တွေ့ရှိရပြီး သက်ဆိုင်ရာ တရုတ်သံအမတ်ကြီးကနေတဆင့် နှစ်နိုင်ငံ ဆက်ဆံရေး မူဘောင်အရ ဖြေရှင်းသွားမယ်လို့ မရင်ငယ် တွက်ချေမကိုက်တဲ့ အသံနဲ့ နောက်ဆုံး တင်ပြပြောဆိုခဲ့ပါတယ်။

အခုမှ ရှင်းသွာုးတော့သည် …
၂၀၁၃ ခုနှစ် မတ်လ (၁)ရက်နေ့…….တရုတ်အစိုးရမှ ကွက်မြက် ခံခဲ့ရသော အကြောင်းရင်းက ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် မဲခေါင်မြစ်အတွင်း တရုတ်စက်လှေနှစ်စီးအားပြန်ပြေးဆွဲပြီး တရုတ် လှေသား ၁၃ ဦး သတ်ဖြတ်ခဲ့သည်ဆိုတဲ့ အမှုဖြင့် စိုင်းနော်ခမ်းအပါဝင် (၆) ဦးကို မြန်မာအစိုးရက တရုတ်ပြည်သို့ တရားဝင် ရာဇဝတ်အကျဉ်းသားများ လွဲပြောင်းပေးရေးစာချုပ်…ချုပ်ဆိုထားခြင်း မရှိပဲ လွဲပြောင်းပေးခဲ့ပါတယ်။ ယူနန်ပြည်နယ် မြို့တော် ပြည်သူ့ တရားရုံးက သူတို့လေးဦးကို ဆေးထိုးပြီး အဆုံးစီရင်မှာဖြစ်တယ်လို့ ကူမင်းပြည်သူ့ တရားရုံး က ပြောပြီး မတ်လ (၁)ရက် နေ့ခင်း (၁ နာရီ ၅၅)မိနစ်မှာ သတ်ဖြတ်ပုံကို တရုတ် တီဗွီပေါင်း သတင်းဌာန (၄၂) ခုကနေ့ တိုက်ရိုက် အသေးစိတ် သေဒဏ်စီရင်ပုံတို့အား ကမ္ဘာကို ထုတ်လွှင့်ပြသ ခဲ့ပါတယ်။

စိုင်းနော်ခမ်းကို လာအို စစ်ဘက်ထောက်လှမ်းရေးနဲ့ မြန်မာ နဆက ထောက်လှမ်းရေးတို့ ပူးပေါင်း ဖမ်းဆီးစဉ်က မူးယစ်ဆေးဝါး သက်သေအဖြစ် နားဖါချေး လောက်တောင် မရရှိခဲ့ပေမယ့် တရုတ် (၁၃) ဦးကို သတ်တဲ့ ကိစ္စကို အဓိကထားပြီး တရုတ်ပြည်ကို ပို့ပေးခဲ့ ခြင်းပါ။ ဒါပေမယ့် တရုတ်ပြည်က မူးယစ်ဆေးဝါ ရာဇာ ဧက္ကရာဇ် မင်းကြီးတစ်ပါးကဲ့သို့ အမှုဖိုင်ကြီးများ ပူးတွဲ ဖွင့်ခဲ့ပြီး တရုတ်တရားရုံးကို တင်ခဲ့ပါတယ်။

စိုင်းနော်ခမ်းနဲ့ အပေါင်းပါ(၆) ဦးကို တရုတ်က ရတာတောင် အားမရလို့ နောက်ထပ် ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်က တရားစီရင်ဖို့ သမ္မတရုံးကို တိုက်ရိုက် သံဗ္ဗာန်စာ ဆင့်လာလို့ သက်သေအဖြစ် ထွက်ဆိုပေးဖို့ဆိုပြီး သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာအုပ်စု တာဆမ်ဖူးရွာနေ စိုင်းအောင်မြတ်ကို ထပ်မံဖမ်းဆီး ၍ တရုတ်ပြည်ကို စိုင်းနော်ခမ်းတို့ ရောက်ရှိပြီး (၂) ပတ်အကြာမှာ မြန်မာ နစခ ကပဲ ထပ်မံ၍ ဝမ်းသာအားရ ပို့ခဲ့ကြပြန်ပါတယ်…
သတင်း လင့်ကို ဒီမှာ ကြည့်ပါ…
http://burmese.bnionline.net/…/12194-2012-11-21-17-08-21.ht…

http://alinshin.blogspot.com/2013/03/blog-post_9784.html



-------------------------------------------------------------------------


နောက်ဆုံးတော့ သက်သေအဖြစ် ထွက်ဆိုဖို့ မြန်မာသမ္မတအမိန်နဲ့ ့ ပို့ပေးခဲ့တဲ့ စိုင်းအောင်မြတ်လည်း ယနေ့ အထိကို မြန်မာပြည်ကို ပြန်ရောက်မလာတော့ပဲ တရုတ်ပြည်ရဲ့ လူသားဈေးကွက်ထဲမှာ ပြောက်သွားခဲ့ပုံရပါတယ်။

အခု ဘယ်လိုရှင်းကြမလဲ….?...
လောက်ကိုင်စစ်ပွဲတွင် ဖေဖေါ်ဝါရီလ (၁၃၊ ၁၄၊ ၁၅ ) ရက်တွေမှာ တရုတ် စစ်မှုထမ်းဟောင်းလဲဖြစ် တရုတ်နိုင်ငံသားလဲဖြစ်နေတဲ့ (၉) ဦးကို အရှင်လက်ရ လက်နက် ခဲယမ်းတွေနဲ့ အတူ တိုက်ပွဲထဲမှာ ဒဏ်ရာများနဲ့ ဖမ်းမိခဲ့ပါတယ်။ အဲဒါကို ဘယ်လို စီရင်မလဲ.. မြန်မာ့ တပ်မတော်မှ အတုံးအရုန်း သေကြသည် ဘုံးဘောလအော ဒဏ်ရာများရရှိပြီး တပ်ရင်းနှစ်ရင်းဖွဲ့စည်းပုံပျက်သွားခဲ့သည်။

အားလုံးကို ပြန်ခြုံကြည့်သော် စိုင်းနော်ခမ်းသည် တရုတ် (၁၃)ဦးကိုသတ်ခဲ့သည့် အတိကျ သက်သေမရှိ စွဲ ချက်ဖြင့်သာ တရုတ်အစိုးရမှ သေဒဏ်ပေးပြီး ကမ္ဘာကြီးတခုလုံးသိမ့်သိမ့်တုန်အောင် မြန်မာပြည်သားတွေ ယုတ်မာ၍ တရုတ်အစိုးရမှ ဥပဒေနှင့် အညီ စီရင်ခဲ့ကြောင်း ထုတ်လွှင့်ခဲ့သည်။ ကမ္ဘာကြီးမှလည်း မြန်မာတွေ လူသတ် ဘိန်းရောင်းလို့ပင် နိုင်ငံတကာ သတင်းစာ အချိ ု့တွင် ထင်ကြေးပေး ရေးသားခဲ့ကြသည်။

ယခု တရုတ် ကြေးစားစစ်သားများ ဖမ်းမိထားပြီဟု ဗိုလ်ချုပ် မြထွန်းဦးပြောသည် ..မည်သို့ ဥပဒေနှင့် အညီ မည်သို့ အေ၇းယူမည်ဖြစ်ကြောင်း အတိကျ မပြောပါ..ကမ္ဘာသို့လည်း တရုတ်အစိုးရ စိုင်းနော်ခမ်းကို အကြောင်း ပြု၍ မြန်မာတွေ ယုတ်မာကြောင်း ထုတ်လွှငွှ့်ပြသ သကဲ့သို့ မလုပ်ရဲပါ။

အကြောင်းမှာ ယခု ဖမ်းမိထားသော မြန်မာ့တပ်မတော်သားများအား လူမဆန်စွာ သတ်ဖြတ်ခဲ့ကြသည့် တရုတ် ကြေးစား စစ်သားများအား မကြာခင် ကန်တော့ပွဲ ခေါင်းပေါ်ရွက်သကဲ့သို့ အိုးစည်ဒိုးပတ်များ တီးမှုတ်ကခုန်၍ ဆီပုလင်းများ ခါးတွင် ချိပ်၍ ပြန်လည် ပို့ဆောင် ကန်တော့ပန်း ဆင်ကြပေမည်ဟု ယူဆရကြောင်းပါ……

ဂိုလ်ရှယ်လေး



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org