ဦးသိန်းစိန်၏ ထူးခြားသော လုပ်ဆောင်ချက်များ

ဘရန်ဆိုင်း (3 February 15)




-------------------------------------------------------------------------


---ဝန်ကြီးချုပ်ဘဝ ကပင် ... ရွှေဝါရောင် အရေးအခင်း၌ ဘုရားသားတော်များအား သတ်ဖြတ်ခြင်း၊ ထောင်ချခြင်း၊

--သမ္မတ ဘဝ ရောက်ပြန်တော့ ရခိုင်ပြည်နယ်တခုလုံး အကြမ်းဖက်မှုများစွာ ၊ လူသားအသက်ပေါင်းများစွာ သေကြေပျက်ဆီးရခြင်း ၊ အိုးအိမ်များစွာ ပျက်ဆီးရခြင်း ၊

--မိတ္ထိလာ မြို့ကြီး မီးဟုန်းဟုန်းတောက်ကာ မြို့ပျက်ကြီးဖြစ် အသက်များစွာ ၊ အိုးအိမ်များစွာ ပျက်ဆီးစေခြင်း ...

--လားရှိုး၊ ဥက္ကံ ၊ ထန်းကုန်း တို့တွင် အကြမ်းဖက်မှုများ ဖြစ်ပွားစေခဲ့ခြင်း ၊ တပြည်လုံး နောက်ကျောမလုံစွာ ဖြောင့်ဖြောင့် မအိပ်စက်နိုင်ရန် စီမံနိုင်ခဲ့ခြင်း ...

--ဒုက္ခသည်ပေါင်းများစွာ တိုးပွားလာခဲ့ခြင်း ...။

--ကချင်၊ ရှမ်း ၊ ကရင် တိုင်းရင်းသားများနှင့် တလ တကြိမ်ခန့် စစ်ပွဲများ ဆင်နွှဲကာ ဒုက္ခသည်ပေါင်းများစွာ တိုးလာစေခြင်း ....။

-- လက်ပတောင်းတောင်တွင် သံဃာတော်များအား မီးသင်္ဃန်း ကပ်ခြင်း ၊ လယ်တီသိမ်ကို အစဖျောက် ဖျက်ဆီး ဖြိုချခဲ့ခြင်း ၊

-- ဧရာဝတီကို ရောင်းစားဖို့ စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ၊

-- ရခိုင်မှာ သဘာဝဓာတ်ငွေ့များကို သူခိုးဈေးဖြင့် ရောင်းစားနိုင်ခဲ့ခြင်း ၊

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း ကို အကြောင်းခံ၍ ရခိုင်ပြည်နယ်ကို တရုတ်လက်အောက်သို့ သွတ်သွင်းနိုင်ရန် ကြိုးစား နိုင်ခဲ့ခြင်း ၊

-- ကျောက်ဖြူ-ကူမင်း မီးရထားလမ်း ကြောင့် ရှမ်းပြည်နယ် ၊ မန္တလေးတိုင်း တို့သည် တရုတ်ပိုင် နယ်မြေများအဖြစ်သို့ ရောက်ရှိ သွားခြင်း ...

-- ရန်ကုန် တွင် တရုတ်မြို့သစ် စီမံကိန်းကို အကောင်အထည် ဖော်ရန် ပုံဖော်နိုင်ခဲ့ခြင်း ...

-- တိုင်းတပါးသို့ အိမ်ဖော်အမျိုးသမီးလေးများ တင်ပို့ နိုင်ခဲ့ခြင်း ၊

-- ဆင်းရဲမွဲတေမှုတွင် ကမ္ဘာ့ အဆင့် အနိမ့်ဆုံးနီးပါး ဖြစ်စေရန် ဦးဆောင်မှု ပေးနိုင်ခဲ့ခြင်း ...

( ကျနော်တို့ သမဒဂျီးရဲ့ ဂုဏ်ပုဒ်တွေကတော့ ရေးရင် ကုန်နိုင်ဖွယ် မရှိပါ ... ဒီတော့ ခုလို ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခြင်း ခံရသည့်အတွက် များစွာ ဝမ်းမြှောက်မိပါကြောင်း )

ဘရန်ဆိုင်း ။
။------------------------------------



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org