သိန်းစိန်ကြီးက ရိုးရှာတယ်

ကိုထိုက်)(22 January 15)




-------------------------------------------------------------------------


သိန်းစိန်တစ်ယောက် ပုဏ္ဏဖြူ၊ ပုဏ္ဏညိုတွေနဲ့ အလုပ်ရှုပ်နေပြီ။ ထိုးကျွေးစရာတွေက များလာတယ်။

၁။ ပါးစပ်သရမ်းပြီး ဆေးစွဲနေတဲ့ အရည်းကြီးကိစ္စ - အဲဒီ အရည်းကြီးကိုပဲ တစ်ခါတည်း ထိုးကျွေးလိုက်ရမလား .. ၂၀၁၅ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ အလွန်မှာ ပြသနာ ရှာဖို့ အသုံးဝင်နိုင်သေးတာကြောင့် မျက်နှာပြောင်တိုက်ပြီး မသိချင်ယောင် ဆောင်ရမလား

၂။ ကချင်က ကျောင်းဆရာမလေးနှစ်ယောက်ကိစ္စ .. ဘယ်ကောင်တွေကို တရားခံအဖြစ် ထိုးကျွေးရင် ကောင်းမလဲ -

၃။ ပညာရေး ဥပဒေကိစ္စမှာ လွှတ်တော်ကို ထိုးကျွေးတာ ကျောင်းသားတွေကရော ပြည်သူတွေကပါက အကြောင်းသိနေကြလို့ မယုံတာကိုရော ဘယ်လို လုပ်ရပါ့။

-------------------------

ပညာရေး ဥပဒေ မူကြမ်းကို ဘယ်သူတွေက ဦးဆောင်ပြီးတင်ခဲ့တယ် မှတ်သလဲ။ အခုတော့ သမ္မတက လွှတ်တော်ကနေ ပြင်ဖို့ သဘောထား မှတ်ချက်ပေးတယ် ဘာညာနဲ့ သတင်းထဲ ထည့်တယ်။ ဧရာဝတီမြစ်ဆုံဆည်ကိစ္စလို နောက်ထပ် လုပ်ရပ် တစ်ခုပါပဲ။

ဧရာဝတီ မြစ်ဆုံတုန်းကလည်း သူပဲ ဦးဆောင် လက်မှတ်ထိုး သဘောတူပြီး ရောင်းစားခဲ့တယ်။ ပြီးတော့ သူပဲ နာမည်ကောင်းယူပြီး ... သူ့လက်ထက်မှာ နားတယ်လေး ဘာလေးနဲ့။ တကယ်က တာဝန်မခံချင်လို့ နောက်အစိုးရကို ခေါင်းရောင်းစားတဲ့ လုပ်ရပ်။

အခုလည်း သူ့လက်အောက်က ပညာရေး ဝန်ကြီးဌာနက ဦးဆောင်ပြီး ဒီဥပဒေမူကြမ်းကို တင်တယ်။ အများက လက်မခံဘူးဆိုမှ ... လွှတ်တော်ကနေ ပြင်ဖို့ သဘောထား မှတ်ချက် ပေးတယ် ဘာညာ လုပ်လာတယ်။ မသိရင် လွှတ်တော်က လူတွေ လုပ်တာကို သူက လိုက်ပြင်နေရတဲ့ အပေါက်။ လွှတ်တော်ရော ... အစိုးရရော ... ဖွတ်တွေ၊ ချိတ်ထမိန်ဝတ်တွေ ကြီးစိုးထားတာ။

... ခေါင်းရောင်းစရာ ရှိတော့ လွှတ်တော်ကို ခေါင်းလှမ်းရောင်းလိုက်တယ်။

... သိန်းစိန်ကြီး တစ်ယောက် ရိုးလိုက်တာမှ ... ပါးစပ်ထဲ လက်ထည့်ရင်တောင် မကိုက်တတ်ရှာဘူး။


---------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org