ကျနော်ကိုယ်တိုင်အကျဉ်းကျပြီမို့ အကျဉ်းသားမစောင့်ရှောက်တော့ပါ။

ကိုကိုဦး(သူပုန်မျိုးဆက်)(20 December 14)




------------------------


တလောကဘဲ ရှစ်ဆယ့်ရှစ်တွေအကြားမှာ မင်္ဂလာဆောင်တစ်ခု တွေ့လိုက်မိတယ်၊ ဟဲဟဲ..ရယ်စရာတော့အကောင်းသားဗျ၊ မဲဆောက်ကနေပြီး အကျဉ်းသားစောင့်ရှောက်ရေးလုပ်ပြီးတော့ စစ်ခွေးတွေ ဟပေးတဲ့ဂယ်ပေါက်ကနေ အထုတ်ကလေးပိုက်ပြီး ပြည်တော်ပြန်သွားတဲ့ငတိပေါ့..

ဘယ်လောက်နိုင်ငံရေးပြင်းထန်သလည်းတော့မမေးနဲ့ စောင့်ရှောက်စရာအကျဉ်းသားမရှိတော့ ရင်ခွင်ပိုက်စောင့်ရှောက်မဲ့ သူရှာလေသလားမပြောတတ်ပါ၊

မဲဆောက်မှာဆီမလာပဲမလာဖြစ်ပြီး ပြည်တော်ပြန်ပြေး အမ်ဂျီအို မောင်လုပ်စားတွေကိုမှ လက်တွဲလိုသူတွေမရှားဘူးဆိုတာ မျက်မြင်ကိုယ့်တွေ့မို့ မလုပ်စား မကိုင်စား တတ်တဲ့ သြဇီက သူငယ်ချင်း ဘော်ဘော်တွေ ကနေဒါနဲ့ အမေရိကန်ကဘော်ဘော်တွေ ဘာကြောင့်လက်တွဲဖေါ်ရှားတာလည်းလို့ စဉ်းစားရင်း ဒေါ်သထွက်မိတယ်၊

ပြည်တွင်းမှာပြည်ပက အကျင့်ပျက်တွေကို သယ်ဆောင်သွားပြီး ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ကြည်နူး နေကြတဲ့ဂိုဏ်းသားတွေကို တွေ့လေ..ဒေါသကထွက်လေဘဲ၊

တကယ်တော့..မသိမသာ ဒူးထောက်အညံ့ခံခြင်း ဆိုတာထက်အပြင် ပြည်တွင်းပြန်ဝင်ပြီး ဆီများပဲများထပ်ရလေဦးမလားဆိုတုဲ့မျှော်လင့်ချက်တွေက ပိုပြီးဖြစ်နိုင်ချေ၇ှိပါတယ်၊

ဖြူနှင်းဖွေးတုန်းကလည်းအသံမထွက် ကိုပါကြီးတုန်းကလည်းအသံဗလာ ဒီနေ့စာရေးဆရာထင်လင်းဦးကို မသဘတွေဆုတ်ဖြဲနေချိန်မှာလည်း ပြည်တော်ပြန်တွေ အားစေးမိနေတာဟာ သိပ်ကိုရှင်းတယ်၊

ဒေါ်လာကျည်ဆံမှန်ထားတဲ့မင်းတို့တတွေ ရှက်တတ်ရင် မင်းတို့ကြွားလုံးထုတ်ထားတဲ့ပုံတွေနောက်မှာ စာတန်းထိုးထားပေတော့၊ ကျနော်ကိုယ်တိုင်အကျဉ်းကျပြီမို့ အကျဉ်းသား မစောင့်ရှောက်တော့ပါ။

Ko Oo
ကိုကိုဦး(သူပုန်မျိုးဆက်)
-----------------

အမျိုးသားရေး ဝါဒကို တကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံတိုင်းမှာကျင့်သုံးကြ တယ်

၁- လူမျိုးတို့၏သမိုင်းကြောင်း
၂ -ယဉ်ကျေးမှု့ ဓလေ့ထုံးစံ
၃- ၎င်းတို့အခြေတည်ရာ ဘာသာရေးအုတ်မြစ်
၄- ထိုလုူ့ဘောင်၏ယဉ်ကျေးမှု့ ရိုးရာ ဓလေ့ ဦးတည်ရာလမ်းကြောင်း }

ယနေ့ခေတ်မှာ မြန်မာ့နိုင်ငံရေးဟာ အတော်ရှုပ်ထွေးလာတယ်

NLD တချို့ဟာ အမျိုးသားရေး လူ့အခွင့်အရေး ဒီမိုကရေစီဝါဒ နှင့် လူမျိုးတမျိုး လူ့ဘောင်တခု၏ identities ပါတီနိုင်ငံရေး နှင့် အမျိုးသား နိုင်ငံရေး တို့ကို သေခြာနားမလည်ကြဘူး

အဲဒါဟာ ယနေ့ခေတ် အာဏာရှင်ဝါဒချုပ်ဆုံးရေးမှာ NLD ဝင်တချို့..၏နိုင်ငံရေးအမြင် အားနည်းချက်လို့မြင်တယ်
ကိုယ်အားနည်းချက်ကိုမမြင်သည့်အခါမှာ အမျိုးသားရေးကို အစိုးရလက်ကိုင်တုတ်အဖြစ် တွန်းပို့ပြီး အမျိုးစောင့်ထဲတွင်ပါသော
လက်ရှိအစိုးရ လိုလားသည့် သံဃာတချို့အကြောင်းပြုကာ သံဃာထုကြီးကိုပါ ဝေဖန်လာတာ အဆိုးဆုံးပဲ
ဒါဟာယနေ့ခေတ် လူထုအကျိုးစီးပွားကို ဦးဆောင်နေသည့် NLD၏ အားနည်းချက် တွေဖြစ်၍ စိတ်မကောင်းစရာ ဟူ၍မြင်တယ်

Maung Naing Maung