၀မ်းနည်းပါတယ်..တစ်မတ်သားရယ်.

Pa Yit(26 June 15)




-------------------------------------------------------------------------


၀မ်းနည်းပါတယ်..တစ်မတ်သားရယ်..
==================

စစ်သားတွေ အရာရှိတွေ..ရှေ့တန်းမှာ..
တစ်ဖြုတ်ဖြုတ်နဲ့ကျဆုံးနေကြတုန်းက..
ငါတို့...လက်ခုပ်မတီးခဲ့ဘူး..၊

စစ်မှုထမ်းဟောင်းအငြိမ်းစားတွေ..
လမ်းတကာလှည့်ပြီး..
စာအုပ်တွေရောင်းနေတာကို
မြင်ကြရတုန်းက..
ငါတို့တွေ...လက်ခုပ်မတီးခဲ့ဘူး..၊

ခြေပြတ်စစ်သားဟောင်းတွေ..၊
ချိုင်းဒေါက်နဲ့ ဒရွတ်ဆွဲပြီး..
ဘူတာရုံနဲ့သင်္ဘောံဆိပ်တွေမှာ..
သနားစဖွယ်တောင်းရမ်းစားသောက်
နေတာကို ငါတို့မြင်ခဲ့တုန်းက..
ငါတို့တွေ..လက်ခုပ်မတီးခဲ့ဘူး..

တိုက်ပွဲကျစစ်သားမိန်းမတွေ..
သူ့လင်အုတ်ဂူရှေ့..
မျက်နှာအောက်ချ ငိုပွဲဆင်နေတုန်းက..
ငါတို့တွေ...လက်ခုပ်မတီးခဲ့ဖူး..၊

ရှေ့တန်းက စစ်သားတွေ..
ငပိလောက်တက်.၊
ပဲပိုးထိုးနဲ့....
တွေ့ကရာဟင်းရွက်ပြုတ်ပြီး
ဆန်ကွဲထမင်းစားနေတာကို...
မြင်ကြတုန်းက..
ငါတို့တွေ..လက်ခုပ်မတီးခဲ့ဘူး..၊

စုတ်ပြတ်သတ်ပြီး..
Safety မရှိတဲ့..
အကာအကွယ် အစုတ်ဝတ်ထားတဲ့
စစ်သားတွေမိုင်းရှင်းနေတဲ့ပုံတွေတွေ့တုန်းက..
ငါတို့တွေ...လက်ခုပ်မတီးခဲ့ကြဘူး..၊

ဘာမှအရည်အသွေးမရှိတဲ့..
အစုတ်ပြတ်ဆုံး စစ်သုံး Halemet ကိုဖေါက်ပြီး
ကိုးကန့် Sniper ကျည်ဆံထိလို့..
စစ်သားတွေ..ပိုးစိုးပက်စက်သေတာကို...
ငါတို့ မြင်လိုက်ရတုန်းက...
ငါတို့တွေ..လက်ခုပ်မတီးခဲ့ဖူး..၊

အဆင့်ဆင့်ဖြတ်စားလျှပ်စားခံထားရလို့
နွမ်းဖတ်စုတ်ပြတ်နေတဲ့..ယူနီဖေါင်းနဲ့ ..
ချပ်ဝတ်တန်ဆာအစုတ်ဝတ်ဆင်ပြီး..
စစ်ကားစုတ်တွေကို တွန်းနေတဲ့..
ရဲဘော်လေးတွေကိုမြင်တုန်းကလဲ..
ငါတို့တွေ..လက်ခုပ်မတီးခဲ့ကြဘူး..၊



-------------------------------------------------------------------------
အဘတို့ အသုံးမဝင်လို့ စွန့်ပစ်ခံလိုက်ရတဲ့ ရဲဘော်တယောက် ဝမ်းရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် စာအုပ်လာရောက် ရောင်းချစဉ် ....
ဓါတ်ပုံ ဟာကျူလီ ကသာ

တိုင်းပြည်အတွက်..ပြောင်းလဲသွားနိုင်တဲ့

အနာဂတ်ကို ဖန်တီးတဲ့..
မဲခွဲဆုံးဖြတ်မှုတွေ...
မင်းတို့ကြောင့်..
ရှုံးနိမ့်သွားတာကိုကျတော့..

မင်းတို့တွေက....
ဝမ်းသာအားရ.. လက်ခုတ်တီးကြတယ်..၊
ပျော်နေကြတယ်ပေါ့....
------------------------------------

ဒါလား..စစ်သားစိတ်..၊
ဒါလား..ပြည်သူကိုချစ်တဲ့စိတ်..၊
ဒါလား..တိုင်းပြည်ချစ်တဲ့စိတ်..၊

အလကား...ရွှီးတာ..၊

တပ်မတော်ရဲ့ဖခင်ဗိုလ်ချုပ်ရဲ့
လောင်းရိပ်ကိုဖယ်ပြိး...
သမိုင်းဖျောက်ချောင်ထိုးခဲ့တဲ့..
သမိုင်းတရားခံ..စစ်အာဏာရှင်အောက်မှာ...
လူလားမြောက်လာတဲ့..မင်းတို့ရဲ့...
တစ်ဘက်ပိတ်..ဘဝ..၊

ကမ္ဘာမှာမျက်နှာမပြရဲပဲ..
မဝင်ဆံ့ရဲကြတဲ့ ခေါင်းဆောင်တွေကြောင့်..၊
နိုင်ငံခြားမှာစစ်ပညာသင်တာတောင်..
နောက်ဖေးပေါက်ကနေသွားသင်ကြရှာတဲ့..
မင်းတို့ ရဲ့ လူရာမဝင်မှု..၊

နိုင်ငံတကာမှာ တပ်မတော်တွေပူးပေါင်းနေချိန်မှာ
ကိုယ့်စစ်တပ်ရဲ့ စုတ်ပြတ်နေတဲ့ အနေအထားကို
ကမ္ဘာကသိမှာစိုးလို့....
ဘယ်သူနဲ့မှအရောမဝင်ရဲတဲ့..
မင်းတို့ရဲ့ အဆင့်အတန်း...၊

အဲဒါကို ပြန်ဆန်းစစ်ကြ..၊

မင်းတို့ကို...
အဲဒီလိုဖြစ်အောင်လုပ်ထားတဲ့...သူတွေအတွက်..
မင်းတို့က ပျော်ပြီး..လက်ခုတ်တီးတယ်ဆိုကတည်းက
မင်းတို့ဘဝကို...မင်းတို့ပြန်တွေးကြ..၊

မင်းတို့ကို တစ်ခုမေးမယ်..

မင်းတို့ ဘဝမှာ..

"ပြည်သူ့စစ်သား"ဆိုတဲ့အခေါ်အဝေါ်ကို..
"ပြည်သူ့တပ်မတော်"ဆိုတဲ့..

အခေါ်အဝေါ်ကို..

မင်းတို့မကြားရတာ..

နှစ်ပေါင်း...
ဘယ်လောက်ကြာပြီလဲ..ဆိုတာ
မင်းတို့ စဉ်းစားမိကြရဲ့လား..?

အဲဒီအခေါ်အဝေါ်ကိုရော..
ကြားဖူးကြရဲ့လား... ?

အဲဒီအခြေအနေ.ကို..
မင်းတို့...နားလည်ရင်..

မင်းတို့ ဘဝကို မင်းတို့..
နားလည်သွားပါလိမ့်မယ်..

ဝမ်နည်းပါတယ်....
တမတ်သားရယ်..၊

( Pa Yit )
------------- -------------




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org