DSA ဆင်းတွေက ထူးပြီး အမြီးတစ်ချောင်းပိုပေါက်

Moe Zay Nyein(8 June 15)




-----------------------------------------------------------------------

· တပ်မတော်မှာ တချိန်တုန်းက အရာရှိဝင်ပေါက်(၃)ခုရှိခဲ့ပါတယ်။
(၁) DSA (စစ်တက္ကသိုလ်)
(၂) OTS (ဗိုလ်သင်တန်း)
(၃) OTC (အလုပ်သင်ဗိုလ်) ဆိုပြီး ရှိခဲ့တယ်။

OTS ကို နောက်ပိုင်းမှာ ဆက်ခေါ်ပေပမဲ့ OTC (အလုပ်သင်ဗိုလ်) တွေကိုတော့ ၂၀ဝ၀ နောက်ပိုင်း ဆက်မခေါ်တော့ပဲ အပတ်စဉ် (၃၀) မှာ ရပ်တန့်ခဲ့တယ်။
တေဇဆိုတာက ဗိုလ်ချုပ်နာမည်ဖြစ်နေတာမို့ ကျောက်ဆည်သားကြီး သန်းရွှေက မနာလိုသလို DSA ဆင်း ဒုချုပ် အမူးသမားကြီးကလည်း မမြင်ချင်တာလည်း ပါပေမပေါ့။

နောက်ပေါက်ချာတိတ်တွေတော့ ဒါတွေကို မသိကြတော့ဘူးပေါ့။
တပ်မတော်သမိုင်းမှာ စွမ်းရည်ဘွဲ့ရသူတွေ စာရင်းကြည့်ရင် DSA က ဘိတ်ချီးပါ။
OTS တို့၊ အလုပ်သင်(တေဇ) တို့က ပိုများပါတယ်။



-----------------------------------------------------------------------

တေဇမှာဆိုရင် ဘီစီနံပတ် (၅)ခုလောက် တန်းစီပြီး သူရဲကောင်းမှတ်တမ်းဝင် ရခဲ့တာမျိုးတွေ ရှိတယ်။
သို့သော် တပ်မတော်ရဲ့ အရူးတွေကြောင့် OTS တွေ၊ တေဇဆင်းတွေဟာ ဘေးချိတ်ခံခဲ့ရတယ်။
ဒီလိုဘေးချိတ်ခံရတဲ့ထဲမှာ OTS ထက် တေဇဆင်းက ပိုအနင်းခံခဲ့ရတယ်။

OTS ဆင်း ဒုဗိုလ်ချုပ်ကြီးဖြစ်နိုင်ပေမဲ့ တေဇကျောင်းဆင်းအရာရှိတွေက မဖြစ်နိုင်ပါ။
တေဇဆင်းဆိုရင် ဘယ်လောက်ပဲတော်တော် ရာထူးကြီးကြီး မပေးတော့ဘူး။
ဗျူဟာမှူးအဆင့်ကနေ အရပ်ဖက်ကို ပြောင်းခိုင်းတယ်။
အများဆုံး ဗိုလ်မှူးချုပ်အဆင့်ပါပဲ။

ကျနော်နဲ့ သိတဲ့ တေဇဆင်း (ခုလက်ရှိ ညွှန်ချုပ်) တစ်ယောက်က ပြောဖူးတယ်။
စစ်တိုက်ချင်လို့ တပ်ထဲဝင်တာကွာ ….လမ်းလာ ခင်းခိုင်းနေတယ် တဲ့။
တေဇဆင်းမှာ ဗိုလ်ချုပ်ဖြစ်ဖူးသူတွေဟာ လက်ချိုးရေရတဲ့အထိ ခပ်ရှားရှားပါ။

ထားတော့ဗျာ။ ခုက တပ်မတော်မှာ DSA မှ DSA လုပ်နေတဲ့လူတချို့ကြောင့် အခြားကျောင်းဆင်းအရာရှိတွေဖြစ်တဲ့ OTS တို့၊ တေဇဆင်းတွေအနေနဲ့ ဘယ်လိုဖြစ်သွားလဲဆိုတာ သိစေချင်လို့ပါ။
တလောက ပြည်သိမ်းဆိုတဲ့ တစ်ယောက်တင်တာကို DSA ဆင်းတွေက ဝမ်းသာအားရ တင်ကြရှယ်ကြတာတွေမြင်လို့ပါ။
(ပြည်သိမ်းဆိုတဲ့တစ်ယောက်က DSA ဆင်းလား၊ DSA ဆင်းရဲ့ အဆွယ်အပွားလားတော့ ကျနော်လည်း သေချာမသိ) ဒီဟာကို DSA ဆင်းမဟုတ်တဲ့ တပ်မတော်အရာရှိတစ်ယောက်ကနေ ဒီလို ပြန်ပြီး မေးငေါ့ သရော်ကာ ရှယ်ထားပါတယ်။

(ပုံမှာကြည့်ပါ) ဒါကို မြင်ရတော့ စိတ်မကောင်းဘူး။
ငါတို့ DSA ဆင်းမှ တပ်မတော်အရာရှိဆိုတဲ့ စိတ်ကြီးက သိပ်တော့ မဟုတ်သေးပါ။
ငါတို့ DSA ကျောင်းဆင်းမှ သမ္မတ၊ လွှတ်တော်ဥက္ကဌဖြစ်တယ်၊
DSA ဆင်းတွေ ဘယ်နေရာရောက်ရောက် ဘာမဆိုလုပ်တတ်၊
ဘာမဆိုသိတယ်ဆိုတဲ့ အရူးချီးပန်းစိတ်တွေကို နည်းနည်းလောက်လျှော့လိုက်ရင် ကောင်းမယ်ထင်ပါရဲ့။

အဲလိုဆိုရင် အခြားကျောင်းဆင်းအရာရှိတွေသာမကပဲ ပြည်သူတွေ၊ ဝန်ထမ်းတွေပါ စိတ်ချမ်းသာရလိမ့်မယ်ထင်ပါရဲ့။
DSA ဆင်းတွေက တခြားလူတွေနဲ့ မတူရအောင် လူတွေထက် ထူးပြီး အမြီးတစ်ချောင်းပိုပေါက်နေတယ်လို့ ထင်နေသလား ကိုယ့်လူတို့ရယ်။
ဒုက္ခ ....





-----------------------------------------------------------------------



Moe Zay Nyein





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org