ကံကံ၏အကျိုး

Pa Yit(23 April 15)




-------------------------------------------------------------------------


. (1)
လူတစ်ထောင်ရှိတယ်လို့ကြေညာထားတဲ့
ကိုးကန့်အဖွဲ့နဲ့ အချိန် ၂ လ ကျော်ကြာ စစ်တိုက်လိုက်တာ
အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ
(ဒေါ်လာ သန်း တစ်ထောင့်ငါးရာ) လောက်
ကုန်နေပြီ လို့သိရပါတယ်..၊
ကိုးကန့်အဖွဲ့ဝင်လူတစ်ထောင်စာ..
သန်းတစ်ထောင့်ငါးရာဆိုတော့
ကိုးကန့်တစ်ယောက်ကို ...
ဒေါ်လာတစ်ဆယ့်ငါးသိန်းကုန်နေပါပြီ..

. လက်ရှိငွေလဲနှုန်း ၁၀၈၀နဲ့ တွက်လိုက်ရင် ..
ကိုးကန့်တပ်ဖွဲ့ဝင်တစ်ယောက်ကို ရင်ဆိုင်ဖို့..
မြန်မာငွေကျပ် သိန်းပေါင်း တစ်သောင်းခြောက်ထောင့် နှစ်ရာ
(၁၆၂၀ဝ သိန်း ကျပ်) သုံးပစ်လိုက်ပါတယ်..၊
အချိန် ၂ လ ကျော် ဆိုတော့ ရက်တွက်မယ်ဆို ရက် ၇၀ မှာ...
ဝမ်းပိုင့်ဖိုက် ဘီလီယံဆိုတော့ တစ်ရက်ကို ဒေါ်လာ ၂၁၅ သိန်း သုံးနေပါတယ်..၊

မြန်မာကျပ်ငွေနဲ့ဆို ငွေလဲနှုန်း ၁၀၈၀ နဲ့တွက်ရင် ...
ကိုးကန့်စစ်စရိတ်ဟာ ပျှမ်းမျှ တစ်ရက်ကို
ကျပ်သန်းပေါင်း နှစ်သောင်း သုံးထောင့် နှစ်ရာ့နှစ်ဆယ်
( ကျပ်သန်း ၂၃၂၂၀ ) ရှိပါတယ်..

. ဒေါ်လာ တစ်ဘီလီယံခွဲဟာ..
တိုင်းပြည်အတွက် လိုအပ်တဲ့အခြေခံအဆောက်အဦးတွေကို
ပက်ပက်စက်စက် ဆောက်လို့ရပါတယ်..၊
ပြီးရင် အဲဒီငွေပမာဏဟာ..
ခေါင်းစဉ်အမျိုးမျိုးနဲ့ လှည့်ပြီးသကာလ..
မြန်မာနိုင်ငံခြားတစ်ဦးချင်းစီရဲ့
အကြွေးကို ငါးသိန်းကနေ..
ခြောက်သိန်း ခုနှစ်သိန်းအထိ..
တက်သွားစေတဲ့ ...
ငွေကြေးပမာဏတွေဖြစ်ပါတယ်.၊

တိုင်းပြည်သယံဇာတလဲကုန်..
အရင်းအမြစ်တွေပျက်စီးတဲ့အထိ
ပြောင်သလင်းခါ သွားရင်တောင်..
စစ်တပ်ရဲ့ အသုံးစရိတ်ဟာ...
ကုန်နိုင်မယ်မထင်သေးပါဘူး..
ပြီးရင်...
ဘာမှလဲ တိုးတက်လာမယ်မထင်ပါဘူး..
---------------------------

. (2)
မြန်မာ့တပ်မတော်ဟာ..
နည်းပညာမြင့်လက်နက်တွေ၊ တိုက်လေယာဉ်တွေ၊
ရဟတ်ယာဉ်တွေ၊ သံချပ်ကာတွေကို...
ဗုံးပေါလအော ထုတ်သုံးခဲ့ပေမဲ့..
အခုထက်ထိ အပြတ်မတိုက်နိုင်ပါဘူး..၊
မြန်မာ့တပ်မတော်ဘက်ကအကျအဆုံးတွေကလဲ..
ထင်မှတ်မထားလောက်အောင် များနေပါတယ်..၊

. တစ်ထောင်လောက်ရှိတဲ့ကိုးကန့်ကို တိုက်တာ..
၃၀ဝ လောက်ကျပြီး ၆၀ဝ လောက်ဒဏ်ရာရတယ်ဆိုတဲ့အချက်ဟာ
တပ်မတော်နေ့မှာ ဒုံးပျံတွေအမြောက်တွေပြပြပြီး
အကြွားပိုလွန်းတဲ့ ကြည်းရေလေအဆင့်တပ်မတော်ရဲ့
ကျီးအာသီးလို အတွင်းလှိုက်စားနေတာကို...
ကိုယ့်အထုတ်ကိုယ်ဖြေပြရာရောက်နေသလိုဖြစ်သွားပါတယ်..၊

တစ်ချိန်တုန်းက ကျွန်တော့အဖိုး ပြောခဲ့တဲ့..
အင်အားထောင်ပေါင်းများစွာရှိတဲ့ တရုတ်ဖြူအပါဝင်
အခိုင်အမာ ခြေကုတ်ယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကို
နိုင်အောင်တိုက်ခဲ့ကြတဲ့မြန်မာ့တပ်မတော်မျိုးဟာ..
ဟိုးအတိတ်ဆီမှာ ကျန်ခဲ့ပါပြီ..

. ကိုးကန့်ကိုသာ အဲဒီလိုတိုက်နေရရင်..
ကိုးကန့်နဲ့ ပုလင်းတူဘူးဆို့ဖြစ်ခဲ့တဲ့..
UWSA ဝ အဖွဲ့ရဲ့ အမာခံလက်နက်ကိုင်အင်အား

(၃) သောင်းနဲ့ လိုအပ်ရင် သေနတ်ကိုင်မဲ့
တပ်ဖွဲဝင် ၃ သောင်းလောက်ကို တိုက်နိုင်မလား..
မတိုက်နိုင်ဘူးလားဆိုတဲ့အဖြေဟာ..
မြန်မာ့တပ်မတော်ရဲ့ လက်ရှိစွမ်းရည်ကို ကြည့်ရင်..
အဖြေအများကြီးထွက်ပြီးသားပါ..၊


--------------------------

.



-------------------------------------------------------------------------




-------------------------------------------------------------------------


(3)
အဲဒီလိုဘာလို့ဖြစ်တာလဲဆိုတာ
အဖြေရှာလိုက်ရင်ရှင်းရှင်းလေးပါ..
စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ခေတ်မှာမှ စစ်တပ်ဟာ ပျက်စီးခဲ့တာဖြစ်ပါတယ်..
အဲဒီကာလတစ်ခုလုံးမှာ..
စစ်အာဏာရှင်ဟာ.
စစ်သားတွေလက်ကိုင်ထားတဲ့..
စစ်သည်တော်ကျင့်ဝတ်တွေထဲက..

. ပြည်သူလူထုအပေါ်ပြုကျင့်ရမဲ့ ကျင့်ဝတ်တွေကို
ပြောင်းပြန်လုပ်ခဲ့တာတွေ..
တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်ကို ..
သိရက်နဲ့ ချောင်ထိုးခဲ့တာတွေဟာ..
နောက်ပိုင်းမှာ ကံကံ၏အကျိုး ဒဏ်ပြန်ခံသလို..
စစ်တပ်ရဲ့ စွမ်းရည် (၃) ရပ်လုံးကို
မြောင်းထဲရောက်စေခဲ့တဲ့အပြင်...
မြန်မာ့တပ်မတော်ကြီးရဲ့ ပုံရိပ်တွေကိုဇောက်ထိုးကျဆင်းပြီး
ပြည်သူက မုန်း၊ စစ်တပ်က ချွတ်ချွံကျဆင်းတဲ့
အနေအထား ဖြစ်သွားစေတာပါပဲ..

. ကိုးကန့်တိုက်ပွဲတွေမှာ ဘယ်လောက်ပဲ
အင်အားသုံးသုံး ..
ထင်သလောက်မထိရောက်တဲ့
အနေအထားကို ဟန်လုပ်နေကြရပါတယ်...
ဗုဒ္ဓတရားတော်ကို လေးနက်စွာလိုက်နာသူတိုင်း..
ကံကံရဲ့အကျိုးကို ယုံကြည်ပါတယ်..၊

မြန်မာ့တပ်မတော်ကိုအုပ်ချုပ်နေတဲ့
အာဏာရှင်အနွယ်တွေရဲ့ ...
လက်ရှိအနေအထားဟာလဲ..
ကံကံရဲ့အကျိုးဒဏ် ပြန်ခံရတယ်ဆိုတာကို..
သဘောပေါက်ရမှာပါ..၊

( Pa Yit)




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org