တော်တော်မိုက်တဲ့ ဒီစစ်ဗိုလ်

Linn Thu(13 April 15)




-------------------------------------------------------------------------


မနေ့က..တပတ်စဉ်ထဲ သူငယ်ချင်းတွေ နဲ့ ဆုံတော့ ၁၀ မိုင်ကုန်း က ဆိုင်မှာ ဘီယာ ထိုင်သောက်ဖြစ်ကြ တယ်..။

အဲ့ဒါပြီးတော့.. ပြည်လမ်းအတိုင်းပြန်လာကြရင်း နဲ့ နေရွှေသွေးအောင်.. မဏ္ဍပ် ဆိုတာ ကို တွေ့လို့ ဟိုလိုလို ဒီလိုလို နဲ့ ဝင်ပြီး စပ်စုဖြစ်တယ်..။

အတော်လေးကြီး တဲ့ မဏ္ဍပ်ပါ.. နောက်ဖက်မှာ မဏ္ဍပ်ပေါ်တက်ဖို့ လှေကား ၂ ခုတွေ့ရတယ်..။ လှေကား ၂ ခုမှာ တစ်ခု က VIP လှေကားတဲ့..။
အပေါ်မှာ VIP အခန်းဆိုပီး သီးသန့်ခန်း တစ်ခန်းကို Air Con ဆင်လို့..။

ပြင်ပ အရက်ပုလင်းများ မယူရဆိုတဲ့ ဆိုင်းဘုတ်လည်း တွေ့တယ်..။ ကြည့်ရတာ အထဲမှာ အရက် ၁ ပက် တစ်သောင်းလောက် ပေးဝယ်သောက်ရမယ့်ပုံ..။
မဏ္ဍပ်တိုင်း ဒီလိုပဲ ဖြစ်မယ် ထင်ပါတယ်..။
ထူးတော့မထူးဆန်းဘူး ပြောရမယ်..။



-------------------------------------------------------------------------


ထူးဆန်းတာက.. အရပ်ဝတ် ဝတ်ထားတဲ့ စစ်သားတွေ မဏ္ဍပ် ဖက်ထိပ်လုပ်နေတာ တွေ့ရတာပဲ..။
ကိုယ်တွေက စစ်သားဆိုတော့ အရပ်ဝတ် ဝတ်ထားကြပေမယ့်.. အဲ့ဒီ အဖွဲ့တွေ ကို မြင်လိုက်တာနဲ့ စစ်သားမှန်း တန်းသိလိုက်တယ်.။

၂၀၁၅ ထဲရောက်လို့ နောက်အစိုးရအသစ်တစ်ဖွဲ့တောင် ရွေးချယ်ကြတော့မယ့်ကာလမှာ .. ဒီလို လုပ်ရပ်တွေ ရှိနေ သေးတာကိုတော့.. စိတ်ထဲ ဘဝင်မကျမိတာ အမှန်...။

Security လည်း တပ်ကအဖွဲ့တွေ ပဲ ဖြစ်လိမ့်မယ်.. ဝတ်စုံတွေ သီးသန့်ထုတ်ပေးနေတာ တွေ့ခဲ့ရလို့..။

ပြောချင်တာက..ဘယ်လိုပဲ အင်တာနက် စာမျက်နှာပေါ်မှာ လူ့အကြိုက် ဖြေရှင်းချက်တွေ တက်ရေးပြနေလည်း လုပ်ရပ်က ပဲ စကားပြောသွားမယ် ဆိုတာပါ..။

နေရွှေသွေးအောင် ကိုတော့..အာဆင်နယ် ဂျာစီဝတ်လို့ အနားက ရံရွေတော်များကို စီစဉ်ညွှန်ကြားနေတာ တွေ့ ရတယ်..။ အများပြောသလို မန်ယူ ဖန် မဟုတ်တာတော့ သေချာသွားတာပေါ့..။
အာဏာဟာ..လွယ်လွယ်နဲ့ စွန့်ပစ်နိုင်ခဲတယ် ဆိုတာ အမှန်ပါလားလို့.. နေရွှေသွေးအောင် ပြောဟန် ဆိုဟန် ၊ လေယူလေသိမ်း ကို ကိုယ်တိုင်တွေ့ပီး သုံးသပ်မိတယ်..။

တလောက ဟော့သွားခဲ့တဲ့ နေရွှေသွေးအောင်နဲ့ ပါတ်သက်တဲ့ ကိစ္စရပ်တစ်ခုကတော့.. နောက်အစိုးရ သစ် တက်လာတဲ့ ခေတ်ကျမှပဲ ရေးတော့မယ်..
အခု ရေးလိုက်ရင် လာဖမ်းမှာ ကြောက်လို့



-------------------------------------------------------------------------


မဏ္ဍပ် All Day ဝင်ကြေးက ၂ သိန်းဆိုလားပဲ...
စိတ်ပါဝင်စားသူတွေ ဆက်သွယ်ပြီး သွား ကဲ လို့ ရအောင် လော်ဘီပေးတာပါ...။


မယ်ငွေဥ


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org