စစ်တပ်ဆိုတာ

ဝင်းမောင်(13 January 15)




--------------------------------------------------------------------


"စစ်တပ်ဆိုတာ ... ပြောရင်ရှင်းတယ်။ လုပ်ရင်ပြတ်တယ်။ စားရင်များတယ်။ မှတ်ထား"

(တပ်ကြပ်တဦး)


. ဒါလား စစ်သားစိတ်ဓာတ်?
ဒါလား စစ်သားစကား?
ပလောင်းပလဲပြောပြီး တပြည်လုံးက နှင်ချနေတာတောင် မဟုတ်တမ်းတရား ဆင်ခြေပေးပြီး နိုင်ငံတောက်ကို မပြှိုကွဲအောင် နိုင်ငံရေးမှာ ဝင်ပါရင်း စောင့်ရှောက်နေပါတယ်လို့ လှည့်ပတ်ဖြီးဖြန်းနေတာက မပြီးနိုင်တော့ဘူး။

. အရပ်သားအရေခြှုံဖို့ ကလိန်ဉာဏ်နဲ့ ကြံ့ဖွံ့ ခေါ် ပြည်ခိုင်ဖြှိုးအသင်းကြီး ဖွဲ့စည်းခါစတုန်းက ဘယ်လိုလုပ်ငန်းမျိုးလုပ်မယ်လို့ ကြေငြာခဲ့သလဲ?
ဘယ်ကငွေတွေယူသုံးပြီး လည်ပတ်ခဲ့သလဲ?
နောက် ဘာတွေဆက်လုပ်ခဲ့သလဲ?

. ကိုယ်လုပ်ပုံ ကိုယ်သိပါ။

အခုလို လျှာအရိုးမရှီ ရွေးကောက်ပွဲနည်းစနစ်ပြောင်းဖို့ မဟားဒယားကြံစည် အားထုတ်နေတာ နည်းနည်းလေးမှ မရှက်တော့ဘူးလား?

. ကြှုံတုန်း ပြန်ပြောရဦးမယ်။ စစ်သားတွေဟာ စစ်သင်တန်းမှာ သံမှိုစွဲသလိုရိုက်သင်ပေးလိုက်တဲ့ ကြှုံးဝါးသံတွေကို တသက်စာ မှတ်သားနာယူကျင့်သုံးလေ့ရှိတယ်။
အဲဒါတွေထဲက တခုကို ကြားဖူးတယ်။ ... စစ်သားဆိုတာ စကားကို ရှင်းလင်းအောင်ပြောရတယ် ... ပြောတဲ့အတိုင်း ပြီးပြတ်အောင်လုပ်ရတယ် ဆိုတဲ့သဘောပါ။
အဲဒီစကားကို ၁၉၈၉ ခုနှစ်လောက်က မြစ်ကြီးနားရထားပေါ်မှာ အထူးငွေပေးပြီးလိုက်ရတဲ့ လုံခြှုံရေးဆိုင်ရာ "စစ်တွဲ" ထဲမှာ မိတ်ဆွေရုံပိုင်လေးတယောက်က စာနာစိတ်နဲ့တင်ပေးလိုက်လို့ စီးဖူးခဲ့တုန်းက ကြားခဲ့ရတာပါ။

အသက်ငယ်ငယ် တပ်ကြပ်တယောက်က တခြားခရီးသည်တွေဆီက ငွေတောင်းရင်း ဘေးကရဲဘော်ကို သြဝါဒပေးလိုက်တဲ့ စကားပါ။
စစ်သားတယောက်ရဲ့ ပြတ်သားတဲ့ ကြှုံးဝါးသံလေးကိုကြားလိုက်ရတော့ ဘာအဓိပ္ပါယ်မှန်း နားမလည်နိုင်အောင် ဖြစ်သွားတယ်။
အဓိပ္ပါယ်သဲကွဲအောင်မေးလိုက်ချင်ပေမယ့် စစ်ဦးဘီလူး ဆိုတဲ့ကာလမျိုးမို့ မမေးသင့်လို့ မမေးခဲ့ပါဘူး။

. သူ့သြဝါဒက ...
"စစ်တပ်ဆိုတာ ...
ပြောရင်ရှင်းတယ်။
လုပ်ရင်ပြတ်တယ်။
စားရင်များတယ်။
မှတ်ထား" ... တဲ့။


. သူ့စကားမှန်မမှန် ဆန်းစစ်ကြည့်ကြပေါ့။
နောက်ဆုံးတချက်ကတော့ မှန်တယ် ... "စားရင် များတယ်" ... တဲ့။

တပြည်လုံးရှိသမျှ အိမ်တိုင်ချွတ်ရောင်း .. ပြည်သူကို အငတ်ထားပြီး စစ်တပ်ကပဲ အကုန်စားနေတာ။

ဝင်းမောင်



---------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org