စောင့်ကြည့်လိုက်ကြရအောင်

ခင်ဇော် ဦး(9 June 15)




-----------------------------------------------------------------------

အော် ပြန်ဝံဆိုတာ သမ္မတဆိုတဲ့ဘဲကြီးကို ဘော်ဘီလုပ်ဖို့ ခန့်ထားတာပါကလား....

သမ္မတကလည်း ဘောပွဲကြည့်ချင်ယောင်ဆောင်ရ ခြံထဲ သရက်သီးဆင်းခူးချင်ယောင်ဆောင်ကြနဲ့ တော်တော် အလုပ်အကိုင်အားနေကြပါကလား....

အဲလောက်ရိုးသားနေရင်လည်း တသက်လုံးလခစားလာတဲ့ သူက ပိုင်ဆိုင်မှုကို ချပြလိုက်ပေါ့ကွာ....

ဒီနေ့ မှာပဲ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ရဲ့ ပို့စ်တစ်ခု ကိုဖတ်လိုက်ရပါတယ်။
သာမန်အားဖြင့်တော့ သမ္မတကြီး ဦးသိန်းစိန် သူ့စိုက်ခင်းထဲက သရက်ပင် တွေသရက်သီးတွေကို လိုက်လံကြည့်ရှုနေတဲ့ ပုံနဲ့ အင်မတန်ရိုးသားပြီးဘဝ ကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်သူ တစ်ယောက် အသွင်အပြင် ကို ပေါ်လွင်အောင် ဖော်ပြတာပါ။ ဒီမှာ တစ်ခုပဲ ပြောစရာရှိပါတယ်။ စာတစ်ပိုဒ်ထဲပါ။
အဲဒီစာက - "သားသမီးများကိုလည်း မိဘအရှိန်အဝါမသုံး၊ ရိုးသားစွာ ဘဝကို ဖြတ်သန်း နေသလို၊ သူကိုယ်တိုင်ကလည်း သားသမီးများ စီးပွားရေးတော်လို့ ကျွန်တော် ချမ်းသာတာပါလို့ ဝင့်ကြွားခဲ့သူ မဟုတ်ပါဘူး" ဆိုတာပါ။
ဒီစာကို ရည်ရွယ်ချက်ရှိရှိရေးတာပါ။ ဒီစကားဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောခဲ့တာပဲဟာ။ ဘယ်သူ့ကို တိုက်ခိုက်လိုက်တယ်ဆိုတာ အသိသာကြီးထင်းနေပါတယ်။ ဒါဆို ဘာကြောင့် ဒီလိုတိုက်ခိုက်လိုက်တာလဲ။

ဆက်စပ်မှုရှိပါတယ်။ ဒီနေ့ထုတ်တဲ့ Eleven journal မှာ ဆောင်းပါးရှင် နေထွန်းနိုင် ရေးထားတဲ့ "ဆက်ထုံးဖြေပါ" ဆိုတဲ့ ဆောင်းပါးနဲ့ပတ်သက်နေပါတယ်။
ဒီဆောင်းပါးရဲ့ ဆိုလိုရင်းကို လိုတိုရှင်း ပြောမယ်ဆိုရင် သမ္မတကြီး အစိုးရရဲ့ အခုသက်တမ်းတွင်း မအောင်မြင်မှုတွေကို မီးမောင်းထိုးပြပြီး နောက်ဖြေရှင်းမဲ့ ပြဿနာတွေဟာလည်း သမ္မတကြီးရဲ့ အစိုးရဟာ ဘယ်လိုမှ ပြေလည်အောင် မဖြေရှင်းနိုင်ဘူး။
ဒါကြောင့် နောင်လာမယ့် အစိုးရအဖြစ် အတွဲအစပ်ဟာ ဒေါ်အောင်ဆန်းစုကြည် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တို့သာ ဖြစ်သင့်တယ်။
သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ဒီ ကစားဝိုင်းက နှုတ်ထွက် သွားသင့်တယ်လို့ ဆိုလိုတာပါပဲ။

Eleven ရဲ့ ပဲ့ကိုင်ရှင်ဟာ ဘယ်သူလဲ ဆိုတာ အရင်တုန်းက လူပြောသူပြော နဲ့ ရိပ်မိသိရှိပေမဲ့ အခု ဦးရဲထွဋ် ရဲ့ တုန့်ပြန်မှု ကြောင့် ဘယ်သူဆိုတာ ပိုပေါ်လွင် လာပါတယ်။ ဒီ "ဆက်ထုံးကို ဖြေပါ" ဆိုတဲ့ ဆောင်းပါးလေးကို သေချာဖတ်ပါ။
ဆောင်းပါးကောင်းပါ။ မီဒီယာတွေရဲ့ နောက်ကွယ်က လူ တချို့တဝက် ကိုသိနိုင်ပါတယ်။ ပါးပါးလေး နဲ့ လော်ဘီလုပ်တာလဲ မြင်နိုင်ပါတယ်။
နောင်လာ မဲ့အစိုးရ ရဲ့ အတွဲအစပ် က ဘယ်လိုရှိမယ် မသိပေမယ့် ကျနော့်မျက်စိထဲ ပြေးမြင်မိတာက တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက် တစ်ဖက်ကို သမ္မတကြီး ဦးသိန်းစိ်န်က အတင်းဆွဲနေသလို ကျန်တစ်ဖက်ကိုတော့ လွှတ်တော်ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းက ခြေကန်ဆွဲနေပုံ ကို မြင်နေရပါတယ်။

ကြံခိုင်ရေးပါတီတစ်ခုကို သာ ကွက်ပြီး စဉ်းစားတာဖြစ်လေတော့ ဒေါ်အောင်ဆန်း စုကြည်ကို တော့ မျက်စိထဲက ခဏ ဖယ်ထားလိုက်ပါတယ်။
ဒီပွဲ က ဒီမှာ မရပ်ပဲ ဆက်လာအုန်းမယ် ဆိုရင်တော့ သိပ်ကြည့်ကောင်းမှာပါ။
လာနိုင်စရာလည်းရှိပါတယ်။ ဘာကြောင့်ဆို ဒီနေ့ ထွက်တဲ့ ဆောင်းပါးကို အချိ်န်မဆိုင်း ပဲ အကဲဆတ်ဆတ်နဲ့ ချက်ချင်းတုန့်ပြန်ပုံထောက်ရင် ပွဲမပြီးနိုင်လောက်ပါဘူး
ကျနော်တို့ စောင့်ကြည့်လိုက်ကြရအောင်ဗျာ . . . . ။
------





-----------------------------------------------------------------------

ဟာဟ .. မှူးဇော်ရယ် ..
သမဒဂျီး လာဘ်မစားဘူး ဟတ်လား ..

ခများ သမ္မတကြီး သမီးတွေ ရန်ကုန် ဘယ် ဗီလာမှာနေသလဲ ..

အဲ့အိမ်တော်ကြီးက ဘယ်ကရတဲ့ ပိုက်ဆံနဲ့ဆောက်သလဲ ..

သူ့သမက်အကြီး ဗိုလ်မှူး ဘာကားစီးသလဲ ..

သူ့သမက် အငယ် ဟန်ဝင်းအောင် ဘာစီးပွားရေးတွေ လုပ်နေလဲ ..
စိန်တလုံးစိုက်တဲ့ မြေဧက ၅၀ဝ ကရော ဘယ်ကရလဲ ..
အေး ခများတို့ ဖင်မလုံဘဲ ပဲကြီးဟင်းတော့ မသောက်ချင်နဲ့ ..

စီးပွားရေးတော့ သူ့မိသားစု နာမည်နဲ့ မလုပ်ဘူး ..

ကန်တော့သမျှ လာဘ်ပေးသမျှ အိမ်ဆောက်ပေးသမျှ မြေကွက်သိမ်းပေးသမျှ အကုန် မငြင်းဘဲ ယူနေတာ မိုက်ကြေးခွဲ လာဘ်စားတာနဲ့ အတူတူဘဲ ..

တနည်းအားဖြင့်
ခများ သမဒကြီးက မာဖီးယားခေါင်းဆောင်ကြီးပေါ့ ..
ဟား.. ဟား ...
Hlaing Htate Htar
---------------

မိခင်တယောက်ရဲ့ မေတ္တာနဲ့ သားသမီးတွေကိုစားစေချင်လို့ ပေးလိုက်တဲ့ မချစ်စုသရက်သီး!
ပထွေးတစ်ယောက်ရဲ့ တကိုယ်ကောင်းစိတ်ဓါတ်နဲ့ မတရားသိမ်းထားတဲ့မြေပေါ်မှာ တောင်သူမျက်ရည်နဲ့စိုက်ထားတဲ့ စိန်တလုံးသရက်သီး! အမေလိုလူက ပေးဆပ်တာ

ပထွေးလိုလူက ရယူတာ
ကွာတယ် ကွာတယ်
နတ်ပြည်နဲ့ ငရဲပြည်ကွာသလို ကွာတယ်!
မချစ်စုနဲ့ စိန်တလုံး ကွာသလို ကွာတယ်!

- သက်နှင်း သုန္ဒရီ့







-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org