ဒီနိုင်ငံမှာ အာဇာနည်မလိုဘူး ခေါင်းဆောင်ကောင်းပဲလိုတယ်(ဒီပဲယင်း ရေးအခင်း)

Kyaw Swar(2 June 15)




-----------------------------------------------------------------------

(ဒီပဲယင်း ရေးအခင်း) ဝိုင်းရိုက်နေတဲ့အချိန်မှာ ဦးတင်ဦးက
"ဒေါ်အောင်ဆန်းစုကြည် ပြေး ပြေး "လို့ပြောတော့
ဒေါ်စုက "ကျမကိုထောက်ခံသူတွေကိုထားခဲ့ပြီး မပြေးနိုင်ဘူး" လို့ ပြန်ပြောတယ်

အဲ့ဒီမှာ ဦးတင်ဦးက
"ဒေါ်စု ဒီနိုင်ငံမှာ အာဇာနည်မလိုဘူး ခေါင်းဆောင်ကောင်းပဲလိုတယ်" တဲ့

Aungmyo Tun
+++++++++++++++++++++++++++

(၁)
မေလ ၃၀ ရက်၊ ဒီပဲယင်း အရေးအခင်း ၁၂ နှစ်မြောက်ပြီ။
စစ်အစိုးရ ကမကထ ပြု လုပ်ဆောင်တဲ့ ကမ္ဘာကျော် အကြမ်းဖက်မှုကြီးရဲ ့ အဓိက တာဝန်ရှိသူ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ ဖြစ်ပြီး ယနေ ့တိုင် ကြပ်ပြေး နေပြည်တော်မှာ နေထိုင်လျက်ရှိပါတယ်။



-----------------------------------------------------------------------

(၂)
အဆိုပါဖြစ်စဉ်အတွင်း ဦးဆောင်ပါဝင်ခဲ့သူဖြစ်တဲ့ စစ်ထောက်လှန်းရေးအဖွဲ ့ ခေါင်းဆောင် ဗိုလ်ခင်ညွန် ့၊ ယခင်ကြံ့ဖွံ ့အသင်း ဒုဥက္ကဌဗိုလ်စိုးဝင်းနဲ ့ ယခု အာဏာရပါတီ ဗဟိုအတိုင်ပင်ခံ ဗိုလ်အောင်သောင်းတို ့ ရေးသားပြောဆိုတဲ့ အကြောင်းအရာတွေမှာ ဒီပဲယင်းကိစ္စတချို ့ကို ဖော်ထုတ်လာတာ တွေ ့ရပါတယ်။
၂၀ဝ၃ ခုနှစ် စစ်ကိုင်းတိုင်း စစ်တိုင်းမှူးဗိုလ်စိုးနိုင်နဲ ့ ၂၀ဝ၃ ခုနှစ် ကြ့ဖွံ ့အသင်း စစ်ကိုင်းတိုင်း တာဝန်ခံ ဗိုလ်အေးမြင့်တို ့ရဲ ့ ပြောဆိုဖွင့်ဟမှုတွေကိုတော့ တစွန်းတစမျှ မကြားမိသေးပါ။ သူတို ့ ၂ ဦးစလုံးဟာ ယခု အာဏာရပါတီရဲ ့ စီအီးစီနဲ ့ ဒုဥက္ကဌတွေပါ။

(၃)
ကျီရွာ (ယခုအခေါ် သာစည်ရွာ)မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ထောင်ကျအကျဉ်းသားတွေ၊ ကြံ့ဖွံ ့အသင်းဝင်တွေ၊ ငွေပေးခေါ်လာတဲ့ လက်မရွံ ့သမားတွေ လုပ်ကြပြီး သူတို ့ကို ကွပ်ကဲသူတွေက ပြည်ထဲရေးဌာန အောက်ခြေအရာရှိများ ဖြစ်ပါတယ်။
စစ်အစိုးရ သတင်းထုတ်ပြန်မှုမှာ ၄ ဦးသာ သေဆုံးခဲ့တယ်ဆိုပေမယ့် တကယ့်အရေးအတွက်နဲ ့ ၁၀ ဆမက ကွာခြားပါတယ်။
ဒီပဲယင်း အရေးအခင်းမှာ ဒီချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဥက္ကဌ ဦးတင်ဦးတို ့ဟာ အကြမ်းဖက်ခွင်မှ လွတ်မြောက်သွားကာ နှစ်ဦးစလုံးကို တိုက်ရိုက်ဖမ်းဆီးတဲ့ပုံမျိုး မဟုတ်ဘဲ အကြောင်းကြောင်းကြောင့် ရဲစခန်းများသို ့ ရောက်သွားကြပြီး ချုပ်နှောင်ခံလိုက်ရပါတယ်။



-----------------------------------------------------------------------

(၄)
၂၅- ၅- ၂၀၁၅ ထုတ် ဒီလှိုင်းစာစောင် အတွဲ ၄၊ အမှတ် ၁၉ စာမျက်နှာ ၁၆/၁၇ မှာ ပါရှိတဲ့ ဒေါက်တာဝင်းအောင် (ခင်ဦး)ရဲ ့ ဒီပဲယင်း အမှတ်တရ ဆောင်းပါးထဲက စာကြောင်းတချို ့ကို..
"အမှောင်ထုထဲလျှောက်လာ၍ စိတ်ထဲအတော်ပေါ့ပါးသွားပါသည်။ လူရမ်းကားများ လက်မှ လွတ်ပြီဟု ထင်တာလည်းပါမည်။ သို ့သော် တတ်နိုင်သရွေ ့တော့ အသံမထွက်အောင် သတိထား၍ နှစ်ယောက်သား မညှိရဘဲ ညီနေပါသည်။
သို ့သော် မကြာခင်မှာဘဲ ရုတ်တရက် အမိန် ့သံတခု ထွက်ပေါ်လာပါသည်။

'ဟေ့ ဘယ်သူတွေလဲ'။ ကျနော့်စိတ်ထဲမှာတော့ သွားပါပြီ၊ ဒီတခါတော့ မလွတ်နိုင်တော့ဟုထင်ပြီး စိုးရိမ်သွားပါသည်။ ကျနော်တို ့ရုတ်တရက် ဘာမျှမဖြေ နိုင်ခင်မှာပင် နောက်ထပ်အမိန် ့သံထွက်ပေါ်လာပါတော့သည်။
"ဟေ့ ခင်ဗျားတို ့ ဘယ်သူတွေလဲ"။ ဒီတကြိမ်တော့ အသံရှည်မှာ ကျနော်တို ့ဥက္ကဌကြီး ဦးတင်ဦး ဖြစ်ကြောင်း ကျနော်ကောင်းစွာ မှတ်မိပါပြီ။ ဒီနိုင်ငံမှာ သူကြောက်ရမည့်သူ မရှိတဲ့ပုံပါဘဲ။

ဤကဲ့သို ့ တောကြားမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်ဆိုသဖြင့် နားမလည်နိုင် ဖြစ်ရပါသည်။ ထို ့ကြောင့် ကျနော်တို ့ ရှေ ့ဆက်သွားသင့်၊ မသွားသင့် အန်ကယ် ဦးတင်ဦးအား မေးလိုက်ပါသည်။
ချက်ချင်းပင် အန်ကယ်က ဆက်သွားမည်ဖြစ်ကြောင်း၊ ကျနော်တို ့က အရိုက်ခံထားရတာဘဲ၊ သူတို ့အကူအညီယူပြီး အမှုဖွင့်မှာဖြစ်ကြောင်း ရှင်းပါသည်။ ကျနော်တို ့ ၄ ဦးသား ဆက်လက်လျှောက်လှမ်းခဲ့ကြသည်။
ကျနော်တို ့ တွေ ့လိုက်ရသောမြင်ကွင်းမှာ မီးရောင်တွေထိန်ထိန်လင်းလျက် လူအပြည့်တင်ဆောင် ထားသော ကုန်ကား ၄ စီးဖြစ်ပါသည်။ အန်ကယ်ဦးတင်ဦးနှင့်အတူ ကားဆီသို ့ ဦးတည်သွားရာ ကားရှေ ့ခန်းထဲမှ လူရွယ်တယောက်က ရုတ်တရက်ခုန်ဆင်းလာ ပါသည်။
သူ ့လက်ထဲမှာ တုတ်တချောင်းကိုင်ထားရာ ကျနော်တို ့ကို ကူညီနိုင်မည့်သူ မဟုတ်နိုင်တော့ပါ။
'ဟေ့ကောင်တွေ မင်းတို ့ကြောင့် ဒို ့လူတွေသေကုန်ကြတယ်၊ မင်းတို ့ကိုလည်း အရှင်မထားဘူးကွ'ဟူသော မိုက်ရိုင်းစော်ကားသောစကားများ တတွတ်တွတ် ရေရွတ်နေပါတော့သည်။

သို ့သော် ကျနော်တို ့ဥက္ကဌ အန်ကယ်ဦးတင်ဦးနှင့် ကျနော်တို ့ကုသိုလ်ကံကြောင့် ကျနော်တို ့ကို ကယ်မည့်သူပေါ်လာသည်။ သူက ကားနောက်မှ ဆင်းလာပြီး 'ဟေ့လူ မလုပ်နဲ ့ မလုပ်နဲ ့'ဟု သတိပေးတားမြစ်ပါသည်။ ကားပေါ်သို ့ပြန်တက်ခိုင်း ပါသည်။ ထို ့နောက် ခင်ဗျားတို ့ကိုကျနော် ဘာအကူအညီပေးရမလဲဟု မေးလာ ပါသည်။ ကျနော့်စိတ်ထဲမှာတော့ သူကို ကျေးဇူးတင်လိုက်သည့်ဖြစ်ခြင်း။
'အမှုဖွင့်ချင်လို ့ပါ'ဟု အန်ကယ်က ရှင်းပြရာ 'ရတယ်၊ ကျနော်ခေါ်ပေးပါ့မယ်၊ ခဏစောင့်ပါဟု ပြောပြီး ခဏအကြာတွင် ဒိုင်နာကားဖြင့် ရဲ ၄/၅ ယောက် ပါလာ ပါသည်။ သူတို ့က ကားပေါ်တက်ကြပါ၊ ရဲစခန်းသွားပါမည်ဟု ပြောသဖြင့် တက်လိုက်ကြပါသည်"
.. အထက်ပါအတိုင်း ဖတ်ခဲ့ရပါတယ်။



-----------------------------------------------------------------------

(၅)
လွန်ခဲ့တဲ့ ၃ နှစ်ခန် ့က မိတ်ဆွေတဦးနဲ ့ နိုင်ငံရေးအကြောင်း စုံစီနဖာ ပြောဆိုကြရင်း ဒီပဲယင်း အရေးအခင်းအကြောင်း စကားရောက်သွားဖူးတယ်။ မိတ်ဆွေ သူငယ်ချင်းရဲ ့ အကိုဟာ ဒီပဲယင်းဖြစ်စဉ်မှာ အမိန် ့ပေးရတဲ့ ခေါင်းဆောင်ငယ်တယောက်ဖြစ်တယ်လို ့ ပြောတော့ အလွန်စိတ်ဝင်စားပြီး သိလိုတာတချို ့ကို စပ်စုမိပါတယ်။
သူ ့စကားအရ ဖြစ်စဉ်တစုံလုံးရဲ ့ ညွှန်ကြားချက်ဟာ "ဒေါ်အောင်ဆန်းစုကြည်နဲ ့ ဦးတင်ဦးကို မှည့်တပေါက် မစွန်းစေနဲ ့၊ ခြောက်ရုံလောက်ဘဲရှိပါစေ၊ ကျန်သူတွေတော့ စိတ်ကြိုက်" လို ့ဆိုပါတယ်။ ဒါပေမယ့် ရှေ ့တန်းထွက် ရိုက်နှက်သတ်ဖြတ်တဲ့သူတွေဟာ မူးရူးနေပြီး တချို ့ဟာ ရက်ရှည် ခိုင်းထား၊ လေ့ကျင့်ထားတဲ့အတိုင်း ကွက်တိမဖြစ်ဘဲ စပိ (အရှိန်)လွန်ကုန်ပြီး ဒေါ်စုတို ့ ၂ ယောက်ကိုပါ ရိုက်ချင်နှက်ချင်တဲ့ပုံစံတွေ ဝင်ချလာလို ့ (တကယ်လည်း သတ်မယ်ဖြတ်မယ် အမူအရာတွေ ပေါ်လာလို ့) မိတ်ဆွေ သူငယ်ချင်းရဲ ့အကို ကိုယ်တိုင် လူလုံးထွက်ပြပြီး ဟိန်းဟောက်တားမြစ် ခဲ့ရတယ်လို ့ ပြောပြတယ်။
ဆရာ့မျက်နှာမြင်မှ အရှိန်တန် ့ နောက်ဆုတ်သွားကြတယ်။
ဒီတုန်းက မိတ်ဆွေရဲ ့စကားကို ထူးဆန်းဖွယ်ရာလို ့ ထင်မှတ်ခဲ့ပါတယ်။

(၆)
ကမ္ဘာကျော် ဒီပဲယင်း အကြမ်းဖက်မှုကြီးအကြောင်း ခရေစေ့တွင်းကျ ပြောပြနိုင်တာ ယခု အနားယူနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်သန်းရွှေ တယောက်ဘဲ ရှိပါလိမ့်မယ်။ တခြားသူတွေက သူတို ့ပါဝင်ခဲ့တဲ့ အဆစ်အပိုင်းတခုမျှလောက်သာ ပြောပြနိုင်မယ်။
ဒါပေမယ့် မချွင်းမချန် အဖြစ်မှန်အတိုင်း အကုန်ပြောပြဖို ့တော့ လမ်းစမမြင်နိုင်သေးပါ။ အကယ်၍ ပြောပြနိုင်ရင်တော့ ချိတ်ဆက်စဉ်းစားပြီး ဖြစ်စဉ်တခုလုံးရဲ ့ ပကတိရုပ်ကို ပိုမိုခန် ့မှန်းမိကာ ပြည်သူလူထုအတွက် အကျိုးရှိတဲ့ သတင်းအချက်အလက်များ ရရှိခံစားနိုင်ကောင်းပါတယ်။
ဒါပေမယ့် အခုထိတော့ ဒီပဲယင်း အကြမ်းဖက်မှုဟာ အစိုးရအဆက်ဆက် ဖော်ထုတ်လို ့ မရနိုင်သေးတဲ့ ရာဇဝတ်မှုခင်းကြီးအဖြစ် ကျန်ရစ်နေဆဲပါ။



-----------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည် စီးနင်းသည့်ကားကို မောင်းနှင်ခဲ့သူ ကျော်စိုးလင်း


Credit- Kyaw Swar





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org