အမျိုးသား ပြည့်တန်ဆာ လောက

khat zaw(4 May 15)


ကိုထက်ခေါင်တစ်ယောက် အခုတော့ ယခင်လုပ်ငန်းမှ ရသည့်ဝင်ငွေဖြင့် တက္ကစီတစ်စီးထောင်ကာ ကိုယ်တိုင် မောင်းနေသည်။
တကယ်တော့ ကိုထက်ခေါင် ဖြစ်ချင်ခဲ့သည်မှာ မော်ဒယ်လ် ဖြစ်သည်။

သို့သော် ငွေကြေး မပြေလည်ခဲ့သဖြင့် နည်းလမ်းရှာရင်း မိန်းမလျာများ၊ အမျိုးသမီးများ၏ အလိုကို ဖြည့်ဆည်းပေးရ သော အမျိုးသားပြည့်တန်ဆာ ဖြစ်သွားခဲ့သည်။
ထိုစဉ်က ပထမနှစ် အဝေးသင် တက်ဆဲ။ မော်ဒယ်လ်သင်တန်းတက်ရန် မတတ်နိုင်သဖြင့် မာမီအချို့က အဝတ် အစားထောက်ပံ့၊ သင်တန်းစရိတ်ပေး။
တစ်ဖက်တွင်လည်း မာမီတို့နှင့် သူ့မိတ်ဆွေများ၏ အလိုကိုဖြည့်ပေးရင်း ပရိုဘဝ ရောက်သွားတော့သည်။
နောက်ပိုင်း အမျိုးသမီး ဖောက်သည်များပါ ရလာသည်။
“ ဒီလုပ်ငန်းကို ပွဲစားလုပ်တဲ့ အေးဂျင့်မာမီတွေနဲ့ ချိတ်မိပြီး မော်ဒယ်မလုပ်တော့ဘဲ ငွေရလွယ်တဲ့ ဒီလုပ်ငန်းမှာ ပရိုဖြစ်သွားတာ” ဟု ယခု အသက် ၂၈ နှစ်ရှိပြီဖြစ်သော ကိုထက်ခေါင် (အမည်လွှဲ) ကဆိုသည်။

အမျိုးသားများ ဝန်ဆောင်မှုပေးသော လိင်လုပ်ငန်းသည် ရန်ကုန်မြို့တွင် ၁၉၉၇ ခုနှစ်ခန့်မှ စတင်ခဲ့ပြီး ၂၀ဝ၃ ခုနှစ်နောက်ပိုင်းတွင် ပိုဖွံ့ဖြိုးလာခဲ့သည်။
ထိုနည်းတူ အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူဦးရေလည်း ပိုများပြားလာကြောင်း ဖောက်သည်များနှင့် အမျိုးသား ပြည့်တန်ဆာများအကြား ချိတ်ဆက်ပေးသူ ရန်ကုန်မြို့တော်၊ ကျောက်တံတားမြို့နယ်မှ ဒေါ်လှလှမြင့် (အမည်လွှဲ) က ပြောပြသည်။
အမျိုးသားပြည့်တန်ဆာ လုပ်ငန်းသည် ငွေရလွယ်ကူသည် ဆိုသော်လည်း လူငယ်တိုင်း လုပ်ကိုင်နိုင်သည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။
လုပ်ကိုင်မည့် အမျိုးသားငယ်များ အနေနှင့် သင့်တင့်ပြေပြစ်သော ရုပ်ရည်ရူပကာနှင့် ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွင်လည်း ဖောက်သည်တို့ ကျေနပ်နိုင်လောက်သည့် အရည် အသွေးမျိုး ပိုင်ဆိုင်ကြရသည်။

ဖောက်သည် ရှာနိုင်သည့် အဓိက နေရာများအနက် ထင်ရှားသည်မှာ ဗျူတီဆလွန်းများ ဖြစ်လာသည်။
ဆလွန်းများအတွင်း သီးသန့်အခန်းအချို့ရှိပြီး ထိုအခန်းအတွင်း ဝင်ရောက်၍ ဓာတ်ပုံ အယ်လ်ဘမ် ကက် တလောက် စာအုပ်များတွင် ဖော်ပြထားသော မိမိနှစ်သက်ရာ အမျိုးသားကို ရွေးချယ်နိုင်သည်။
ဓာတ်ပုံအယ်လ်ဘမ်တွင် အသက် ၃၀ အောက် ချောမောခံ့ညားသော အမျိုးသားငယ်လေးများ၏ ကိုယ်ဟန်အမျိုးမျိုး ဓာတ်ပုံများကို နံပါတ်စဉ် တပ်ထားသည်။





-----------------------------------------------------------------------------------

မိမိကြိုက်နှစ်သက်သည့် အမျိုးသားငယ်၏ နံပါတ်ကို မှတ်ထားပြီး ဗျူတီးဆလွန်းမှ ဧည့်ကြိုဝန်ထမ်းအား စာရင်းသွား ပေးပြီးပါက နီးစပ်ရာ ဟိုတယ်နာမည်နှင့် ကြိုတင်ယူထားသော အခန်းနံပါတ်ကို ပြောကြားခဲ့ရမည် ဖြစ်သည်။
ထို့နောက်တွင်တော့ အဆိုပါဆိုင်မှ ပြန်လည် ထွက်ခွာပြီး မကြာမီ ဝန်ဆောင်မှုပေးရန် ရောက်ရှိလာမည့် အမျိုးသား ငယ်ကို မိမိငှားရမ်းထားသည့် ဟိုတယ်အခန်းတွင် ကြိုတင်စောင့်နေရုံသာ ဖြစ်သည်။
အရပ်တွင်းစကားများအရ ရန်ကုန်မြို့ရှိ နာမည်ကျော် ဈေးများအနီး နှင်းဆီပန်း ရင်ဘတ်တွင် ထိုးထားသည့် အမျိုးသား ပြည့်တန်ဆာများ ရှိသည်ဆိုသော်လည်း ယင်းကား ကောလာဟလမျှသာဖြစ်ပြီး အမှန်တကယ် အမျိုးသား ပြည့်တန်ဆာလောက ကွန်ရက်ကား ထိုထက် ပိုမိုလျှို့ဝှက်ပြီး ကြေးစားဆန်သည်ကို တွေ့ရသည်။

ယခင်ကရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ FMI နှင့် ဈေးဝယ်စင်တာအချို့ အနီးတွင် ကျင်လည်ခဲ့သည့် အမျိုးသား ပြည့်တန်ဆာများ ရှိသော်လည်း ယခုအခါ မှေးမှိန်ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ယခုအခါ နာမည်ကျော် အလှဖန်တီးရှင် အချို့၏ ဗျူတီဆလွန်းများတွင် အဆိုပါ ဝန်ဆောင်မှု လုပ်ငန်းကို လုပ်ကိုင် နေသကဲ့သို့ အမျိုးသား ပြည့်တန်ဆာများနှင့် ဖောက်သည်များကို ချိတ်ဆက်ပေးသည့် အလှဖန်တီးရှင်နှင့် အမျိုးသမီး အချို့လည်း ရှိနေသည်။
ချိတ်ဆက်ပေးသူကို အမျိုးသား ပြည့်တန်ဆာများ ရရှိသည့် အခကြေးငွေ၏ ရာခိုင်နှုန်းအလိုက် ပေးရလေ့ရှိသည်။

အဆိုပါ ဗျူတီဆလွန်းများ၊ အမျိုးသား ပြည့်တန်ဆာ ချိတ်ဆက်ပေးသူများအပြင် ယခုနောက်ပိုင်း ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် ပေါ်ပေါက်လာသည့် အမျိုးသားသီးသန့် အနှိပ်ခန်းများတွင်လည်း အမျိုးသား ပြည့်တန်ဆာ ဈေးကွက် ဖြစ်ပေါ်နေပြီ ဖြစ်သည်။

အမျိုးသားသီးသန့် ဝန်ဆောင်မှုပေးသော အနှိပ်ခန်း ဆိုသည်မှာ ငယ်ရွယ်သောအမျိုးသား အနှိပ်သမားများသာ သီးသန့်ထားရှိပြီး လိင်တူချစ်သူအချို့နှင့် အမျိုးသမီးအချို့ သွားရောက် အနှိပ်ခံတတ်သည့် နေရာဖြစ်သည်။
အဆိုပါ အနှိပ်ခန်းများမှ နှိပ်နယ်ပေးသူ အမျိုးသားလေးများနှင့် အဆင်ပြေပါကအပြင်သို့ ချိန်းဆိုနိုင်ပြီး အခကြေး ငွေပေးကာ လိင်ဆက်ဆံနိုင်ကြောင်း မန္တလေးမြို့ရှိ အမျိုးသားသီးသန့် အနှိပ်ခန်းများသို့ သွားရောက်ဖူးသူ အသက် ၃၀ နှစ်အရွယ် အရောင်းမြှင့်တင်ရေး မန်နေဂျာ အမျိုးသမီးတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်လည်း ယင်းကဲ့သို့ အမျိုးသား အနှိပ်သမားများ နှိပ်နယ်ပေးသော အနှိပ်ခန်း ၁၀ ခုထက်မ နည်းရှိနေပြီး လိင်တူချစ်သူနှင့် အမျိုးသား ပြည့်တန်ဆာ သုံးစွဲသူ အမျိုးသမီးအချို့ အကြားတွင် တွင်ကျယ်လျက် ရှိသည်။ အမျိုးသားပြည့်တန်ဆာ လောကသည် ရန်ကုန်မြို့တွင် တွင်ကျယ်စွာ ရှိနေပြီး မန္တလေးမြို့တွင်လည်း အမျိုးသားသီးသန့် အနှိပ်ခန်းများနှင့်အတူ အနည်းအကျဉ်း အစပျိုးနေပြီ ဖြစ်သည်။

ထိုလောကတွင် ဖောက်သည် အမျိုးမျိုးရှိကြောင်း အမျိုးသား ပြည့်တန်ဆာတို့နှင့် ဖောက်သည်တို့ကို ချိတ်ဆက်ပေး သူ အလှဖန်တီးရှင် မင်းမင်း (အမည်လွှဲ) က ပြောပြသည်။





-----------------------------------------------------------------------------------



သူ့အဆိုအရ ဖောက်သည်အများစုမှာ လိင်တူချစ်သူများ ဖြစ်သည်။ အမျိုးသမီးဖောက်သည် အချို့လည်း ရှိသည်။
အမျိုးသမီးများအတွက် ဝန်ဆောင်မှုပေးမည့်သူက ရှားသည်ဟု သူကဆိုသည်။
“ဒါပေမဲ့ ကြေးကြီးကြီး ပေးရတာပေါ့” ဟု မင်းမင်းက ပြောသည်။ “ရှေးယခင်ကတည်းက လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ ကြသော အမျိုးသားပြည့်တန်ဆာ လုပ်ငန်းမှာ ယခုနောက်ပိုင်း ဖုန်းသို့မဟုတ် အင်တာနက်မှတစ်ဆင့် ချိတ်ဆက် ကာ အပြင်တွင်တွေ့ဆုံသည့် ပုံစံသို့ ပြောင်းလဲလာသည်” အမျိုးသား ပြည့်တန်ဆာတို့၏ ဖောက်သည် အမျိုးသမီး အများစုမှာ အထက်တန်းလွှာများမှ အမျိုးသမီး အချို့ပါဝင်သလို စီးပွားရေးလောကတွင် အောင်မြင်နေသူ လူလတ်ပိုင်း အမျိုးသမီးအချို့လည်း ပါဝင်နေကြောင်း ယင်းဈေးကွက် အတွင်းထံမှ စုံစမ်းသိရှိရသည်။

အချို့အမျိုးသမီးများမှာ အိမ်ထောင်ကျဖူးသူများ ဖြစ်သည်။ အချို့မှာ အိမ်ထောင်ရေးကို ယုံကြည်မှု မရှိဘဲ မိမိတို့ စိတ်ဆန္ဒအတွက် ခဏတာ သာယာမှုယူနေသည့် အပျိုကြီး အမည်ခံများလည်း ရှိကြောင်း အမျိုးသား လိင်လုပ်သား အချို့ထံမှ သိရသည်။

မိမိတို့၏ လိင်စိတ်ကို လူသိမခံလိုသော အချို့ လိင်တူချစ်သူများကမူ အဆိုပါ အမျိုးသား ပြည့်တန်ဆာလုပ်ငန်း ကွန်ရ က်များနှင့် လျှို့လျှို့ဝှက်ဝှက် ချိတ်ဆက်ထားလေ့ ရှိသည်။
အွန်လိုင်းနှင့် အခြားနီးစပ်ရာမှ အမျိုးသားများကို ဆက်ဆံနေထိုင်ခြင်းထက် အမျိုးသား ပြည့်တန်ဆာများအား အခကြေး ငွေပေးပြီး ဆက်ဆံနေထိုင်မှုသည် မိမိလိင်ဆန္ဒ ပြည့်ဝသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုအတွက် စိတ် ချရသည်ဟု မိမိ၏ လိင်တူတပ်မက်စိတ်ကို ထုတ်ဖော်မပြလိုသူ အမျိုးသားအချို့က ယူဆကြသည်။
မိမိ၏ အမျိုးသမီးချစ်သူနှင့် လက်ထပ်တော့မည် ဖြစ်သော်လည်း မိမိ၏ ဂုဏ်သိက္ခာအရ လိင်စိတ်နှစ်ခွ ဖြစ်န ေမှုကို ဖြည့်ဆည်းရန် တစ်ခါတစ်ရံ အမျိုးသား ပြည့်တန်ဆာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက် စခန်းသွား ခဲ့ရကြောင်း ရင်ဖွင့်လာသူမှာ ရန်ကုန်မြို့တော်၊ လမ်းမတော်မြို့နယ်တွင် နေထိုင်သည့် အသက် ၂၃ နှစ်အရွယ် ကိုတီ (အမည်လွှဲ) ဖြစ်သည်။ ဈေးမှာ အစားစားဖြစ်သည်။

အမျိုးသား ပြည့်တန်ဆာများသည် အမျိုးသမီးများကဲ့သို့ နေ့စဉ်ရက်ဆက် အလုပ် မလုပ်နိုင်သဖြင့် အမျိုးသမီး လိင် အလုပ်သမများထက် အခကြေးငွေပိုမို မြင့်မားစွာယူရလေ့ ရှိသည်။
အချိန်အပိုင်းအခြား၊ အသက်အရွယ်၊ ရုပ်ရည်၊ ခန္ဓာကိုယ်အချိုးအစား၊ ဝန်ဆောင်မှု အတိုင်းအတာအရ အမျိုးသား ပြည့်တန်ဆာတစ်ဦးလျှင် အနည်းဆုံး ကျပ်သုံးသောင်းခွဲမှ ကျပ်တစ်သိန်း ဝန်းကျင်အထိ ပေးရသည်များလည်း ရှိသည်။ “အော်ဒါကို တစ်ပတ်နှစ်ရက်ပဲ လက်ခံဖြစ်ပါတယ်” ဟု ကိုထက်ခေါင်က သူပြည့်တန်ဆာအဖြစ် လုပ်ဆောင်ခဲ့သည့်အချိန်က အနေအထားကို ရှင်းပြသည်။





-----------------------------------------------------------------------------------

ယင်းအတွက် အချို့ အမျိုးသား ပြည့်တန်ဆာများသည် ၎င်းတို့၏ စွမ်းဆောင်ရည်အတွက် ဆေးဝါးအကူအညီကို ရယူကြရသည်။
အမျိုးသမီးများအပြင် အမျိုးသား အချင်းချင်းပါ ဆက်ဆံမှုများ၊ အခြားသဘာဝ မဟုတ်သော နည်းလမ်းများနှင့် လိင် ဆက်ဆံပေးရန် တောင်းဆိုခံရမှုများ ရှိသဖြင့် HIV ပိုးကူးစက်ခံရခြင်း၊ ကာလသားရောဂါ၊ လိင်အင်္ဂါမှိုနာရောဂါ၊ အသည်းရောင်အသားဝါ ဘီပိုးစသည့် ရောဂါများ ကူးစက်ရန် အလားအလာ ပိုများကြောင်း ရန်ကုန်မြို့ရှိ ပရဟိတ ဆေးခန်းတစ်ခုမှ ဒေါက်တာကျော်စွာဦးက ပြောကြားသည်။

အမျိုးသမီး ပြည့်တန်ဆာများအား ထိုသို့ရောဂါများနှင့် ပတ်သက်၍ ပညာပေးရန် လွယ်ကူသော်လည်း အမျိုးသား ပြည့်တန်ဆာများမှာ ပိုမိုလျှို့ဝှက်စွာ နေတတ်သဖြင့် ကျန်းမာရေး ပညာပေးရန် ခက်ခဲပြီး မည်သည့်နည်းနှင့် လိင်ဆက်ဆံသည်ဖြစ်စေ အမျိုးသား ပြည့်တန်ဆာများအနေနှင့် ကွန်ဒုံးသုံးစွဲရန် လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။
အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ပြည့်တန်ဆာအလို့ငှာ မြှူဆွယ် ဖြားယောင်းလျှင်ဖြစ်စေ၊ အခ ကြေးငွေယူပြီး ဆက်ဆံပေးရန် လက်ခံလျှင်ဖြစ်စေ ပြည့်တန်ဆာ အက်ဥပဒေဖြင့် အရေးယူဖမ်းဆီးခွင့် ရှိသော် လည်း အမျိုးသား ပြည့်တန်ဆာ လုပ်ကိုင်သူများမှာ ဖမ်းဆီး အရေးယူခံရသည်ဟု တစ်ခါမျှ ကြားရခြင်း မရှိပေ။

“အမျိုးသား ပြည့်တန်ဆာတွေကျတော့ သူတို့ကွန်ရက်နဲ့ သူတို့ချိတ်ဆက်ပြီး လျှို့လျှို့ဝှက်ဝှက် လုပ်ကိုင်ကြ တဲ့အတွက် အရေးယူနိုင်ဖို့ရာ ခဲယဉ်းပါတယ်” ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ပြန်တမ်းဝင် အရာရှိတစ်ဦးက ပြောကြားသည်။ “အမျိုးသားဖြစ်လို့ အရေးမယူဘူးဆိုတာ မရှိပါဘူး” ဟု သူကဆက်ပြောသည်။
အမျိုးသား ပြည့်တန်ဆာအဖြစ် ငါးနှစ်တာ ဆောင်ရွက်ခဲ့ဖူးသူ ကိုထက်ခေါင်ကမူ လိင်စိတ်နှစ်ခွရှိသူ ဟိုမိုဖောက် သည်များ ပိုမိုများပြားလာပြီး သူ၏ ယောကျာ်းဘဝ တည်မြဲမှုကိုပါ ခြိမ်းခြောက်သည်အထိ တောင်းဆိုမှု များလာ သောကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ယင်းလောကမှ ထွက်ခွာခဲ့သည်။

“အများစုပြောသလို ကျွန်တော်တို့အလုပ်က မလွယ်လှပါဘူး” ဟု ကိုထက်ခေါင်က ဆိုသည်။
အခုတော့ ယင်းအချိန်ကရသည့် ဝင်ငွေဖြင့် အနိမ့်ကား တက္ကစီတစ်စီး ထောင်ထားသည်။
ကိုယ်တိုင်လည်း မောင်းရင်း ဝါသနာပါသည့် မော်ဒယ်လ်အလုပ် ဆက်လုပ်နိုင်ရန် အခွင့်အလမ်း ရှာနေဆဲ ဖြစ်သည်။

khat zaw
The Express Times





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org