ဦးသန်းရွှေသည် စစ်တပ်ကိုချောက်ထဲတွန်းချနေကြောင်း

Myo Kyaw Khaing(26 April 15)




-----------------------------------------------------------------------

ဦးသန်းရွှေသည် စစ်တပ်ကိုချောက်ထဲတွန်းချနေကြောင်း သံတမန်တစ်ဦးမှ သုံးသပ်ပြောကြား
-----------------------------------------------------------------------
ဦးသန်းရွှေသည် စစ်တပ်ကို ချောက်ထဲ တွန်းချနေကြောင်း သံတမန် တစ်ဦးမှ သုံးသပ်ပြောကြားသွားသည် ဟု နေပြည်တော် သတင်းရပ်ဝန်းမှ သတင်းပေးပို့လာပါသည် ၊

ဦးသန်းရွှေ ဟာ လိမ်လည်ပြင်ဆင်ထားတဲ့ သမိုင်းအတုအယောင်တွေကို စစ်သား စစ်ဗိုလ်တွေရဲ့ခေါင်းထဲ အတင်းအကြပ် ရိုက်သွင်းသောနည်းဖြင့် စစ်တပ်အတွင်း အယူအဆအမှားများပေါ်ထွက်လာစေကာ စစ်တပ်နဲ့ပြည်သူကို သွေးခွဲလျှက်ရှိပါတယ် ၊

စစ်သား စစ်ဗိုလ်တွေဟာ ပြည်သူပြည်သားတွေထက် နေရာတကာမှာ ပိုသိပိုတတ်ကြောင်း နဲ့ စစ်သားစစ်ဗိုလ်တွေသာ ဦးမဆောင်ရင် မြန်မာနိုင်ငံကြီးဟာ တိုင်းတစ်ပါးလက်အောက် ကျရောက် သွားမှာဖြစ်ကြောင်း စတာတွေကို ထပ်ကာထပ်ကာ ပြောသော နည်း နဲ့ဦးသန်းရွှေဟာ စစ်တပ်ကြီးကို ချောက်ထဲတွန်းချ နေတာ အခုဆို အလွန်အန္တရာယ်ရှိတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ် ၊

၁၉၆၂ မှာ မြန်မာနိုင်ငံရဲ့စီးပွားရေး ကြံ့ခိုင်မှု ၊ ပို့ကုန် သွင်းကုန် အခြေအနေ ၊ ပညာရေးကျန်းမာရေး ရလာဒ်တွေ နဲ့ ဒေသတွင်းမှာ ဦးဆောင်နိုင်တဲ့ အနေအထား စတဲ့ သမိုင်းအမှန်တွေကို စစ်သား စစ်ဗိုလ်တွေကို ဦးသန်းရွှေက မသိအောင် ဖုံးဖိထားပါတယ် ၊

၁၉၆၂ဒေသတွင်း လူချမ်းသာ စာရင်းဝင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၈၈ မှာ ဒေသတွင်း ဆင်းရဲတဲ့ နိုင်ငံအဖြစ် ဘာ့ကြောင့်ရောက်သွားသလဲ ဆိုတဲ့ အချက်အလက်အမှန်တွေဟာလည်း အခုဆိုရင် စစ်တပ်အထဲမှာ ဗိုလ်ချုပ်ကြီးအဆင့်အထိ သေချာရေရာအောင် ရှင်းပြနိုင်တဲ့သူတစ်ယောက်မှ မရှိတော့ပါဘူး ၊

၁၉၈၈ ကနေ ဒီကနေ့ ၂၀၁၄ အတွင်း မြန်မာနိုင်ငံအတွင်းမှာ ချမှတ်ဆောင်ရွက်ခဲ့တဲ့ မူဝါဒတွေ မဟာစီမံကိန်းကြီးတွေ ဟာ မြန်မာနိုင်ငံကို အနုတ်လက္ခဏာတွေသာပြခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဟာ ဘိုးဘွားတွေ နှစ်ထောင်ချီ ထိန်းသိမ်းစောင့်ရှောက်လာတဲ့ မြေပေါ်မြေအောက်က သံယံဇာတတွေကို မတန်တရာဈေးနဲ့ တူးဆွခုတ်ထစ်ရောင်းစားနေရတဲ့ ဘဝကိုရောက်သွားတော့ တာပဲဖြစ်ပါတယ် ၊

အဲဒီလို ၁၉၈၈ က နေ ၂၀၁၄ အတွင်း မြန်မာနိုင်ငံ ဘာကြောင့် အောက်ကျနောက်ကျ ဖြစ်သွားတာလဲဆိုတာ ကို စစ်သားစစ်ဗိုလ်တွေကို မေးရင် ပြည်ပက ပိတ်ဆို့ထားတာကြောင့်လို့ အစချီတဲ့ အလွတ်ကျက်ထားတဲ့ စာသားတွေကို သာရွတ်ပြနေကြမှာသာ ဖြစ်ပါတယ် ၊

ကျွန်းသစ်တွေ ခုတ်ရောင်းနေတာတွေ ရေနံ သဘာဝဓါတ်ငွေ့တွေ တူးရောင်းနေတာတွေ ဟာ မြန်မာပြည်သူတွေ အတွက် ဘာတွေ အထောက်အကူဖြစ်ခဲ့ပါသလဲ လို့ စစ်သားစစ်ဗိုလ်တွေကို မေးကြည့်မယ်ဆိုရင် နားမလည်တဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်နေကြမှာဖြစ်ပါတယ် ၊

ဂျပန် ဘယ်လိုတိုးတက်သွားခဲ့သလဲ ၊ ဟောင်ကောင် စင်္ကာပူ တောင်ကိုးရီယား ဘယ်လိုတိုးတက်သွားသလဲ ၊ ဖိလစ်ပိုင် အင်ဒိုနီးရှား ထိုင်း မလေးရှား တို့ ရော ဘယ်လိုတိုးတက်သွားသလဲ ၊ ကမ္ဘောဒီယား လာအို နဲ့ ဗီယက်နမ် တို့ တိုးတက်မှုလမ်းကြောင်းပေါ် ရောက်သွားပြီလား စတဲ့ မေးခွန်းတွေကို ဆက်မေးကြည့်ပါ ၊ ဒီမေးခွန်းတွေဟာ မြန်မာပြည်နဲ့ ဘာဆိုင်လို့လဲလို့ ပြန်ပြောပါလိမ့်မယ် ၊

ဒီလိုဆို မြန်မာပြည်ကြီး တိုးတက်အောင် ဘယ်လိုလုပ်ရမလဲလို့ ဆက်မေးရင် တရုတ်ပြည်လိုလုပ်လို့ ဦသန်းရွှေ သင်ထားတဲ့အတိုင်း တညီတညွတ်ထဲ ဖြေကြမှာပါ ၊ ဒါဆို တရုတ်ပြည်မှာ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ အရာရှိတွေကို ချက်ချင်းထောင်ချပစ်တာကို ပြောပြရင်တရုတ်ပြည်က လာဘ်ပေးလာဘ်ယူလုပ်တာ ဒီမှာက အဘတွေကို လေးစားလို့ ဂါရဝပြုတာလို့ စစ်ဗိုလ်တွေက ပြန်ပြောကြတာကို ကြားရမှာပါ ၊

တရုတ်ပြည်ရဲ့ တကယ် ပကတိအခြေအနေ ကို စစ်ဗိုလ်စစ်သားတွေ လုံးဝ မသိကြပါဘူး ၊ပြီးခဲ့တဲ့ ရက်ပိုင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မြန်မာပြည်သူတွေ ရာခိုင်နှုန်း ၉၀ ကျော်ထောက်ခံထားတဲ့ ဖွဲ့စည်းပုံကြီးဖြစ်တယ်လို့ ပြောသွားတာဟာ အလွန်အန္တရာယ်ကြီးတဲ့ စကားပါ ၊အတင်းအကျပ်လုပ်ကြံ ဖန်တီးခဲ့တဲ့ လိမ်ထားတဲ့ ဇာတ်လမ်းကြီးကို ၂၀၁၀ ဟိုဘက်ကလေသံမျိုးနဲ့ ကာကွယ်ရေးဦးစီးချုပ်က ပြောနေတာဟာ ကာကွယ်ရေးဦးစီးချုပ် အတွက်ရော စစ်တပ်အတွက်ပါ အမဲစက်ကြီးတစ်ခု ဖြစ်စေပါတယ် ၊

မြန်မာပြည်ကို သေနတ်ပြ ခြောက်လှန့်ပြီးဆက်လက်အုပ်ချုပ်လို့ ရနိုင်တယ်ဆိုတဲ့ ဦးသန်းရွှေ ရဲ့ မကြံကောင်းမစည်ရာ အယူအဆအမှားကို စစ်တပ်တစ်ခုလုံးကို ခိုင်ခိုင်မာမာ သွတ်သွင်းလို့ ပြီးပြီဆိုတဲ့ သဘောမျိုး ကောက်ယူလို့ရပါတယ် ၊

မြန်မာ့နိုင်ငံရေးဟာ အဖြေရှာမရတဲ့ အနေအထားမျိုုး ဘာဆက်လုပ်ရမှန်းမသိအောင် ချောင်ပိတ်နေတဲ့ အနေအထားမျိူးမရောက်သေးပါဘူး ၊ ၁၉၄၈ မြန်မာနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံများ အခြေအနေ ၊ ၁၉၄၈ ကနေ ၁၉၆၂ အတွင်း မြန်မာနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံများရဲ့ဆောင်ရွက်ချက်များနဲ့ အကျိုးသက်ရောက်မှုများ ၊ ၁၉၆၂ က နေ ဒီကနေ့ ၂၀၁၄ အထိ မြန်မာနိုင်ငံမှာ မူဝါဒချမှတ် ဆောင်ရွက်ခဲ့တာတွေ ၊ နံဘေး နဲ့ ဒေသတွင်းက နိုင်ငံတွေရဲ့ ဆင်းရဲတွင်းက ရုန်းထွက်ပြီး ဈေးကွက်စီပွားရေး လမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်နေတာ တွေကို လက်ရှိ စစ်တပ်က စစ်ဗိုလ် စစ်သားတွေသာ ဂဃနဏ သိရင် ဘာ့ကြောင့် မြန်မာပြည် ဒီကနေ့ ဒီလိုဖြစ်နေတယ်ဆိုတာ လွယ်လွယ်ကူကူအဖြေမှန်ကို ရှာတွေ့နိုင်ပါတယ် ၊



-----------------------------------------------------------------------

လက်ရှိစစ်တပ်က စစ်ဗိုလ်စစ်သားတွေ အမြင်မှန်ဖို့ သမိုင်းကို သင်ယူလေ့လာရပါမယ် ၊ နာမည်ကျော် မြန်မာ့သမိုင်းပညာရှင် တစ်ယောက်ဖြစ်တဲ့ ဒေါက်တာသန်းထွန်းရဲ့ သမိုင်းကို သင်ယူရခြင်း အကြောင်းအရင်းဟာ မအအောင်လို့ ဆိုတဲ့ စကားဟာ စစ်တပ်ကစစ်ဗိုလ်စစ်သားတွေကို ရည်ရွယ်ပြောကြားခဲ့ဟန်တူပါတယ် ၊

လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဆိုတဲ့ ခေါင်းစဉ်အောက်ကို ရောက်နေပါပြီ ၊ မြန်မာ့ ဒီမိုကရေစီ အရေးကို ထောက်ခံအားပေးနေတဲ့ မိတ်ဆွေ နိုင်ငံများလည်း အခိုင်အမာ ရှိနေပါပြီ ၊ အရှေ့တိုင်းရဲ့ ခွင့်လွှတ်နားလည် ထောက်ထားမှု ဆိုတဲ့ ယဉ်ကျေးမှု ဓလေ့ကိုအခြေခံပြီး ၂၀၁၀ ကနေ ၂၀၁၅ နှစ်အထိ ၅ နှစ်ကာလကို ဦးသန်းရွှေ အတွက် ညင်ညင်သာသာ ဆုတ်ခွာလို့ ရအောင် အချိန်ပေးထားတယ်ဆိုတာ ဦးသန်းရွှေ နားလည်မှာပါ ၊ ဦးသန်းရွှေ ရူးချင်ယောင်ဆောင်နေရင်တောင်မှ ကာကွာယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဦးသန်းရွှေကို နှစ်သိမ့်ချော့မော့ပြီး နားဝင်အောင်ရှင်းပြသင့်ပါတယ် ၊

ဦးသန်းရွှေက စစ်တပ်ကို ချောက်ထဲတွန်းချနေတဲ့ အခြေအနေကို ကာကွယ်ရေးဦးစီချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်ပိုက်ကြည့်မနေသင့်ပါဘူး ၊အခမ်းအနားတစ်ခုတွင် အဆင့်မြင့် သံတမန် တစ်ဦးက သုံးသပ်ပြောကြားသွားခြင်းဖြစ်ပါသည်

(နေပြည်တော် သတင်းရပ်ဝန်းမှ ပေးပို့လာသော အထူးသတင်းဖြစ်သည်)





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org