ကိုရီးယားလှိုင်းများ

မောင်သာချို(5 June 15)


(တစ်)
အခုရက်ထဲမှာ စာရေးသူ စိတ်ထဲကို ရောက်လာနေပြန်တာ ကတော့ ကိုရီးယားဆိုတဲ့စကားလုံး ပါပဲ။ ဟုတ်ပါတယ်။ စာရေးသူမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံသား တော်တော်များများရဲ့ ရင်ထဲမှာ ကိုရီးယားရောက်နေခဲ့တာ တော် တော်ကလေးကြာခဲ့ပါပြီ။

နိုင်ငံတစ်ခုက နိုင်ငံတစ်ခုကို လွှမ်းမိုးတဲ့အခါ Hard Power လို့ ခေါ်တဲ့ ပါဝါအမာနဲ့၊ Soft Power လို့ခေါ်တဲ့ ပါဝါအပျော့နဲ့ လွှမ်းမိုး လေ့ရှိကြတဲ့ နေရာမှာ မြန်မာနိုင်ငံ ကို စပြီးလွှမ်းမိုးတာက Soft Power ပါ။

အရင်က မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်နဲ့တိုင်းပြည်ကို မောင်းနှင် ခဲ့တဲ့ နိုင်ငံဟာ အာဏာရှင်မြောက် ကိုရီးယားနဲ့ပိုပြီးတော့ နီးကပ်ခဲ့ တာပါ။ နောင်အခါ တောင်ကိုရီး ယားနိုင်ငံရဲ့အစိုးရအဖွဲ့ဝင်တချို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို လာ ရောက်လည်ပတ်ကြစဉ် အာဇာ နည်ကုန်းမှာ ဗုံးခွဲပြီးလုပ်ကြံတဲ့အ လုပ်ကို မြောက်ကိုရီးယားက လုပ် လိုက်တဲ့အခါ မြန်မာနဲ့မြောက်ကို ရီးယားရဲ့ ဆက်ဆံရေးဟာ ပြတ် တောက်သွားခဲ့ရပါတယ်။

သည်လိုနဲ့ ၁၉၈၈ အလွန်နှစ် များကစလို့ တောင်ကိုရီးယားရုပ် ရှင်တွေဟာ မြန်မာပရိသတ်ကြား ထဲကို နှေးနှေးဖြည်းဖြည်းနဲ့ဝင် ရောက်လာခဲ့ကြပါတယ်။ ဇာတ် အိမ်၊ ဇာတ်လမ်း၊ ဇာတ်ဆောင် တွေရဲ့ အစွမ်းကဖြင့် မြန်မာပရိ သတ်အကြိုက်ပါပဲ။ မြန်မာ့ရုပ်ရှင် ဖြစ်ကတတ်ဆန်းနဲ့ခရီးနှင်နေတဲ့ ကာလမှာ သေသေချာချာရိုက်ပြ တဲ့တောင်ကိုရီးယားရုပ်ရှင်တွေ ဟာ မြန်မာလူထုတစ်ရပ်လုံးလိုလို ကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သည်ကနေ့အထိ အဆက်မပြတ်ပြနေရတဲ့ ဇာတ် လမ်းတွဲတွေကို ထမင်းမေ့၊ ဟင်း မေ့ ထိုင်ကြည့်နေကြတဲ့ ပရိသတ် ဟာ ထုထည်မသေးလှပါဘူး။

နောက်တော့ကိုရီးယားသီ ချင်းတွေကို လက်မလွှတ်နိုင်စ တမ်း ဖြစ်လာပါတယ်။ မြန်မာသီ ချင်းအမ်တီဗီကိုတောင်ကိုရီးယား အရုပ်တွေနဲ့ပြလာပါတယ်။ ကိုရီး ယားစတိုင် အဝတ်အစား၊ ကို ရီးယားစတိုင် အစားအစာ၊ ကို ရီးယားစတိုင် လူမှုဆက်ဆံရေး တွေကို အားကျလာကြတာတွေ ကလည်း အများအပြားပေါ့။ဟောကိုရီးယားစာ၊ ကိုရီးယားစကားသင်တန်းတွေကလည်း ဟိုနားမှာဖွင့်လိုက်၊ သည်နားမှာဖွင့်လိုက်။

ကိုရီးယားလှိုင်းတွေ တစ်လုံးပြီးတစ်လုံး မြန်မာ့ကမ်းခြေကိုရိုက် ခတ်လို့လာခဲ့ပြန်ပါပေါ့။

(နှစ်)
အကြောင်းအားလျော်စွာ ကိုရီးယားကကြီး၊ ခခွေးသင်တန်း ကလေးထဲကိုရောက်သွားဖြစ်တဲ့ အခါ ကိုရီးယားလူမျိုးဆရာတွေ က မေးပါတယ်။ ဆရာ့မှာသားသ မီးရှိသလားတဲ့။ စာရေးသူက ရှိ ကြောင်းဖြေတော့ ကိုရီးယားကိုပို့ ပါလားတဲ့။ ဆယ့်ငါးသိန်းလောက် တော့ရပါတယ်တဲ့။ ကိုရီးယားဘာ သာစကားဆရာက အကူအညီ ပေးချင်နေတဲ့မျက်နှာကြီးနဲ့ပေါ့။

စာရေးသူ ဆံပင်ညှပ်လေ့ရှိ တဲ့ ဆံသဆိုင်ကလေးတစ်ဆိုင်ရှိ ပါတယ်။ စာရေးသူရဲ့လက်စွဲ ဆံ သဆရာကလေးတစ်ယောက်က လည်း အဲသည့်ဆိုင်မှာရှိပါတယ်။ ကျောက်ပန်းတောင်းနဲ့ ပုဂံညောင် ဦးကြားရွာကလေးတစ်ရွာကလို့ပဲ ဆိုကြပါစို့ရဲ့။

မကြာမကြာ သူဆိုင်မှာမရှိ လို့ ပြန်ပြန်လာခဲ့ရပြီး နောက်နေ့ တွေ့လို့မေးတဲ့အခါ ကိုရီးယား သင်တန်းသွားတက်နေတာတဲ့။ နောက်မကြာပါဘူး။ ဆံသဆိုင် ကလေးကနေ သူအပြီးတိုင် ပျောက်သွားခဲ့ပါတယ်။ သူ့နံဘေး ခုံများဆီက ဆံသဆရာကလေး တွေက ကိုရီးယားရောက်သွားပြီ ဆရာ...တဲ့။

သြော်....အတန်းပညာကို မူ လတန်းလောက်သာတတ်ထား ရှာသူ လူငယ်တစ်ယောက် ကို ရီးယားရောက်သွားတာ ကောင်း တာပဲပေါ့။



-------------------------------------------------------------------------


(သုံး)
အခုရန်ကုန်မြို့ရဲ့ လူနေထူ ထပ်ရာ လမ်းဆုံလမ်းခွတွေမှာ E.P.S လို့ခေါ်တဲ့ ကိုရီးယားဘာသာစကားသင်တန်းကျောင်း ကြော်ငြာကလေးတွေကို တွေ့ကြမှာပါ။

ဂျပန်ဆို ဂျပန်၊ မလေးဆို မလေး၊ ထိုင်းဆိုထိုင်း၊စင်ကာပူဆိုစင်ကာပူနဲ့ ဘဝတစ်ခုကို လောက်လောက်ငင တည်ဆောက်လိုသူ မြန်မာနိုင်ငံကလူငယ်များ အလုပ်သွားလုပ်ဖို့ ကြိုးစားခဲ့ကြရာ နိုင်ငံတွေလေ။

အခုအချိန်မှာ ကိုရီးယားဟာ နောက်ထပ်တိုးလာတဲ့ နိုင်ငံပဲ ပေါ့။

တစ်ရက်မှာ တက္ကစီဆရာ ကလေးတစ်ယောက်နဲ့စကား ပြောရင်း ခရီးနှင်ဖြစ်တဲ့အခါ သူ ကလည်း ကိုရီးယားကိုသွားသင့် တဲ့အကြောင်း မြန်မာလူငယ်တွေ ကို တိုက်တွန်းဖို့စကားဆိုပါတယ်။ သူ့သားကိုယ်တိုင်ကလည်း ကိုရီး ယားမှာလို့ဆိုတာကိုး။

သူကကိုရီးယားသွားတာ ဟာ ဘယ်တော့မှအလိမ်မခံရဘူး ဆရာတဲ့။ ပြီးတော့လုံလည်းလုံခြုံ တယ်တဲ့။ ကိုရီးယားသွားဖို့ သ တင်းစာကနေ ကြော်ငြာတဲ့အခါ မြောက်ဒဂုံ ပင်လုံရိပ်သာမှာဖောင် (Form) သွားယူလိုက်တဲ့။ နှစ် သောင်းခွဲပဲပေးရတာတဲ့။ တစ် နိုင်ငံလုံးကလူတွေ ကြက်ပျံမကျ ပါပဲဆရာရယ်။ ညအိပ် ညဉ့်နက် ကို တန်းစီပြီးတော့ ဖောင်(Form) ဝယ်ကြတာပါတဲ့။ တကယ်က အဲ သည်လောက်မလိုပါဘူးဆရာ ရယ်။ အေးအေးဆေးဆေးဝယ် လည်းရပါတယ်ဆိုလား။

အဲဒါပြီးရင်တော့ ဖောင် (Form) တင်ပေတော့တဲ့။ ရှစ်မိုင် လမ်းဆုံးကနေ လေဆိပ်ဘက်ကို သွားတဲ့အခါ ညာဘက်မှာအလုပ် သမားရုံးရှိတယ်လေ။ အဲသည်မှာ တင်ရတာတဲ့။ စာမေးပွဲဖြေရမယ့် ရက်နဲ့ နေရာကို သူတို့ကကြေညာ ပေးတယ်ခင်ဗျတဲ့။ တက္ကသိုလ် တွေမှာပဲ ဖြေကြရတာဆိုလား။

သြော်...ဘာအတန်း၊ ဘာပ ညာမှမလိုဘဲခေါ်တဲ့ဥစ္စာ ကိုရီး ယားဘာသာစကားအခြေခံပဲစစ် တာပေါ့။ အမှားအမှန်ခြစ်တာတွေ ပဲ များတာပါ။ အောင်ရင်ဟိုက အလုပ်ခေါ်ပြီ။ အသည်းရောဂါ၊ ဘီပိုး၊ စီပိုးရှိရင်လက်မခံဘူး။ အ သက်(၃၅)နှစ်ကျော်ရင် လက်မခံ ဘူး။ အဲ... အားလုံးအိုကေတာနဲ့ အာမခံကြေး ၁၅ သိန်းသွင်းသွား ပေတော့တဲ့။ လစာကတော့ ၁၅ သိန်းပဲတဲ့။ သြော်.... တစ်လကို အနည်းဆုံး ၁၅ သိန်းဆိုတော့ တစ်ရက်ကိုငွေငါးသောင်းပေါ့ဟု ဆိုကာ စာရေးသူကိုယ့်ကိုယ်ကိုယ် သနားသလိုဖြစ်သွားမိပါရဲ့။

ကိုရီးယားကခေါ်တဲ့အလုပ် က သုံးမျိုးကိုပဲအခြေခံတာပါ။ တစ်ကအလုပ်သမား၊ ခိုင်းတာအ ကုန်လုပ်၊ နှစ်က ထုတ်လုပ်မှု။ ဥပမာ လျှပ်စစ်မီးခလုတ်ကို ပ စ္စည်းကလေးတွေထုတ်တာမျိုး။ သုံးက စိုက်ပျိုးရေး။ ငရုတ်ပွလို၊ ခရမ်းချဉ်လို၊ ဂေါ်ဖီလိုဟာမျိုး တွေစိုက်ရတဲ့ စိုက်ခင်းကြီးတွေထဲ မှာ လုပ်ရတဲ့အလုပ်။ မိသားစု တစ်နိုင်တစ်ပိုင်လုပ်ရတဲ့လုပ်ငန်း မျိုးတွေ။

စာရေးသူက ဘာဖြစ်လို့ရပ် ဝေးမြေခြားက အလုပ်သမား လာခေါ်တာလဲ။ ကိုရီးယားမှာ အ လုပ်သမားမရှိဘူးလားလို့မေး တော့ ဖြေပုံကရှင်းပါတယ်။ ကို ရီးယားတွေက အဲသည့်လစာမျိုး နဲ့ မလုပ်ဘူးတဲ့။ အနည်းဆုံး တစ် ရက်တစ်သိန်းမှတဲ့။

သြော်... တို့တစ်တွေ။ ငါတို့ တစ်တွေ။

ပြောရရင် သူတို့လိုတဲ့ အ လုပ်သမားအရေအတွက်နဲ့ အမျိုး အစားကို နှစ်နိုင်ငံချိတ်ဆက်ပြီး လာခေါ်တဲ့လုပ်ငန်းစဉ်ပါပဲ။ ဘာ ပညာမှမရှိသူ မြန်မာလူငယ်တွေ အတွက်ကတော့ ရွှေတံခါးကြီးပဲ ပေါ့။

နှစ်နှစ်၊ သုံးနှစ်ဆိုပြီးချုပ် ထားတဲ့ စာချုပ်ကိုဖောက်ဖျက်ရင် ဒါမှမဟုတ် ပိုကောင်းတဲ့အလုပ် ကိုရှာပြီးပြောင်းပြေးရင် တင်ထား ခဲ့တဲ့ ၁၅ သိန်းအဆုံးတဲ့။

အခုရက်တွေမှာတော့ ကိုရီး ယားမှာအလုပ်လုပ်ရတာ အချိန် ပိုခိုင်းပြီး Over Time ကြေးမပေး ဘူးတို့၊ အလုပ်ရှင်က မောက်မာ ရိုင်းစိုင်းတယ်တို့၊ နှိပ်စက်တယ် တို့ဆိုတဲ့အသံကလေးတွေထွက် လာပြန်ပါတယ်။ ဘယ်အတိုင်းအ တာအထိလဲတော့ မသိတတ်နိုင် ဘူးပေါ့။

ဘာပဲဖြစ်ဖြစ် ကိုရီးယားဘာ သာစကား သင်တန်းတွေကတော့ မှိုလိုပေါက်စ ပြုလာခဲ့ပြီ ဖြစ်ပါ တယ်။
အင်း...ကိုရီးယားမှာအ လုပ်သွားလုပ်တာဟာ ကိုရီးယား ရုပ်ရှင်တွေကြည့်ရတာလောက် တော့ လှနိုင် မယ်မထင်ပါဘူး။


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org