နိုင်ငံခြားသာတို့ဆီမှ သင်ယူခြင်း

မိုးရှင်း (I.M.T)(4 May 15)




-----------------------------------------------------------------------------------

မြန်မာတွေက နိုင်ငံခြားယဉ်ကျေးမှုတွေကနေ အတုယူတာတော့ တော်တော်မြန်ပါတယ်။
ဒါပေမယ့် မကောင်း တဲ့အကျင့်တွေကိုတော့ တလေးတစားကိုအတုယူတတ်ကြပြီး ကောင်းတဲ့အကျင့်တွေကိုတော့ သတိတောင် မထားမိတတ်ကြပါဘူး။ စကဒ်တိုဝတ်၊ ပါတီတက်တာလွဲပြီး ကျန်တာမမြင်တတ်ကြပါဘူး။
တကယ်တော့ သူတို့ဆီမှာလည်း အရမ်းကိုလေးစားဖို့ကောင်းတဲ့ ယဉ်ကျေးမှု၊ အပြုအမူတွေ၊ အတွေးအခေါ် တွေရှိပါတယ်။

(၁) သူတို့ကစကားကိုယဉ်ယဉ်ကျေးကျေးပြောတယ်။
တကယ်ယဉ်ကျေးတဲ့ အနောက်တိုင်းသားတွေဟာ စကားပြောရင် Please နဲ့ Thank youကို အမြဲထည့်ပြောပါတယ်။
စကားလုံးမှာယဉ်ကျေးရုံတင်မကဘူး သူတို့ရဲ့မျက်လုံးတွေကပါ သူတစ်ပါးကိုတလေးတစားနဲ့ ကြည့်ပြီး အကူအညီတောင်းတတ်ပါတယ်။
မြန်မာတွေ ဆောရီးတို့ thank you တို့ကို ဝတ်ကျေတန်းကျေပြောသလိုမဟုတ်ပါဘူး။
သူတို့ကလမ်းဘေးစားသောက်ဆိုင် က စားပွဲထိုးကိုလည်း မျက်လုံးချင်းဆုံကြည့်ပြီး Thank you လို့ပြောတတ်ကြ ပါတယ်။





-----------------------------------------------------------------------------------

(၂) သူတို့ကိုယ်သူတို့တာဝန်ယူရဲတယ်။ ၁၈နှစ်ကျော်ကတည်းက သူတို့ရဲ့စားဝတ်နေရေး၊ ပညာရေးအတွက် သူတို့ဘာသာပိုက်ဆံရှာကြတဲ့သူတွေများပါတယ်။
သူတို့ခြေထောက်ပေါ်ကိုသူတို့ အားကိုးရဲကြပါတယ်။
တစ်ချို့က ကျောင်းစရိတ်ကာမိဖို့ ဘားတွေမှာစားပွဲထိုးလုပ်ကြပါတယ်။
မြန်မာတွေကို ၁၈နှစ်ကျော်တာနဲ့ စားပွဲထိုးလုပ်ဖို့ပြောနေတာမဟုတ်ပါဘူး။

နိုင်ငံရဲ့ပညာရေးအဆင့်အတန်း၊ လူနေမှုအဆင့်အတန်းကွာလို့ ဒီမှာ တော့ စားပွဲထိုးလုပ်လို့မလွယ်ပါဘူး။
ဒါပေမယ့် လုပ်လို့ရတာတွေအများကြီးရှိပါတယ်။
ဘဝအတွက် အသုံး ဝင်မယ့်အရာတွေကို သေချာလေ့လာလို့ရပါတယ်။
Volunteerတွေ ဝင်လုပ်လို့ရပါတယ်။
ဘာသာစကား တစ်ခုတတ်ကျွမ်းအောင်သင်ယူလို့ရပါတယ်။
ဒါပေမယ့် သင်တန်းသာတက်နေကြတာ ပညာလိုချင်လို့တတ် တဲ့ လူငယ်အနည်းငယ်ပဲတွေ့ရပါတယ်။
အပျော်ပဲတက်ကြတာများပါတယ်။

(၃) သူတို့ကမသိရင်မေးတယ်။ မတတ်ရင်ရအောင်သင်တယ်။
မြန်မာတွေက တစ်ခုခုခက်ခဲပြီဆိုတာနဲ့ ဖင်ကုတ်ခေါင်းကုတ်စလုပ်တော့တာပဲ။
ကျွန်တော်က အမေရိကန်တစ်ယောက်နဲ့ အလုပ်တွဲလုပ်ဖူးတော့ သူတို့ဘယ်လိုတွေးလဲဆိုတာကိုသိခွင့်ရခဲ့ပါတယ်။
အဲ့ဒိတုန်းကသူက သူမသိတာဆိုရင် Googleမှာ ရှာပြီး ကြိုးစားပန်းစားကိုသင်ယူပါတယ်။
သူမသိတာကို သိကိုသိရမယ်ဆိုတဲ့စိတ်နဲ့လေ့လာပါတယ်။
ကျွန်တော် တို့ မြန်မာတွေက မသိရင်မလုပ်ချင်ကြပါဘူး။
အဲ့ဒိအချက်ကပဲ သူတို့လူနေမှုအဆင့်အတန်းနဲ့ ကျွန်တော် တို့လူနေ မှုအဆင့်အတန်းကိုခွဲခြားလိုက်တာပါ။
ဒါ့ကြောင့် မသိရင်သိအောင်လုပ်ပါ။

မိမိကိုယ်ကို အားကိုးရဲတဲ့ လူငယ်တွေဖြစ်နိုင်ကြပါစေဗျာ။

မိုးရှင်း (I.M.T)





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org