၂၀၁၅ မှာ မြန်မာနိုင်ငံကို သွားလည်ချင်စရာ အကြောင်း ၅ ချက်

မိုးမြင့်ဇင်(29 March 15)




-----------------------------------------------------------------------------------

‎ ရွှေနိုင်ငံလို့ တင်စားခေါ်ဝေါ်ကြတဲ့ မြန်မာနိုင်ငံဟာ ထူးခြားထင်ရှားပြီး နိုင်ငံခြားသားတွေအတွက် အနည်းဆုံးတော့ တသက်မှာ တကြိမ်တခါလောက်တော့ ရောက်ဖူးချင်စရာ ကောင်းလောက်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က အခြေအနေလိုပါပဲ လို့ အမေရိကန်သတင်းစာ တစ်စောင်ရဲ့ ခရီးသွားကဏ္ဍမှာ ဖော်ပြထားပါတယ်။
အဲ့ဒီအချိန်တုန်းကတော့ ထိုင်းနိုင်ငံရဲ့ကမ်းခြေတွေမှာ ဈေးဆိုင်တန်းတွေ နေရာမယူထားသေးပါဘူး။



-----------------------------------------------------------------------------------

‎ ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲသွားတာ မြန်မြန်ဆန်ဆန်ပါပဲ။
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကတော့ လာမယ့်နှစ်တွေမှာ ပေါက်ကွဲလာမယ့် အခြေအနေဆီ ဦးတည်နေပါတယ်။
တကယ်တော့ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ထုတ်ပြန်ချက် အရဆိုရင် ခရီးသွားလုပ်ငန်းအတွက် တံခါးတွေ ပထမဆုံး စဖွင့်ပေးလိုက်တဲ့ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံကို နိုင်ငံခြားဧည့်သည် ၈၁၆, ၃၆၉ ယောက် လာရောက်ခဲ့ပါတယ်။
၂၀၁၅ ခုနှစ်ဆိုရင် ခရီးသွားဧည့်သည်ပေါင်း ၅ သန်းကျော် ဝင်ရောက်လာမယ်လို့ မှန်းထားတာပါ။
မြန်မာနိုင်ငံကို လာလည်မယ်ဆိုရင် ဒီအချိန်က အကောင်းဆုံးပဲလို့လည်း ဆိုကြပါတယ်။
အခုပဲ မြန်မာနိုင်ငံ ခရီးစဉ်ကိုဆွဲဖို့ အချိန်ရောက်ပြီလို့ ပြောရမယ့် အကြောင်းက ၅ ချက် ရှိပါတယ်။

၁။ လူမျိုး
------------------------------------------------
(Drew Goldberg The Hungry Partier)မြန်မာလူမျိုးတွေဟာ အနောက်နိုင်ငံသားတွေကို ကြိုဆိုနေရုံသာ မကပဲ သူတို့ဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ပဲ ရင်းနှီးဖော်ရွေကြပါတယ်။
သူတို့ဟာ ခရီးသွားဧည့်သည်တွေကို မြန်မာနိုင်ငံတဝှမ်း လိုလိုလားလား လိုက်ပြချင်ကြပါတယ်။
အင်္ဂလိပ်ဘာသာစကားကို လေ့ကျင့်ပြောဆိုရတာ သူတို့အတွက် အရေးပါလှပါတယ်။
ခရီးသည်တွေဆီကို ရင်ထဲကလာတဲ့ အပြုံးနဲ့ ချဉ်းကပ်လာပြီး “ဟဲလို၊ နာမည် ဘယ်လိုခေါ်ပါသလဲ” လို့ လာနှုတ်ဆက်ပါလိမ့်မယ်။



-----------------------------------------------------------------------------------

၂။ ပုဂံ ဘုရားပုထိုးများ ( Ascites )
------------------------------------------------
temples_edited (Courtesy Sam Carey)လွန်ခဲ့တဲ့ ၁၁ ရာစုခေတ်က စေတီပုထိုးပေါင်း ၃၀ဝ၀ ကျော်လောက် ရှိတဲ့ ပုဂံဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တမြို့ ဖြစ်ပါတယ်။
ပုဂံမှာ စေတီပုထိုးတွေ အရေအတွက်က ခရီးသွားဧည့်သည်တွေထက် ပိုများနေတာကြောင့် ပုဂံဆိုတာ မြို့ ဆိုတာထက် တိတ်ဆိတ်နေတဲ့ ရွာတရွာနဲ့ ပိုတူပါတယ်။
ဒါကပဲ ပုဂံကို အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံက အန်ကောဒေသထက် ပိုကောင်းမွန်မယ့် အတွေ့အကြုံတွေ ရှာဖွေချင် စရာကောင်းနေပါတော့တယ်။



-----------------------------------------------------------------------------------

၃။ ရွှေတိဂုံဘုရား
------------------------------------------------
Pagoda_edited (Drew Goldberg The Hungry Partier)ဉာဏ်တော်အမြင့် ပေပေါင်း ၃၆၀ နီးပါးရှိတဲ့ ရွှေတိဂုံဘုရား ဟာ မြန်မာနိုင်ငံမှာ ဉာဏ်တော် အကြီးဆုံးနဲ့ အလေးအမြတ်အထားဆုံး ဗုဒ္ဓဘာသာ စေတီတစ်ခုဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ လောက်က တည်ထားခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးကို ရာနဲ့ချီတဲ့ ရွှေပြားတွေ ဖုံးအုပ်ထား ပါတယ်။


စေတီတော်ထိပ်ဖျားက ထီးတော်မှာဆိုရင် စိန်အလုံးပေါင်း ၅၀ဝ၀ ကျော်နဲ့ ပတ္တမြား၊ နီလာနဲ့ တခြားကျောက်မျက် ရတနာပေါင်း ၂၀ဝ၀ ကျော် ရှိပါတယ်။

ရွှေတိဂုံဘုရား တည်ရှိရာ ရန်ကုန်မြို့ဟာ လူနေအထူထပ်ဆုံးမြို့ဖြစ်ပြီး နိုင်ငံတကာခရီးသည်တွေ လာရောက်နိုင်မယ့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်လည်း ရှိပါတယ်။ ရွှေတိဂုံဘုရား သို့မဟုတ် မြန်မာနိုင်ငံက ဘယ်ဘုရားကိုမဆို ဝင်ရောက်လည်ပတ်တဲ့အချိန်မှာတော့ သင့်ဖိနပ်တွေ ချွတ်ထားဖို့နဲ့ ခြေထောက်တွေကို ဖုံးအုပ်ထားဖို့ လိုပါတယ်။ ဘောင်းဘီတို ဝတ်သွားမိရင်တော့ လုံချည်တွေ ငှားဝတ်ရပါလိမ့်မယ်။



-----------------------------------------------------------------------------------

၄။ ရနိုင်တာတွေ
------------------------------------------------
သင့်အနေနဲ့ ကုန်ကျစရိတ် မများတဲ့ နိုင်ငံတကာ စွန့်စားခန်း ရှာနေတယ် ဆိုရင်တော့ မြန်မာနိုင်ငံကို ထိပ်ဆုံးမှာ စာရင်းထည့်ထားသင့်တာပေါ့။
တည်းခိုစရိတ်တွေ ကြီးမြင့်ဖောင်းပွပြီး ဟိုတယ်ခန်းတွေ ပြတ်လပ်သွားတာ၊ ခရီးသည်တွေ ရုတ်တရက် များလာတာတွ ေ ရှိနေချိန်မှာ မြန်မာနိုင်ငံခရီးစဉ်အတွင်း တရက်ကို ၁၅ ဒေါ်လာလောက်နဲ့ သက်တောင့်သက်သာ နေလို့ရပါတယ်။

ရိုးရာအစားအသောက်တွေကိုလည်း နေရာတိုင်းမှာ ဆင့် ၈၀ ကနေ ၃ ဒေါ်လာလောက်အထိနဲ့ ရောင်းချနေတာပါ။
မြို့တပတ် မိနစ် ၂၀ လောက် တက္ကစီ စီးမယ်ဆိုရင် ၂ ဒေါ်လာလောက် ကျသင့်ပါတယ်။
ဈေးတော့ ညှိရမှာပါ။ ၁ နာရီကြာ အနင်းအနှိပ် ဆိုရင် ၃ ဒေါ်လာခွဲလောက် ပေးရပါလိမ့်မယ်။
ဒေသထွက် မြန်မာဘီယာက ၁ ဒေါ်လာလောက် တန်ဖိုးကျသင့်ပါတယ်။
၁၂ နာရီကြာ ရန်ကုန်-ပုဂံ ဘတ်စ်ကားခရီးက ၈ ဒေါ်လာလောက် ပေးခဲ့ရပါတယ်။

သိပ်အဆင်မပြေတာကတော့ ဈေးပေါပေါ တည်းခိုခန်းတွေ သိပ်မရှိပဲ၊ ဈေးနှုန်းက တညကို ဒေါ်လာ ၂၀ ပေးရပါတယ်။ ဟိုတယ်တွေနဲ့ အပန်းဖြေရိပ်သာတွေကတော့ တညကို ဒေါ်လာ ၅၀ ကနေ ၂၅၀ အထိ ပေးရပါတယ်။ ဒါပေမယ့် ဧည့်သည်တွေ အများကြီးအတွက် နေထိုင်နိုင်ဖို့ အဆောက်အဦတွေကို ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် သိပ်မကြာခင်တော့ သင်ဟာ ဈေးသက်သက်သာသာ တည်းစရာနေရာတစ်ခုကို ရှာတွေ့နိုင်ပါပြီ။



-----------------------------------------------------------------------------------

၅။ အစားအသောက်
------------------------------------------------
မြန်မာနိုင်ငံက အစားအသောက်တွေဟာ အမျိုးစုံလင်လှပြီး အရသာလည်းကောင်းကာ ဈေးနှုန်းလည်း ချိုသာပါတယ်။
မြန်မာနိုင်ငံပြင်ပမှာ စားလို့မရတဲ့ အစားအသောက်တွေလည်း အများကြီးပါ။
ဟင်းပွဲတွေကလည်း မြန်မာနိုင်ငံနဲ့ ပထဝီအနေအထားကို ထည့်တွက်လိုက်ရင် ထိုင်း၊ အိန္ဒိယ၊ တရုတ်ဟင်းလျာတွေထဲ ဟင်းချက်ပစ္စည်းတွေကနေ ဆင်းသက်လာတာတွေ ရှိပါတယ်။
အများဆုံး စားကြတာက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ရှမ်းခေါက်ဆွဲ ဖြစ်ပါတယ်။
ဟင်းပွဲ အများစုမှာ ဆီပြန်ဟင်းတွေနဲ့ ပူစပ်တဲ့ ဟင်းရည်တွေ ပါဝင်တတ်ပါတယ်။
မြန်မာနိုင်ငံဟာ အပူပိုင်းရာသီဥတုမျိုး ရှိတာကြောင့် ကောက်ပဲသီးနှံ ဖြစ်ထွန်းပါတယ်။
သစ်သီးဝလံ လတ်လတ်ဆတ်ဆတ်တွေကို ဈေးနှုန်းက ၁၀ ဆင့်လောက်နဲ့ ဈေးဆိုင်တန်းတွေကနေ ဝယ်ယူနိုင်ပြီး၊ သစ်သီးစုံဖျော်ရည်တွေကိုတော့ ဆင့် ၅၀ လောက်နဲ့ ဝယ်ယူမြည်းစမ်း သောက်သုံးနိုင်ပါတယ်။

ခရီးမထွက်ခင် မှတ်ထားသင့်တဲ့ အရာတွေ
------------------------------------------------
မြန်မာနိုင်ငံမှာ မယုံနိုင်လောက်စရာ ရှုခင်းတွေကို မြင်တွေ့ခံစားရမှာ ဖြစ်ပေမယ့်၊ တချို့အစဉ်အလာ ထုံးစံတွေကို လိုက်လျောညီထွေဖြစ်အောင် ကြိုတွေးထားရမှာ ဖြစ်ပါတယ်။
အများသုံးရေအိမ်တွေမှာ အိမ်သာသုံးစက္ကူတွေ မရှိတာကြောင့် သင်နဲ့အတူ တစ်ရှူးစက္ကူတွေ အပို ဆောင်သွားရပါမယ်။
အပူပိုင်းဇုန်နိုင်ငံ မြန်မာနိုင်ငံတဝှမ်း ခြင်တွေ ပေါများလှတာကြောင့် သင် ဘယ်သွားသွား ပိုးကောင်ဖျန်းဆေးတွေလည်း ယူသွားဖို့ စီစဉ်ပါ။
ပူပြင်းလောင်စပ်လှတဲ့ အပူချိန် နဲ့ မုတ်သုံမိုး ရွာချတတ်တာမျိုးကနေ ရှောင်လွှဲနိုင်ဖို့ နိုဝင်ဘာလကနေ မတ်လအကြား ခရီးထွက်ဖို့ စီစဉ်ထားပါ။
အပြင်ထွက် စားတဲ့အချိန်မှာ ရေသန့်ဘူးကိုပဲ သောက်သုံးပါ။
အစာအဆိပ်သင့်တာမျိုး မဖြစ်ရအောင် မချက်ပြုတ်ထားရသေးတဲ့ အစာစိမ်းတွေကို မစားပါနဲ့။
ATM စက်တွေက အမြဲကောင်းမွန်မှု မရှိတာကြောင့် ဒေါ်လာ ၂၀နဲ့ ဒေါ်လာ ၅၀ တန်တွေကို ဆောင်ထားပါ။
အမေရိကန်ဒေါ်လာကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲကြပြီး ဒေါ်လာငွေနဲ့ မြန်မာကျပ်ငွေကို လဲလှယ်သုံးစွဲနိုင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ ရာဇဝတ်မှုဖြစ်ပွားနှုန်းက အရမ်းနည်းပါးပြီး နိုင်ငံခြားသားတွေ အကြမ်းဖက်ခံရတဲ့ ရာဇဝတ်မှုတွေကလည်း ရှားရှားပါးပါး ဖြစ်ပါတယ်။
အများပြည်သူပိုင် နေရာတွေမှာ နိုးနိုးကြားကြား ရှိပါစေ လို့လည်း မှာကြားထားပါတယ်။

(ကိုးကား U.S. News & World Report ခရီးသွားကဏ္ဍပါ Drew Goldberg ရဲ့ ဆောင်းပါးကို ကောက်နုတ် ဘာသာပြန်သည်။)





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org