မြန်မာပြည်မှာ ဗီဇာသက်တမ်း တိုးခဲ့ရတဲ့ ပြသနာ

မောင်ရိုးအ- U.S.A(24 February 15)




-----------------------------------------------------------------------

အကြောင်းအမျိုးမျိုးဖြင့် မြန်မာပြည်ကို သွားကြမည့် သူများအတွက် အတွေ့အကြုံလေးတစ်ခု ဖြန့်ဝေလိုက်ပါသည်။
ပွင့်လင်းလာသည့် မြန်မာပြည်နှင့်မြန်မာအစိုးရသည် ပြည်ပရောက် မြန်မာလူမျိုးများကို ဥပဒေနှင့်အညီ ပြန်လာခွင့် လည်ပတ်ခွင့် များပေးခဲ့သည်၊
ယခု PR စနစ်နှင့်အညီ နှစ်ရှည်နေထိုင်ခွင့်များ ပေးမည်ဟု သိရသဖြင့်လည်း ဝမ်းသာမိပါသည်။

ဒီကိစ္စနှင့်ပါတ်သက်၍ ပြည်ပကိုလာရောက်ခဲ့သည့် မြန်မာအစိုးရဝန်ကြီးအချို့ကလည်း လှိုက်လှဲပျူငှာ ဖိတ်ခေါ်သံများကိုလည်း ကိုယ်တိုင် ကြားခဲ့ရပါသည်။

ဒါကြောင့် ၂၀၁၄ခု အောက်တိုဘာလထဲမှာ မြန်မာပြည်ကို ပြန်လာခဲ့ပါသည်၊
ဗီဇာလျှောက်သည်မှအစ အစစအရာရာ အခက်အခဲမရှိပါ၊
မြန်မာပြည်ကိုရောက်တော့ နေထိုင်ခွင့်အတွက် ရပ်ကွက်ကျေးရွာ ဧည့်စာရင်းတိုင်သည်မှအစ မြို့နယ် လ.ဝ.က ရုံးအထိ လျှောက်လွှာတင်ရသည့် ကိစ္စများမှာလည်း အခက်အခဲမရှိပါ၊ စိတ်ချမ်းသာရပါသည်၊

မြန်မာပြည်တွင် သုံးလ သက်တမ်းတိုးနေထိုင်ခွင့်အတွက် မြို့နယ် လ.ဝ.က ဝန်ထမ်းတို့၏ ညွှန်ကြားအကြံပြုချက် အရ လည်း သက်ဆိုင်ရာ လ.ဝ.က ရုံးချုပ်အထိ ရောက်ရှိပြီး လျှောက်လွှာများ ပုံစံဖြည့်ကာ တင်ပြခဲ့ကြပါသည်၊
နေထိုင်ခွင့် သုံးလ သက်တမ်းတိုးရန်အတွက် အမေရိကန်ဒေါ်လာ ၃၇ဒေါ်လာ ပေးခဲ့ရပါသည်၊

ငွေသွင်းဘောက်ချာ စာရွက်လည်း ရခဲ့ပါသည်၊
သို့သော် ဘောက်ချာ စာရွက်မှာ မထင်မရှားဖြစ်ပြီး ဘာရေးထားမှန်း မသိပါ၊
မှုံဝါးဝါး လက်မှတ်နှင့် သွင်းငွေ ကိန်းဂဏန်းမှာလည်း ဖတ်၍မရပါ၊

နိုင်ငံခြားသား နေထိုင်ခွင့်သက်တမ်းတိုးပေးသည့် သက်ဆိုင်ရာ လ.ဝ.က ရုံးချုပ်မှာ လေးနာရီလောက် အချိန်ပေး စောင့်နေရပြီး နောက်ဆုံးမှာတော့ ပတ်(စ)ပို့နှင့် ငွေသွင်းကြောင်း ဘောက်ချာစာရွက်ကို ပြန်ပေးပြီး၊ ပြီးပါပြီ သုံးလနေခွင့်ရပါပြီ ဟု ဝန်ထမ်းစာရေးမက ပြောပါသည်၊





-----------------------------------------------------------------------

စိတ်ချလက်ချ သုံးလ နေပြီး အပြန်လေဆိပ်မှာတော့ လ.ဝ.က ဝန်ထမ်းက ကျနော့်ပတ်(စ)ပို့မှာ သုံးလနေခွင့်နှင့် နောက်ဆုံးရက်မရှိပါ၊
တံဆိပ်တုံးထုမထားပါ၊

ငွေသွင်းစာရွက်ဘောက်ချာကိုပြတော့လည်း တုံးထုမထားသဖြင့် ကျသင့်ငွေ တနေ့ သုံးဒေါ်လာ ဆောင်ရန်သာ ပြောပါသည်၊
ကျသင့်ငွေ ဆောင်ကာ ပြန်လာခဲ့ပါသည်၊
ကျွန်နော်က ပန်းဆိုးတန်းလမ်းရှိ လသက ရုံးသို့ ဖုန်းဆက် မေးရန် ပြောဆိုသောအခါ ဖုန်းဆက်ပါသည်။
ဖုန်းကိုင်မည့်သူ မရှိဟု ဆိုပြန်ပါသည်။

ကျွန်တော်တို့ ဇနီးမောင်နှံမှာ လေဆိပ် လ-ဝ-က မှ သတ်မှတ်တောင်းဆိုသော ဒေါ်လာ (၅၀ဝ) ဆောင်မည်လား (သို့မဟုတ်) ပန်းဆိုးတန်း ပြန်ကာ ပြဿနာ ရှင်းမည်လောကြိုက်ရာ အရွေးခိုင်းပါသည်။ လေဆိပ် လ-ဝ-က မှ သတ်မှတ်တောင်းဆိုသော ဒေါ်လာ (၅၀ဝ) မဆောင်ပါက လေဆိပ်ထဲ အဝင်မခံ။ ပြန်မရ ။
မြန်မာပြည်မှ ထွက်မရ ဟုဆိုပါသည်။

ပန်းဆိုးတန်းရှိ လ-ဝ-က ရုံးပြန်ကာ ပြဿနာ ရှင်းမည်ဆိုပါက လက်ရှိ ဝယ်ထားသည့် လေကြောင်း ခရီးစဉ် တခုလုံး ဒေါ်လာ ၂၅၀ဝ ကျော်ခန် ့ အားလုံးဆုံးရှုံးရမည် ဖြစ်ပါသဖြင့် လေဆိပ် လ-ဝ-က မှ တောင်းဆိုသော ဒေါ်လာ ၅၀ဝ ပေးသွင်းရပါသည်။ သို့မှ သာ လေဆိပ်အတွင်းဝင်ခွင့်ရ၍ မိမိ လိုရာ ခရီးစဉ် ပြန်ခွင့်ရခဲ့ပါသည်။





-----------------------------------------------------------------------

ဒီနေရာမှာ သင်ခန်းစာ ယူစရာက ကျနော်ကဲ့သို့ မအူမလည် မဖြစ်စေလိုပါ၊
ပတ်(စ)ပို့မှာ သက်တမ်းတိုး နောက်ဆုံးနေ့စွဲပါ တံဆိပ်တုံးထုရန် မမေ့ပါနှင့်၊
ဝန်ထမ်းများကို မယုံပါနှင့် ကိုယ်အကိုယ်ခံ ဖြစ်နေသည့် မြန်မာပြည်ပါ၊

နောက်ဆုံးကျနော့် အဖြစ်ကတော့ လ.ဝ.က ရုံးချုပ်တွင် လူမမြင် သူမမြင် လက်သိပ်ထိုး လာဘ်ငွေမပေးမိခြင်း သည် အဓိက ဖြစ်နေကြောင်း သူငယ်ချင်းများက ဆိုလာသဖြင့် မြန်မာပြည်၏ အကြောင်းကောင်းကောင်း လေ့လာဖို့ လိုအပ်နေသေးပါကြောင်း။ ။

မောင်ရိုးအ- U.S.A



-----------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org