စင်ကာပူ အသုံး မြန်မာ အဖြုန်း

Shwe Moe Hein(3 February 15)




-------------------------------------------------------------------------


စင်ကာပူကို သင်္ဘောလိုက်ဖို့ စရောက်တော့ ၁၇ နှစ်သားပေါ့။ တစ်ခုထူးခြားတာတွေ့မိတယ်။ နေထွက်တာ ၇ နာရီမှ ထွက်တာပါပဲ။
သိတဲ့ အင်ဒို တစ်ယောက်က ရှင်းပြတယ်။ time zone ကို ၁ နာရီစာခွာပြီးယူထားလို့တဲ့။

စင်ကာပူဟာ အီကွေတာမှာရှိပြီး နေဟာ ၆ နာရီ ထွက် ညနေ ၆ နာရီမှာ ဝင်ရမှာပါ။
မနက်နေထွက်တာနဲ့ အိပ်ယာထသူရှားပါတယ်။
၇ နာရီလောက်ထိ အိပ်ကြသူ များတယ်။ မင်းတို့ နေရောင်တွေ အလကားဖြစ်မယ်။ မင်းတို့ မနက် ၆ နာရီထ အလုပ် ၈ နာရီ စ ဆို ဘယ်သူမှ လက်ခံကြမှာ မဟုတ်ပါဘူး။

လီကွမ်ယုက နေထွက်တဲ့ ၁၂ နာရီလုံးကို လူတွေ နိုးတဲ့အချိန်မှာ ရှိနေစေချင်တော့ time zone ၁ နာရီစာရွှေ့လိုက်တော့ နေဟာ ၇ နာရီမှာ ထွက်ပြီး ၇ နာရီမှာ ဝင်တော့တယ်။

ဒါတောင် ဝိုင်းဝေဖန်တာ ခံရသေးတယ်။ ဒါပေမယ့် ညနေ ၇ နာရီထိ လင်းတုန်း ဘောလုံးကန်နိုင်တုန်း ဆော့နိုင်တုန်းဆိုတော့မှ ဝေဖန်တာတွေ တိတ်သွားတယ်။
အိမ်မီးတွေ အရင် ညနေ ၆ နာရီမှာ ထွန်းရရင် အခု ၇ နာရီမှ ထွန်းရတော့တယ်။
တစ်ရက် တစ်နာရီ တစ်နိုင်ငံလုံးစာ စွမ်းအင်တွေ ချွေတာနိုင်တယ်။ တစ်နှစ်ဆို ချွေတာတာ ဘယ်လောက်လဲ။ ဆယ်စုနှစ်တစ်ခုလောက်ဆိုရင်တော့ မိုးမျှော်တိုက်တစ်လုံး ဆောက်နိုင်လောက်အောင် ချွေတာပြီးသွားဖြစ်သွားတယ်။

Day light saving time ကို သုံးကြတာ အအေးပိုင်း နဲ့ သမပိုင်းဒေသတွေမှာနွေရာသီဆို သုံးကြတယ်။ အီကွေတာရပ်ဝန်းမှာ အချိန်ကို ရွေ့ပြီး ကိုယ့်အတွက် အကျိုးရှိစေတာ လီကွမ်ယု တစ်ယောက်ပဲရှိမယ်။
လီကွမ်ယုဟာ ဘာမှမထွက်တဲ့ တိုင်းပြည်မှာနေရတော့ ဘယ်လို ချွေတာရမလဲပဲ တွေးနေခဲ့ဟန်တူပါတယ်။



-------------------------------------------------------------------------


စင်ကာပူရောက်ပြီး ၂ နှစ်လောက်မှာတော့ အညွန့်တလူလူတက်နေတဲ့ စီးပွားရေးဟာထိုးကျတော့တယ်။
နောက်ဆုံး သုံည အထိရောက်သွားတယ်။ နောက်နှစ်ဆို အနှုတ်ပြပြီပေါ့။
အားလုံးက ဒီတစ်ခါ လီကွမ်ယုတော့ ဂွမ်းပြီ။ ဘာတတ်နိုင်သေးလဲပေါ့လေ။
လီကွမ်ယုလုပ်ချက်ကတော့ အားလုံး အသုံးစရိတ်တွေ ထက်ဝက်လျော့ချကြဖို့ သူနိုင်ငံသားတွေကို တိုက်တွန်းလိုက်ပါတယ်။ သူ့နိုင်ငံသားတွေကလည်း သူ့စကားနားထောင်ကြပါတယ်။
သင်္ဘောမှာဆို ဘောပင် ၂ ချောင်းကုန်နေကျ တစ်ချောင်းပဲ သုံး၊ ခဲတံကိုလဲ တိုထဲအထိသုံး provision မှာတာတွေလည်း အတတ်နိုင်ဆုံး လျော့ချလုပ်ကြရပါတယ်။

-နှစ်အကုန်မှာတော့ အနှုတ်ပြပြီ ထင်ထားကြပေမယ့် တိုးတက်မှုနှုန်း ၁ % နီးပါး ပြန်ရောက် လာပါတယ်။
တတ်လဲ တတ်နိ်ုင်တဲ့ လီကွမ်ယုပါပဲ။
လီကွမ်ယုဟာ သူတို့အစိုးရကို ကပ်စေးနဲ့တဲ့အစိုးရလို့ ပြောတတ်ပေမယ့် လိုအပ်တဲ့နေရာမှာတော့ သုံးဖို့ကို လက်နှေးတတ်သူ မဟုတ်ပါ။
မလေးရှားမှ ရေဝယ်နေရလို့ ရေနဲ့ ခြိမ်းခြောက်တဲ့ရန်က ကင်းလွတ်ဖို့ NE water project ကို ဒေါ်လာ ၃.၅ ဘီလီယံ အကုန်အကျ ခံပြီး အောင်မြင်အောင် လုပ်ဆောင်ခဲ့တယ်။ မလေးရှားဝန်ကြီးချုပ် မဟာသီယာဟာ ဖြစ်နိ်ုင်မယ် မထင်လို့ ပထမ ယုံတောင်မယုံခဲ့ပါဘူး။

-ပြည်သူတွေ အလုပ်ကို အမြန်ဆုံးရောက်ဖို့ ၃ ဘီလီယံလောက် အကုန်အကျခံပြီး MRT ရထား လုပ်ပေးခဲ့တယ်။ သူရဲ့မူက ပြည်သူတွေဟာ နာရီဝက်အတွင်း အလုပ်ကို ရောက်နိုင်ကြရမယ်။
ရန်ကုန်မှာတော့ ၂ နာရီလောက် အချိန်ကုန်တယ်။ စင်ကာပူတွေ အိမ်ပြန်ရောက်လို့ ကိုယ့်ဘဝ တိုးတက်ရေးအတွက် လေ့လာ အင်တာနက်ကြည့်လုပ်နေတဲ့အချိန် မြန်မာတွေကတော့ ချွေးသံတွေနဲ့ တိုးလို့ကောင်းတုန်းပေါ့။

လူတော်တွေ ပြတ်သွားတဲ့အချိန်တိုင်း ဝန်ကြီးတွေကို အခြားနယ်ပယ်တွေက လှည့်ရှာရတယ်။
ဒါကြောင့် ဝန်ကြီးတွေကို ပုံမှန်လစာမသတ်မှတ်ဘဲ မူလဝင်ငွေပေါ်ကြည့်ပြီး ပေးဖို့ မူချခဲ့တယ်။
ဝန်ကြီးတွေရဲ့ လစာတွေ များလွန်းတယ်လို့ စင်ကာပူရီးယန်းတွေ ဝေဖန်တော့လဲ ရှင်းရှင်းပဲ ပြန်ပြောခဲ့တယ်။

“စင်ကာပူရီးယန်းတော်တော်များများက ဝန်ကြီးတွေကို ဂုဏ်သိက္ခာရှိဖို့ပဲ အလုပ်လုပ်သင့်တယ်လို့ ထင်နေကြ တယ်။ ဘယ်သူက သက်တမ်းတစ်ခုထက်ပိုပြီးအလုပ်လုပ်မလဲ။ ငါတို့ကလွဲရင်ပေါ့။ ငါတို့က တို့ယုံကြည်ရာကို လုပ်ဖို့ အသက်တောင် လောင်းကြေးထပ်ထားတာ”
“လင်ကင်ဆန်းလို စီးပွားရေးသမား နိုင်ငံရေးထဲ ဝင်လာမှာ မဟုတ်ဘူး။ သူ ဝင်လာတယ်ဆိုတာက ငါ အကြပ်အတည်းထဲ ရောက်နေတယ်ဆိုတာ သိလို့။ သူရဲ့ ကိုယ်ပိုင် စီးပွားရေးကို ချန်ထားခဲ့ရတယ်၊
အက်ဒီဘာကာကို ဥပဒေဘက်ကနေ ငါဘက်ပါအောင် မနဲပြောယူရတယ်။ အက်ဒီ တကယ်လို့ ငါသာ ရှုံးသွားရင် မင်းဒီလို အေးအေး ရှေ့နေလုပ်လို့ရမယ်ထင်လား။ ကွန်မြူနစ်တွေသာ အာဏာရသွားရင် တရားဥပဒေဆိုတာ ဘာလဲ မေးယူရမယ်၊ ငါတို့ ရှုံးကြည့်ပါလား။
ကွန်မြူနစ်တွေက ငါတို့ ဦးနှောက်တွေ စနစ်တကျ ဖျက်ဆီးမှာ-ပြောလိုက်မှ အထပ်ထပ်စဉ်းစားပြီး သဘောပေါက်တယ်။

စင်ကာပူရဲ့ နိုင်ငံရေး အခြေအနေလည်း တည်ငြိမ်ကောင်းမွန်လာရော - ကဲ နိုင်ငံကတော့ကောင်းပြီ။ ငါ့မှာတော့ ဝယ်ထားတဲ့အိမ်လေးတောင် အကြွေးမကြေသေးဘူး-တဲ့။ ဒါကြောင့် လစာ အပြောင်းအလဲ ကိစ္စကို ငါလုပ်ရတာ”

“ဒီလိုမှ မဟုတ်ရင် ဒီအစိုးရထဲကို ဗီဗီယန်၊ ရှန်မူဂန်၊ အန်အိန်ဟင်တို့ ဝင်လာမယ်ထင်လား။ အန်အိန်ဟင်ဆို တစ်နှစ်ကို ၃ မီလီယံလောက်ရတဲ့ ကင်ဆာခွဲစိတ်အထူးကု၊ ရှန်မူဂန်ဆို ရှေ့နေ အဆင်ပြေတဲ့နှစ်တွေမှာ ငါးမီလီယံလောက် ဝင်တယ်။ သူ့ကို မင်းလစာ ၃ သောင်းပေးမှာလား။ ငါက တစ်နှစ် ၁ မီလီယံကျော်ပေးတယ်။ သူက ငွေသိပ်မမက်တဲ့ သူမို့ လက်ခံတယ်”
လီကွမ်ယုဟာ နိုင်ငံအတွက် သုံးသင့်တာ သုံးပြီး မသုံးသင့်တာ မကုန်အောင် စီမံနိုင်တဲ့အပြင် ကိုယ်ကိုတိုင်လည်း ရှေ့ဆောင်လမ်းပြနေပြတယ်။

ကုတ်အင်္ကျ ီကို နှစ် ၂၅ လောက် အထိဝတ်တယ်။ အသစ်မဝယ်ဘူးလား မေးကြတော့ ဘာလုပ်မလဲ။ မလိုအပ်ပဲနဲ့ အလကားပိုက်ဆံဖြုန်းတယ်လို့ဆိုတယ်။

“ငါ့ဇနီးဆိုရင် လက်ဝတ်ရတနာ မဝတ်တတ်ဘူး။ ရွှေရောင်နာရီနဲ့ ပုလဲ လည်ဆွဲ ဝတ်ကောင်းဝတ်မယ်။ ဝန်ကြီးအားလုံး ဒီအတိုင်းကျင့်သင့်တယ်။ ဂုဏ်တု ဂုဏ်ပြိုင်တွေနဲ့ဆို အခြား ပြ ဿ နာ တွေ တက်လာမယ်”
“မင်းရဲ့ ပြိုင်ဘက်ဇနီးတွေကိုကြည့် လက်ဝတ်ရတနာတွေကို ညွှတ်နေအောင်ဆင်ထား၊ မင်းဇနီးဘယ်လိုဖြစ်မလဲ”
“တို့ အနီးအနားနိုင်ငံတွေမှာ အဂတိလိုက်စားတာ ကူးစက်ရောဂါတစ်ခုလို ဖြစ်နေတာ။ ငါတို့ သန့်ရှင်းအောင် နေရတာ မလွယ်ဘူးနော်။ ကိုယ့်ကျင့်တရား အခံကောင်းသူ များများရှိမှရမယ်။ ခေါင်းဆောင်အရည်အသွေးကျပြီ ဆိုတာနဲ့ အစိုးရအရည်အသွေးလည်းကျ ပီအေပီ ပါတီလဲ ပြုတ်ပြီ”

-နိုင်ငံခေါင်းဆောင်များဟာ လူထုအတွက် စံပြဖြစ်အောင်မနေဘဲ မလိုအပ်ဘဲဖြုန်းတီးပြတာ အန္တရာယ်ပဲ ဆိုတာ ကြိုမြင်ထားပြီးသားပဲ။
စင်ကာပူနိုင်ငံလိုပဲ တိုးတက်အောင် လုပ်ချင်ကြသူတွေ အပြောချည်းသက်သက်မဟုတ်ပဲ။ တကယ့်ကို ကျင့်ကြံ အားထုတ်ဖို့လိုပါတယ်။

မိမိတို့ နိုင်ငံဟာ ပွင့်လင်းလာတာနဲ့အမျှ နိုင်ငံတကာမှ အကူအညီများ၊ ချေးငွေများ လိမ့်ဝင်လာပါတယ်။ ဒီငွေတွေဟာ ဇီးသီးဗန်းမဖြစ်သင့်ပဲ အကျိုးရှိအောင် အသုံးချတတ်ရပါမယ်။ ချေးငွေတွေဆိုလည်း ၄ - ၅ နှစ်အတွင်း အရင်းကြေအောင်၊ စင်ကာပူကရင်းနှီးမြုပ်နှံမှုများလို အကျိုးရှိအောင် အထပ်ထပ်စဉ်းစားအသုံးပြုသင့်ပါတယ်။
-လေးငါးနှစ်မှ အရင်းမကြေ၊ ဆယ်နှစ်နေလည်း အရင်းမကြေဆိုက နောက်အစိုးရအဆက်ဆက်အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေပါလိမ့်မယ်။



-------------------------------------------------------------------------


ဘယ်တော့ အရင်းကျေမှန်းမသိဘဲ လူဦးရေနည်းပါးတဲ့ နေပြည်တော်မှာ ငွေတွေ ပုံအောသုံးနေခြင်းဟာလည်း ညံ့ဖျင်းမှုကို ပြနေပါတယ်။
တိုးရစ်မလာတဲ့နေရာမှာ ဟိုတယ်အမြောက်အများဆောက်ထားပြီး အမြဲအခန်းများ ဟာလာဟင်းလင်းဖြစ်နေတတ်ပါတယ်။
ဗိုလ်ရှုခံပွဲဟာလည်း အရမ်းခမ်းနားပါတယ်။
အဆောက်အဦး သန်းပေါင်း ၆၀ဝ၀ ထောင် + ဗိုလ်ရှုခံပွဲ ကုန်ကျစရိတ်၊ နည်းတာမှ မဟုတ်တာ။ တပ်မတော်နေ့လည်း ထပ်လုပ်ပါဦးမယ်တဲ့။
အဆင်းရဲဆုံးနိုင်ငံအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်ပြီး ပြည်သူ့ဘဏ္ဍာငွေတွေဟာ သဲထဲရေသွန်သလိုဖြစ်ရပါတယ်။

စင်ကာပူမှာတော့ အမျိုးသားနေ့ (လွတ်လပ်ရေးနေ့) ကို နှစ်စဉ် ဘောလုံးကွင်းမှာပဲတပျော်တပါး လုပ်ပါတယ်။ အကုန်အကျခံ ထပ်ဆောက်ခြင်းမရှိပါ။
-နောင်တက်လာမယ့် အစိုးရအဆက်ဆက်မှာတော့ လီကွမ်ယုထုံး နှလုံးမူကာ စင်ကာပူလို သုံး မြန်မာလို မဖြုန်းနဲ့ ဟူသော အကျင့်ကို ကျင့်ကြံအားထုတ်တတ်ဖို့လိုနေပါပြီ။


-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org