ရောက်သင့်တဲ့အဆင့်နဲ့ ဝေးကွာနေဆဲ မြန်မာနိုင်ငံ

Shwe Moe Hein(30 December 14)


ဘယ်သူတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာလို့ ပြောချင်တဲ့သူတွေ ရှိကြတယ်။
လုပ်ဖို့ အလုပ်တွေကော တကယ်ရှိရဲ့လား။ ရှိတဲ့အလုပ်တွေကလည်း ကြိုးကြိုးစားစားလုပ်တာတောင်မှာ ကုန်ဈေးနှုန်းကြီးတဲ့ ခေတ်ကြီးထဲမှာ မိသားစု ချောင်လည်ဖို့ ထောက်ပံ့နိုင်ရဲ့လား၊
ကိုယ်ပိ်ုင်အိမ်လေးနဲ့ရော တသက်နေနိုင်ပါ့မလား -- ??????

ကြာခဲ့ပါပြီ။ အသက် ၁၇ နှစ်အရွယ် စင်ကာပူ သင်္ဘောစလိုက်ခါစ မြန်မာနိုင်ငံကို ရောက်ဖူးတဲ့အင်ဒိုနီးရှား ဘိုဆင်ကမေးတယ်။
“မင်းတို့ မြန်မာနိုင်ငံမှာ အထပ်မြင့်တိုက်တွေလဲ မရှိဘူးနော်၊ ငါတစ်လုံးတော့တွေ့တယ်။
president cinema လား” သမ္မတ ရုပ်ရှင်ရုံဟာ တောင်ပေါ်မှာ ဆောက်ထားလို့ အထပ်မြင့် လို့ ထင်နေဟန်ပါပဲ။
အထင်သေးဟန်နဲ့ပြောနေတာကို ကျွန်တော် တို့ ဘာမှ ပြန်မချေပနိုင်ပါ။

နောက် ၃ နှစ်လောက် စင်ကာပူတစ်ခေါက်ပြန်ရောက်တော့ ရှိပြီး ၁၁ ထပ် ၁၂ ထပ်တွေ ဖျက်ပြီး အထပ် ၅၀ နဲ့ အထက်တွေ ပြောင်းဆောက်နေတာကိုး။ သူတို့ ဖျက်တဲ့တိုက်တွေ အထပ်မြင့်မရှိရှာတဲ့ မြန်မာနိုင်ငံကို ယူသွား လို့ရရင်ကောင်းသားပေါ့။


-----------------------------------------------------

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင်အထိတော့ မြန်မာနိုင်ငံဟာ အာရှမှာ လျှမ်းလျှမ်းတောက်ပေါ့။
ဘေးပတ်ဝန်းကျင် အိမ်နီးနားချင်းတွေ မြန်မာနိုင်ငံကို ငေးကြည့်ရတဲ့အချိန်။
အခုအချိန်တော့လဲပြောင်းပြန်။ စစ်တပ်က အုပ်ချုပ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံဟာ အိမ်နီးနားချင်း တွေကို ပြန်လည် ငေးမောကြည့်နေရပါပြီ။
ယုတ်စွအဆုံး မိမိကို ဘယ်လိုမျှ ကျော်တက်နိုင်မယ်မထင်ထား တဲ့ ကုန်းတွင်းပိတ်နိုင်ငံ၊ မိမိထက် ၃ ဆကျော် သေးတဲ့နိုင်ငံ၊သယံဇာတ မိမိထက်အများကြီးနည်းတဲ့ လာအိုလို နိုင်ငံကတောင် ကျော်တက်သွားပါတော့တယ်။

တကယ်ဆိုရင် မြန်မာနိုင်ငံ အကျယ်အဝန်း၊ မဟာဗျူဟာကျ ရေမြေ နယ်နမိတ်အနေထား၊ သယံဇာတ ပေါကြွယ်မှု၊ အသိဉာဏ်ရှိတဲ့ လူသားအရင်းအမြစ်များကြောင့် အာရှမှာ ထိပ်တန်းရောက်သင့်တဲ့နိုင်ငံတစ်နိုင်ငံပါ။ အနည်းဆုံး အာရှမှာ ၁ က ၁၀ အတွင်းဝင်သင့်ပြီး အရှေ့တောင်အာရှမှာဆိုရင် စင်ကာပူကို မကျော်နိုင်ပေမယ့် ဒုတိယနေရာလောက် ရောက်သင့်တဲ့ နိုင်ငံပါ။

၁၉၆၂ တုန်းက စင်ကာပူဟာဆိုရင် မြန်မာနိ်ုင်ငံနောက်မှာပါ။ အခုတော့ မြန်မာနိုင်ငံဟာ စင်ကာပူနောက်မှာ မှုန်ပြပြတောင် မမြင်နိုင်လောက်အောင် အဝေးကြီး ပြတ်ကျန်ခဲ့ပါပြီ။ စင်ကာပူဟာ လူတစ်ဦးချင်း တစ်နှစ်ဝင်ငွေ ၇၉၀ဝ၀ ဒေါ်လာလောက်နဲ့ ကမ္ဘာမှာ တတိယပါ။
မြန်မာနိုင်ငံကတော့ အဆင့် ၁၆၉၊ တစ်ဦးချင်းဝင်ငွေ တနှစ် ၁၇၀ဝ ဒေါ်လာနဲ့ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအဖြစ် အာဖရိကနိုင်ငံတွေနဲ့အတူတူ ရပ်တည်နေရပါတယ်။ ဝင်ငွေချင်းဟာ ၄၆ ဆခွဲလောက် ကွာသွားပြီ။

အလွန်ချမ်းသာတဲ့ မြန်မာနိုင်ငံကို ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းလိ်ုက်ချိန်မှာတော့ လီကွမ်ယု (စင်္ကာပူနိုင်ငံကို တိုးတက်ကြီးပွားစေခဲ့သူ) ဟာ ဘာမှ ထွက်ကုန်မရှိတဲ့ ကျွန်းသေးသေးလေးပေါ်မှာ ဦးနှောက်ခြောက်နေရရှာသူပါ။

လီကွမ်ယု ကျွန်းလေးတစ်ကျွန်းကနေ လူအများ အားကျလောက်တဲ့ နိုင်ငံတစ်ဖြစ်အောင် ကြံစည်ခဲ့ပုံတွေက အံ့မခန်းပါပဲ----

“တို့မှာ ဘာသယံဇာတမှ မရှိတဲ့ ကျွန်းကလေးရှိတယ်။ သဘာဝအရင်းအမြစ်ပိုရှိ၊ လူသားအရင်းအမြစ်ပိုရှိ၊ ပိုကျယ်ဝန်းတဲ့ အိမ်နီးချင်းတွေနဲ့ ဘယ်လို အားပြိုင်ရမလဲဆိုတာပဲ။ အထပ်ထပ်စဉ်းစား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီးမှ သူတို့နဲ့ မတူ အောင် လုပ်မှရတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ နို့မို့တော့ ငါတို့ကိစ္စချောသွားမယ်”

“ပတ်ဝန်းကျင်နိုင်ငံတွေက သိပ်ပြီး အဂတိလိုက်စားမှု မကင်းကြဘူး၊ ငွေက အဓိက ဆုံးဖြတ်ပေးနေတယ်။ တစ်ယောက်ကပြောမယ်။ ဒီလိုင်စင်ချပေးမယ်။ ဒီလိုင်စင်နဲ့ ဒေါ်လာ မီလီယံချီပြီး ရှာလို့ရတယ်။ ရရင် ဘယ်လောက်ပေးရမယ်တဲ့။ တို့က အဂတိလိုက်စားမှုကင်းအောင်လုပ်တယ်။

သူတို့က ဥပဒေတွေ မတည်ငြိမ်ဘူး။ တို့က တသမတ်တည်းသွားတယ်။ တစ်ခုခုကို ငါတို့က သဘောတူဆုံးဖြတ်လိုက်ပြီးပြီ ဆိုရင် ဒီအတိုင်းပဲ မပြောင်းဘူး။ ဒီတော့ ရင်းနှီးမြှုပ်နှံသူတွေက ငါတို့ ကို ယုံကြည်စိတ်ချလာတယ်”

-မြန်မာနိုင်ငံမှာတော့ အဂတိလိုက်စားမှုတွေကများ၊ ဥပဒေက မတည်ငြိမ်ဆိုတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဟာ ဝင်လာဖို့ အလွန်ခက်ခဲနေပါတယ်။ ဥပမာအနေနဲက အလုပ်အကိုင် ၆၀ဝ၀ဝ ကျော်ပေးနိုင်တဲ့ ကမ္ဘာကျော်ကုမ္ပဏီ samsung ဗီယက်နမ်ကို ရောက်သွားရတာကြည့်ပါ။

လီကွမ်ယုကဆိုတယ်---။
ညီညွှတ်စွာနေထိုင်ရေး အခွင့်အရေးတန်းတူညီမျှ ရှိရေးပဲ။
အပြန်အလှန်ဆက်ဆံရေး သဟဇာတဖြစ်မှုနဲ့ ဘာသာအချင်းချင်း ယုံကြည်မှု၊ နားလည်သည်းခံနိုင်မှုဟာ အဓိကအချက်တွေပါပဲ လို့ဆိုတယ်။

-မြန်မာမှာတော့ တိုင်းရင်သားတွေနဲ့ မညီညွှတ်ဘူး။ ဘာသာတရားအချင်းချင်း ယုံကြည်မှုလွဲအောင် သွေးထိုးနေတဲ့ အဖွဲ့အစည်းတွေကလည်းရှိနေပြန်တယ်။

လီကွမ်ယုကဆိုတယ်---။
လူတိုင်းအတွက် ပညာရေး၊ ကျန်းမာရေး၊ အိမ်ယာပိ်ုင်ဆိုင်မှု အခွင့်အရေး စတာတွေလိုတယ်။ (ပြောတဲ့အတိုင်းလဲ လုပ်ပေးနိုင်တယ်။ နိုင်ငံသားတိုင်းလဲအိမ်ပိုင်ကြတယ်) -မြန်မာမှာတော့ ပညာရေးအဆင့်နိမ့်ကျတယ်။ ကျန်းမာရေးက ဆေးမကုနိ်ုင်လို့ အသေခံသူတွေ၊ ခွဲစိတ်ခန်းဖိုး မတတ်နိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေသူတွေရှိတယ်။
အိမ်မြေဈေးတွေက ကမ္ဘာ့အမြင့်ဆုံး၊ ရတဲ့လစာကတော့ ကမ္ဘာ့အနိမ့်ဆုံးလစာဆိုတော့ အိမ်ယာပိုင်ဆိုင်ဖို့ဆိုတာ အိမ်မက်တစ်ခုသာဖြစ်ပြီး ကျူးကျော်တွေ ပေါများလာတယ်။




-----------------------------------------------------

လီကွမ်ယုကဆိုတယ်---။
ငါ့ဇနီးဆိုရင် လက်ဝတ်ရတနာ လုံးဝမဝတ်တတ်ဘူး။
ရွှေရောင်နာရီနဲ့ ပုလဲလည်ဆွဲ ဝတ်ကောင်းဝတ်မယ်။
ဝန်ကြီးအားလုံး ဒီအတိုင်းပဲ ကျင့်ရမယ်။
တကယ် ရိုးသားကြိုးစားတဲ့ လူတော်တွေနဲ့ဆို ငါတို့ ဒီမူကို ဆက်ထိန်းနိုင်မယ်။

-မြန်မာနိုင်ငံမှာ အခမ်းအနားတွေမှာ လက်ဝတ်ရတနာတွေ တဖိတ်ဖိတ်ခတ်လို့၊ ဗိုလ်ချုပ်မှူးကြီး သမီး မင်္ဂလာဆောင်ဟာ လည်း စိန်စီတဲ့ညဆိုပြီးတော့တောင် ကမ္ဘာကျော်သွားတယ်။
အဂတိလိုက်စားမှု အများဆုံးနိုင်ငံဆိုတဲ့မူကို ဆက်ထိန်းနေတယ်။

သတင်းထောက်တစ်ယောက်က သူ့ကုတ်အင်္ကျ ီ ခပ်နွမ်းနွမ်းဖြစ်နေတဲ့အကြောင်းမေးတော့ လီကွမ်ယုကဆိုတယ်---။

အဲဒီအင်္ကျ ီ ချုပ်ပေးတဲ့သူတောင် မရှိရှာတော့ဘူး။ နှစ် ၂၅ ကျော် ၃၀ လောက် သက်တမ်းရှိမှာပေါ့။ ဘာလုပ်မလဲ အသစ်တွေ မလိုအပ်ဘဲ ပိုက်ဆံဖြုံးရာကျမယ်။

-မြန်မာနိုင်ငံမှာတော့ - ဘောင်းဘီချွတ်တွေ ဝတ်လိုက်တဲ့ချိတ်တွေဟာ တစ်ခါနဲ့တခါ အဆင်မထပ်အောင် ဝတ်နိုင်ကြပါပေတယ်။ ကတော်တွေကလဲ ထွက်လိုက်တဲ့ shopping နေရာတကာ ဂုဏ်တု ဂုဏ်ပြိုင်တွေနဲ့ ပိုက်ဆံဖြုန်းနေကြတယ်။

လီကွမ်ယုကဆိုတယ်---။
ဘယ်တော့မှ မပြောင်းလဲတဲ့ အမှန်တရားတစ်ခုကတော့ ဒီလို စင်ကာပူ လုံးဝ လုံလုံခြုံခြုံနေဖို့ ဆက်လက်တိုးတက်နေစေဖို့ အတော်ဆုံးလူတွေကသာ ဦးဆောင်မှုပေးနိုင်မယ် ဆိုတာပါပဲ။ -မြန်မာနိုင်ငံမှာတော့ ဘောင်းဘီချွတ်တွေက သူနဲ့နီးစပ်ရာ ဗိုလ်ချုပ်တွေကို သာ အရေးကြီးတဲ့ နေရာများပေးထားကြပြီး အလုပ်မကိုင် မကျွမ်းကျင်မှု အဂတိလိုက်စားမှုများနဲ့သာ ပြည့်နေခဲ့တယ်။ စစ်တက္ကသိုလ်ကို အလယ်အလတ်အဆင့်လောက်သာ သွားကြပြီး အတော်ဆုံးလူတွေ ဟာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်များသာရောက်ရှိသွားကြတာဖြစ်တယ်။ အခြားတိုင်းပြည်တွေလို အတော်ဆုံးလူတွေကို နေရာပေးဖို့မေ့လျော့နေကြတယ်။ လူတော်တွေ နေရာမပေးတော့ ဦးနှောက်ယိုစီးမှုဖြစ် နိုင်ငံခြားတိုင်းပြည်တွေရောက်ကုန်ကြတယ်။

စင်ကာပူလို ဖြစ်အောင်လုပ်မယ်ဆိုပြီး အပြောဘုံဖျား အလုပ် ခြုံကြား ဖြစ်နေကြတဲ့ စစ်တပ်တဖြစ်လဲ ဘောင်းဘီချွတ်တွေက စင်ကာပူခေါင်းဆောင်ကြီး ဘယ်လို အောင်မြင်အောင်လုပ်ခဲ့လဲဆိုတာ အတုမယူကြဘူး။
ဆန့်ကျင်ဘက်တွေသာ လုပ်လို့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတွေထဲက မတက်နိုင်တာဖြစ်တယ်။

၁၉၆၂ ကိုပြန်သွားပြီး စစ်တပ်ကလူကြီးတွေက စင်ကာပူကို အုပ်ချုပ်ခိုင်း၊ လီကွမ်ယုတို့ အုပ်စုကို မြန်မာနိုင်ငံကို အုပ်ချုပ်ခိုင်းကြည့်မိတယ်။

ဘာမှ မထွက်တဲ့ ကျွန်းကလေးကို ကမ္ဘာ့တတိယ ဝင်ငွေအကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တဲ့ လီကွမ်ယုတို့က သယံဇာတတွေ ပေါကြွယ်လှတဲ့ မြန်မာကို ဘယ်လောက်တောင် တိုးတက်အောင် လုပ်နိုင်မလဲဆိုတာ ပုံဖော်ကြည့်မိတယ်။

ထို့အတူ ငါတို့ တပ်က လူကြီးတွေလဲ စင်ကာပူကို ဘယ်လောက် စုတ်ပြတ်အောင် လုပ်လိုက်ကြမလဲဆိုတာ တွေးပြီ ရီနေရပါတော့တယ်။



---------------------------------



မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org