မြန်မာပြည်က အင်္ဂလန်နဲ့တော့ ၁၂ ခြားစီ ကွာတယ်

ဦးနိုင်ဝင်း- လန်ဒန် (20 December 14)




------------------------


( မည်သည့် အာဏာရှင်စနစ်မှာမှ ထိုခေါင်းဆောင်မျိုးဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိသလို ရှိလဲမရှိခဲ့ပါလေ ) ။

မြန်မာပြည်က တင်ပြထားတဲ့ ဗွီဒီယိုလေးကိုကြည့်ပြီး အာဏာရှင်စနစ်ဆိုးအောက်မှာ ကြယ်ပွင့်လေးတွေရဲ့ အဖြစ်ဆိုးကို အလွန်ပဲ စိတ်မကောင်းဖြစ်မိပါတယ် ။

အဲ့ဒီတော့ မင်းစိတ်မကောင်းရင် မင်းက သူ့ကို ထောက်ပံ့ပေးလိုက်ပါလားလို့ လူပြိန်းစကားနဲ့ မေးစရာရှိပါတယ် ။

ကမ္ဘာမှာ အချမ်းသာဆုံးစာရင်းမှာ ထိပ်တန်းကနေ ပါဝင်နေတဲ့ မည်သည့်သူဌေးကမှ ဒီလိုကလေးတွေရဲ့ဘဝကို မကယ်တင်နိုင်ကြပါဘူး ။

ကယ်တင်နိုင်မည့်သူက လူတဦးတယောက်စီက မဟုတ်ပါဘူး ။
စနစ်တခုရဲ့ ကောင်းကျိုး ဆိုးကျိုးကသာ အရေးကြီးပါတယ် ။

စစ်အာဏာရှင်ရဲ့ စနစ်ဆိုးအောက်မှာ ဆိုးကျိုးဆိုတာကတော့ ဒီဗွီဒီယိုလေးက ပြောနေတဲ့ဇာတ်လမ်းအတိုင်း မြန်မာပြည်မှာ စိတ်မကောင်းစရာ ကြေကွဲစရာ လူဖြစ်ရခြင်းနဲ့ တိရစ္ဆာန်ဘဝတွေနဲ့ သိပ်ပြီး ထူးမခြားနားတာတွေက ပြောပြနေရရင် တစ်ထောင်တညပုံပြင်တွေလို ဖြစ်နေတော့မယ်လေ ။

ဒီတော့ ဒီမိုကရေစီနိုင်ငံဆိုတဲ့ မြန်မာပြည်နဲ့ယှဉ်လိုက်ရင် အဆများစွာ ခြားနာနေတဲ့ ကျွန်းနိုင်ငံကလေး အင်္ဂလန်အကြောင်းကို နည်းနည်လေးတော့ ပြောပြချင်တယ် ။

ယူကေမှာ ကလေးတယောက်အတွက် အသက် ၂၀ မပြည့်မချင်း သူ့ရဲ့ဘဝအတွက် အီးဇီးဂိုးရင်းပါ ။ အင်္ဂလန်မှာ ကလေးတယောက် မွေးဖွားပြီးတဲ့နေ့ကစပြီး ဝင်ငွေနည်းသူကို အစိုးရက ကလေးစားရိပ် ထောက်ပံ့ပါတယ် ။
အကယ်၍ ထိုကလေးကို မိဘတွေက အခြေအနေအမျိုးမျိုးကြောင့် မမွေးချင်လျှင် အစိုးရမှ တရားဝင် ခေါ်ယူပြီး သမာန်မိဘနှစ်ပါးက ကျွေးမွေးစောင့်ရှောက်ထားသည်တဲ့ မနှိမ့်တဲ့တာဝန်ယူမှု့မျိုးဖြင့် တာဝန်ယူစောင့်ရှောက် ကျွေးမွေးထောက်ပံ့ပေးထားပါတယ် ။

များသောအားဖြင့်တော့ ၉၉% လောက်က မိဘတွေက ထိုကလေးကို အလုပ်မရှိလဲ တာဝန်ယူပြီး စောင့်ရှောက်ထားကြပါတယ် ၊ ဘာဖြစ်လို့လဲဆိုတော့ ကလေးငယ်ရှိလို့ အလုပ်မရှိတဲ့မိဘတွေကို အစိုးရက မိသားစုလိုက် ထောက်ပံ့ထားလို့ပါပဲ ။
( မှတ်ချက် .. မည်သူ့ကိုမဆို အလုပ်မရှိရင် အစိုးရက နေစရာ စားစရာထောက်ပံ့ပေးပါတယ် ၊ ဒါပေမယ့် ကလေးရှိတဲ့ မိသားစုကို ကလေးအတွက် ပိုပြီးအဆင်ပြေအောင်လို့ ပိုပြီးထောက်ပံ့ပေးထားပါတယ် )

ထိုကလေးအတွက် အလုပ်မရှိတဲ့မိဘတွေကို ကလေးအတွက်နှင့် လူကြီးအတွက်ပါ ကလေးတယောက်ရှိတဲ့ မိသားစုကို အိပ်ခန်း ၂ ခန်းပါ အိ်မ်ခန်းငှားပေးထားပြီး ကလေး ၂ ယောက်ရှိတဲ့မိသားစုကို အိပ်ခန်း ၃ ခန်းပါအိမ်ကို ငှားပေးထားကာ အိမ်လခကအစ အစိုးရက ထောက်ပံ့ပေးထားပါတယ် ။

ဒီတော့ ကလေးအတွက် ဘယ်လိုမှ ပူစရာမလိုတဲ့အပြင် အလုပ်မရှိတဲ့မိဘတွေအတွက် ကလေးရှိတာကတောင် ပိုပြီးတော့ အခွင့်အရေးရနေပါသေးတယ် ။

အဲ့ဒီကလေးက အရွယ်ယောက်လာတဲ့အခါမှာ အသက် (၂၀) နှစ်ဆယ် မပြည့်မချင်း ကျောင်းတက်ပြီး စာသင်နေပါက အစိုးရက ကျောင်လခ အိမ်လခ စားစရိပ်နှင့် ကျောင်းသွားလာမှု့အဆင်ပြေစေရန် ဘတ်စ်ကားခ(ဖရီး) စသည်တို့ကို သာမာန်လက်လုပ်လက်စား မိဘများ၏ ထောက်ပံ့ကျွေးမွေးနိုင်မှု့ထက် မနိမ့်ကျစေအောင် ထောက်ပံ့ပေးထားပါတယ် ။
ဆိုလိုတာက ကျောင်းမှာ သူဌေးသားကဝယ်စားတာရယ် အစိုးရထောက်ပံထားတဲ့ကလေးက ဝယ်စားတာရယ် ယူကေစတန်ဒတ်နဲ့အညီ မနိမ့်ကျအောင် ဝယ်စားနိုင်ပါတယ် ။

ထိုကလေးက အသက် ၂၀ လောက်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်လို့ မည်သည့်အဆင့် တက္ကသိုလ်တက်ရသည်ဖြစ်စေ ( ယူကေနိုင်ငံ၏ အဆင့်အမြင့်ဆုံးတက္ကသိုလ်မှ အနိမ့်ဆုံးတက္ကသိုလ်များ အပါအဝင် ) အဆောင်ခ ၊ စားဝတ်နေရေး အစရှိသည်တို့ ပြည်စုံစေရန် ငွေးချေးပေးထားပါတယ်၊
( ၄င်း ချေးငွေအတွက် မည်သည့် အာမခံချက်မှ မလိုပါ၊ တက္ကသိုလ်က ၄င်းကလေးငယ်တက်ရောက်မည့် ဘာသာရပ်အတွက် လက်ခံသည့် ထောက်ခံစာနှင့်တကွ တက္ကသိုလ်ပညာသင်ကြာရေး ကျောင်းလခ မည်မျှကျသည်ကို အစိုးရသို့ ၄င်းတို့ကိုယ်တိုင် အကြောင်းကြားလိုက်ပါတယ် )
အစိုးရက ထိုကျသင့်ငွေနှင့်အတူ နေစားရိပ်နှင့် စားစာရိပ်တို့ကို အင်္ဂလန်စတန်းဒတ်နှင့်အညီး ငွေချေးပေးလိုက်ပါတယ် ။

တက္ကသိုလ်အဆင့်ရွေးချယ်ရာမှာ ထိုကလေး၏ ပညာအရည်အချင်း အမှတ်အတိုင်း တော်လျှင်တော်သလို ညံ့လျှင်ညံ့သလို အဆင့်ခွဲပြီးလက်ခံတာဖြစ်သလို ။ မိဘကလဲ ထိုကလေးအတွက် တပြားတချပ်မှ ကုန်ကျပေးစရာ မလိုပါဘူး ။

မြန်မာပြည်မှာက ကလေးက တော်ပေမယ့်လဲ မိဘက ဆင်းရဲသောကြောင့် ဆေးတက္ကသိုလ်မတက်နိုင်ကြလို့ ဖေ့စ်ဘုတ်မှာ အလှူခံနေရတာကို တွေ့ရပါတယ် ။ ဒါဟာ မရှိလို့လုပ်တာ ဖြစ်ကြပေမယ့် .. ထိုကလေး၏ စိတ်ထဲမှာတော့ တဘဝလုံးအတွက် သိမ်ငယ်စိတ်နဲ့အတူ မသိစိတ်နဲ့ ခံစားချက်များ ဖြစ်ပေါ်စေမှာ အမှန်ပါပဲ ။ အင်္ဂလန်မှာတော့ ကျောင်းသားအများစုက အစိုးရချေးငွေနဲ့ တက္ကသိုလ်တက်ကြပါတယ် ။

ထိုအစိုးရချေးငွေကို ဘွဲ့ရပြီးလို့ သာမာန်လက်လုပ်လက်စားအဆင့်ထက် ကျော်လွန်တဲ့ လုပ်ခလစာ ဝင်ငွေရရှိမှသာ အစိုးရက ဝင်ငွေကိုတိုင်းတာပြီး ပညာရှင်တယောက်၏ အင်္ဂလန်စတန်းဒတ်နှင့်အညီ သုံးစွဲခွင့်ကို တွက်ချက်၍ ဝင်ငွေထဲမှ မသိသာသော ပြန်ဆပ်မှု့မျိုးဖြင့် လစဉ်အနည်ငယ်ခြင်း ပြန်လည်ကောက်ခံသွားတာ ဖြစ်ပါတယ် ။

အကယ်၍ ဘွဲ့ရပြီးသော်လဲ အလုပ်မရသေးပါက ထိုကလေးကို အလုပ်ရသည့်တိုင် အိမ်လခနှင့်တကွ စားဝတ်နေရေးတွေကို အကြွေးမဟုတ်ပဲ ဖရီး ထောက်ပံပေးထားသည့်အပြင် လိုအပ်သောအကူအညီအချို့ကို ထပ်ဆင့်ပြီး ဆွေးနွေးတိုင်ပင် ကူညီမှု့တွေ ပေးပြန်ပါသေးတယ် ။

ထို့ကြောင့် အင်္ဂလန်နိုင်ငံမှ လူတိုင်းသည် တော်ဖို့ တတ်ဖို့ ကြိုးစားဖို့ပဲ လိုအပ်ပါတယ် ။ တော်သလောက် တတ်သလောက် ကြိုးစားသလောက် လူတယောက်အတွက် ဖြစ်နိုင်ခြေရှိသည့် အခွင့်အရေး အားလုံးကို လူသားတို့၏ စံချိန်စံညွန်းနှင့်အညီး ကူညီ စောင့်ရှောက် ပေးထားပါတယ် ။

ဤသည်ကို ယူကေစတန်းဒတ် လူ့အခွင့်အရေးဟုခေါ်ပါတယ် ။ ဤသည်ကို အင်္ဂလန်စတန်းဒတ် လူသားတဦး၏ လူသားတိုင်းနှင့် တူညီးသော အသက်ရှင်သန်ပိုင်ခွင့်ဟု ခေါ်ပါတယ် ။

ယနေ့အထိ အင်္ဂလန်ဝန်ကြီးချုပ်များသည် ယူကေနိုင်ငံသားအားလုံအတွက် လူမျိုးဘာသာမရွေး ထိုကဲ့သို့ ထောက်ပံ့နိုင်အောင် လုပ်ဆောင်နေရသော တာဝန်ယူထားရသည့် ဝန်ကြီးချုပ်တယောက်ဖြစ်ပါတယ် ။ သို့သော် ထိုဝန်ကြီးချုပ်များသည် မြန်မာပြည်မှ သာမာန်ဗိုလ်ချုပ်တယောက်ထက် ပို၍ မချမ်းသာပါ ။

ကျနုပ်တို့လိုချင်သော စနစ်နှင့် တိုင်းပြည်၏ ခေါင်းဆောင်သည် ထိုကဲ့သို့ တိုင်းပြည်ကို စောင့်ရှောက်နိုင်သော တာဝန်ယူနိုင်သော အရည်အချင်းရှိသည့် စနစ်များနှင့် ခေါင်းဆောင်များဖြစ်ကြပါတယ် ။

မည်သည့် အာဏာရှင်စနစ်မှာမှ ထိုခေါင်းဆောင်မျိုးဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိသလို ရှိလဲမရှိခဲ့ပါလေ ။

ထို့ကြောင့် ... မြန်မာနိုင်ငံသည် နိုင်ငံသားအချင်းချင်း လူသားအချင်းချင်း ကျွန်လိုအုပ်ချုပ်သည့် အာဏာနှင့် ခေါင်းပုံဖြတ်နေကြသည့် ကျွန်စနစ်ကနေ ပပျောက်နိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာဖို့ ဝိုင်းဝန်းကြိုးစားကြပါစို့ ။ ။

( ဦးနိုင်ဝင်း လန်ဒန် )