မြန်မာနှင့် ကမ္ဘာ့အမြင် ကွာခြားပုံ

ဝင်းမောင်(14 December 14)





"" . အများကြီးထဲက ပြောစရာတခုနှစ်ခုပဲ ထောက်ပြချင်ပါတယ်။

. နိုင်ငံတကာမှာ "ကလေးဆိုတာ အသေးစား လူကြီးတွေလို့ မှတ်ယူခြင်းမပြှုရ" လို့ ဆိုပါတယ်။ စားဝတ်နေရေးအတွက် အလုပ်ခိုင်းဖို့မသင့်သလို သောကတွေ ဒုက္ခတွေကို မျှဝေခံစားခိုုင်းဖို့လည်း မသင့်ဘူး ... လို့ သတ်မှတ်ပါတယ်။ ဗမာပြည်ကတော့ နည်းနည်းလေးနားလည်တတ်လာရင် မိသားစုတာဝန်ကို တတ်နိုင်သလောက်ဝင်ပြီးထမ်းခိုင်းတဲ့ဓလေ့ရှိတယ်။ အသိစိတ်နဲ့ တာဝန်ယူတတ်မှုကို သင်ကြားလေ့ကျင့်ပေးရာရောက်ပေမယ့် အတိုင်းအတာထက် မတရားပိုလွန်ပြီး တာဝန်ပေးခိုင်းစေဖြစ်ကြတာက များပါတယ်။ အယူအဆနှစ်ခုကြားမှာ ချင့်ချိန်ပြီး ကိုင်တွယ်ဖို့လိုပါတယ်။

. မိသားစုပဋိပက္ခရှိလာရင် မိခင်တွေက သားသမီးတွေရဲ့အားကိုဆွဲဆောင်ပြီး ဖခင်ရဲ့စာနာမှုကို တိုက်ခိုက်ရယူလေ့ရှိတယ်။ ဒီနေရာမှာ ကလေးတွေက သောကကို ခေါင်းထဲထည့်လိုက်ရလိို့ ဦးနှောက်ရှုပ်သွားပါတယ်။ နိုင်ငံတကာ (အနောက်တိုင်း/ဥရောပ) မှာ ဒါမျိုးအဖြစ်မခံပါဘူး။ ဥပဒေနဲ့တားမြစ်ထားပါတယ် (လက်တွေ့မှာ ထင်တိုင်းမပေါက်တာကတော့ တကိစ္စပါ)။

. သားသမီးတွေ မြင်နိုင်ကြားနိုင်မယ့်အချိန်နဲ့နေရာမျိုးမှာ အဖေနဲ့အမေ စကားများရန်ဖြစ်ခွင့်မပေးပါဘူး။ ရုပ်ပိုင်း မနာကျင် မထိခိုက်ပေမယ့် စိတ်ညှဉ်းပမ်းမှုမြောက်လို့ တားမြစ်ပါတယ်။ ဗမာပြည်မှာတော့ ကလေးတွေက လင်မယားစကားများတိုင်း ရိုက်နှက်သတ်ပုတ်ကြတိုင်း အတိအလင်း မမြင်ချင်အဆုံး မကြားချင်အဆုံးပါ။ လုပ်ခဲ့ရင် ကလေးစိတ်ပင်ပန်းအောင် ညှဉ်းပမ်းမှုကြောင့် ရာဇဝတ် ပြစ်ဒဏ်ထိုက်ပါတယ်။

ကလေးကို ပိုင်ဆိုင်မွေးမြှူခွင့်မပေးတော့ပါဘူး။ (အစိုးရက ဝင်ပြီး တာဝန်ယူ မွေးစားရပါတယ်။ မိသားစုကို လုံးဝစွန့်ခွာချင်တဲ့ အဖေအမေတွေအတွက်တော့ အကွက်ကောင်းပါပဲ။

ကလေးကို နာနာကျင်ကျင်ရိ်ုက်လိုက်လို့ ရာဇဝတ်ပြစ်ဒဏ်ရမယ့်အစား ကလေးရှေ့မှာ လင်မယားချင်း ခဏခဏ စကားများပြလိုက်ရင် ကလေးတွေက သက်ဆိုင်ရာ ကလေးအခွင့်အရေးကာကွယ်ရေးဌာနကို ကလေးသဘာဝအတိုင်း မှန်ရာကို ထွက်ချက်ပေးတဲ့အခါ ပေါ်လွင်သွားလို့ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့် မရတော့ဘဲ တနှစ်လုံးမှ ၆ ခါလောက်ပဲ တခါတခါမှာ နစ်နာရီလောက်သာ ပြန်တွေ့ခွင့်ရတဲ့အထိ ကွဲကွာသွားပါတယ်။ အစိုးရကတာဝန်ခံပြီး အာမခံချက်ပေးတဲ့ တခြားမိသားစုတခုခုထံမှာ စရိတ်ပေးပြီး မွေးစားခိုင်းပါတယ်။)

. ကလေးရဲ့ပညာရေးကို တားဆီးပိတ်ပင်ရင် ဥပဒေနဲ့ဆန့်ကျင်ပါတယ်။ ၄ တန်းမအောင်ခင် ကျောင်းထုတ်ပြီး မိဘကူရလေ့ရှိတဲ့ ဗမာပြည်နဲ့တော့ ပြောင်းပြန်ပါ။

. အများကြီးကျန်ပါသေးတယ်။

ကိုယ့်ဓလေ့ထုံးတမ်းမှာ မကောင်းတာရှိရင်ပယ် ... သူများထုံးစံကနေ ကောင်းတာလေးတွေ ကူးယူကြမယ်ဆိုရင် ... လွတ်လပ်ပျော်ရွှင်ပြီး ဖွံ့ဖြှိုးတိုးတက်မှုကောင်းတဲ့ ကလေးတွေရဲ့ဘဝကို မြင်ကြရတဲ့အချိန်ဟာ ... တခြားလူ့စည်းစိမ်တွေနဲ့ ဘယ်လိုမှလဲနိုင်မှာမဟုတ်ပါဘူး။

. နောက်မှ ထပ်ဖြည့်ပြီးရေးပါဦးမယ်။

---

စာရေးသူ ။ ။ ဝင်းမောင်