နိူင်ငံရေးဖဲကစားတတ်တဲ့သူတွေနားလည်ကြပါလိမ့်မယ်

သားကြီး(20 December 15)




--------------------------------------------------------------------


ဖားကန့်ဒေသကို တရုတ်ဘက်က
မြေသယ်ကားကြီးတွေ အစီးရေထောင်နဲ့ချီ
ဝင်ရောက်လာပြီး ကျောက်စိမ်းဗန်းမှောက်ကြတာကို
မနေနိူင်တဲ့ဒေသခံတိုင်းရင်းသားတွေက ဆန္ဒပြကန့်ကွက်တယ်...

မြေစာပုံပရမ်းပတာပစ်ကြတာကြောင့်ရယ်
မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု့ပြသနာကြီးမားလာတာရယ်.ဆိုတဲ့
ဦးတည်ချက်လေးနဲ့ဆန္ဒပြကြတာဖြစ်တယ်...

ဒါကို..KIA တပ်ရင်း ၆ က ဆန္ဒပြခေါင်းဆောင်
အမျိုးတူတိုင်းရင်းသား (၇)ယောက်ကိုဖမ်းဆီးခေါ်ဆောင်သွားသတဲ့..

သတင်းမီဒီယာနဲ့တွေ့တော့
ဖမ်းသွားတာမဟုတ်ပါဘူး...ကန့်ကွက်တားဆီးပုံမှားနေလို့
ခေါ်ယူထိန်းသိမ်းရတာဖြစ်ကြောင်း....
ဗိုလ်ချုပ်ဂွမ်မော်ကပြောတယ်ဆိုပဲ..

အဲလိုဆိုရင် ဗိုလ်ချုပ်ကြီးရယ်
ခင်ဗျားရင်ဘတ်ဖြစ်တဲ့ကချင်ဒေသ
ခင်ဗျားအသည်းနှလုံးဖြစ်တဲ့ ကျောက်စိမ်းတွင်းတွေကို
ဒီလိုတံခါးမရှိ ဓားမရှိ ဝင်ရောက်ပြီးလုပ်ချင်သလိုလုပ်
ယူချင်သလိုယူသွားကြတာကို ခင်ဗျားလက်ပိုက်ကြည့်နေတာလား..

နိူင်ငံပြန်လည်ထူထောင်ရေး..ဒေသပြန်လည်ထူထောင်ရေးအတွက်
အရင်းအနှီးဖြစ်တဲ့ဒီသယံဇာတတွေကို..
ဘယ်လိုအကျိုးအမြတ်တွေကြောင့်..မျက်နှာလွှဲနေရတာလဲ..?

သုံးလ အတွင်းအပျောက်ရှင်းစီမံကိန်းကြီးရဲ့
ပင်မသွေးကြောဖြစ်တဲ့စက်ယန္တယားလည်ပတ်မှု့အတွက်
လောင်စာဆီ တင်သွင်းရာလမ်းကြောင်းကို..
ဘာကြောင့်မို့မဖြတ်တောက်ပစ်တာလဲ..?

တစ်သက်လုံးတစိုက်တမတ်
ဖယ်ဒရယ်တောင်းဆိုလာတဲ့လူတွေ
တစ်ကယ်တမ်းဖယ်ဒရယ်ပြည်ထောင်စုဖြစ်ခွင့်ရတော့မယ့်
အချိန်ကျမှ..နှာစေးချောင်းဆိုးပြနေတာ
ကိုယ့်ခြံစည်းရိုးကိုယ်တိုင်ဖျက်ပြီးထင်းစိုက်မီးမွှေးနေသလိုပါပဲ့...

တရုတ်ကြီးရယ် "ဝ"ကြီးရယ်
အာဏာရှင်ဟောင်းကြီးရယ် ကချင်ခေါင်းဆောင်ကြီးရယ်
ပေါင်းပြီးဖဲဒိုင်ကိုင်နေကြတာကို..
နိူင်ငံရေးဖဲကစားတတ်တဲ့သူတွေနားလည်ကြပါလိမ့်မယ်

ကျုပ်တို့သာမန်ပြည်သူ စဉ်းနှီးတုံးလိုလူတွေကတော့
နိူင်ငံရေးအရစီးပွားရေးအမြတ်ထုတ်ခြင်းသီအိုရီတွေ
နားမလည်ကြတာအမှန်ပါပဲ့ ငြိမ်းချမ်းရေးထမင်းဝိုင်း ငြိမ်းချမ်းရေးအရက်ဝိုင်းရဲ့
နောက်ကွယ်က ကိုယ်ကျိုးရှာစီးပွားရေးတွေအကြောင်းတွေ
နားမလည်ကြတဲ့အတွက်
အမြင်မှားသလိုဖြစ်ခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါဗျာ..

သားကြီး
https://www.facebook.com/photo.php?fbid=1639909899596620&set=a.1479625102291768.1073741827.100007328776423&type=3&theater






--------------------------------------------------------------------


မြန်မာနိုင်ငံသားတိုင်း ရင်ထဲမချိအောင်ခံစားနေရတာကို သတ္ထုတွင်းဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်လောက်နဲ့ အင်တာဗျူးလုပ်တာနဲ့ပြီးရော့လားကွာ ....

ဦးဆောင်ညွှန်ကြားရေးမှူးကလည်းတရုပ်ဘောမလိုက်တာအပီပါဘဲ၊

" ကျောက်စိမ်းတူးဖော်ထုတ်လုပ်တဲ့ လုပ်ငန်းဆိုတာ အပေါ်ယံမြေလွှာကို ရှေးဦးစွာဖယ်ရှားပြီးမှ ကျောက်ကြောပါမြေစာကို တူးဖော်ထုတ်လုပ်ရခြင်း ဖြစ်ပါတယ်။
ဒါကြောင့် အပေါ်ယံမြေစာကို မိုးတွင်းကာလမရောက်မီ အချိန်မီ ဖယ်ရှားနိုင်မှသာ ကျောက်ကြောကို တူးဖော်ရတာဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုကြီးမား စွာမြှုပ်နှံရတဲ့လုပ်ငန်းဖြစ်ပြီး ကုမ္ပဏီတွေအနေနဲ့ ပွင့်လင်းရာသီမှာ အချိန်ကိုက် တွက်ချက်ပြီး တူးဖော်လုပ်ကိုင်ကြခြင်းသာဖြစ်ပါတယ်။ "

မိုးမကျမီပွင့်လင်းရာသီမို့လုပ်ကြတာဆိုဘဲ။ နောက်အစိုးရမတက်ခင်အကုန် မြေလှန်ပြစ်မယ်လို့များ နည်းနည်းလေးမှမတွေးမိဘူးလား ဦးအောင်ညွန့်သိန်း ရယ်။ ခုဝင်လာတဲ့မြေတူးစက်သစ်ကြီးတွေကိုမမြင်လေရော့သလား၊
အဲ့စက်တွေကလည်း အခွန်လည်းမဆောင် မြန်မာနံပါတ် တစ်ခုမှမပါတဲ့ဟာတွေချည်းပါ။

မြေသယ်တဲ့ကားတွေကိုဆန္ဒပြတဲ့ ၆ ယောက်ကို KIA တပ်ကဖမ်းဆီးခေါ်
ဆောင်သွားတယ်ဆိုဘဲ။ ခင်ဗျားတို့ကငြိမ်းချမ်းရေးယူထားကြတဲ့သူတွေကိုး။
လုပ်ကြပါ။ လုပ်ကြပါ။ လုပ်ကြပါ။ ။


Ashin Issariya

https://www.facebook.com/MOIWebportalMyanmar/posts/803479986446536



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org