ပြည်သူကို ဗဟိုပြုသော အုပ်ချုပ်ရေးစနစ်ဟု ခေါင်းစဉ်တတ်ထားသော မြဝတီအုပ်ချုပ်ရေး

ko ko(14 September 15)




--------------------------------------------------------------------


မြဝတီမြို့သည် တစ်မြို့တစ်ခရိုင်ဖြစ်သော်လည်း ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့သည် စားခွက်လုကာ အုပ်ချုပ်နေရသဖြင့် ဝန်ကြီးဌာနများ၏ ဌာနများအပေါ် စီမံခန့်ခွဲရသည်ဟု ခေါင်းစဉ်တတ်ကာ ဖြစ်ညှစ်ကျစ်ပြီး မောက်မာ စွာ အုပ်ချုပ်နေကြရသည်။

၂၀၁၄-ခုနှစ်တွင် ပြိုလဲသွားသော တပ်မတော်ထောက်လှန်းရေးမှ အရာရှိ အကြပ်တပ်သားများ ကဲ့သို့ပင် မောက်မာရိုင်း စိုင်းစွာ အုပ်ချုပ်လျှက်ရှိသည်။
စီးပွားရေးသမားများက ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများကို မြှောက်ပင့်ပေးလျှက်ရှိသည်။
ဌာနဆိုင်ရာပညာတတ်အရာရှိများမှ ဒေါသကိုရှေ့ထားကာ အုပ်ချုပ်တတ်သည်ဟုပင် သုံးသပ်ကြသည်။
ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများသည် ပညာတတ်ကို မမှီဝဲပဲ ပညာမဲ့ကို မှီဝဲဆည်းကပ်ကြသည်။
ထို့အပြင် တရားမဝင်မော်တော်ကားများအား ဖရိန်နှင့် ချက်စီများအား ဖြတ်ဆက်ကာ မတရားချမ်းသာလာသော (ဥပဒေ ညိစွန်းနေသောသူ)သည် စည်ပင်ဥက္ကဌ ဖြစ်လာသည်။
ဒါအပြင့် သမိုင်းဝင် မြို့ရိုး/ကျုံးတို့အား ဘိုးဘွားပိုင်ခေါင်းစဉ်တတ်က ၂၀၁၀-ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ အာဏာပိုင်နှင့် ပေါင်းကာ မြေကွက်များကို အလုအယက်ဖော်ထုတ်ပြီး ရောင်းစားခဲ့သည်။

မော်တော်ယဉ်ဖောင်းကြွများ ပြုလုပ်ခြင်း၊ တရားမဝင် ဥပဒေမဲ့ ကြီးပြင်းလာသော လူတစ်ယောက်က မြို့မိမြို့ဖ ဖြစ်နိုင်ပါ့မ လား?။





--------------------------------------------------------------------


ပြည်သူကပဲ ရွေးချယ်သယောင် ပြည်သူလူထုရဲ့ ရပ်မိရပ်ဖပါဟု ဟစ်ကြွေးကာ မောက်မာလျှက်ရှိသည်။ ပြည်သူ ထောက်ခံသလား မထောက်ခံသလားဆိုတာ မြို့ခံမြဝတီသားများပင် မနှစ်သက်ကြပါ။

မြို့ခံပညာတတ်လူငယ်များ၊ ချမ်းသာသော ပညာတတ်အုပ်စုများသည် ဦးကုလား(သို့) ဦးသန်းရွှေ ကိုပင် ဘုရားစဉ်ပေါ် မျောက်တက်နေသည်ဟုပင် နောက်ကွယ်တွင် ပြောကြသည်။
လမ်းခင်းရန်ဆိုပြီး အတင်းအဓ္ဒမငွေကြေးကောက်ခံကာခြင်း၊ အိမ်ဆောက်ခွင့်များမှာ လိုအပ်သည်ထက် မတရား ကောက်ခံခြင်း၊ အာဏာကို အလွဲသုံးစားလုပ်နေကြသည်ကို ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများက မသိဟန်ဆောင်ကာ မှီဝဲဆည်းကပ်နေရသည်။

၄င်း၏ ရှာဖွေကြွှေးမွေးနေမှုအပေါ် မွေ့လျှော်နေသည်။ ၄င်းသည် အထောက်အကုူပြုအဖွဲ့များကို စားသောက် ဆိုင်များတွင် အရက်တိုက်ခြင်းများဖြင့် စည်းရုံးကာ မလွန်ဆန်နိုင်အောင်ပြုလုပ်ထားသည်။

ပွင့်လင်းမြင်သာရမည်ဆိုလျှင် လမ်းခင်းသော ငွေကြေးများကို ပြည်သူ့ထံသို့ စာရင်းရှင်းရမည်ဖြစ်သည်။
အုံးမွှေးလုံး ဘိလပ်မြေကားတစ်စီးသည် ဘတ် ၉၀ဝ၀ သာဖြစ်သော်လည်း ဘတ် ၁၂၀ဝ၀ စာရင်းပြသည်မှာ ပွင့်လင်းမြင်သာပါသလော? ။

အာဏာပိုင်များအနေဖြင့်လည်း ခေတ်ပြောင်းနေပြီဟု ပါးစပ်ကအမြဲသော်လည်း ၄င်းတို့ကိုယ်တိုင် အာဏာမက်တွယ်လျှက် အရာရာကို လွှမ်းမိုးချင်သည်။ အသက်ကြီးသူများအပေါ် လေးစားမှုမရှိပဲ မိုက်ရိုင်းစွားဆက်ဆံတတ်သည်။ တပ်မတော်က လာသည့် ဝန်ထမ်းများဖြစ်၍ တပ်မတော်က မိုက်ရိုင်းအောင် သင်ကြားလိုက်သည်ပင် ဖြစ်မည်။ မိဘတိုင်းသည် သားသမီးများကို မိုက်ရိုင်းစွာ မသင်ကြားတတ်ပါ။ အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်ပြည်သူများကို ငြိမ်ဝပ်စွာ အုပ်ချုပ်စေလိုသည်မှာ ဓမ္မတာဖြစ်သည်။ သို့သော်လည်း ပြည်သူမခံချင်အောင် ဖွရောင်းစွားအုပ်ချုပ်သည့်စနစ်ဖြင့် ရန်တိုက်ပေးကာ အုပ်ချုပ်စေလျှက်ရှိသည်။ ဝန်ထမ်းများကိုပင် ဒီမိုကရေစီလိုချင် အလုပ်ထွက်ကာ အပြင်မှာ သွားတောင်းစားဟု အစည်းအဝေးများတွင် မကြာခဏပြောကြားသည်။ ဒီလို တရားမဲ့ လက်လွတ်စပယ်ပြောနေသည်မှာ တရားဝင်နိုင်ငံတော်က ညွှန်ကြားချက်တာလားလို့ ထင်မိကြ၍ ဝန်ထမ်းများက ဦးသိန်းစိန် အစိုးရကိုပင် မလိုလားလာကြပေ။

အမှန်တကယ်တော့ တရားခံမှာ နောက်ကွယ်ကြိုးကိုင်နေသော ပြည်နယ်ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်း ပင်ဖြစ်သည်။
သူသည် သူတော်ကောင်းသဖွယ်နေထိုင်ပြီး ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများကို မြှောက်ပေးနေခြင်းဖြစ်သည်။
ဝန်ကြီးချုပ်သည် ၄င်း၏ အတိတ်က ဘီလူးဆိုင်းကမှုကို ဖုံးကွယ်လိုခြင်းဖြစ်သည်။
နအဖလက်ထက်က မတရားမြေသိမ်းယူခြင်း၊
လာဘ်စားခြင်း၊
ဝန်ထမ်းများအား ဆဲဆိုဆိုကြိမ်းမောင်းခြင်း၊
မထင်ရင်မထင်သလို ဝန်ထမ်းများအား စောင့်ကန်ခြင်း၊
ပါးရိုက်ခြင်း၊
ဆွဲထိုးခြင်းဖြင့် နာမည်ကျော်ကြားခဲ့သည်။

မြဝတီလျှပ်စစ်မီးလင်းရေးအပိုင်း(၁)တွင် အခမဲ့ရှယ်ယာဝင်ဖြစ်သည်။
လက်နက်ကိုင်အဖွဲ့မှ မြန်မာနန်းမြေသိမ်းမှုပြသနာများသည်လည်း အဓိကတရားခံမှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သည်။
နအဖလက်ထက်မှ မြန်မာနန်းမြေကွက် တိတ်ဆိတ်စွာ ဥထားကား ကိုယ်ပိုင်သိမ်းထားခြင်းကြောင်း မကြေနပ်မှုများဖြစ် ကာ လက်နက်ကိုင်လာရသည့် အနေအထားဖြစ်လာသည်။

ဦးသိန်းစိန် အစိုးရလက်ထက်တွင် သူတော်ကောင်း ယောင်ဆောင်ကာ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများကို သူ့ကိုယ်စား လုပ်စေသည်။ ၄င်း၏ လာဘ်စားမှုမှု မိုက်ရိုင်းမှုကို ဖုံးကွယ်စေရန် ပြုလုပ်သည့်နည်းလမ်းဖြစ်သည်။
ကော့ကရိတ်မြို့နယ်တွင်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးသည်ပင် မိဘအရွယ်ရှိသော ဝန်ထမ်းများကို မိုက်ရိုင်းဆဲဆိုနေ သဖြင့် မကြာသေးမီက အကောက်ခွန်ဝန်ထမ်းနှင့် စိန်ခေါ်ထိုးကြိတ်မည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဒေဝရတ်ကို ဆရာတင်သော အဇာတသတ်လို့ပင် အုပ်ချုပ်ရေးမှူးများကို ခေါ်ဆိုရမည်ဖြစ်သည်။
ကရင်ပြည်နယ်ပါတီများမှပင် ပြည်နယ်ဝန်ကြီးချုပ် ဇရိုက်လက္ခဏာ မိုက်ရိုင်းမှုကို အားလုံးသိကြသည်။
ယတြာချေသည့်အနေဖြင့် စွယ်တော်ဘုရားကို တည်ထားကိုးကွယ်ခဲ့ရာ ဘုရားမပြီးပဲ ထီးတင်ခဲ့သဖြင့် ထိခိုက်သူ အချို့ဖြစ်ပေါ်ခဲ့သည်။
ဒါကြောင့် ပြည်နယ်ဝန်ကြီးချုပ်သည့် ၄င်း၏နေရပ် ကဝမြို့နယ်မှ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မကြာမီ ကရင်ပြည်နယ်မှ အနိုင်ပိုင်းထွက်ခွါသွားမှာ ဖြစ်သည်။



ဘီလူးခေါင်းဆောင်းထားသော သူခိုးကို လေးစားနေသော ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများသည် သူတော်စင်ဟု ထင်မှတ်ကာ ပညာတတ်များကို နှိမ်ချိုးပြီး သူခိုးဓမြများနှင့် ပေါင်းသင်းကာ အာဏာဂုဏ်နှင့် အကုသိုလ်အလုပ်ကို နေ့စဉ်ပြုလုပ်နေသည်ကို သိရှိသော်လည်း မကြာမီ ၂၀၁၆ တွင် အပြောင်းအလဲများနှင့် ဝဋ်လည်တတ်သော သဘော ကြောင့် မည်သူမျှပင် လမ်းကြောင်း တည့်မတ်ပေးခြင်း မရှိကြပေ။

ဆက်လက်ဖော်ပြပါမည်------

ko ko





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org