သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအကြောင်း

ဝံဿနု(2 September 15)


ပြီးခဲ့တဲ့2013 စက်တင်ဘာလက Myanmar Peace Centre မှာ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက “စာပေလွတ်လပ်ခွင့်က မှန်မှန်ကန်ကန်ရှိရမှာပေါ့ဗျာ။
မှန်ကန်တဲ့သတင်းပဲပေးရမှာပေါ့။

ခုတော့ ဒီလိုမဟုတ်ဘဲ မမှန်ကန်တဲ့သတင်းဆိုတော့ ဒါဟာ လူ့အခွင့်အရေးကို ချိုးဖောက်တာပဲ” လို့ မီဒီယာ တွေကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် တကယ်လို့ Eleven ဂျာနယ်က ဖော်ပြတဲ့အတိုင်းမှန်ရင် သက်သေ အထောက်အထားနဲ့ဖော်ပြပြီး စစ်ဆေး ထောင်ချပါလို့ ပြောခဲ့ပါတယ်။
ဦးစိုးသိန်းရဲ့ စိန်ခေါ်မှုတွေဟာ မသိတဲ့ သူတွေအတွက် အထင်ကြီး စရာဖြစ်ပေမယ့် အတွင်းသိတွေအတွက်တော့ စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဟာ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် မီလျံနာတစ်ဦးဖြစ်ပါတယ်။
ဒါပေမယ့် ဦးစိုးသိန်းရဲ့ ပိုင်ဆိုင်မှုကို ဘယ်သူမှ မသိကြပါဘူး။
ဘာကြောင့်လဲဆိုတော့ ဦးစိုးသိန်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု စည်းစိမ်အားလုံးကို ပြည်တွင်းမှာ ဘာမှမထားပါဘူး။
စည်းစိမ်တင်မကပါဘူး။ သား/သမီးတွေနဲ့ ဇနီးတွေအားလုံးဟာ နိုင်ငံခြားမှာနေ ကြပါတယ်။
ဦးစိုးသိန်းရဲ့ သားဖြစ်သူ ဦးအေးချမ်း ဟာ စင်္ကာပူနိုင်ငံမှာ နေပါတယ်။
ဦးအေးချမ်းဟာ စင်္ကာပူနိုင်ငံ သူကို လက်ထပ်ထားပြီး Singapore မှာ အမြဲတမ်းနေထိုင်ခွင့်ရကာ Singapore နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေပါတယ်။
ဦးစိုးသိန်းရဲ့သမီး ဒေါ်သီတာအေးဟာ လက်ရှိအမေရိကန်မှာ နေထိုင်ပြီး ၎င်းရဲ့ ခင်ပွန်းက အမေရိကန်နိုင်ငံ သား ခံယူထားသူ ပြင်သစ်လူမျိုး တစ်ဦးဖြစ်ပါတယ်။
ဦးစိုးသိန်းသမီး နောက်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရည်မွန်အေး လည်း အတူတူပါပဲ။
ဒေါ်ရည်မွန်အေး ခင်ပွန်းက ဗြိတိန်နိုင်ငံသားဖြစ်ပြီး ယခုလင်မယားနှစ်ယောက်စလုံး အင်္ဂလန်မှာ နေပါတယ်။ သမီးနှစ်ယောက်လုံးကလည်း ခင်ပွန်းဖြစ်သူတို့ရဲ့ နိုင်ငံသားဖြစ်ဖို့ ကြိုးစားနေကြပါ တယ်။





-----------------------------------------------------------------------

ဦးစိုးသိန်းရဲ့ဇနီးဖြစ်သူ ဒေါ်ခင်အေးကြင် ကလည်း မြန်မာနိုင်ငံမှာအနေနည်းပြီး သား/သမီးတွေရှိရာ နိုင်ငံခြား မှာပဲ နေထိုင်လေ့ရှိပါတယ်။
မိသားစုများသာမက ဦးစိုးသိန်း ကိုယ်တိုင်ကလည်း ၂၀၁၅ နိုင်ငံရေးအပြောင်း အလဲဖြစ်လို့ အခြေအနေမကောင်းပါက ပြည်ပသို့အပြီးထွက်ခွာဖို့ စီစဉ်ထားပါလိမ့်မယ်။
MPC မှာ ဦးစိုးသိန်းပြောခဲ့သလိုပဲ ဦးစိုးသိန်းဆိုတဲ့ နာမည်နဲ့ ပြည်တွင်း ဘဏ်မှာရော၊ ပြည်ပဘဏ် တွေမှာရော အပ်ထားတဲ့ငွေမရှိဘူးဆိုတာ မှန်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ဦးစိုးသိန်းဟာ သူ့ရဲ့ပိုင်ဆိုင်မှု အားလုံးကို ဇနီး၊ သားနဲ့သမီးတွေရဲ့ နာမည်ပေါင်းစုံနဲ့ အပ်နှံထား တာကြောင့်ပါ။
ဦးစိုးသိန်းရဲ့ ပိုင်ဆိုင်မှု ဘယ်လောက်ရှိတယ်ဆိုတာ သူတို့မိသားစုကလွဲပြီး ဘယ်သူမှ မတွက်ချက်နိုင်ပါဘူး။
ဦးစိုးသိန်းဟာ မြန်မာနိုင်ငံ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးကော်မတီ ဥက္ကဌ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဖြစ်ပြီး သမ္မတရုံး ဝန်ကြီးဌာနများထဲမှာ ဘက်ဂျက်အများဆုံးသုံးစွဲတဲ့ ဝန်ကြီးဌာန ဖြစ်ပါတယ်။
ယခင် စက်မှုဝန်ကြီးဌာနဝန်ကြီး လုပ်စဉ်ကလည်း နိုင်ငံပိုင်စက်ရုံများနှင့် မြေနေရာများကို စံနှုန်းသတ်မှတ်ချက်မရှိဘဲ ငှားရမ်းခဲ့တာကြောင့် ငှားခအချို့မှာ ရသင့်သည်ထက် ငါးဆနီးပါး လျော့နည်းရရှိခဲ့ တဲ့အတွက် ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာဆုံးရှုံး ခဲ့ရပါတယ်။
၂၃၇ ဧကကျော် တညင်းကုန်းအုတ်စက်ရုံကို Mother Industrial ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၂၀ ဝန်းကျင်တည်းဖြင့် ဦးစိုးသိန်းက စာချုပ်ငှားရမ်းခဲ့ပါတယ်။

ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုဝန်ကြီ းများလက်ထက်မှာ Mother Industrial ကုမ္ပဏီနှင့် ဧက ၉၀ ကျော်တည်းကိုပင် တစ်နှစ် လျှင် ကျပ်သန်း ၃၂၀ ဝန်းကျခင်အထိ ဈေးသတ်မှတ်ချုပ်ဆိုရန် စီစဉ်ခဲ့ကြတဲ့အတွက် ဈေးအရ ယခင်ဝန်ကြီး ဦးစိုးသိန်း လက်ထက်ကထက် လေးဆကျော်အထိ ပိုမိုမြင့်တက်ခဲ့ပါတယ်။
ဦးစိုးသိန်းဟာ ပြည်သူ့ဘဏ္ဍာငွေ ရမယ့်စီမံကိန်းတွေကို တင်ဒါမခေါ်ပဲ နီးစပ်သူတွေဆီမှ သိန်းပေါင်းများစွာ လာဘ်ယူပြီး အလွန်နည်းတဲ့ ဈေးနှုန်းတွေနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။
ရသမျှ လဘ်လာဘငွေအားလုံးကိုတော့ နိုင်ငံခြားဘဏ်တွေမှာ မိသားစု နာမည်တွေနဲ့ အပ်နှံခဲ့ပါတယ်။
စက်မှု(၂)ဝန်ကြီးဖြစ်စဉ်မှာလည်း တရုတ်ပြည်မှ ကားများကို စက်မှု(၂)မှ ထုတ်၍ ရောင်းသည်ဟုပြောပြီး စက်မှု(၂)တံဆိပ်တပ်ပြီး ရောင်းချတဲ့ WAGON ကား အစီး(၅၀ဝ၀)ကျော်ကို တင်သွင်းပေးတဲ့ ကုမ္ပဏီများမှ တစ်စီးလျှင် ဒေါ်လာ(၃၀ဝ၀) သူ့အတွက် ပေးရပါတယ်။
နောက်တစ်ခုက စက်မှုဇုန်ကားထုတ်လုပ်ခွင့် လိုင်စင်ချပေးလျှင် တစ်စီးကိုကျပ်ဆယ်သိန်းတောင်းပါတယ်။
စုစုပေါင်းအစီးရေ (၃၀ဝ၀)ကျော် လိုင်စင်ထုတ်ပေးပြီး တရားမဝင် တင်သွင်းလာတဲ့ကားတွေကို စက်မှုဇုန်လိုင် စင်ရအောင် လုပ်ပေးခဲ့ပါတယ်။

လက်ရှိ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသာမက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ တစ်ဦးဖြစ်ပါတယ်။





-----------------------------------------------------------------------

ဒုတိယသမ္မတများထက် လုပ်ပိုင်ခွင့်ပိုမိုရရှိနေပြီး သမ္မတကြီးဦးသိန်း စိန်ရဲ့ အဓိကလက်ရုံးအကြံပေးတစ်ဦးလည်း ဖြစ်ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်ထောင်စုစိတ်ဓာတ်၊ ဝံဿာ နုစိတ်မရှိတဲ့ အမျိုးမစောင့်သူ ဦးစိုးသိန်း ဟာ လက်ရှိရာထူးနဲ့ မထိုက်တန်ပါဘူး။
နိုင်ငံတော်သမ္မတနဲ့ အနီးကပ် ဆုံးနေပြီး မြန်မာနိုင်ငံအတွက် အရေး ပါတဲ့နေရာမှာနေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းရဲ့ဇနီး ဒေါ်ခင်အေးကြင် ဟာ တရုတ်ပြည်ဖွား ဧည့်နိုင်ငံသား လက်မှတ် ကိုင်ဆောင်ခဲ့သူ ဦးဘီလားရဲ့သမီး ဖြစ်ပါတယ်။
ကိုယ်တိုင်က အမျိုးမစောင့်ခဲ့တာကြောင့် သားသမီးတွေအားလုံးက နိုင်ငံခြားသူ/ နိုင်ငံခြားသားတွေနဲ့ လက်ထက်ပြီး နိုင်ငံခြားမှာ အခြေချနေထိုင်နေတာကို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့ပါဘူး။
ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိတဲ့ အစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် သား/သမီးကျင့်ဝတ်ထဲမှာ စောင့်လေမျိုးနွယ်ဆိုတာ ရှိပါတယ်။
အခုလို အမျိုးမစောင့်တဲ့ မိသားစုဝင်များကို သမ္မတရုံးမှာ ပြည်ထောင်စုဝန်ကြီးခန့်ထားတာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပါ။ မြန်မာနိုင်ငံလူဦးရေ သန်း ၆၀ ကျော်မှာ မိသားစုတစ်ခုလုံး အမျိုးဂုဏ်စောင့်ထိန်းပြီး အရည်အချင်းပြည့်ဝတဲ့ လူတော်လူကောင်းတွေ အများကြီးရှိပါတယ်။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ဇနီးနှင့် သားသမီးများကို ကိုယ့်နိုင်ငံမဟုတ်တဲ့ အခြား ၃ နိုင်ငံမှာ ထားထားတဲ့ မျိုးချစ်စိတ်မရှိတဲ့ မိသားစုဝင် ဦးစိုးသိန်းကို နိုင်ငံတော်ရဲ့အရေးပါတဲ့ လျှို့ဝှက်အပ်တဲ့တာဝန်တွေကို အသိပေးခြင်း၊ စေခိုင်းခြင်း မလုပ်သင့် ပါဘူး။

သမ္မတကြီးဦးသိန်းစိန်အပါအဝင် ပြည်သူတစ်ရပ်လုံးအနေနဲ့ ဦးစိုးသိန်းရဲ့ စကားပြော ကောင်းတာကို နားဝင်ပြီး အရမ်းယုံနေရင်တော့ မလွယ်ပါဘူး။
၂၀၁၅ အခြေအနေမကောင်းတာနဲ့ ဦးစိုးသိန်းဟာ နိုင်ငံခြားကို အပြီးထွက်ပြီး ယူထားသမျှ တသက်စားမကုန်တဲ့ ပြည်သူ့ဘဏ္ဌာတွေနဲ့ သားမက်ဖြစ်သူ ဗြိတိန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသားတွေအပြင် စင်္ကာပူနိုင်ငံသူ ချွေးမတွေနဲ့ အပြီးပြောင်းရွှေ့နေထိုင်တော့မှာ ဖြစ်လို့ ခရိုနီ ထက်ကြောက်စရာပိုကောင်းတဲ့ အမျိုးမစောင့်တဲ့ မီလျံနာ ဦးစိုးသိန်းအကြောင်း တစ်စိတ်တစ်ပိုင်းကို ရေးသား ဖော်ထုတ်လိုက်ရပါတယ်။



ဝံဿနု



-----------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org