ပြည်သူ့ဂုဏ်ရည်ဆုကို သပိတ်မှောက်ကျောင်းသူ မဖြိုးဖြိုးအောင်ရရှိ

(8 June 15)




-----------------------------------------------------------------------



-----------------------------------------------------------------------

အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူများကို ရွေးချယ်ချီးမြှင့်သော ပြည်သူ့ဂုဏ်ရည်ဆုကို သပိတ်မှောက်ကျောင်းသူ မဖြိုးဖြိုးအောင်ရရှိ

အများအကျိုးအတွက် ကိုယ်ကျိုးစွန့်သူများကို ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသားများက ရွေးချယ်၍ ချီးမြှင့်သော ပြည်သူ့ဂုဏ်ရည်ဆုကို ဗကသများအဖွဲ့ချုပ်မှ သပိတ်မှောက်ကျောင်းသူ မဖြိုးဖြိုးအောင် ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ယူတီကာမြို့၊ MOHAWK Valley Community College တွင် အခမ်းအနားပြုလုပ်၍ ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသားများဖြင့် ဖွဲ့စည်းထားသော ပြည်သူ့ဂုဏ်ရည်အသင်းက ဗကသများအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်အား ယင်းဆုကို ချီးမြှင့်ကြောင်း ကြေငြာခဲ့သည်။

မဖြိုးဖြိုးအောင်ကို ပြည်သူ့ဂုဏ်ရည်ဆုအပြင် ဒေါ်လာတစ်သောင်းကိုပါ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အထူးဆုရှင်များအဖြစ် တပိုင်တနိုင် အခမဲ့စာကြည့်တိုက် ဖွင့်လှစ်သူ ကိုဇော်ဇော် (မန္တလေးစာကြည့်တိုက်)၊ တန်ဖိုးသင့်ညစာကို ချက်ပြုတ်ရောင်းချပေးခဲ့သည့် အင်္ဂပူမြို့နယ်မှ ဒေါက်တာနန္ဒဝင်း (ဆေး-၁) တို့ကို ရွေးချယ်ခဲ့သည်။ အထူးဆုရှင်များကို ဒေါ်လာတစ်ထောင်ဆု ချီးမြှင့်ကြောင်း သိရသည်။

ပြည်သူ့ဂုဏ်ရည်ဆုရှင် မဖြိုးဖြိုးအောင်၏ဖခင် ဒေါက်တာနေဝင်းက “အခုလို အများအကျိုး ဆောင်ရွက်တဲ့သူတွေကို ပေးတဲ့ဆုမှာ သမီးဆုရရှိတာကို အရမ်းလည်းဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ဖြိုးဖြိုးအောင်ဟာ နာဂစ်ကိစ္စမှာလည်း အများအကျိုးအတွက် ကူညီဆောင်ရွက်ခဲ့တယ်။ ပညာရေး ပြုပြင်ပြောင်းလဲရေးမှာလည်း ဦးဆောင်ပါဝင်ခဲ့တယ်။ အခုလိုဆုရရှိတာကို ဒီအရေးတွေမှာ သူနဲ့အတူတူ အများအကျိုး ဆောင်ရွက်ခဲ့တဲ့ သူတိုင်းကို ဒီဆုကိုပေးအပ်တယ်လို့ ခံယူပါတယ်။ အားလုံးကိုချီးကျူး ဂုဏ်ပြုတယ်လို့ ထင်ပါတယ်။ နိုင်ငံတကာနဲ့ နိုင်ငံတကာ ပြည်သူတွေက အခုလို ဝိုင်းဝန်းချီးမြှောက် နေချိန်မှာ အစိုးရအနေနဲ့ဒီလို ရိုက်နှက်ဖမ်းဆီး အကျဉ်းချထားတာဟာ အင်မတန်မှ ရုပ်ဆိုးအကျည်းတန် စေပါတယ်။ ဆိုးရွာနေတဲ့ ပညာရေး၊ နိမ့်ကျနေတဲ့ ပညာရေးစနစ်ကို ပြင်ဆင်ပေးဖို့ ဆန္ဒပြတာကို အေးအေးဆေးဆေး ဖြေရှင်းရမယ့်အစား အကြမ်းဖက်လိုက်တာပေါ့။ နောက်ပြီး မြန်မာပြည်မှာ ဒုက္ခရောက်နေတဲ့ သူတွေအများကြီးပါ။လူမှုရေးနဲ့ပတ်သက်လို့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။ ဒီလိုလိုအပ်တဲ့ သူတွေကို လိုက်လံကူညီပေးနေတဲ့ သူတွေကို ဆုချီးမြှင့်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်” ဟု The Daily Eleven သို့ ပြောကြားခဲ့သည်။

အများအကျိုးအတွက် ဆောင်ရွက်သူများကို ပေးအပ်သော ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ ခုနှစ်တည်းက ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်ဆိုလျှင် ခြောက်ကြိမ်မြောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။



-----------------------------------------------------------------------



ဇော်နောင်လင်း





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org