သို့/ တာဝန်ရှိ လူကြီးမင်းများ ။

Htay Tint(1 June 15)




-------------------------------------------------------------------------


သို့/

တာဝန်ရှိ လူကြီးမင်းများ ။
ပြည်တွင်းနေများနှင့် ခိုးဝင် ပြီး
တရားမဝင် နိုင်ငံသားများကို စီစစ် ပေးပါရန်

``၁၉၈၂ ခု နှစ် မြန်မာနိုင်ငံသား ဥပဒေ နည်းဥပဒေ ကောက်နုတ်ချက်များ´´
---------------------------
(၁) တိုင်းရင်းသား ၁၃၅ မျိုးသည် မွေးရာပါနိုင်ငံသားများဖြစ်ကြသည် ။
နို င်ငံသားစိစစ်ရာတွင် မှန် မမှန်ကိုသာ စိစစ်ခြင်းဖြစ်သည် ။
အလိုအလျောက်နိုင်ငံသားဖြစ်ကြသည်။(ဥပဒေ - ပုဒ်မ - ၃ )

(၂) နိုင်ငံတော်အဆင့်မှ နိုင်ငံတော်၏ အကျိုးအတွက် ရှေးရှုလျှက် မည်သူ့ကိုမဆို နိုင်ငံသား ၊ ဧည့်နိုင်ငံသား ၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ်မှ ရုပ်သိမ်းခြင်း နှင့် သတ်မှတ်ခြင်း ကိုပြုလုပ်နိုင်သည် ။ ( ဥပဒေ - ပုဒ်မ - ၈ - က ၊ ခ )

(၃) နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကိုထမ်းဆောင်ရမည် ။ ( ဥပဒေ - ပုဒ်မ - ၁၂ - ခ )

(၄) နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသားတစ်ဦး နှင့်အိမ်ထောင်ကျကာမျှဖြင့် နိူင်ငံသားအဖြစ် အလိုအလျောက် မရရှိစေရ ။ (ဥပဒေ - ပုဒ်မ - ၁၅ - ခ )

(၅) မဟုတ်မမှန်ဖော်ပြခြင်းဖြင့် နိုင်ငံသားအဖြစ်ကိုရရှိပါက နိုင်ငံသားပြန်လည်ရုပ်သိမ်းပြီး ထောင်ဒဏ် ၁၀ နှစ် ငွေဒဏ် ကျပ် ငါးသောင်း ကျခံစေရမည် ( ဥပဒေ - ပုဒ်မ - ၁၈ )

(၆) မသမာသောနည်းဖြင့် နိုင်ငံသား - ဧည့်နိုင်ငံသား - နိုင်ငံသားပြုခွင့် လက်မှတ်ကို အခြားသူရရှိအောင် ကူညီလျင် ထိုသူအား ထောင်ဒဏ် (၇) နှစ် နှင့် ငွေဒဏ်ကျပ်တစ်သောင်း ကျခံစေရမည် ။ ( ပုဒ် မ - ၁၉)

(၇) နိုင်ငံသားအဖြစ်မှပယ်ဖျက်ထားသော လက်မှတ် ကို ဆက်လက်ကိုင်ဆောင်လျင် သို့မဟုတ် အခြားသူ၏ ပယ်ဖျက်လက်မှတ်ကိုကိုင်ဆောင်လျင် ထောင်ဒဏ် (၁၀) နှစ် ငွေဒဏ်ကျပ် နှစ်သောင်းကျခံရမည် ။(ပုဒ်မ-၂၀)

(၈) သတ်မှတ်အရည်အချင်းပုံစံများနှင့်ဖြည့်စွက်ညီညွတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏သတ်မှတ်အဖွဲ့အစည်း ရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး - နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း-
နိူင်ငံတော်၏ဥပဒေများကိုရိုသေ လိုက်နာ မည်ဖြစ် ကြောင်း၊
သတ်မှတ်ထားသော တာဝန်နှင့်အခွင့်အရေးများကိုသိရှိကြောင်း
စာဖြင့်ရေးသားကတိသစ္စာပြုရမည် ။ (ဥပဒေ - ပုဒ်မ - ၂၄)

(၉) ဧည့်နိုင်ငံသားသည် နိုင်ငံသားနှင့်အိမ်ထောင်ပြုကာမျှဖြင့် နိူင်ငံသားအဖြစ်အလိုအလျောက်မရရှိစေရ ။(ပုဒ်မ-၃၃)




-------------------------------------------------------------------------


(၁၀) ဧည့်နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ပါဝင်နေသည့်စစ်ပွဲကာလအတွင်း ရန်သူနိုင်ငံ / အဖွဲ့အစည်း / အပေါင်းအပါတို့နှင့် ဆက်သွယ်ခြင်း ကုန်စည်ကူးသန်းခြင်း ပြုလုပ်လျင်ဖြစ်စေ ။
အများပြည်သူအေးချမ်းသာယာ မှုကိုထိခိုက်ရန်ပြုလုပ်တော့မည်ဟုယုံကြည်ရသည်ဖြစ်စေ ။ နို င်ငံတော်ကိုအကြည်ညိုမဲ့ကြောင်း ကိုယ်အမူအယာ နှုတ်အမူအယာတို့ဖြင့်ပြခြင်း ။
နိုင်ငံတော်၏လျှို့ဝှက်ချက်ကို ပေါက်ကြားစေခြင်း ။
အကျင့်စာရိတ္တ ပျက်ပြားသော ကြောင့် ထောင်ဒဏ်တစ်နှစ်ငွေဒဏ်ကျပ်တစ်ထောင်ကျခံရလျင် ။
ထိုသူအား နိုင်ငံသားပြန်ရုပ်ရမည် ။ (ပုဒ်မ - ၃၅ နှင့် ၅၈)

(၁၁) နိုင်ငံခြားသားကနေ နိုင်ငံသားဖြစ်လာတဲ့ သူတွေအနေနဲ့ နိုင်ငံတော်ကို လက်နက်ကိုင်တော်လှန်လို့မရဘူး ။
သူပုန်နဲ့ဆက်သွယ်လို့မရဘူး ၊
သူပုန်ကိုဈေးရောင်းလို့မရဘူး ၊
သတင်းဖွလို့မရဘူး ၊
အဲ့လိုလုပ်ရင် နိုင်ငံသား ပြန်ရုပ်ခံရမယ် ။
တိုင်းရင်းသားနဲ့အခွင့်အရေးမတူဘူး ။ ( ပုဒ်မ - ၃၅ နဲ့ ၅၈ )

(၁၂) နိုင်ငံခြားသားကနေ နိုင်ငံသားဖြစ်လာတဲ့ သူတွေအနေနဲ့
နိုင်ငံတွင်းမှာကောင်းမွန်စွာနေရမယ်
နိုင်ငံတော် အလံ တို့ သီချင်းတို့ ကိုစော်ကားရင် နိုင်ငံသားပြန်ရုပ်ရမယ် ။
ထောင်တလ ငွေတစ်ထောင်တန်တဲ့ အမှုမျိုးကျူးလွန်ရင် နိုင်ငံသားပြန်ရုပ်ရမယ် ။
ခိုးဆိုးနှိုက် မုဒိန်းတွေ ပြန်ရုပ် ။ ( ပုဒ်မ - ၃၅ နဲ့ ၅၈ )

မြန်မာနိုင်ငံသားဆိုင်ရာ ( ဧည့်နိုင်ငံသား ) လုပ်ထုံးလုပ်နည်းဥပဒေ
+++++++++++++++++++++++++++++++
နည်းဥပဒေ ပုဒ်မ ၃ ။ နိုင်ငံသားအရည်အချင်း နှင် ကိုက်ညီပါက လျှောက်ထားနိုင်ပြီး ဧည့်နိုင်ငံသားအဖြစ် ခွင့်ပြုနိုင် သလို မညီရင် ငြင်းပယ်နိုင်သည် ။

နည်းဥပဒေ ပုဒ်မ ၄ ။ အောက်ပါအရည်အချင်းပြည့်မှီသူများနိုင်ငံသားလျောက်ထားနိုင် ( တိုင်းရင်းသားတွေ အတွက်မလိုဘူး အလိုအလျောက်နိုင်ငံသားဖြစ်တယ် )

(က)
မြန်မာနိုင်ငံတွင် ဘိုးဘွားလေးဦးအခြေချနေထိုင်ပြီး မိဘ နှင့် ကိုယ်တိုင် မြန်မာနိုင်ငံတွင်မွေးသူ ။

(ခ)
ဘိုးဘွားလေးဦးအနက် အနည်းဆုံးတစ်ဦးတိုင်းရင်းသားဖြစ်ပြီး နိုင်ငံအတွင်းမွေးဖွါးသူ။

(ဂ)
မိဘ နိုင်ငံသားပြု လက်မှတ်တွင် သားသမီးအဖြစ်မှတ်ပုံမတင်မှီစာရင်းပါခဲ့သူ ။




-------------------------------------------------------------------------


(ဃ)
နိုင်ငံသားအမိအဖတို့မှ နိုင်ငံတွင်း မွေးဖွါးပြီး အခြားနိုင်ငံသားအဖြစ်စွန့် လွှတ်ကြောင်းနှင့် နိုင်ငံတော်၏ကတိသစ္စာကိုစောင့်သိရိုသေ မည်ဟုကတိ သစ္စာပြုပြီးသူ ။

(င)
နိုင်ငံသားအမိအဖတို့မှ နိုင်ငံပြင်ပတွင်မွေးဖွါးခဲ့ပြီး တစ်နှစ်အတွင်းမြန်မာနိုင်ငံကောင်စစ်ဝန်ရုံးတွင် မှတ်ပုံတင်ပြီးသူ။

(စ) နိုင်ငံသားမိဘတစ်ဦးဦးမှနိုင်ငံခြားတွင်တာဝန်ထမ်းဆောင်ရင်းမွေးဖွါးပြီး အရွယ်ရောက်ပြီး တစ်နှစ်အတွင်းနိုင်ငံခြား သာ
းအဖြစ်ကိုစွန့်လွှတ်တေ်ကြောင်းနှင့် နိူင်ငံသားအဖြစ်ကတိသစ္စာပြုပြီးသူ ။
(ဆ)
အသက်၁၈ နှစ်ပြည့်ပြီး ၊ စာရိတ္တ ကောင်း၊ တိုင်းရင်းသားဘာသာစကားတစ်မျိုးမျိုးတတ် ၊
နိုင်ငံတွင်းအဆက်မပြတ် ၅ နှစ်နေ ၊ ၅ နှစ်မှတစ်နှစ်အတွင်း ကြိုတင်အကြောင်းကြားထားသူ ။
လျှောက်ထားသည့်နေ့မှ လက်မှတ်ရသည့်နေ့ထိ နိုင်ငံတော် အတွင်းအဆက် မပြတ်နေသူ များ ။

(ဇ) နိုင်ငံသားယောကျာ်းနှင့်အိမ်ထောင်ပြုသောအမျိုးသမီးဖြစ်ခြင်း
( အမျိုးသားက မြန်မာမကို ယူရင်မရ ) လျှောက်လွှာတင်သည့်နေ့မတိုင်မှီ နိုင်ငံတော်တွင်တစ်နှစ်အဆက်မပြတ်နေသူ ၊ အသက် ၁၈ နှစ် ၊ ရူးသွပ်သူ မဟုတ်ခြင်း ။

(ဈ)
နိုင်ငံတော်အတွင်းအမြဲနေသည့်နိုင်ငံသားမိဘကမွေးသူ။
အသက်၁၈ နှစ်မှ ၁၉ နှစ်ကြားလျှောက်ထားသူ၊ အကျင့်စာရိတ္တကောင်းသူ ၊ ရူးသွပ်သူမဟုတ်ခြင်း။

(ည)
နိုင်ငံတော်၏လက်နက်ကိုင်အဖွဲ့တွင် ၃ နှစ်တာဝန်ထမ်းဆောင်သစ္စာရှိ ပြီး အမှုထမ်းသက် ခြောက်လအတွင်း လျှောက်ထားသူ ။
တို့သည် မြနာ်နိုင်ငံသားအဖြစ်လျှောက်ထားခွင့်ရှိကြသည် ။
မှန်ကန်စွာဖြည့်သွင်းရမည့်အချက် (၃၁ ) ချက်ရှိတယ် ။

အ့ဒါတွေကို မြို့နယ် ၊ တိုင်း ၊ ဗဟို အဆင့်တွေကို ဖြတ်သန်းရမယ်။ မှတ်တမ်းသိမ်းရမယ် ။
အခုနေ မည်သူမဆိုရဲ့ အချက်အလက်တွေပြန်လည်ရှာဖွေလို့ရတယ် ။
မရှိရင် အတုဖြစ်ပါတယ် ။

နည်းဥပဒေ ပုဒ်မ ၂၉ ။ ဧည့်နိုင်ငံသားမမှန်မကန်ဖော်ပြခြင်းအတုပြုလုပ်ခြင်းစသဖြင့် ကျူးလွန်ပါက ကျူးလွန်သည့်ပြစ်ဒဏ်များကိုခံစားရမည့်အပြင် ဧည့်နိုင်ငံသားအဖြစ်မှရုပ်သဧည့်နိုင်ငံသားအဖြစ်မှရုပ်သိမ်းပြီးလျင် နိုင်ငံခြားသားအဖြစ်သို့ရောက်ရှိ သွား သဖြင့် လိုအပ်သလိုအရေးယူ ဆောင်ရွက် ရမည် ။ ။ မြန်မာနိုင်ငမြန်မာနိုင်ငံသားဆိုင်ရာ ( နိုင်ငံသား ) လုပ်ထုံးလုပ်နည်းဥပဒေ နည်းဥပဒေ ၂၈ ။
တရားမဝင်နည်းလမ်းဖြင့်ဝင်ရောက်လာသူများသည် နေထိုင်ခွင်ု့ ကတ်မရှိပဲနေထိုင်ကြောင်းသိရှိရလျင်ပြည်ထဲ ရေးဝန်ကြီးမှ သတ်မှတ်သည့်နေ့နောက်ဆုံးထား၍နိုင်ငံတော်မှထွက်ခွါရမည် ။

နည်းဥပဒေ ၂၉ ။
ထွက်ခွါခြင်းမပြုပါက လတ်တလောပြဌာန်းချက်ထုတ်ပြန်အရေးယူမည် ။
နည်းဥပဒေ ၃၀ ။ မဟုတ်မမှန်ဖော်ပြယူကြောင်းသိရှိပါကလည်း နိုင်ငံသားပြန်ရုပ်၍ ထောင်ဒဏ်ဆယ်နှစ်ငွေဒဏ်ငါး သောင်းကျခံရမည် ။
ရုပ်သိမ်းပြီးနောက်ပိုင်း ထပ်မံလျှောက်ခွင့်မရ အခြားလုပ်ထုံးလုပ်နည်းများအစဉ်လိုက်ဖြစ်မည် ။

မှတ်ချက်
Uhlaing Myint (၈) သတ်မှတ်အရည်အချင်းပုံစံများနှင့်ဖြည့်စွက်ညီညွတ်သူသည်
ပြည်ထဲရေးဝန်ကြီးဌာန၏သတ်မှတ်အဖွဲ့အစည်း ရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး -
နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း-နိုင်ငံတော်၏ဥပဒေများကိုရိုသေ လိုက်နာ မည်ဖြစ် ကြောင်း၊
သတ်မှတ်ထားသော တာဝန်နှင့်အခွင့်အရေးများကိုသိရှိကြောင်း
စာဖြင့်ရေးသားကတိသစ္စာပြုရမည် ။

(ဥပဒေ - ပုဒ်မ - ၂၄)
-------------------------------------------------------------------------------------------

ရွှေမောင် က ဒီအခ ျက်နဲ့ ကိုက်ညီပါသလား ။
နိုင်ငံတော် သမ္မတ နဲ့ လဝက တို့က မရှိပါဘူးလို့
အတိအလင်း ကြေငြာ ထားတဲ့ ရိုဟင်ဂ ျာ ဆိုတဲ့ နာမည် သုံးနေတာကို အရေးမယူဘူးလား ။



Htay Tint




-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org