ရှင်ငါးထောင် အလှူပွဲရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်

Naw Naw(18 May 15)




-------------------------------------------------------------------------

ရှင်ငါးထောင် အလှူပွဲရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန် ဇာတ်လမ်း
ရှင်ငါးထောင်အလှူလုပ်ဖို့ အကြံပေးတဲ့ ဘုန်းကြီးကို သိကြလား။ ဥူးဣဒ္ဓိဗလ တဲ့ဗျ။ အဲဒီဘုန်းကြီး ဒီမိုအမျိုးတွေ မြင်ဖူးကြပါတယ်။ မဟာသန္တိသုခ ဘုန်းကြီးကျောင်းကို ညအချိန်မတော် ဝင်ဆီးတုန်းက ဝေါ်ကီတော်ကီ ဖုန်း ၂ လုံးနဲ့အလုပ်ရှူပ်နေတဲ့ ဘုန်းကြီးဆိုတာ အဲဒီဘုန်းကြီးပဲဗျာ။ ဗိုလ်ချုပ်တွေ ကိုးကွယ်နေတဲ့ ဘုန်းကြီးပေါ့။ ရှင်ငါးထောင်ကို သူ့အခါတော်ပေးအရ ဝန်ကြီးသာအေးက လုပ်ရပေမယ့် ပိ်ုက်ဆံတွေ အရမ်းအကုန်အကျ များမှာပေါ့ဘုန်းကြီး လို့ပြောတော့ ပိ်ုက်ဆံဆိုတာ ရှာလို့ရတယ်၊ ပြည်တွင်းမှာမရရင် ပြည်ပထွက်အလှူခံ တောင်းဆိုပြီး မိန့်တယ်။

သိန်းစိန် ပြည်ပထွက်အလှူခံနေတာ အဲဒီဘုန်းကြီးက အခါတော်ပေးနေတာ ထင်တယ်။ အလှူလုပ်တော့လည်း ရွာချင်းကပ်လျက် ဂေါင်းခွဲရွာနဲ့ ဆယ်ရွာက ရွာသူရွာသားတွေကို အလှူထဲမှာ အပါမခံပြန်ဘူးတဲ့။ ဂေါင်းခွဲရွာဆိုတော့ ဗေဒင်အရ ခေါင်းကွဲမှာစိုးလို့၊ ဆယ်ရွာကတော့ ဗေဒင်အရ ကိုးနဝင်းမကိုက်လို့ဆိုပြီး အလှူလုပ်တဲ့ အထဲမှာ အဲဒီရွာတွေကို မခေါ်ဘူး။

အလှူလုပ်ဖို့ အစည်းအဝေးစလုပ်ပြီး အလှူကျင်းပတဲ့အထိ ရွာသူရွာသားတွေကို မလာမနေရဆိုပြီး အမိန့်ချထားသတဲ့။ ပထမ အလှူစလုပ်ဖို့ အစည်းအဝေးခေါ်တုန်းက ဘုန်းကြီးအလှူလို့ နာမည်တပ်ပြီး၊ အလှူလုပ်ဖို့ ရက်နီးမှ ဦးသာအေးနဲ့ စကိုင်းနက် အလှူဆိုပြီး နှစ်ကျပ်ကွက်ရိုက်လိ်ုက်တဲ့ နှစ်ကျပ်ကွက်အလှူပေါ့ဗျာ။

ရွာသားတွေကလည်း အမိ်န့်ကြောက်လို့သာ သူတို့သားတွေကို အလှူထဲ ထည့်ရပေမယ့် ၇ မိုင်လောက် ခရီးကို လမ်းလျောက်ရတော့ မျက်ရည်ကျတဲ့သူတွေကကျ အာဏာရူးတွေရဲ့ သဒ္ဒါယုက်တွေက ရုပ်လုံး ပီပီပြင်ပြင်ပေါ်လာတာ တွေ့ကြတော့ သားရှင်လောင်းလေးတွေအတွက် ဝမ်းနည်းပူဆွေး ရပါတော့တယ်။ အလှူအတွက် မလာမနေရ ရွာနီးချုပ်စပ်က ကားတွေ အကုန်လုံးကိုလည်း အမိန့်အာဏာနဲ့ ချောဆွဲထားတာ အဲဒါအလှူလို့ ခေါ်ပါ့မလား။

အခုအလှူမှာရေကြီးတော့ အလှူမှာ ဒုက္ခရောက်နေတဲ့ ရွားသားတွေနဲ့ ကိုရင်လေးတွေကို ကိုယ့်အစီအစဉ်နဲ့ ပြန်ကြဖို့ မျက်နှာလွှဲခဲပစ် လုပ်လိုက်ပြီး မိုက်နဲ့ကြေငြာသတဲ့။ ပြည်သူလူထုကတော့ ၇ မိုင်လောက် လမ်းလျောက်ရတာ ပင်ပန်းရတဲ့ကြားထဲ ရေပါထပ်ကြီးတာနဲ့တွေ့တော့ တစ်ပူပေါ် နှစ်ပူဆင့်ပေါ့ဗျာ။ သူတို့တတော့ ဖုက်ဖတ်ခါပြီး ထသွားရုံပါပဲ။

အဓ္ဓမ အလှူမှာ အဓ္ဓမအကျင့်ခံရပြီး တကယ်ဒုက္ခရောက်သွားတာက ပြည်သူလူထုပါဗျာ။ ဒီညမှာပဲ ဂေါင်းကွဲ ရွာက ရှစ်တန်းကျောင်းသားလေး မိုးကြိုးပစ်ချခံရသေးတယ်။ ဘုန်းကြီးနဲ့ သာအေးကတော့ မိုးရွာပြီးရေကြီးတာကို ဗေဒင်ကိန်းခန်းအရ ရွှေမိုးငွေမိုး ရွာတယ်ဆိုပြီး ဝမ်းသာနေကြသတဲ့။

ကဲ ပြည်သူလူထု ဒုက္ခရောက်နေတာတောင် ဗေဒင်ရူးပြီး ဝမ်းသာနေကြတဲ့ ဘုန်းကြီးနဲ့ ဖွတ်အစိုးရ လုပ်တဲ့အလှူပွဲဟာ ဘယ်လောက်မသထီ စရာကောင်းသလဲဆိုရင် စဉ်းစားသာကြည့်တော့ဗျာ။ အခုလိုမျိုး မျက်မြင်ကိုယ်တွေ့ အဖြစ်အပျက် အမှန်တွေကို တစ်လုံးမကျန် ပြန်ပြောပြပေးတဲ့ ညီလေး Kyaw Lin Oo ကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

( credit Johnhun Lapyee )




-------------------------------------------------------------------------



-------------------------------------------------------------------------

အစိုးရအဖွဲ့ပံပိုးကျင်းပသည့် ရှင်ပြုပွဲ မိုးသည်းသဖြင့် သမ္မတတက်မည့် အစီအစဉ်ပျက် ။
===============================
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ကျင်းပသော မြောင်မြို့နယ်မှ သာမဏေငါးထောင် ရှင်ပြုအလှူပွဲသို့ မေလ ၁၆ ရက်နေ့တွင် သမ္မတဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ယင်းနေ့နံနက် အစောပိုင်း က မိုးသည်းထန်စွာ ရွာသွန်းပြီး မဏ္ဍပ်များအတွင်း ရေဝင်ရောက်ခဲ့သောကြောင့် သမ္မတခရီးစဉ် ပျက်ပြယ်ခဲ့ကြောင်း အလှူပွဲတွင် တာဝန်ကျနေသည့် အစိုးရ ဝန်ထမ်းများနှင့် အလှူပွဲသို့ ရောက်ရှိနေသူများထံမှ သိရသည်။



-------------------------------------------------------------------------



-------------------------------------------------------------------------

သမ္မတဦးသိန်းစိန် တက်ရောက်ရန် စီစဉ်ထားသည့် ရွှေသံလွင်ကုမ္ပဏီမှ ပြုလုပ်သော ရှင်အပါး ၅၀ဝ၀ အလှူပွဲ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မဏ္ဍပ်များပြိုကျပျက်စီးပြီး သမ္မတခရီးစဉ် ပျက်ပြယ် ။ ==================================================
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြောင်မြို့နယ် ဘူးကိုင်းစံပြကျေးရွာ၌ ရွှေသံလွင် ကုမ္ပဏီမှ ပြုလုပ်သော ရှင်အပါး ၅၀ဝ၀ အလှူပွဲတွင် မေ ၁၆ ရက် နံနက်ပိုင်း အစော ပိုင်းအချိန်က အဆိုပါ အလှူပြုလုပ်နေသည့်ဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း ကြောင့် အလှူမဏ္ဍပ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် အလှူတော်မင်္ဂလာ ရေစက်ချပွဲသို့ တက်ရောက်မည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်လည်း ပျက်ပြယ်သွား ခဲ့ကြောင်း သိရသည်။ ရှင်အပါး ၅၀ဝ၀ အလှူ တော်မင်္ဂလာပွဲသို့ နိုင်ငံတော်သမ္မတ လာရောက်ရန် စီစဉ်ထားခဲ့သော်လည်း ယင်းနေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အစီအစဉ်ပျက်ပြယ်သွားခဲ့ပြီး ရန်ကုန်မြို့သို့ ထွက်ခွာ သွားကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ဦးဆောင်ကာ ပြုလုပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ရှင်မပြုရသေးသည့် ကလေးငယ်များအား ရှင်ပြုပေးသည့် အလှူတော် မင်္ဂလာပွဲအား မေ ၁၅ ရက်က စတင်ကျင်းပခဲ့ပြီး တိုင်းရင်းသားပေါင်းစုံ ကလေးငယ် စုစုပေါင်း ၅၀ဝ၀ ကျော်အား ရှင်သာမဏေဘောင်အတွင်းသို့ အဆိုပါနေ့တွင် သွတ်သွင်း ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မေ ၁၆ ရက် နံနက် ၂ နာရီအချိန်ခန့်၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဆောက်လုပ်ထားသည့် အလှူတော်မင်္ဂလာ မဏ္ဍပ်များအတွင်းသို့ ရေဝင်နစ်မြုပ်ခြင်း၊ မဏ္ဍပ်အချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
ယင်းသို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် အလှူတော် မင်္ဂလာ ရေစက်ချမင်္ဂလာအခမ်းအနားသို့ တက်ရောက်မည့် သမ္မတဦးသိန်းစိန်၏ ခရီးစဉ်ပါ ပျက်ပြယ်သွားခဲ့ကြောင်း သိရသည်။
မေ ၁၆ ရက်တွင် ပြုလုပ်ရန်စီစဉ် ထားသည့် ရေစက်ချမင်္ဂလာ အခမ်းအနားအား မေ ၂၄ ရက်သို့ ပြောင်းရွှေ ခဲ့ရကြောင်း လည်း သိရသည်။





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org