အမေရိကန်.ဒေါ်လာ(8)သိန်း...တပြားမှ ့မကုန်ကျစေသော.နည်းလမ်းကောင်းများ.

Sayar Peacock(26 April 15)




-----------------------------------------------------------------------------------

ဝ မြောက်ပိုင်းနှင့်တောင် ပိုင်းဒေသနှစ်ခုပေါင်းတွင် မှီတင်းနေထိုင်ကြ သောလူဦးရေမှာ ခြောက်သိန်းကျော်ရှိ သော် လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိထား သူမှာ ၁ဝဝဝကျော်သာရှိနေကြောင်း ဝ ပြည်သွေးစည်းညီညွတ် ရေးပါတီမှ ပြောခွင့် ရပုဂ္ဂိုလ် ဦးအောင်မြင့်က ပြောသည်။

''အစိုးရက လာလုပ်ပေးထားတာ စုစုပေါင်း ၁ဝဝဝကျော် ၂ဝဝဝနီးပါးပဲ ရှိ သေးတယ်။ ၂ဝ၁၄သန်းခေါင်စာရင်း ကောက် တော့ ကျွန်တော်တို့ဘက်ကလဲ ဒေသခံတွေ အနေနဲ့ ဒီမှာနေတာကြာပြီဖြစ်လို့ တခြား ဘာကတ်ပြားမှ မပေးပါနဲ့တော့။ ပန်းရောင် မှတ်ပုံတင်ကတ်ပဲပေးပါလို့ ရှင်းရှင်းလင်း လင်းတင်ပြထားတာ ခုထိတော့ဘာမှမထူး သေးဘူး''ဟု ဦးအောင်မြင့်က ပြောသည်။

ဝ၊ ရှမ်း၊ လားဟူ၊ အခါ၊ ကိုးကန့် စသဖြင့် တိုင်းရင်းသားမျိုးနွယ်စု ၁၇မျိုးနေ ထိုင်သည့် ဝဒေသတွင် တစ်စုတစ်ပေါင်း တည်းနိုင်ငံသားစိစစ်ရေးကတ်ပြားထုတ် ပေးမှုအဖြစ် ၂ဝ၁ဝရွေးကောက်ပွဲနီးစဉ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ လာရောက်ပြုလုပ်ပေးခဲ့ဖူးပြီး ထိုစဉ်က ရာဂဏန်းခန့်သာရရှိခဲ့ကြောင်းဦးအောင်မြင့်က ဆိုသည်။





-----------------------------------------------------------------------------------

''မှတ်ပုံတင်ကိစ္စက နှစ်ပေါင်းများ စွာမှတ်ပုံတင်မရှိခဲ့တာ ၂ဝ၁ဝမှာ ရွေးကောက် ပွဲလုပ်မယ်ဆိုပြီး လာလုပ်ပေးတာရှိတယ်။ ဝဒေသက ရွေးကောက်ပွဲပါဝင်နိုင်ဖို့ဆိုပြီး တော့ပေါ့။ အားလုံး သုံးလေးရာလောက်ရှိ တယ်။ လက်ငင်းပေးလိုက်တယ်။

၁ဝဝဝ ကျော်၂ဝဝဝနီးပါးကတော့ လားရှိုးမှာသွား ယူရမယ်လို့ပြောတယ်။
သာမန်အရပ်သား တွေက ဘယ်လိုသွားယူမလဲ။ သူတို့က သွား မယူဘူး။
ပြီးတော့ အဲဒီတုန်းကအခြေအနေ က ပြောင်းသွားတယ်လေ''ဟု ပြောသည်။

ယင်းနောက်ပိုင်း အစိုးရနှင့် ဝ တပ်ဖွဲ့တို့အကြား နယ်ခြားစောင့်တပ်ဖွဲ့စည်း ရေးမူကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာ ခဲ့ပြီး ဝနယ်အတွင်းမှ အစိုးရဝန်ထမ်းများ ကို ဒေသအတွင်း တာဝန်ထမ်းဆောင်ခြင်း မပြုရန် UWSP တာဝန်ရှိသူ များမှနှင်ထုတ် ခဲ့သည်။

သမ္မတဦးသိန်းစိန်အစိုးရလက် ထက်တွင် အစိုးရနှင့်ဝတပ်ဖွဲ့အကြား ပုံမှန် ဆက်ဆံရေးပြန်လည်ဖြစ်ပေါ်လာပြီး နောက် ပိုင်းတွင် ဝဒေသခံများမှတ်ပုံတင်ရရှိရေး နှင့်ပတ်သက်ပြီး ဝတာဝန်ရှိသူများက တောင်း ဆိုထားခဲ့ ခြင်းဖြစ်သည်။





-----------------------------------------------------------------------------------

''ဝှိုက်ကတ်က ဒေသအတွင်းမှာ နည်းနည်းပဲရှိတယ်။ ကျွန်တော်တို့က ဌာနေ ဒေသခံတွေဖြစ်တဲ့အတွက် ပန်းရောင်ကတ် တစ်ခါတည်းထုတ်ပေးဖို့တောင်းထားတာ ပါ''ဟု ဦးအောင်မြင့်က ပြောသည်။

ယင်းကဲ့သို့ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိသူနည်းပါးမှုကြောင့် ဒေသခံ များမှာ မြန်မာပြည်တွင်းဒေသအတွင်းသို့ သွားလာပါက အခက်အခဲများစွာရှိနေကြောင်း ဒေသခံများက ဆိုသည်။



ဝတပ်ဖွဲ့မှာ ၁၉၈၉ ခုနှစ်က တည်းက အစိုးရနှင့်အပစ်အခတ်ရပ်စဲမှု ပြုလုပ်ထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းဖြစ်ပြီး အင်အားအကြီး ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း လည်း ဖြစ်သည်။





-----------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org